သတင်းများ

ကံပေါက်ဒေသခံတွေလည်း ပန်းသပိတ်မှာပါဝင်

June 19, 2023

ကံပေါက် – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း) ဒီကနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်မှာ တနင်္သာရီတိုင်း၊ ကံပေါက်ဒေသခံပြည်သူတချို့လည်း ပါဝင်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဆန်ဈေးနှုန်းတည်ငြိမ်အောင် ဆန်စပါးအသင်းချုပ်က ဝင်ရောက်ထိန်းညှိမယ်

June 19, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း) ဆန်ဈေးမြင့်တက်နေတဲ့ကာလမှာ ဆန်ဈေးနှုန်းတည်ငြိမ်အောင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဝင်ရောက်ထိန်းညှိဖို့စီစဉ်နေတယ်လို့ အသင်းမှာပါဝင်တဲ့ ဆန်ကုန်သည်တွေကပြောပါတယ်။ အသင်းချုပ်က ဆန်ဈေးနှုန်းတည်ငြိမ်ရေးကို လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပြီး ဈေးကွက်အတွင်း သင့်တင့်မျှတတဲ့ဆန်ဈေးနှုန်းဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(ရန်ကုန်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ပြီးခဲ့တဲ့ရက်ကအသင်းချုပ်မှာ ဆန်စပါးဝယ်ယူတဲ့ကုန်သည်တွေ အစည်းအဝေးလုပ်တယ်။ အဲ့ဒီအစည်းအဝေးမှာ ကော်မတီဖွဲ့ဖို့ သဘောတူခဲ့ပြီး ဆောင်ရွက်မယ့်လုပ်ငန်းတွေကို ညှိနှိုင်းခဲ့တယ်။ အဓိကကတော့ ဖြစ်သင့်တဲ့ဈေးနှုန်းဖြစ်ဖို့နဲ့ တောင်သူတွေလည်းတွက်ချေကိုက်ဖို့ ညှိနှိုင်းဈေးနှုန်းကိုထိန်းညှိပေးမှာပေါ့။ ကုန်သည်တွေကို သင့်တော်တဲ့ ဈေးနှုန်းဖြစ်အောင် ညှိပေးရမှာပေါ့” လို့ သူကပြောပါတယ်။ လက်ရှိမှာ ပြည်တွင်းစားသုံးနေတဲ့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကုန်စည်ဒိုင်မှာ ၁၁၀,၀၀၀ ကျပ် ရှိပြီး လက်လီဈေးကွက်မှာ ၁၃၀,၀၀၀ ကျပ်ထိ ဈေးမြင့်တက်နေတက်နေပါတယ်။ ဆန်စပါးဈေးနှုန်းတွေဟာ ဖြစ်သင့်တဲ့ဈေးနှုန်းထက် ဈေးကွက်မှာအလွန်မြင့်တက်နေတာဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်

ထားဝယ်အရှေ့တောဒေသတိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာ

June 19, 2023

ထားဝယ်- ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း) ထားဝယ်အရှေ့တောဒေသဘက်ကို ရိက္ခာပို့ထွက်လာတဲ့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့်ိတာကြောင့် အနည်းဆုံး ခုနှစ်ဦးသေပြီး ၁၅ ဦးလောက် ဒဏ်ရာရရှိသွားတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဥဩစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ထားဝယ်-မေတ္တာ-ထီးခီး(ထိုင်းနယ်စပ်)လမ်းအတိုင်း ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဇွန် ၁၆၊၁၇ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီအင်အား ၁၇၀ ခန့်ပါတဲ့ ယာဉ်တန်းကို သူတို့စုပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တာလို့ဆိုပါတယ်။ “လက်ရှိကတော့ အေးအေးချမ်းချမ်းဖြစ်သွားပြီ။ ပုံမှန်အနေအထားဖြစ်သွားပြီ။ ရွာခံတွေရဲ့ ပြောပြချက်အရ သုဿန်မှာ ခုနှစ်ဦးင်္သဂြိုလ်တယ်လို့ သိရတယ်။ (စစ်ကောင်စီတပ်သား) ခုနှစ်ယောက်ဆိုတာတော့ အတည်ပြုလို့ရတယ်။ ကျန်တဲ့ ထိခိုက် ဒဏ်ရာရတာတွေလည်း အတော်လေးများတယ်။ ၁၅ ဦးထက်များတယ်လို့ သိရတယ်” လို့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဥဩစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူက ဒီနေ့လယ်ပိုင်းမှာပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထားဝယ်-မေတ္တာမြို့လမ်းပိုင်းပေါ်မှာရှိတဲ့ […]

အပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူတချို့ရဲ့ ဆုတောင်းစကားသံများ

June 19, 2023

ရန်ကုန်-၂၀၂၃၊ ဇွန် ၁၉ (မော်ကွန်း) ထောင်ဒဏ် နှစ် ၃၀ ကျော်ချ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အသက် ၇၈ နှစ်ပြည့်ပါတယ်။ မြန်မာနိုင်ငံဒီမိုကရေရစီရေးမှာ သူပါဝင်ခဲ့တဲ့ ကုန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကာလရဲ့ သုံးပုံနှစ်ပုံလောက်ကို လူထုခေါင်းဆောင်ဟာ စစ်အာဏာရှင်တွေရဲ့ဖမ်းဆီးနှိပ်စက်တာကိုခံရင်း အချိန်ကုန်ခဲ့ရတာပါ။ အခုတော့ အကျဉ်းစံသူ့ဘဝရဲ့ ဒီနေ့ကျရောက်လာတဲ့ ၇၈ နှစ်ပြည့် မွေးနေ့ကို ပြည်တွင်း၊ပြည်ပ ကမ္ဘာအနှံ့မှာ သူ့ကိုချစ်ခင်ထောက်ခံသူတွေက ကျင်းပနေကြတာပါ။ အာဏာသိမ်းစစ်ကောင်စီလွှမ်းမိုးတဲ့နေရာတွေမှာ ကျင်းပတဲ့ သူ့မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲနေသူတွေကို ဖမ်းဆီးနေတာရှိသလို အွန်လိုင်းပေါ်ကလှုပ်ရှားမှုတွေကိုလည်း စစ်ကောင်စီထောက်ခံသူတွေက စောင့်ကြည့်ကာ ဖမ်းဆီးခိုင်းနေတာတွေ ဒီနေ့ဖြစ်ပေါ်နေပါတယ်။ ဒီလိုတားမြစ်မှုတွေရှိနေတဲ့ကြားက တချို့လူငယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ ပြန်လာတာကို လိုချင်ကြတယ်လို့ ဆိုကြပါတယ်။ အောက်မှာ လူငယ်တချို့ရဲ့အသံကို စုစည်းဖော်ပြလိုက်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာ ပန်းပန်လို့ အဖမ်းခံရ

June 19, 2023

ရန်ကုန် – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး ဒီနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ သီတာမှတ်တိုင်အနီး ၁၄၅ လမ်းထိပ်မှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဖြစ်စဉ်ကိုမြင်တွေ့လိုက်သူတွေက မော်ကွန်းကိုပြောပါတယ်။ “ ဆိုက်ကားသမားတစ်ယောက်က ပန်းစည်းကို ဆိုက်ကားမှာချည်ထားတာ၊ အဲဒါကို (စစ်သားတွေ) မြင်တော့ အမျိုးသမီးတစ်ယောက်က ဖြုတ်ပြီးဖွက်လိုက်တာ၊ အဲဒါကို ရပ်ကွက်ရုံးကစာရေးနဲ့ ဒလန်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တိုင်တော့ပါသွားတာ။ ကောင်လေးကကျ သူ့ဟာသူပါဆင်ဂျာကိုပို့ရင်း ပန်းလေးနားရွက်မှာ ထိုးထားတာ၊ ပန်းပန်လို့ဆိုပြီးဖမ်းသွားတာ” လို့ ဖြစ်စဉ်ကိုသိတဲ့ အဲဒီနားမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးကို ဘယ်ကိုခေါ်သွားမှန်းမသိရပေမယ့် သူတို့အဖမ်းခံရအောင်တိုင်သူတွေဟာ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်ရုံးက စာရေးအမျိုးသမီးနဲ့ ရပ်ကွက်ထဲကဒလန်အမျိုးသမီးဖြစ်တယ်လို့ ရပ်ကွက်နေသူတချို့က ပြောပါတယ်။ စစ်ကောင်စီဘက်က […]

အပြည့်အစုံဖတ်ရန်

ပန်းပန်သူတွေကို ဖမ်းဆီးတာဟာ လူထုအားကောင်းမှုကို ဒူးတုန်အောင်ကြောက်တာလို့ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင်ပြော

June 19, 2023

ကလေးမြို့ – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း) ဒီကနေ့ ပန်းသပိတ်မှာ ပါဝင်တဲ့ပြည်သူတွေထဲက တချို့ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးမှုတွေရှိလာပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ဖမ်းဆီးခံရမှုတွေရှိနေတဲ့အပေါ် လူထုအားကောင်းလာတာကို စစ်တပ်က ဒူးတုန်အောင်ကြောက်လန့်နေတာလို့ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းကစတင်ပြီး လမ်းမှာပန်းပန်ထားတဲ့အမျိုးသမီးတွေကိုအာဏာသိမ်းစစ်တပ်ကလိုက်လံဖမ်းဆီးခဲ့တာပါ။ ကလေးမြို့၊ မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းပေါ်က ပန်းပန်ထားတဲ့ စျေးသည်တွေကို ရဲတွေလာရောက်ဖမ်းဆီးသွားတဲ့အပြင် လမ်းမှာသွားလာနေသူပန်းပန်ထားတဲ့အမျိုးသမီးတွေကိုပါဖမ်းဆီးနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လမ်းမှာ‌ဘဲဖမ်းတာ၊ ဘယ်နားကလူတွေဘယ်သူတွေဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး၊ ဖမ်းနေတာတော့မနက်ထဲကနေစဖမ်းနေတာ၊ပုံစံမျိုးစုံနဲ့ဖမ်းနေတာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့အဖြစ် ပန်းသပိတ်တွေနိုင်ငံတဝှမ်းဆင်နွှဲနေတာကြောင့် အာဏာသိမ်းစစ်တပ်က အခုလိုပန်းပန်ထားသူတွေကိုလိုက်လံဖမ်းဆီးနေတာလို့‌ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင်ကိုဗိုက်ပူကတော့ လူထုပါဝင်မှု၊ အားကောင်းမှုကို ကြောက်ဒူးတုန်အောင် တုန်လှုပ်နေတာဟာ ‌”ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့စရိုက်လက္ခဏာပဲ”လို့ မော်ကွန်းကိုပြောပါတယ်။ ပြည်သူထုဟာ […]

အပြည့်အစုံဖတ်ရန်

“စစ်အာဏာရှင်စနစ်ရဲ့ အဆုံးသတ်ကလူထုသာလျှင် အဓိက” လောင်းလုံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ပြုလုပ်

June 18, 2023

လောင်းလုံံ- ၂၀၂၃ ဇွန် ၁၈ (မော်ကွန်း) တနင်္သာရီတိုင်း၊ ‌ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလုပ်ရှားမှုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး “အာဏာရှင်စနစ်ရဲ့ အဆုံးသတ်ကလူထုသာလျှင် အဓိက”စာသားပါ ဘန်နာကိုင်ဆွဲကာ အမျိုးသမီး၊ လူငယ်တွေနဲ့အတူဒေသခံပြည်သူအများအပြား ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရုပ်သံဖိုင် – DDMSC YouTube – https://youtu.be/3SH-gsL0eTw #Dailynews

အပြည့်အစုံဖတ်ရန်

ဒိုက်ဦးထောင်တွင်းကနိုင်ကျဉ်းတွေ ဒေါ်စုမွေးနေ့ကျင်းပ

June 18, 2023

ရန်ကုန် -၂၀၂၃ ဇွန် ၁၈ (မော်ကွန်း) မနက်ဖြန်မှာကျရောက်မယ့် အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌ဒီနေ့မှာစတုဒီသာအလှူကျွေးမွေးခဲ့သလို သူကျန်းမာပါစေကြောင်း ဆုတောင်းခဲ့ကြတယ်လို့ အဲဒီထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ” ၃ ဆောင်မှာကျတော့ လက်ဖက်ရည်နဲ့မုန့်ပေါ့။ အခြားအဆောင်တွေမှာလည်း ခေါက်ဆွဲကြော်တို့ ဘာတို့ ကျွေးတယ်။ ၁၉ ရက်နေ့မှာ လူကြီးလမ်းကြောင်းရှိတယ်ဆိုလို့ အခုလိုကြိုလုပ်လိုက်ကြတာပေါ့ ” လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ဒီနေ့ ပြောပါတယ်။ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့မေလနှောင်းပိုင်းကစပြီး အာဏာပိုင်တွေက ညှင်းပန်းနှိပ်စက်တာ၊ ထောင်ပြင်ခေါ်ထုတ်စစ်မေးတာ၊ တချို့ကို အိပ်ဆောင်တွေမှာမထားဘဲ တိုက်ပိတ်ထားတာတွေ လက်ရှိအချိန်အထိဖြစ်ပွားနေတဲ့ကြားက နိုင်ငံရေးအကျဉ်းသားတွေက အခုလိုကျင်းပခဲ့တာပါ။ အဲဒီထောင်မှာ အကျဉ်းသား ၁,၇၀၀ ခန့်ရှိပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ […]

အပြည့်အစုံဖတ်ရန်

ရေစကြိုမှာ အာဏာသိမ်းစစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ယူနီဖောင်းဝတ်ပြီး လမ်းပေါ်တက်စစ်ဆေးနေ

June 18, 2023

ရေစကြို – ၂၀၂၃ ဇွန် ၁၈ (မော်ကွန်း) မကွေးတ်ိုင်း၊ ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲမှာ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ယူနီဖောင််းတွေ ဝတ်ဆင်ပြီး မနေ့ညနေပိုင်းက လမ်းပေါ်တက်စစ်ဆေးနေတာကြောင့် ပြည်သူတွေအနေနဲ့သတိထားကြဖို့ ရေစကြို ပ.က.ဖက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ “စကစဘက်က ကျွန်တော်တို့ယူနီဖောင်းတွေသိမ်းဆည်းသွားတယ်ပေါ့နော်၊ သုံးလေးစုံလောက်သိမ်းဆည်းသွားပြီး လမ်းပေါ်တက်စစ်ဆေးနေတာကြောင့်ပြည်သူတွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်ပြီးအန္တရာယ်ဖြစ်နိုင်တယ်လို့” ရေစကြိုပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ရေစကြို ပ.က.ဖ ယူနီဖောင်းတွေနဲ့ ရေစကြို ပ.က.ဖရဲဘော်တွေအဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်တဲ့အပြင် ငွေကြေးတောင်းခံတာ၊သတင်းမေးတာတွေလုပ်လာနိုင်လို့ ပြည်သူတွေအနေနဲ့သတိထားကြဖို့ သူကပြောပါတယ်။ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဇွန် ၁၃ရက်နေ့ မနက် ၄း၀၀နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်ဂျင်ဘီးကိုအရှင်ဖမ်းဆီးသွားကာ သုံးရက်အကြာချင်းတွင်းမြစ််ထဲမှာ အလောင်းပြန်ရခဲ့ပါတယ်။ “ရဲဘော်ကအရှင်ဖမ်းမိသွားတာ၊ လက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတာ၊ သူက သူ့ကင်းအလှည့်ပြီးသွားလို့အိပ်နေတာ၊ ရုတ်တရက်စီးနင်းခံလိုက်ရတော့ပါသွားတာ”လို့ သူကပြောပါတယ်။ ရေစကြို ပကဖစခန်းစီးနင်းခံရပြီး စခန်းက […]

အပြည့်အစုံဖတ်ရန်

သွေးမအေးတဲ့ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်းဆန္ဒထုတ်ဖော်

June 18, 2023

စစ်ကိုင်းတိုင်း – ၂၀၂၃ ဇွန် ၁၈ (မော်ကွန်း) နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ၇၀၉ ရက်မြောက်နေ့အဖြစ် ဒေသတွင်းတစ်နေရာမှာ ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

တစ်ရွာလုံးနီးပါးမီးရှို့ခံထားရတဲ့ပေါက်မ(တောင်ရွာ)မှာ စကစတွေတပ်စွဲထားသေးလို့ ဒေသခံတွေရွာမပြန်နိုင်သေး

June 16, 2023

စစ်ကိုင်း – ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း) စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးဘေးက အိမ်ခြေငါးရာဝန်းကျင်ရှိတဲ့ ပေါက်မ(တောင်)ရွာဟာ မနေ့ကတစ်ရွာလုံးနီးပါး မီးရှို့ခံလိုက်ရပြီး ဒီနေ့ထိ စစ်ကောင်စီတပ်တွေ တပ်စွဲထားသေးတာကြောင့် ဒေသခံတွေ ရွာမပြန်နိုင်ကြသေးဘူးလို့ ‌ဒေသခံတွေကပြောပါတယ်။ “အခြေနေကတော့ မကောင်းဘူး။ တောထဲမှာနေနေရတုန်းပဲ၊ ရွာပြန်လို့မရသေးဘူး။ ဘယ်မှလည်းသွားမရဘူး၊ စစ်တပ်က ရွာထဲမှာတပ်စွဲထားတာ။ ရွာကတော့ တစ်ရွာလုံးနီးပါး ပျက်စီးသွားတယ်။ အကုန်နီးပါး မီးထဲပါသွားတယ်။ ကျွန်တော်တို့ရွာကတော့ ဖမ်းခံရတာမကြားရသေးဘူး၊ တခြားရွာတွေကတော့ ဖမ်းခံရတဲ့သူတွေရှိတယ်” လို့ ပေါက်မ(တောင်)ရွာသားတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်ထိ ပေါက်မရွာခံတွေနဲ့ အနီးကရွာတွေဖြစ်တဲ့ ကန်တော်ရိုး၊ မြိုင်ကုန်း၊ အောင်မြေသာစည်ရွာတွေက ဒေသခံတွေ နီးစပ်ရာတောတွေထဲမှာ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။ “အဝတ်အစားနဲ့ စားစရာတော့ ထွက်ပြေးရင်းနိုင်သလောက်သယ်ခဲ့တယ်။ တချို့လည်း ဘာမှ မသယ်နိုင်တဲ့သူတွေလည်းရှိတယ်။ ဝေမျှစားရတာတာပေါ့။ ရွာကိုတော့ ခုထိပြန်မရသေးဘူး၊ […]

အပြည့်အစုံဖတ်ရန်

မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍ အရေးပါနေဆဲလို့သုံးသပ်

June 16, 2023

ရန်ကုန်- ၂၀၂၃ ဇွန် ၁၆ (မော်ကွန်း) လာမယ့် ရက်ပိုင်းမှာ အသက် ၇၈ ပြည့်တော့မှာဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အရေးပါသူတစ်ယောက်အဖြစ်ရှိနေဆဲလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ လာမယ့် ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် သူ့ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ကို နေပြည်တော်အကျဉ်းထောင်ထဲမှာပဲ သူဟာဖြတ်သန်းရဖွယ်ရှိပါတယ်။ လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းကျနေပေမယ့် ပြည်သူလူထုရွေးချယ်တဲ့လမ်းကြောင်းနဲ့ ကွဲပြားသွားခြင်းမရှိသေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။ “ပြည်သူလူထုရွေးချယ်တဲ့လမ်းကို သူဆက်ပြီးလိုက်နေတယ်၊ ပြည်သူလူထုနဲ့အတူ ရပ်တည်နေတဲ့ လမ်းကြောင်းမျိုးဖြစ်တာကို ကျွန်တော်တို့တွေ့ရပါတယ်၊ ဘာကြောင့် အဲ့ဒီလိုပြောရသလဲဆိုရင် အခုစစ်ကောင်စီက ဖမ်းဆီးအရေးယူထားတယ်၊ သတင်းအမှောင်ချထားတယ်၊ တရားရုံးပြစ်ဒဏ် နှစ် ၃၀ တောင် ချမှတ်ခံထားရတယ်၊ ပြီးတော့ သူ့ဆီကို စစ်ကောင်စီကလွှတ်တဲ့ကိုယ်စားလှယ်တွေကိုလည်း ခါးသီးစွာကျောခိုင်းပြီး ရပ်တည်နေဆဲဖြစ်တယ်” […]

အပြည့်အစုံဖတ်ရန်
1 … 120 121 122 123 124 125 126 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."