ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၂၅(မော်ကွန်း) စီးပွားရေးကျဆင်းပြီး အလုပ်လက်မဲ့ များနေတဲ့ ရန်ကုန်မှာ ဒီနေ့စတင်ကျင်းပတဲ့ လေးရက်ကြာမယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ (၁၁၈)နှစ်မြောက်ပွဲတော် ဖွင့်ပွဲမှာ လာရောက်သူတွေ နည်းပါးတာကိုတွေ့ရပါတယ်။ အဲဒီက ဝန်ထမ်းတချို့ကတော့ ဖွင့်ပွဲရက်မို့ လူနည်းတာဖြစ်ပြီး လာမယ့်ရုံးပိတ်ရက်မှာ စည်ကားနိုင်တယ်လို့ ပြောပါတယ်။ ဥယျာဉ်ထဲမှာ လှောင်ပိတ်ခံထားရတဲ့ တိရိစ္ဆာန်တွေဟာလည်း ပျင်းရိလေးတွဲစွာ အိပ်နေကြတာများပြီး လာရောက်ကြည့်ရှု့သူဟာလည်း ကျဲပါးနေပါတယ်။ ဒီပွဲတော်ကို လာမယ့်တနင်္ဂနွေနေ့အထိ ကျင်းပမှာဖြစ်ပြီး ယာဉ်ရပ်ခ ၂,၀၀၀ ကျပ်၊ လူကြီး ၂,၅၀၀၊ ကလေး ၁,၅၀၀ ကျပ်အဖြစ် ဝင်ကြေးသတ်မှတ်ထားပါတယ်။ ဒီတိရစ္ဆာန်ဥယျာဉ်ကို ကိုလိုနီခေတ် ၁၉၀၆ ခုနှစ်မှာ ဖွင့်ခဲ့တာဖြစ်ပြီး ဒီရုံထဲက တချို့တိရစ္ဆာန်တွေကို စစ်ခေါင်းဆောင်တွေ တည်ခဲ့တဲ့မြို့သစ် နေပြည်တော်ဆီ ရွှေ့ပြောင်းခဲ့ကြပါတယ်။ ပုံစာ- ဒီနေ့ တိရိစ္ဆာန်ဥယျာဉ်မြင်ကွင်း။ ဓါတ်ပုံ- […]
စစ်ကိုင်း-၂၀၂၄ ဇန်နဝါရီ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ ကားလမ်းအနီးက လယ်ကြီးနဲ့ ရွာမကျေးရွာကို မနေ့က မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စီးနင်းမီးရှို့ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရွာမရွာကို တိုက်ပွဲမရှိဘဲ ရုတ်တရက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “စစ်တပ်ပြန်ထွက်သွားမှ အလောင်းတွေတွေ့တာ၊ သတ်ခံရတဲ့သူတွေက တော်လှန်ရေးရဲဘော်တွေ၊ အရှင်ဖမ်းမိပြီးမှ သတ်ခံထားရတာထင်တယ်။ လယ်ကြီးနဲ့ ရွာမကြားမှာ သတ်ခံထားရတာ။ ရွာခံတစ်ချို့တော့ စစ်ကြောင်းထိုးချိန်ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာရတာရှိတယ်” လို့ သူကပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ရဲဘော်လေးဦးဟာ အသက် ၁၇၊ ၁၉၊ ၂၃၊ ၂၅ နှစ်အရွယ်တွေဖြစ်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့ကဆိုတာကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။ စစ်ကောင်စီတပ်တွေက လယ်ကြီးနဲ့ ရွာမရွာကို […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၄ (မော်ကွန်း) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) အဖွဲ့တို့အကြား စစ်ရေးတင်းမာနေတာကြောင့် မြို့ပေါ်ကလူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ PNO အဖွဲ့နဲ့ PNLO တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းစစ်ရေးတင်းမာလာတာပါ။ ဒီနေ့မနက်ပိုင်းမှာတော့ ဆီဆိုင်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ ပျံဝဲနေသလို ဒေသတွင်း စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် ဆီဆိုင်မြို့ခံတွေဟာ တောင်ကြီးမြို့ဘက်ကို ထွက်ပြေးကြတယ်လို့ အဲ့ဒီ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဆီဆိုင်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေပါ ရုံးတွေပိတ်ပြီး ထွက်ပြေးကြရသလို မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေကြတာကြောင့် မြို့ပေါ်မှာ လူသူမရှိသလောက်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း) ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ တစ်ကျပ်သားကို ၃၇ သိန်း ကျပ်ဝန်းကျင်မှာပဲ ရှိနေရာက တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီး ဒီနေ့မှာတော့ တစ်ကျပ်သားကို ၃၈ သိန်းကျော်သွားပြီလို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်း ရွှေဈေးကွက်မှာ ဈေးဖွင့်လှစ်မှုအရ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၃၈ သိန်းနဲ့ဈေးဖွင့်ခဲ့ပြီး ညနေ ၄း၀၀ နာရီမှာတော့ ၃,၈၂၅,၀၀၀ ထိရောက်ခဲ့ပါတယ်။ ၁၅ ပဲရည် ကတော့တစ်ကျပ်သားကို ၃,၅၅၀,၀၀၀ ကျပ်မှာရှိနေပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ စက်တင်ဘာလတွေမှာ တစ်ကျပ်သားကို ၃၄ သိန်း၊ ၃၅ သိန်းဝန်းကျင်မှာ အချိန်အတော်ကြာ ငြိမ်နေရာက နည်းနည်းချင်းစီ မြင့်တက်လာတာလို့ […]
ဆားလင်းကြီး-၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အခုလ ၂၁ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးကာ အများအပြားဒဏ်ရာရသွားတယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Spring Guerrilla Platoon အဖွဲ့တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ အင်အား ၈၀ ဝန်းကျင်နဲ့ ယင်းမာပင်မြို့နယ်ထဲက လက်တောင်းငယ်ရွာကနေ ဆားလင်းကြီးမြို့နယ်၊ ဘိုက်သရက်ရွာကို စစ်ကောင်စီတပ်တွေသွားချိန် လမ်းမှာတိုက်ပွဲဖြစ်ခဲ့တာလို့ သူကဆိုပါတယ်။ “ သူတို့က လှည်းယာဉ်တန်းတွေကော ပြည်သူတွေကော ကာဗာယူပြီးတက်လာတာ။ ကိုယ်တွေက ကြားဖြတ်တိုက်တာ။ ၁၇ ယောက်သေတာ မျက်မြင်တွေ့ရတယ်။ အဲဒီထက်ပိုများနိုင်တယ်။ ဒဏ်ရာရတာကိုက မနည်းဘူး။ ဒရွတ်တိုက်ဆွဲသွားတာကော သွေးကွက်တွေကောတွေ့တာ” လို့ သူကပြောပါတယ်။ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုတင်စောင့်ပြီးတိုက်ခိုက်ခဲ့တာလို့ […]
မိုးကုတ်-၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မိုးမိတ်မြို့နဲ့ မိုင် ၃၀ ဝန်းကျင်သာဝေးတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်ပေါ်လာမှာစိုးလို့ ဒေသခံအများစု ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။ မိုးကုတ်အနီးမှာရှိတဲ့ ရွာတွေကဒေသခံတွေထက် မြို့ပေါ်မှာနေထိုင်ကြသူတွေအများစု ရှောင်ကြတာများတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မြို့ထဲပိုင်းကလူတွေကတော့ ရှောင်ကုန်ကြပြီ။ မိုးမိတ်လို ဝုန်းဒိုင်းထဖြစ်မှာစိုးလို့လေ။ ဖြစ်ရင်(စစ်ကောင်စီတပ်တွေက) ရမ်းသမ်းပစ်တာကိုး။ မြို့ထဲကျန်တဲ့သူကတော့ ကျန်ပါသေးတယ်။ လူပိုရှင်းသွားတယ်။ ကိုယ်တွေတောင် ဘယ်သွားရမလဲမသိဘူး။ စားစရာတချို့တော့ ဝယ်စုထားတယ်။ ရွာတွေဘက်တော့ ရှောင်တဲ့လူသိပ်မရှိသေးဘူး” လို့ သူကပြောပါတယ်။ မိုးမိတ်မှာ မြို့ပေါ်တိုက်ပွဲတွေဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ မိုးကုတ်မြို့ပေါ်မှာ စစ်အင်အားတိုးချဲ့နေသလို အစစ်ဆေးပိုတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ မိုးကုတ်မြို့ပေါ်တိုက်ပွဲတွေဖြစ်လာရင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒေသခံတချို့ဟာ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေပါ […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း) ဖရဲသီးကုန်သည်တွေဟာ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ်လမ်းကြောင်းကနေ တရုတ်နိုင်ငံကို ဖရဲသီးတွေ စမ်းသပ်တင်ပို့ခဲ့ပေမယ့် လမ်းတွေပိတ်ထားဆဲဖြစ်တာကြောင့် ပြန်လှည့်လာခဲ့ရတယ်လို့ ဖရဲကုန်သည်တွေကပြောပါတယ်။ ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ယာယီအပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ ကုန်သည်တွေဟာ မူဆယ်ဘက်ကို အခုလို အရဲစွန့်ပြီး တင်ပို့ဖို့ လုပ်ဆောင်လာတာပါ။ ယခုလ ၁၉ ရက်က မန္တလေးကနေ လားရှိုး-မူဆယ်လမ်းကြောင်းကို ဖရဲသီးကား ၁၂ စီးကို စတင်စမ်းသပ်ပြီး စေလွှတ်ခဲ့ရာမှာ ဖရဲကားတွေ ပြန်လှည့်လာရတယ်လို့ အဲ့ဒီ တင်ပို့မှုမှာ ပါဝင်တဲ့ ဖရဲကုန်သည်တစ်ဦးက ပြောပါတယ်။ ရှမ်းမြောက် လမ်းကြောတစ်လျှောက်မှာ လားရှိုးမြို့အထိပဲ သွားလို့ရနေသေးပြီး လားရှိုးကနေ မူဆယ်ကိုတက်တဲ့ လမ်းကြောင်းတွေကတော့ ဒီနေ့အချိန်ထိ ပိတ်နေဆဲဖြစ်တယ်လို့ အဲ့ဒီဖရဲကုန်သည်က ပြောပါတယ်။ […]
ဘုတလင်-၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကွမ်းခြံရွာကို မနေ့မနက်ပိုင်းက စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲဖို့ ကင်းစောင့်ခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး စစ်ကြောင်းနဲ့ထိပ်တိုက်တိုးလို့ အသတ်ခံခဲ့ရတယ်လို့ ဘုတလင်ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “သူကမိုင်းခွဲဖို့ ကင်းစောင့်နေတာ။ အဲဒီအချိန်ခွေးတွေနဲ့တိုးတာ၊ ခွေးတွေက မင်းဘယ်အဖွဲ့ကတုန်းနဲ့မေးချိန် သူကထွက်ပြေးတာ။ ပြေးတဲ့အချိန် (စစ်ကောင်စီတပ်တွေက) နှစ်ဖက်ညှပ်ပြီးပစ်တာ။ ဗိုလ်မုတ်ဆိတ်အဖွဲ့ထဲကလို့ကြားတယ်။ သူတစ်ယောက်ပဲကျတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကျဆုံးသွားတဲ့ရဲဘော်နဲ့ပက်သက်ပြီး ဖြစ်စဉ်အသေးစိတ်သိရဖို့ ဗိုလ်မုတ်ဆိတ်အဖွဲ့ကို မော်ကွန်းအနေနဲ့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ ကွမ်းခြံရွာကို စီးနင်းခဲ့တဲ့စစ်ကြောင်းဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အားငါးဆယ်ဝန်းကျင်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကြောင်းပြန်ဆုတ်သွားလို့ ဒေသခံတွေလည်း ရွာပြန်လို့ရပြီလို့ ဆိုကြပါတယ်။ “မနေ့ကတော့ သုံးဆယ်လောက်ဖမ်းခံရပြီး စာသင်ကျောင်းထဲခေါ်စစ်တာ။ သူတို့စစ်ကြောင်းပြန်ထွက်တော့ အကုန်ပြန်လွတ်တယ်။ ရွာတော့မီးရှို့မခံရဘူး” လို့ […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း) ၂၀၂၂ အတွင်း KNU ထိန်းချုပ်ဒေသမှာ စစ်ဘေးရှောင် ငါးသိန်းရှိရာက ၂၀၂၃ အတွင်း နောက်ထပ် နှစ်သိန်းခွဲကျော် ထပ်တိုးလာပြီး အာဏာသိမ်းထားတဲ့ သုံးနှစ်တာကာအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ခုနစ်သိန်းခွဲကျော်ထိ ရှိလာပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက KNU ကထုတ်ပြန်တဲ့ တိုက်ပွဲအနှစ်ချုပ် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ်တွေကိုပါ ပြန့်ကျဲရောက်ရှိနေပြီး သူတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်အရတော့ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးရှောင် နှစ်သိန်းခွဲခန့်ထိရှိနေကာ၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်မှာစစ်ရှောင် တစ်သိန်းခွဲခန့်ထိ ရှိနေပြီး အခြားဒေသတွေမှာလည်း […]
ဟိုပုံး – ၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) နဲ့ ပအို့အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA) တို့ မနေ့ကဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုကြောင့် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ မုဲင်းကောင်တောင်တကြောက ပအိုဝ်းရွာတွေ စစ်ရှောင်နေကြရတယ်လို့ ဒေသခံဆီကသိရပါတယ်။ “မုဲင်းကောင်တကျော က ရွာတော်တော်များများ ဒေသခံက ရှောင်နေကြတယ်၊ အထူးသဖြင့် မိန်းကလေးနဲ့ သက်ကြီးရွယ်အိုတွေ.. မြို့ဘက်၊ ဆွေမျိုးအိမ်၊ ဟိုပုံးမြို့ ဖါလွိုင်ဘုန်းကြီး ကျောင်းမှာ ရှောင်သွားကြတယ်၊ ယောင်္ကျားလေးတွေကတော့ ရွာစောင့်နေကြတယ်”လို့ ဒေသခံကပြောပါတယ်။ မဲနယ်တောင်ဒေသဟာ ပအိုဝ်းပြည်သူ့စစ် (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့တွေထိန်းချုပ်ရာဒေသဖြစ်ပြီး ဒေသခံအများစုဟာ ဘိန်းစိုက်တောင်သူတွေဖြစ်ကာ ဆင်းရဲကြပါတယ်။ မနေ့က ပအိုဝ်းပြည်သူ့စစ်နယ်မြေထဲကို ဖြတ်သန်းလာတဲ့ PNLA တပ်ဖွဲ့တွေနဲ့ ပအိုဝ်းပြည်သူစစ်-အာဏာသိမ်းစစ်တပ်တို့ မဲနယ်တောင်ဒေသထဲက စံဖူးရွာမှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီး ပေါက်ကွဲမှုတွေပါဖြစ်တာကြောင့် […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း) ဖရဲသီးပေါ်ချိန်ဖြစ်ပေမယ့် ပြည်ပဈေးကွက်မရှိတာကြောင့် ဖရဲဈေးကောင်းမရဖြစ်နေတယ်လို့ ကုန်သည်တွေနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေက ပြောပါတယ်။ ရန်ကုန်မှာ ဖရဲနဲ့ သစ်သီးဝလံကုန်စည်ဒိုင်ဖွင့်လှစ်ထားတဲ့ ကုန်သည်တစ်ဦးကတော့ လက်ရှိမှာ ရန်ကုန်ကို ဝင်လာတဲ့ ဖရဲသီးကားအရေအတွက်ဟာ ဈေးကွက်က ဝယ်ယူနိုင်တဲ့ပမာဏထက်များနေပြီး ဈေးကလည်း မနှစ်ကထက် နှစ်ဆနီးပါး ကျဆင်းနေတယ်လို့ ပြောပါတယ်။ အရင်က ရန်ကုန်ဈေးကွက်မှာ ဖရဲသီး ၁၂ ဘီးကားတစ်စီးကို ကျပ် သိန်း ၆၀ အနည်းဆုံးပေါက်ဈေးရှိပေမယ့် အခုကာလမှာတော့ ကျပ် ၃၅ သိန်းဝန်းကျင်ထိပဲ ရှိတယ်လို့ ပြောပါတယ်။ “အဝင်က ရန်ကုန်ဈေးကွက်ရဲ့ ဖြုန်းနိုင်အားထက်ကို နှစ်ဆလောက်ဖြစ်နေတယ်။ အခုမနက် ၁၀ စီးဝင်လာတယ်ဆိုရင် အထွက်က နှစ်စီး၊ သုံးစီးလောက်ပဲ။ ဒီထဲမှာ လာပုံနေတာ” […]
ဘုတလင်-၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကွမ်းခြံရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်စီးနင်းပြီး ရွာခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “ဖမ်းခံရတဲ့သူတွေကို စာသင်ကျောင်းထဲမှာအကုန်စုထားတယ်။ တပ်သားသစ်လာစုဆောင်းတာလို့လည်း ကြားရတယ်။ အသေစိတ်တော့ သေချာတော့မသိရသေးဘူး။ ရွာထိပ်မှာတော့ ခွေးနှစ်ကောင်သုံးကောင် မြင်နေရတယ်၊ အခုထိရှိသေးတယ်” လို့ ဘုတလင်ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်အင်အားငါးဆယ်ဝန်းကျင်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးတာဖြစ်တယ်လို့ ဘုတလင်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ “အခုချိန်ထိတော့ ရွာမီးရှို့တာတွေတော့ မရှိသေးဘူး။ သူတို့က မုံရွာ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)နမခ ကနေစစ်ကြောင်းထိုးလာတာ။ ယင်းမာပင်ဘက်အခြမ်းတော့ ကူးမလာသေးဘူး” လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကွမ်းခြံရွာအပါအဝင် အနီးကရွာတွေဖြစ်တဲ့ ညောင်ကုန်း၊ အင်းတော၊ ထန်းတော၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."