သတင်းများ

လားရှိုးမြို့ပေါ်က စစ်ရှောင်တွေ နေရပ်ပြန်ပြီ

January 19, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၉ (မော်ကွန်း)  ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီ အပစ်ရပ်ထားတဲ့ ကာလအတွင်း လားရှိုးမြို့ပေါ်ကစစ်ဘေးရှောင် ၇,၀၀၀ နီးပါး နေရပ်အသီးသီးကို ပြန်သွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၉,၀၀၀ ကျော် လားရှိုးမြို့မှာ လာရောက်ခိုလှုံခဲ့ရပြီး လက်ရှိမှာတော့ စစ်ဘေးရှောင် ၂,၀၀၀ ခန့်ပဲ မြို့ပေါ်မှာ ကျန်ရှိနေတော့တာပါ။ အဲ့ဒီ ကျန်ရှိနေသေးတဲ့ စစ်ဘေးရှောင်တွေဟာ လားရှိုးမြို့က မန်ဆူကျောင်းတိုက်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြပါတယ်။ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၂,၀၀၀ ခန့်ဟာ ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ အဆင်မပြေသေးတာ၊ ဒေသရဲ့ လုံခြုံရေးအခြေအနေစိတ်မချရသေးတာ၊ နေအိမ်တွေ ပျက်စီးသွားတာတွေကြောင့် နေရပ်မပြန်နိုင်သေးတာလို့ ဆိုပါတယ်။ “အချို့ရွာတွေက […]

အပြည့်အစုံဖတ်ရန်

ရခိုင်ကို ဆက်သွယ်ရေးဖြတ်တောက်

January 18, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၈ (မော်ကွန်း) ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ စစ်တပ်ပိုင် Mytel ဖုန်းလိုင်းတစ်မျိုးတည်းသာ ဆက်သွယ်လို့ ရနေပြီး အခြားဆက်သွယ်ရေးလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အားလုံးဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်စစ်ပွဲ ပြန်ဖြစ်လာတဲ့ရက်ကစပြီး ဒေသတွင်းကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေး လမ်းတွေကိုလည်း ဖြတ်တောက်ထားလိုက်သလို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကိုပါ ထပ်မံဖြတ်တောက်လာတာပါ။ စစ်တွေမြို့က ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကလည်း လက်ရှိမှာ စစ်တွေမြို့မှာ MPT ၊ Telenor ၊ Ooredoo ဖုန်းလိုင်းတွေ ဇန်နဝါရီ ၁၆ ရက် ညပိုင်းကစပြီးပြတ်တောက်သွားခဲ့ပြီး လက်ရှိမှာ Mytel ဖုန်းလိုင်းတွေပဲ ခေါ်ဆိုလို့ ရနေတယ်လို့ ပြောပါတယ်။ “Mytel ကလည်း အင်တာနက်ဖြတ်ထားတယ်။ […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမှာ စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်စစ်ကြောင်းထိုးလို့ ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးနေရ

January 17, 2024

ဆားလင်းကြီး – ၂၀၂၄ ဇန်နဝါရီ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်းက ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေလို့ ထောင်ချီတဲ့ဒေသခံတွေထွက်ပြေးနေရသလို ဒီနေ့နေ့လယ်ပိုင်းမှာ ဆားထုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့က မနက်ပိုင်းကစပြီး ဆားလင်းကြီးမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။ “ဆားထုံး၊ လက်ပံကျွန်း၊ တောကျောင်း ပြေးနေရပြီ။ တိုက်ပွဲမရှိဘူး၊ ဒီတိုင်းစစ်ကြောင်းထိုးတာ။ ဆားထုံးကို ခုနကလေးတင်မီးစရှို့တာ။ ပြည်သူအိမ်ခုနစ်လုံး မီးဘေးသင့်သွားတယ်။ ပြေးရတာတော့ မနေ့ကရွာတွေနဲ့ အဲဒီနားတစ်ဝိုက်ကရွာတွေအကုန်ပြေးနေရတယ်” လို့ ဆားလင်းကြီးဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီးမြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးရင်း ဒေသခံတွေရဲ့ နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “စစ်ကြောင်းထိုးရင်း ထွက်ပြေးရတဲ့ ဒေသခံတချို့ဖမ်းခံရတယ်ကြားပေမယ့် အတည်ပြုလို့မရသေးဘူး။ အင်အားက […]

အပြည့်အစုံဖတ်ရန်

ရခိုင်မှာ တက္ကသိုလ်ဝင်တန်းဖြေမယ့်သူတွေ စာစစ်ဌာနပြောင်းလဲဖြေဆိုခွင့်ပြုမည်ဟုဆို

January 16, 2024

ရန်ကုန် – ၂၀၂၃ ဇန်နဝါရီ ၁၆ (မော်ကွန်း) တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့်ကျောင်းသားတွေကို စာစစ်ဌာနပြောင်းလဲဖြေဆိုခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။ ဒေသတွင်းအခြေအနေတွေကြောင့် လာမယ့်မတ်လအတွင်းကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ပြောင်းရွှေ့ဖြေဆိုလိုသူတွေ သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်ပညာရေးမှူးရုံးတွေမှာ အချိန်မီလျှောက်ထားနိုင်တယ်လို့ သူရဲ့ Facebook မှာ အသိပေးထားတာပါ။ စာဖြေဌာန ပြောင်းလဲဖြေဆိုခွင့်ကို ကိုယ်တိုင် (သို့မဟုတ်) မိဘအုပ်ထိန်းသူက လျှောက်ထားရမှာလို့ စစ်တွေခရိုင် ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “စာစစ်ဌာနတွေက အခုလည်းအတည်မဟုတ်သေးဘူး၊ အပြောင်းအလဲရှိနိုင်သေးတယ်။ ကိုယ်ဖြေချင်တဲ့ မြို့နယ်နဲ့ လျှောက်လွှာရေးပြီး လာတင်ရမှာပါ။ ကျောင်းပြောင်းဆိုရင်တော့ လက်ရှိ ကိုယ်တက်နေတဲ့ကျောင်းရဲ့ ကျောင်းအုပ်ထောက်ခံစာလိုပါတယ်” လို့ […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်နဲ့ချီထွက်ပြေးနေရ

January 16, 2024

ဆားလင်းကြီး-၂၀၂၄ ဇန်နဝါရီ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းကစပြီး စစ်ကြောင်းထိုးနေလို့ ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးနားရွာတွေက ရွာခံထောင်ချီထွက်ပြေးနေရတယ်လို့ ဆားလင်းကြီးဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ လက်ရှိစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဇက်သင်္ဘောနဲ့ ကူးလာတာဖြစ်ပြီး အင်အားတစ်ရာဝန်းကျင်ရှိတယ်လို့ ညောင်ပင်ကြီးရွာခံတစ်ဦးက ပြောပါတယ်။ “မနက် ၉ နာရီလောက်မှ ဝမ်ပေါင်စီမံကိန်းထဲကနေထွက်လာပြီး အနားကရွာတွေကို စစ်ကြောင်းထိုးတာ။ စစ်ကြောင်းက နှစ်ပွိုင့်ခွဲထွက်ပြီး တစ်ဖွဲ့က မန်ကျည်းတန်းရွာကိုဝင်တယ်၊ နောက်တစ်ဖွဲ့ကတော့ မသိရသေးဘူး။ အခုလက်ရှိတော့ မန်ကျည်းတန်းကအဖွဲ့က ရေခါး(ရွာ)ဘက်ရောက်နေတယ်လို့ကြားတယ်” လို့ သူကပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်ထဲက ဆည်တဲ-ဇီးတောရွာကနေစတင်စစ်ကြောင်းထိုးတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အနားကရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ဆားလင်းကြီးဒေသခံတွေကပြောပါတယ်။ “ရွာတွေတော့မီးရှို့တာမရှိသေးဘူး။ ဒေသခံတွေဖမ်းခံရတာမျိုးလည်း မကြားရသေးဘူးအခုထိတော့” လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ […]

အပြည့်အစုံဖတ်ရန်

ဆန်စပါးအသင်းချုပ်က သတ်မှတ်ဆန်စျေးနှုန်းတွေ စျေးကွက်ပေါက်စျေးထက်နည်းနေတာကြောင့် ရောင်းချရာမှာအခက်ခဲဖြစ်

January 16, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၆ (မော်ကွန်း) မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းဟာ ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟနေတဲ့အတွက် ဆန်ဈေးနှုန်းသတ်မှတ်ရောင်းချရာမှာ အခက်အခဲတွေ့နေတယ်လို့ ဆန်ကုန်သည်တွေ၊ ဆန်လက်လီ၊ လက်ကားရောင်းချသူတွေက ပြောပါတယ်။ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး ဆန်ဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က မနေ့ကရက်စွဲနဲ့ သတ်မှတ်ထုတ်ပြန်ခဲ့တာပါ။ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်ဝင် တစ်အိတ်ကို ကျပ် ၁၂၅,၀၀၀ ကနေ ၁၃၅,၀၀၀ လို့ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားပေမယ့် အပြင်ဈေးကွက်မှာတော့ ကျပ် ၁၈၀,၀၀၀ ဝန်းကျင်ထိ မြင့်တက်နေပါတယ်။ အလားတူပဲ ဧရာဝတီ ပေါ်ဆန်းကိုတော့ တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀ ကနေ ကျပ် ၁၁၀,၀၀၀ အတွင်းလို့ သတ်မှတ်ထားပေမယ့် အပြင်ဈေးကွက်မှာတော့ ကျပ်တစ်သိန်းခွဲဝန်းကျင်ထိ မြင့်တက်နေသလို၊ […]

အပြည့်အစုံဖတ်ရန်

နမ့်ဖတ်ကာမှာ စစ်ကောင်စီဂျက်ဖိုက်တာတစ်စီးကို KIA ပစ်ချ

January 16, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၆ (မော်ကွန်း) ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသမှာ ဒီနေ့လယ်ပိုင်းက စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို ပစ်ချလိုက်နိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မော်ကွန်းကို အတည်ပြုပါတယ်။ “နမ့်ဖတ်ကာ ဘက်မှာ နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာတစ်စီးကို ပစ်ချလိုက်နိုင်တဲ့ သတင်းရပါတယ်။ အခုတော့ ဖုန်းလိုင်းအဆက်အသွယ်ခက်တဲ့အတွက် မြေပြင်သတင်းပြည့်ပြည့်စုံစုံကိုတော့ မရသေးပါဘူး။ လေယာဉ်အမျိုးအစားတွေ ဘာညာလည်း မသိရသေးဘူး” လို့ သူက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ခလရ ၁၂၃ တပ်ရင်းကို KIA က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာပါ။ ယခုလ ၃ ရက်နေ့ကလည်း […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေ

January 15, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၅ (မော်ကွန်း) ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ပလက်ဝမြို့ကို မနေ့က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်မှာ မြစ်ကြောင်းပေါ်မှာရှိတဲ့ ကျောက်တော်မြို့က စစ်ကောင်စီစခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်တော်မြို့နယ်က စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၃၉) တပ်ရင်းကို ယခုလ ၁၀ ရက်ကစလို့ AA က ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီ့တပ်ရင်းဟာ စစ်တွေ-ရန်ကုန် ကားလမ်းဘေး ကုန်စောက်တောင်ခြေအနီးမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အခိုင်အမာ စခန်းတစ်ခုပါ။ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေပါ ပစ်ခတ်နေပြီး တိုက်ပွဲအခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲဖြစ်နေတာတော့ ငါးရက်လောက်ရှိပြီ။ အဲ့ဒီအနီးက ရွာခုနစ်ရွာလောက်ရှိတယ်၊ အဲ့ဒီရွာတွေတော့ […]

အပြည့်အစုံဖတ်ရန်

အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ကျောက်မဲမှာ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေကြောင်း TNLA ထုတ်ပြန်

January 13, 2024

ကျောက်မဲ – ၂၀၂၄ ဇန်နဝါရီ ၁၃ (မော်ကွန်း) တရုတ်ကြားဝင်မှုကြောင့် မြောက်ပိုင်းသုံးဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ အပစ်ရပ်သဘောတူပြီးနောက် ဒီကနေ့နံနက်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အာဏာသိမ်းစစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က သတင်းထုတ်ပြန်ပါတယ်။ ကျောက်မဲမြို့က TNLA တပ်ဖွဲ့ရှိရာ ငြိမ်းချမ်းရေးကုန်းကို အာဏာသိမ်းစစ်တပ်ဘက်က လာရောက်တိုက်ခိုက်ခဲ့ပြီး နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ TNLA ဘက်ကတော့ ဒေသခံတွေ စစ်ဘေးသင့်မှာစိုးတဲ့အတွက် နောက်ဆုတ်ပေးလိုက်တယ်လို့ဆိုပါတယ်။ အခုလ ၁၁ ရက်မှာ တရုတ်ကြားဝင်မှုကြောင့် နှစ်ဘက်သဘောတူထားတဲ့ အပစ်ရပ်သဘောတူညီမှုကို အာဏာသိမ်းစစ်တပ်ဘက်က ပေါ်ပေါ်တင်တင်ချိုးဖောက်တာလို့ဆိုထားပါတယ်။ ပုံစာ – TNLA ဘက်က ထုတ်ပြန်တဲ့ မြေပုံ။

အပြည့်အစုံဖတ်ရန်

လောက်ကိုင်တိုက်ပွဲအတွင်း မြို့တွင်းတိုက်ခန်းအားလုံးနီးပါး ဖောက်ထွင်းခံထားရ၊ ဒေသခံမဟုတ်သူတွေကို ပြန်ပို့

January 13, 2024

လောက်ကိုင် – ၂၀၂၄ ဇန်နဝါရီ ၁၃ (မော်ကွန်း) ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန် မြို့တွင်းနေအိမ်၊ တိုက်ခန်းတွေအားလုံးနီးပါး ဖောက်ထွင်းခံထားရပြီး ဒေသခံမဟုတ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်ပို့တယ်လို့ ပြန်လည်နေထိုင်သူတွေက ပြောပါတယ်။ “အခုလက်ရှိ လောက်ကိုင်မှာရှိသမျှ တိုက်ခန်း၊အိမ်တွေရဲ့ ၁၀၀ မှာ ၉၅ရာခိုင်နှုန်းလောက်ကတော့အကုန်ဖောက်ခံထားရပြီးသားတွေပဲ၊ တိုက်ခန်းတွေဆိုလည်းအကုန်ရိုက်ဖျက်ဖောက်ခံထားရပြီးသားတွေ”လို့ လက်ရှိနေထိုင်နေသူအမျိုးသမီးတစ်ဦးက သူကြုံရတာကိုပြောပါတယ်။ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေဖြစ်နေချိန် အုပ်စုဖွဲ့ဂိုဏ်းထောင်ပြီး နေအိမ်ဖောက်ထွင်းတာတွေ၊ ပစ္စည်းခိုးယူ၊ ဓါးပြတိုက်တာတွေပါ ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။ “သူတို့ကခိုးရင် စီးပွားပျက်အောင်ခိုးတာ၊ အကုန်အပြောင်ခိုးတာ၊ ထိုင်ခုံတွေ၊ ရေခဲသေတ္တာတွေပါခိုးတယ်၊ ဖျက်ဆီးတယ်၊ ဒီဘက်မှာလက်နက်ကတရားဝင်ကိုင်ဆောင်ခွင့်ရှိတာကိုး၊ပြည်သူ့စစ်တွေက တိုက်ပွဲကနေ လက်နက်တွေယူပြီးပြေး၊ သူတို့နဲ့အုပ်စုဖွဲ့ပြီးခိုးကြတယ်၊ လူရှိနေရင်လည်း ခြိမ်းခြောက်ပြီးခိုးကြတယ်”လို့ ​နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။ ဒီလို ခိုးယူမှုတွေလုပ်နေတဲ့အထဲမှာ ရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေလည်းပါတယ်လို့ ဒေသခံကပြောပါတယ်။ ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်မှာ အပစ်ရပ်ပြီဆိုသော်လည်း လားရှိုးမြို့ခံတွေ အခြားဒေသတွေဆီပြောင်းရွှေ့နေ

January 12, 2024

လားရှိုး – ၂၀၂၄ ဇန်နဝါရီ ၁၂ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ MNDAA,AA,TNLA တို့ မနေ့ကစပြီး အပစ်အခတ်ရပ်စဲလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လားရှိုးမြို့ခံတွေကတော့ မြို့ပေါ်မှာတိုက်ပွဲဖြစ်မှာစိုးရိမ်လို့ အခြားဒေသတွေကို ကြိုတင်စစ်ရှောင်နေကြတယ်လို့ လားရှိုးဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “တဖြည်းဖြည်းချင်းတော့ မြို့ပေါ်မှာ လူသိပ်မရှိတော့ဘူး။ ဆက်ရှောင်နေကြတုန်းပဲ။ အလျှိုလျှိူသွားနေကြတာ။ တချို့တွေကားမရသေးလို့ မနက်ဖြန်၊ သန်ဘက်ခါမှသွားဖို့စောင့်နေတဲ့သူတွေရှိတယ်” လို့ လားရှိုးမြို့ပေါ်မှာနေထိုင်သူတစ်ဦးက‌ ပြောပါတယ်။ ကြိုတင်တိမ်းရှောင်ကြတဲ့ လားရှိုးဒေသခံတွေဟာ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားနီးစပ်ရာဒေသတွေကို ရှောင်ကြတာဖြစ်ပြီး လားရှိုးမြို့ပေါ်ကို အခြားဒေသတွေကနေ လာရောက်အလုပ်လုပ်ကြသူတွေလည်း သူတို့နေရပ်တွေဆီပြန်ကုန်ကြပြီလို့ လားရှိုးမြို့ခံတစ်ဦးကဆိုပါတယ်။ “ပိုက်ဆံရှိတဲ့သူတွေကတော့ သွားကုန်ကြတော့တာပေါ့၊ သူတို့အမျိုးတွေဘာတွေရှိတဲ့ဆီပေါ့။ သူဌေးတွေက မနေတော့ဘူး။ ပြန်ပေးဆွဲတာတို့၊ လုယက်တာတို့ဖြစ်မှာစိုးတော့ ကြိုရှောင်ကုန်ကြတာ။ တခြားနယ်တွေကလာတဲ့သူတွေလည်း ပြန်ကြတာများတယ်။ မြို့ပေါ်ကတော့ ခါတိုင်းထက် သိသိသာသာခြောက်ကပ်သွားတယ်။ […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူက ပျူစောထီးအထိုင်စခန်းတိုက်ခိုက်ခံရတာကြောင့် အနီးနားကရွာတွေကို စစ်ကောင်စီတပ်မီးဝင်ရှို့

January 12, 2024

ကန့်ဘလူ-၂၀၂၄ ဇန်နဝါရီ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းက တင်ငုတ်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအထိုင်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေ မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက အဲဒီရွာအနီးက ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေဟာ တောင့်တဲကုန်းရွာ၊ ကိုးမြို့ရွာနဲ့ သရက်ခေါင်းရွာတို့ဖြစ်ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်စီးနင်းပြီးနောက် မီးရှို့ခံရတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “လောလောဆယ် သရက်ခေါင်းရွာကအိမ် ၃၁ လုံး မီးလောင်သွားတာပဲသိရပါသေးတယ်ဗျ။ ကျန်နှစ်ရွာတော့ ဝင်ဖို့မလွယ်လောက်သေးတော့ မရသေးဘူးပြောပါတယ်။ အဲဒီနားပတ်လည် စစ်ကြောင်းထိုးနေတုန်းပါဗျ။ ပြည်သူတွေကတော့ ထပ်ရှောင်နေရဆဲပါ၊ မနေ့ကအထိတော့ (ထွက်ပြေးရတဲ့ရွာ) ကိုးရွာ၊ ပြည်သူတစ်သောင်းခန့်ဗျ။ ဒီနေ့ထပ်တိုးနိုင်ပါတယ်” လို့ သူကပြောပါတယ်။ မနေ့ကအထိတော့ စစ်ကြောင်းထိုးခံရချိန် ဒေသခံတွေဖမ်းဆီးခံရတာမရှိပေမယ့် ဒီနေ့တော့ အခြေအနေအသေးစိတ်မသိရသေးဘူးလို့ […]

အပြည့်အစုံဖတ်ရန်
1 … 77 78 79 80 81 82 83 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."