မုံရွာ-၂၀၂၄ မတ် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ အခုလအစောပိုင်းကစပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် မုံရွာမြို့အနီးမှာရှိတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က နေအိမ် သုံးထောင်ကျော် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောကြပါတယ်။ “ ဖေဖော်ဝါရီ ၂၉ ကနေဆက်တိုက်ရှို့တာပဲ။ အခုတော့ ရွာကြီးတွေကိုပါရှို့တာ။ အကြီးအကျယ်ရှို့ခဲ့တာဆိုရင် သက္ကယ်ကျင်းပေါ့။ တစ်ရွာလုံးရှို့ခံရတာတွေကော ရွာတွေထဲက PDF အိမ်တွေရွေးရှို့တာကောဆို ရွာအားလုံးပေါင်းရင် အိမ်ခြေ သုံးထောင်ကျော်၊ လေးထောင်လောက်တော့(မီးလောင်ပျက်စီး) ရှိပြီ” လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ပေါ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာမှာစိုးတာကြောင့် မြို့အနီးတဝိုက်ကရွာတွေကို နယ်မြေရှင်းလင်းရင်း မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတာလို့ မြို့ခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။ “ […]
ကနီ-၂၀၂၄ မတ် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ ဒေသခံတော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ ပြန်တပ်စွဲထားလို့ ကနီမြို့ခံတွေ လက်ရှိအချိန်အထိ မြို့ပေါ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “ အဓိကက မပြန်ရဲတာပေါ့။ မြို့ပေါ်ရွှေစည်းခုံကုန်းကနေ လက်နက်ကြီးနဲ့ ရွာတွေထဲထုတာတွေလည်းရှိတယ်။ မြို့ပေါ်မှာ အခုလက်ရှိတော့ စစ်တပ်နဲ့ သူတို့ဝန်ထမ်းတချို့တော့ ရှိတယ်၊ တိုက်ပွဲဖြစ်တုန်းက မင်းကင်းကနေ မုံရွာသွားရင်း ကနီမှာပိတ်မိတဲ့ ကြံ့ခိုင်ရေးကအဖွဲ့တွေလည်း အခုရှိတယ်။ ဒေသခံတွေကတော့ မပြန်ရဲကြဘူး”လို့ ကနီအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ကနီမြို့ပေါ်မှာ အခုလ ၂ ရက်ကစလို့ စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့နေရာတွေကို ဒေသခံတော်လှန်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၂ ရက်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် တော်လှန်ရေးတပ်တွေ တပ်ပြန်ဆုတ်လိုက်ရပါတယ်။ လက်ရှိအချိန်မှာတော့ ကနီမြို့ပေါ်အပါအဝင် […]
ရန်ကုန် – ၂၀၂၄ မတ် ၂၉ (မော်ကွန်း) မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိရာ လွယ်ဂျယ်မြို့ကို KIA က ဝန်းရံပိတ်ဆို့ကာ ထိန်းချုပ်လိုက်နိုင်ပြီလို့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်က မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာ တပ်စခန်းတစ်ခုဖြစ်တဲ့ ယောယုံ စစ်ဗျူဟာစခန်းကို မနေ့ကနေ့လယ်ပိုင်းက KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ ဗျူဟာစခန်းဟာ တရုတ်နယ်စပ်က လွယ်ဂျယ်၊ မိုင်ဂျာယန် ဒေသတွေရဲ့ တောင်ကြောအပေါ်မှာရှိတဲ့စခန်းဖြစ်ပြီး KIA အနေနဲ့ အဲဒီစခန်းကို ၃၉နှစ်အတွင်း ပြန်လည်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့စစ်ဗျူဟာကုန်းကို သိမ်းလိုက်ပြီးနောက်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို KIA အနေနဲ့ ပထမဦးဆုံး ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်တာပါ။ လက်ရှိမှာ လွယ်ဂျယ်မြို့ပေါ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို KIA က ဝန်းရံပိတ်ဆို့ထားပြီး အဲဒီမှာရှိနေတဲ့ စစ်ကောင်စီ […]
မန္တလေး-၂၀၂၄ မတ် ၂၉ (မော်ကွန်း) မန္တလေးမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်တချို့မှာ ၁၀ တန်းစာမေးပွဲပြီးတဲ့နေ့ကစပြီး လျှပ်စစ်မီးမမှန်တော့တာကြောင့် ရေမော်တာတင် အသုံးပြုရတဲ့ရပ်ကွက်တွေမှာ ရေစတင်ပြတ်လပ်နေပြီလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ “အဝီစိတွင်းတူးထားတဲ့အိမ်တွေတောင်ရေပြတ်တာပဲ။ တချို့လည်း နီးစပ်ရာ ရေဘုံဘိုင်ရှိတဲ့ အိမ်တွေသွားရတာပေါ့။ တချို့တော့ လာလှူတာစောင့်တာပေါ့” လို့ ချမ်းအေးသာစံမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာ လျှပ်စစ်မီးမလာလို့ ရေအခက်အခဲကြုံနေရတဲ့ နေရာတွေဟာ ချမ်းအေးသာစံ၊ အောင်မြေသာဇံ၊ မဟာအောင်မြေစတဲ့ မြို့နယ်တွေထဲက ရပ်ကွက်တွေဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ စည်ပင်ရေပေးဝေပေမယ့် လျှပ်စစ်မီးမလာတာကြောင့် ရေတင်လို့မရလို့ သုံးရေအခက်ကြုံနေတာလို့ မဟာအောင်မြေမြို့နယ်တွင်း နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။ “မီးမလာတော့ ရေတင်လို့မရဘူးလေ။ လာတော့လည်း တစ်နာရီနှစ်နာရီလောက်ပဲလာတာ။ လာရင်လည်း လာလိုက်ပြတ်လိုက်ပဲ။ မီးပြတ်တာက ၁၀ တန်းစာမေးပွဲစပြီးတဲ့ နေ့ကတည်းက ပြတ်တာ။ တစ်ရက်လုံးမှ […]
ရန်ကုန် – ၂၀၂၄ မတ် ၂၈ ထိုင်းနိုင်ငံက သင်္ကြန်ပွဲတော်ကာလမှာ မြန်မာ့ပြောင်းဆန်ဝယ်ယူမှုကို ရပ်ဆိုင်းမှာဖြစ်တာကြောင့် ပြောင်းဆန်ဈေးကျဆင်းမှာကို စိုးရိမ်နေတယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်တဲ့ ကုန်သည်တချို့က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လာမယ့် ဧပြီ ၁ ရက်ကနေ ၂၁ ရက်ကြာ ကျင်းပမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း မြန်မာ့ပြောင်းဆန်ကို ဝယ်ယူမှု ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ပြည်ပကို ပြောင်းဆန် တင်ပို့နေတဲ့ ကုန်သည်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “အခုက သူတို့က သင်္ကြန်စနေပြီလေ၊ သင်္ကြန်တွင်းကာလမှာ အဲဒီ ကုန်တင်ကုန်ချကိစ္စတွေ မလုပ်တော့ဘူးဆိုပြီး ရနောင်းမှာ အဝယ်တွေ ရပ်လိုက်ထားတယ်” လို့ ၎င်း ကုန်သည်က ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်က ထိုင်းနိုင်ငံမှာ နှစ်စဉ် နွေကာလရောက်တိုင်း ကြုံနေရတဲ့ […]
ရန်ကုန် – ၂၀၂၄ မတ် ၂၈ (မော်ကွန်း) မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ကြား သုံးပတ်ကျော်ကြာထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီနေ့မနက် ၁၀ နာရီခန့်ကစပြီး ဝှေ့ရှမ်းကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းကိုလည်း ဗုံးဆန်ကျရောက်ခဲ့တာကြောင့် နေအိမ်နဲ့ ဆိုင်ခန်း ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။ ဝှေ့ရှမ်းကျေးရွာ ဒေသခံတစ်ဦးကတော့ “ မနေ့တည်းကလည်း ရွာထဲကို လက်နက်ကြီးကျတယ်။ ဒီမနက်ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာ ရပ်ကွက် (၇) ထဲကို ဗုံးခုနစ်လုံးထပ်ကျတယ်ပြောတယ်။ ဆိုင်ခန်းတွေ၊ နေအိမ်တွေ ၁၀ လုံးလောက်တော့ ပျက်စီးသွားတယ်၊ မီးတွေလည်းလောင်သွားတယ်” […]
ရန်ကုန်-၂၀၂၄ မတ် ၂၇ (မော်ကွန်း) ရန်ကုန်မြို့၊ အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်၊ လူကူးကုန်းတံတားအနီးမှာ ဒီနေ့ည ၇ နာရီ ၄၂ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။ “ဆူးလေ Square နဲ့ ကုန်းတံတားနားမှာဖြစ်တာ၊ကားစောင့်နေရင်းနဲ့ မျက်စိရှေ့တင် ပေါက်သွားလို့ထွက်ပြေးလာရတာ။ လူနှစ်ယောက်ထိသွားတယ်” လို့ ပေါက်ကွဲမှုဖြစ်စဉ်အနီးမှာ ရှိခဲ့သူတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သူတွေရဲ့ လက်ရှိအခြေအနေကိုတော့ မသိရသေးပေမယ့် လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေမှာတော့ အမျိုးသားတစ်ဦး ပလက်ဖောင်းပေါ်မှာ လဲကျနေသလို ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရထားတာကို မြင်တွေ့ရပါတယ်။ ဗုံးပေါက်ကွဲသံဟာ ပြင်းထန်တာကြောင့် မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ လသာ စတဲ့မြို့နယ်တွေက ဒေသခံတချို့ပါ ပေါက်ကွဲသံကိုကြားရတယ်လို့ ဆိုကြပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာဟာ ကျောက်တံတားမြို့နယ်ရဲစခန်းအနီးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ […]
ရန်ကုန် – ၂၀၂၄ မတ် ၂၆ (မော်ကွန်း) တရုတ်နိုင်ငံ၊ ရွှေလီဘက်မှာ ပြည်ဝင်ခွင့်ကန့်သတ်ချက်အသစ်တွေ ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်ပြီးနောက်မှာ အထောက်အထားမစုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဆက်တိုက်ဖမ်းဆီးလာတယ်လို့ ရွှေလီရောက် မြန်မာလုပ်သားတချို့က ပြောပါတယ်။ အရင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ တစ်နှစ်သက်တမ်းရှိတဲ့ စာအုပ်အနီလို့ခေါ်တဲ့ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်၊ တစ်ပတ်သွားရောက်လည်ပတ်လို့ရတဲ့ ယာယီနေထိုင်ခွင့်ကတ်တွေနဲ့ တရုတ်နိုင်ငံထဲ ရွှေလီ၊ ကျယ်ဂေါင်၊ ရင်ကျန်းစတဲ့ ယူနန်ပြည်နယ်ထဲကမြို့တွေမှနေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေ ပြုထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တရုတ်လူဝင်မှုကြီးကြပ်ရေးဌာနဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ ထပ်တိုးထားပြီး နယ်ဖြတ်ကျော်ခွင့်ကတ်တွေအပြင် အလုပ်အကိုင်အေဂျင်စီ ထောက်ခံချက်တွေ၊ တရုတ်နိုင်ငံ ရွှေလီအလုပ်သမားရုံးက အလုပ်လုပ်ကိုင်ခွင့်ထောက်ခံချက်တွေ ပြနိုင်မှပဲ ဝင်ခွင့်ပြုတော့တယ်လို့ ရွှေလီရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။ “အခုက ရွှေလီကသူဌေးက ထောက်ခံချက်ပေးမှရတော့မှာ။ အထဲကသူဌေးရဲ့ ထောက်ခံချက်နဲ့သွားခေါ်ပြီး ထောက်ခံစာနဲ့ အလုပ်သမားရုံးကစာချုပ်ချုပ်ပြီး ပဲ […]
ရန်ကုန်-၂၀၂၄ မတ် ၂၆ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီ အတည်ပြုပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပက်သက်ပြီး နိုင်ငံအနှံ့မှာ စစ်မှုထမ်းစာရင်းတွေ ကောက်ယူတာကြောင့် တစ်ပတ်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၄ ဦးထက်မနည်းရှိလာပါတယ်။ မော်ကွန်းက စုဆောင်းထားတဲ့ အချက်အလက်တွေအရ အခုလ ၁၈ ရက်ကနေ ၂၄ ရက်အတွင်း စစ်မှုထမ်းစာရင်းကောက်ယူတဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရခိုင်၊ မွန် စတဲ့တိုင်းနဲ့ပြည်နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ထွေအုပ်စာရေး စတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၄ ဦးအထိ သတ်ဖြတ်ခံခဲ့ရပါတယ်။ “အခု စစ်မှုထမ်းဥပဒေစာရင်းကောက်ဆို ကောက်ပေးလိုက်တာပဲ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)ခိုင်းတာ မလုပ်ရင်လည်း မရဘူးလေ။ မလုပ်ရင် ငါတို့ကို(ဖမ်း)ခေါ်သွားမှာပေါ့။ အခုကျ PDF လည်း ဒါတွေလုပ်ရင် သတ်မယ်ဖြတ်မယ်ဆိုတော့ ကြားညပ်နေတယ်။ ဒီဘက်လည်း […]
ရန်ကုန် – ၂၀၂၄ မတ် ၂၆ (မော်ကွန်း) စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နောင်လိုက်ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက နေအိမ်တစ်အိမ် လက်နက်ကြီးထိမှန်သွားတာကြောင့် ဒေသခံအရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းက တာဝန်ရှိသူတချို့က ပြောပါတယ်။ အဲဒီနေအိမ်မှာနေထိုင်တဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး သူတို့ကို ဗန်းမော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဗန်းမော်မြို့ခံ သုညသုခ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ နေ့လယ် ၁၁ နာရီလောက်မှာ ထိခိုက်ဒဏ်ရာရထားတဲ့သူ နှစ်ယောက်ရှိတယ်လို့ အကူအညီတောင်းလို့ သွားလိုက်တာ။ နှစ်ယောက်ပေါ့ အမျိုးသမီးက ခေါင်းထိထားတယ် အရေးပေါ် ခွဲစိတ်ခန်းဝင်နေရတယ်” လို့ ၎င်းကပြောပါတယ်။ အဲဒီ လက်နက်ကြီးထိမှန်ခဲ့တဲ့ နောင်လိုက်ကျေးရွာအနီးက […]
ရန်ကုန် – ၂၀၂၄ မတ် ၂၆ (မော်ကွန်း) တရုတ်နိုင်ငံ၊ ရွှေလီဘက်မှာ ပြည်ဝင်ခွင့်ကန့်သတ်ချက်အသစ်တွေ ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်ပြီးနောက် အထောက်အထားမစုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဆက်တိုက်ဖမ်းဆီးလာတယ်လို့ ရွှေလီရောက် မြန်မာလုပ်သားတချို့က ပြောပါတယ်။ အရင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ တစ်နှစ်သက်တမ်းရှိတဲ့ စာအုပ်အနီလို့ခေါ်တဲ့ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်၊ တစ်ပတ်သွားရောက်လည်ပတ်လို့ရတဲ့ ယာယီနေထိုင်ခွင့်ကတ်တွေနဲ့ တရုတ်နိုင်ငံထဲ ရွှေလီ၊ ကျယ်ဂေါင်၊ ရင်ကျန်းစတဲ့ ယူနန်ပြည်နယ်ထဲကမြို့တွေမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေ ပြုထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တရုတ်လူဝင်မှုကြီးကြပ်ရေးဌာနဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေ ထပ်တိုးထားပြီး နယ်ဖြတ်ကျော်ခွင့်ကတ်တွေအပြင် အလုပ်အကိုင်အေဂျင်စီ ထောက်ခံချက်တွေ၊ တရုတ်နိုင်ငံရွှေလီအလုပ်သမားရုံးက အလုပ်လုပ်ကိုင်ခွင့်ထောက်ခံချက်တွေ ပြနိုင်မှပဲ ဝင်ခွင့်ပြုတော့တယ်လို့ ရွှေလီရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။ “အခုက ရွှေလီကသူဌေးက ထောက်ခံချက်ပေးမှရတော့မှာ။ အထဲကသူဌေးရဲ့ထောက်ခံချက်နဲ့ သွားခေါ်ပြီး ထောက်ခံစာနဲ့ အလုပ်သမားရုံးကစာချုပ်ချုပ်ပြီးပဲ ခွင့်ပြုတော့တာ။ အဲဒီဟာမရှိရင် ဖမ်းပြီး […]
ပိုင်ကျုံ – ၂၀၂၄ မတ် ၂၆ (မော်ကွန်း) စစ်အာဏာရှင်အောက်မှာ အသက်ပေး၊ ကျွန်ခံလို့ ဖက်ဒရယ်မရနိုင်တာကြောင့် ပြည်သူနဲ့အတူ ရပ်တည်ဖို့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအတွင်းရေးမှူး-၂ ခွန်ဝေထူးက ပြောပါတယ်။ ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို အခုလ ၂၄ ရက်က ကေအဲန်ယူ တပ်မဟာ ၇ ၊ ပိုင်ကျုံမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ဒီလိုကျင်းပတာဟာ ပအိုဝ်းအမျိုးသားခေါင်းဆောင်တွေရဲ့ အနစ်နာခံမှုတွေ၊ စွန့်လွှတ်ပေးဆပ်မှုတွေအတွက် အလေးပြု၊ ဂုဏ်ပြုတာဖြစ်ပေမယ့် အခုအချိန်မှာတော့ မလုံလောက်တော့ဘဲ စစ်အာဏာရှင်အောက်ကပါ ရုန်းထွက်နိုင်ဖို့ လိုတယ်လို့ ခွန်ဝေထူးကပြောပါတယ်။ PNFC ရဲ့ ထုတ်ပြန်ချက်မှာတော့ “စစ်အာဏာရှင်စနစ်နှင့်မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးမူ”ကို အခြေခံဖွဲ့စည်းခဲ့တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)ဟာ စစ်အုပ်စုရဲ့ လက်ဝေခံပြည်သူ့စစ်ဘဝကနေ ရုန်းထွက်ပြီး ပအိုဝ်းအပါအဝင် ပြည်သူတရပ်လုံးနဲ့ တော်လှန်ရေးမှာပါဝင်ဖို့တိုက်တွန်းထားပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."