သတင်းများ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၁ စဖွင့်ပြီ

April 11, 2024

ရန်ကုန်-၂၀၂၄ ဧပြီ ၉ (မော်ကွန်း) ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို သင်္ကြန်ကာလအပြီးမှ စတင်မယ်လို့ စစ်ကောင်စီက ပြောပေမယ့် သင်တန်းအမှတ်စဉ်(၁)ကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ မနေ့ကစတင်ဖွင့်လှစ်လိုက်ပါတယ်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁)မှာ တက်ရောက်တဲ့သူတွေဟာ မိမိသဘောဆန္ဒအလျောက်စာရင်းပေးခဲ့သူတွေဖြစ်ပြီး သင်တန်းတက်ဖို့ အရည်အချင်းကိုက်ညီသူတွေကို စုဖွဲ့ကာ မနေ့ကမနက်ပိုင်းက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံသင်တန်းကျောင်းတွေမှာ သင်တန်းဖွင့်ပွဲတွေလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ “သင်တန်းကစပေးနေပြီလေ။ ပြီးခဲ့တဲ့ရက်တွေတုန်းက ရပ်ကွက်ထဲကခေါ်ခံရတဲ့သူတွေကို ဟိုပုံးက စစ်တပ်ရဲ့ ကွန်ပျူတာနဲ့နည်းပညာတက္ကသိုလ် ကိုပို့လိုက်တယ်။ ရှေ့တန်းတော့မပို့ပါဘူး။ နောက်တစ်သုတ်အတွက်လူခေါ်ဖို့ အခုထိတော့ ဘာမှညွှန်ကြားထားတာ မရှိသေးဘူး။ ခေါ်တာတော့ထပ်ခေါ်မှာ” လို့ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်ရုံးတစ်ခုက အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ ခေါ်ဆောင်ခံရသူတွေကို စစ်သင်တန်းပေးတဲ့နေရာတွေဟာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းက ကွန်ပျူတာနဲ့ […]

အပြည့်အစုံဖတ်ရန်

အင်းစိန် ပေါက်တောဝအုပ်ချုပ်ရေးမှူး သေနတ်ပစ်သတ်ခံရ

April 11, 2024

ရန်ကုန်-၂၀၂၄ ဧပြီ ၉ (မော်ကွန်း) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ပေါက်တောဝရပ်ကွက်အုပ်ချုပ်ရေးမှူး ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်က သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ အင်းစိန်မြို့နယ်ထဲမှာ အစစ်ဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “အဲဒီပစ်ခတ်မှုဖြစ်ပြီးတော့ အင်းစိန်ပေါက်တောဝဝန်းကျင်မှာ(စစ်ကောင်စီတပ်တွေနဲ့ရဲတွေ) လမ်းပိတ် စစ်ဆေးရေးလုပ်နေတယ်။ လေးဘက်လေးတန်ပိတ်စစ်နေလို့ အဲဒီနားမှာ ကားတွေပိတ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပေါက်တောဝရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်ဟာ မုန့်ဟင်းခါးစားနေစဉ် သေနတ်သမားတစ်ဦးက ပစ်သတ်သွားတာလို့ အင်းစိန်ဒေသခံတွေကဆိုပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီကပြဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသူတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ လက်ရှိအချိန်ထိတော့ ပေါတောဝအုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့ကပစ်သတ်သွားတယ်ဆိုတာကို မသိရသေးသလို စစ်ကောင်စီတပ်တွေက အင်းစိန်မြို့နယ်အတွင်း ပိတ်ဆိုစစ်ဆေးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ၂၀၂၂ ဇန်နဝါရီတုန်းကလည်း ပေါက်တောဝရပ်ကွက်၊ ရာအိမ်မှူးကျော်ဇော်ဟိန်းဆိုသူ ပစ်သတ်ခံခဲ့ရပါသေးတယ်။ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်ကောင်စီက အတည်ပြုပြဌာန်းထားတဲ့ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲဖြစ်လာမှာစိုးရိမ်လို့ မြဝတီဒေသခံတွေ ကြိုတင်တိမ်းရှောင်နေကြ

April 8, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၈ (မော်ကွန်း) တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ မြဝတီမြို့မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့ ဒေသခံအများအပြား ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တချို့ကပြောပါတယ်။ သောင်ရင်းမြစ်တစ်ဖက်ကမ်းက မဲဆောက်ဘက်ကို တိမ်းရှောင်ကြသူတွေရှိသလို ပြည်မဘက်ကို ပြန်ဆင်းသူတွေလည်းရှိနေပြီး မြဝတီမြို့ပေါ်မှာတော့ ဒေသခံတွေ ကျီးလန့်စာစားအခြေအနေမျိုး ဖြစ်နေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ဦးက ပြောပါတယ်။ “အခု မြဝတီမြို့ပေါ် ဘယ်နေ့တိုက်မလဲ မသိရဘူးပေါ့။ သတင်းတွေကလည်း မျိုးစုံပါပဲ။ ဒီနေ့ထိတော့ မြို့ပေါ်မှာ ပုံမှန်သွားလာနေတယ်။ ဆိုင်တွေလည်း ပုံမှန်တော့ဖွင့်နေတယ်။ တချို့ကတော့ စိုးရိမ်တဲ့သူတွေကလည်း ကြိုရှောင်ကြတာတွေရှိတယ်။ မြို့ပြင်မှာကို တိုက်ပွဲကအရမ်းနီးလာပြီလေ။ အခြေအနေကဘာမှန်းမသိတော့ စိုးရိမ်တဲ့သူတွေတော့ ထွက်ကုန်ကြပြီ” လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ မြဝတီမြို့အဝင်အထွက်လမ်းကြောင်းတွေကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြဝတီ-မဲဆောက် အမှတ် (၁) […]

အပြည့်အစုံဖတ်ရန်

ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့ပစ်ခံရ

April 8, 2024

ပြင်ဦးလွင်-၂၀၂၄ ဧပြီ ၈ (မော်ကွန်း) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တက္ကသိုလ် DSA ဒီနေ့မနက် ၄ နာရီဝန်းကျင်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ပြင်ဦးလွင်ဒေသခံတွေက ပြောကြပါတယ်။ “မနက် ၄:၀၀ နာရီကျော်လောက်က အသံအကျယ်ကြီးကြားလိုက်တယ်။ မြို့တွင်းမှာတော့ ပုံမှန်သွားလာနေကြတာပါပဲ။ ဒါပေမယ့် မြို့ပြင် အဝင်အထွက်တွေမှာတော့ အစစ်ဆေးပိုကြပ်သွားတယ်။ မြို့အဝင်အထွက်ဂိတ်တွေနားမှာ ကားတွေကိုတစ်စီးချင်းသေချာစစ်နေတာ” လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအသေးစိတ်သိရဖို့ မော်ကွန်းအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြင်ဦးလွင် စစ်တက္ကသိုလ် DSA ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ အဆောင်အနီး လေးလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒီနေ့လယ်ပိုင်းက ထုတ်ပြန်ထားပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မန္တလေး၊ မဟာအောင်မြေမြို့နယ် လဝကရုံးဗုံးပေါက်

April 5, 2024

မန္တလေး – ၂၀၂၄ ဧပြီ ၅ (မော်ကွန်း) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်မှာရှိတဲ့ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး ဒီနေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ “ပေါက်ကွဲပြီးမကြာဘူး လူနာတင်ကားတွေရောက်လာတယ်။ ဝန်ထမ်းတွေထိတယ်လို့တော့ကြားတယ်။ ခဏနေတော့ ရဲနဲ့စစ်သားတွေရောက်လာပြီး ရုံးထဲကော၊ ကျွဲဆည်ကန် ၁ လမ်းမှာကော စစ်နေကြတယ်” လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ကိုးဦးရှိပြီး သုံးဦးက လဝကရုံးဝန်ထမ်းတွေဖြစ်ပြီး ခြောက်ဦးက ဒေသခံတွေလို့ဆိုထားပေမယ့် မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ လက်ရှိအချိန်အထိတော့ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တွေကလည်း မဟာအောင်မြေလဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လဝကရုံးနဲ့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေလည်း လာရောက်စစ်ဆေးနေတယ်လို့ ဆိုကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

နယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ KIA ပြော

April 5, 2024

ရန်ကုန်- ၂၀၂၄ ဧပြီ ၅ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ လွယ်ဂျယ်မြို့ကို ယခုရက်ပိုင်းမှာ ထိန်းချုပ်လိုက်နိုင်ပြီးနောက် နယ်စပ်ဒေသတစ်လျှောက်က စစ်ကောင်စီစခန်းတွေကို ဆက်လက်ပြီး ထိုးစစ်ဆင်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဗန်းမော်မြို့ကနေ မိုးမောက်၊ လွယ်ဂျယ်ထိ မိုင် ၅၀ ကျော်ရှည်လျားတဲ့ လမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်ထားလိုက်နိုင်ပြီဖြစ်ပြီး ဒေသတွင်းမှာ နယ်မြေစိုးမိုးမှု လုပ်ဆောင်နိုင်ပြီဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကို ပြောပါတယ်။ ဒါ့အပြင် နယ်စပ်တစ်လျှောက်မှာ KIA ထိန်းချုပ်ဒေသတွေကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ရှင်းလင်းသွားဖို့ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။ “ ကျွန်တော်တို့ နယ်စပ်ဒေသကို သူတို့လက်နက်ကြီးနဲ့ပစ်တာ၊ ထင်သလို ရမ်းကားပစ်ခတ်ပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့စခန်းတွေ ကျန်ပါသေးတယ်။ ရှင်းလင်းဖို့ လိုသေးတဲ့စခန်းတွေဖြစ်ပါတယ်” […]

အပြည့်အစုံဖတ်ရန်

စစ်ရုံးကိုဒရုန်းနဲ့ဗုံးကျဲခံရမှု ထိခိုက်ပျက်စီးမှုမရှိဘူးလို့ စစ်ကောင်စီကဆိုပေမယ့် ပျက်စီးမှုရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြော

April 4, 2024

နေပြည်တော်- ၂၀၂၄ ဧပြီ ၄ (မော်ကွန်း) နေပြည်တော်လေဆိပ်နဲ့ ဇေယျာသီရိမြို့နယ်ဝန်းကျင်ကို ပျံသန်းလာတဲ့ ဒရုန်းတွေကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဖျက်ချနိုင်ခဲ့တာကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ စစ်ကောင်စီကဆိုပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်မှုရှိနိုင်တယ်လို့ ပြောကြပါတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က နေပြည်တော်လေဆိပ်ရဲ့ အရှေ့ဘက်ကနေပျံသန်းလာတဲ့ ဒရုန်းလေးစီးကို ဖျက်ချနိုင်သလို ဇေယျာသီရိမြို့နယ်ရဲ့ အရှေ့တောင်ဘက်ကနေ ပျံသန်းဝင်ရောက်လာတဲ့ ဒရုန်းသုံးစီးကိုလည်း ဖျက်ချနိုင်ခဲ့တယ်လို့ ထိခိုက်ပျက်စီးမှုတွေမရှိဘူးလို့ စစ်ကောင်စီကဆိုပါတယ်။ နေပြည်တော်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “တိုက်ခိုက်ပြီးတော့ စစ်ရုံးထိတယ်လို့ကြားလို့ ကျွန်တော်တို့ စက်နဲ့လှမ်းထောက်ကြည့်တာ(ကြားဖြတ်အသံနားထောင်တာ) ခါတိုင်းဆို သူတို့လေယာဉ်တက်တာတွေကအစ ကျွန်တော်တို့ စက်နဲ့လှမ်းထောက်လိုက်တာနဲ့ ကြားနေရတာ။ အဲဒါဖြစ်ပြီးဆက်သွယ်လို့မရတော့ဘူး။ ထိသွားဖို့တော့များတယ် “ လို့ သူကပြောပါတယ်။ ဒေသတွင်းသတင်းတွေမှာတော့ နေပြည်တော်လေယာဉ်ကွင်း(ဧလာ)ကို ဗုံးတပ်ထားတဲ့ ဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး လေယာဉ်ပြေးလမ်းအနီးပေါက်ကွဲခဲ့လို့ လေဆိပ်ကို ခေတ္တပိတ်ထားရတယ်လို့ […]

အပြည့်အစုံဖတ်ရန်

စစ်သားစုဆောင်းမှု လူပြန်ပေးဆွဲသလိုလုပ်ဆောင်နေတယ်လို့ ရန်ကုန်က မိသားစုဝင်တချို့ဆို

April 2, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၂ (မော်ကွန်း) စစ်မှုထမ်းဖို့ ဆင့်ခေါ်တာဟာ ဥပဒေအရဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရပဲ ဆောင်ရွက်မှာလို့ စစ်ကောင်စီက ဝါဒဖြန့်ပေမယ့် မြေပြင်မှာကြုံရတာက လူပြန်ပေးဆွဲသလိုဖြစ်နေတယ်လို့ စစ်သားစုဆောင်းခံရတဲ့ ရန်ကုန်တိုင်းက မိသားစုဝင်တချို့က ပြောပါတယ်။ ရပ်ကွက်/ကျေးရွာတွေအတွင်းက စစ်မှုထမ်းဖို့ ရွေးချယ်ခံရသူတွေကို သက်ဆိုင်ရာက လာခေါ်သွားပြီးနောက် ထိုလူတွေနဲ့ မိသားစုဝင်တွေကြား အဆက်အသွယ်ဖြတ်တောက်ခံရတယ်လို့ ကိုယ်တွေ့ကြုံတဲ့ မိသားစုဝင်တချို့က ပြောပါတယ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်အိုဇာ(အမည်လွှဲ) ရဲ့ သားဆိုရင် စစ်မှုထမ်းဖို့ မဲပေါက်ထားသူတွေထဲ ပါဝင်ပါတယ်။ သူတို့ရပ်ကွက်မှာ မဲပေါက်သူ ၂၀ ရှိပြီး ပထမဆုံး ခေါ်ယူစုဆောင်းခံရတဲ့ ရှစ်ယောက်ထဲမှာ သူ့သားလည်း ပါသွားပါတယ်။ ပြီးခဲ့တဲ့ မတ် ၃၀ ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီအင်အားတိုးချဲ့နေတာကြောင့် အမ်း-မင်းဘူးလမ်းကို အကန့်မရှိ AA ပိတ်

April 2, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၂ (မော်ကွန်း) ရက္ခိုင့်တပ်တော် (AA) ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပိတ်ဆို့ဖြတ်တောက်တဲ့အနေနဲ့ အဓိကလမ်းတစ်ခုဖြစ်တဲ့ မင်းဘူး-ပဒါန်း-အမ်း လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါလမ်းပိုင်းဟာ ရခိုင်ရိုးမကို ကျော်ဖြတ်ကာ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း မင်းဘူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းတစ်ခုပါ။ စစ်ကောင်စီတပ်ဟာ အဆိုပါလမ်းပိုင်းကို အသုံးပြုပြီး ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့တာ၊ တပ်ပြောင်းရွှေ့တာ၊ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားတွေကို အသုံးပြုပြီး သယ်ဆောင်တာတွေအပြင်၊ မိုင်းထောင်တာတွေလည်း ပြုလုပ်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ လက်ရှိမှာလည်း ၎င်းကားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် လမ်းအသုံးပြုမှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ထားတာပါ။ အဆိုပါ […]

အပြည့်အစုံဖတ်ရန်

ဆီဆိုင်မြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီး ဒေသခံတွေကို မြို့ထဲပြန်ဝင်ခွင့်ပြုပေမယ့် လုံခြုံရေးစိုးရိမ်ကြတာကြောင့် ပြန်မဝင်ကြသေး

April 1, 2024

ရန်ကုန် – ၂၀၂၄ ဧပြီ ၁ (မော်ကွန်း) စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်ထိန်းချုပ်ကာ ဒေသခံတွေကို မြို့တွင်းပြန်ဝင်ခွင့်ပြုထားပေမယ့် လုံခြုံရေးအခြေအနေ စိုးရိမ်ရသေးတာကြောင့် မြို့ခံအများအပြား နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင် အကူအညီပေးရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့လ ၂၉ ရက်က စစ်ကောင်စီတပ်တွေ ပြန်လည် ထိန်းချုပ်လိုက်နိုင်ပြီး မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့်ချိရေးသတင်းစာကနေ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ဆီဆိုင်မြို့တွင်းဝင်တဲ့ လမ်းကြောင်းတွေကိုလည်း ပြန်ဖွင့်ပေးထားပြီး ဒေသခံတွေ နေရပ်ပြန်လာဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆီဆိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မိမိနေအိမ်တွေနဲ့ ရပ်ကွက်အခြေအနေတွေ ပြန်လာကြည့်ဖို့ မြို့တွင်း ပြန်ဝင်လာတာတွေရှိပေမယ့် နေထိုင်ဖို့အတွက်တော့ လုံခြုံရေး စိတ်မချရသေးဘူးလို့ အဲဒီ […]

အပြည့်အစုံဖတ်ရန်

သင်္ကြန်မတိုင်ခင်အထိ အဝေးပြေးကားလက်မှတ်တွေကုန်နေပြီး ပွဲစားတွေက ဈေးနှုန်းနှစ်ဆတင်ရောင်း

April 1, 2024

ရန်ကုန်-၂၀၂၄ ဧပြီ ၁ (မော်ကွန်း) သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ရန်ကုန်ကနေ အခြားတိုင်းနဲ့ပြည်နယ်အသီးသီးကို ပြန်ကြမယ့်သူတွေများလို့ ကားလက်မှတ်အရောင်းဌာနတွေမှာ လက်မှတ်တွေရောင်းကုန်နေပြီး ပွဲစားတချို့ဆီမှာ ကားခနှစ်ဆပေးဝယ်နေရတယ်လို့ နယ်ပြန်ကြမယ့်သူတွေနဲ့ လက်မှတ်အရောင်းဌာနတွေက ပြောကြပါတယ်။ “၁၀ ရက်နေ့ ရွှေဘိုပြန်မလို့ မနက်ကပဲ ကားလက်မှတ်သွားဖြတ်တာ၊ Famousတို့ အောင်ရတနာတို့မှာတောင် ဝယ်လို့မရတော့ဘူးဗျ၊ အကုန်ပြည့်နေပြီတဲ့။ အသိကားဂိတ်ရှိလို့ အကူညီတောင်းလိုက်မှ ရတယ်။ ဒါတောင်မန္တလေးကားပဲရတာ။ ပွဲစားတွေဆီမှာတော့ သွားချင်တဲ့ဆီ လက်မှတ်ကြိုက်သလောက်ဝယ်လို့ရတယ်။ ဈေးတော့ကြီးတယ်” လို့ အောင်မင်္ဂလာကားဝင်းမှာ ကားလက်မှတ်ဖြတ်ခဲ့သူ ကိုထက်နိုင်က ပြောပါတယ်။ မော်ကွန်းက အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှာရှိတဲ့ ကားလက်မှတ်အရောင်းဌာနတွေကို ဆက်သွယ်ကြည့်ရာမှာလည်း အခုလ ၈ ရက်ကစပြီး သင်္ကြန်အကြိုနေ့ မတိုင်ခင်အထိ ကားလက်မှတ်တွေ ရောင်းကုန်သွားပြီလို့ ဆိုကြပါတယ်။ “၁၁ ရက်အတွက် မန္တလေးကုန်ပြီ။ မုံရွာဆိုရင် […]

အပြည့်အစုံဖတ်ရန်

မတ္တရာမှာ စစ်မှုထမ်ဆင့်ခေါ်စာလိုက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

March 30, 2024

မတ္တရာ-၂၀၂၄ မတ် ၂၉ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်မှာ ဒီနေ့မနက်ပိုင်း အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်သမားတွေ လာရောက်ပစ်ခတ်လို့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ဦးပိုက်ထွေးဆိုသူဖြစ်ပြီး သူက ရပ်ကွက်အတွင်း စစ်မှုထမ်းကိစ္စ ဆင့်ခေါ်စာတွေလိုက်ပေးရင်း လက်ဖက်ရည်ဆိုင်မှာ ခတ္တနားနေစဉ် ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။ “သူက စစ်တပ်အတွက် တောက်လျှောက်အလုပ်လုပ်နေတာ။ ဒီနေ့လည်း စစ်မှုထမ်းဆင့်ခေါ်စာလိုက်ပေးနေရင်း လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း အဖွဲ့တစ်ခုက လာပစ်သွားတာ၊ နှစ်ချက်၊ ပွဲချင်းပြီးပဲ” လို့ မတ္တရာမြို့ခံတစ်ဦးက ပြောပါတယ်။ အုပ်ချုပ်ရေးမှူး သတ်ခံရတဲ့ လက်ဖက်ရည်ဆိုင်ဟာ မတ္တရာမြို့ အရှေ့ပိုင်းက ဆိုရှယ်လက်ဖက်ရည်ဆိုင်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေက လာရောက်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အုပ်ချုပ်ရေးမှူးကိုသတ်ဖြတ်သွားတဲ့ အဖွဲ့တွေဟာ ဘယ်အဖွဲ့ဆိုတာကိုတော့ […]

အပြည့်အစုံဖတ်ရန်
1 … 65 66 67 68 69 70 71 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."