သတင်းများ

ရွှေဘိုနဲ့ချောင်းဦးမြို့နယ်တွေမှာ စစ်ကားတွေ မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား အမြောက်အများသေဆုံး

October 11, 2021

စစ်ကိုင်းတိုင်း – ၂၀၂၁ အောက်တိုဘာ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နံနက် ၄:၂၀ နာရီလောက်က ချောင်းဦး-ရေစကြိုလမ်းမကြီး၊ မှန်ချိုကျေးရွာအကျော်မှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေစီးနင်းလာတဲ့ယာဉ်တန်းကို ချောင်းဦး PDFက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၂)စီးထိမှန်ပြီး အထိအခိုက် အကျအဆုံးများခဲ့တယ်လို့ ချောင်းဦး PDF က ထုတ်ပြန်ပါတယ်။ “ကားတွေက ပခုက္ကူဘက်သွားတာ။ တိုက်ခံရပြီးတော့ ရမ်းပစ်တာတွေရှိတယ်။ မုံရွာဘက်ကနေလည်း နောက်ထပ်စစ်ကားတွေ ဆင်းလာတယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။ အလားတူ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာကျေးရွာအနီးမှာလည်း မနေ့ညနေပိုင်းက စစ်ကားတစ်စီးနဲ့ လမ်းပြစစ်သားဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကျဆုံးထိခိုက်မှုအခြေအနေတွေတော့ မသိရသေးဘူးလို့ ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း […]

အပြည့်အစုံဖတ်ရန်

အရာတော် ဇရစ်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ပစ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရ

October 11, 2021

အရာတော် – ၂၀၂၁ အောက်တိုဘာ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ဇရစ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အရာတော်ဒေသခံတွေက ပြောပါတယ်။ အရာတော်အရှေ့နယ် မုံရွာ‌-ရွှေဘိုလမ်းပေါ်ရှိ ဒီဇရစ်ကျေးရွာကို စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ကားတွေဆိုင်ကယ်တွေနဲ့ ရောက်လာခဲ့ပြီး ရွာသား နှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း အရာတော်မြို့နယ်က ကျောင်းဆရာတစ်ဦး၊ တိုင်းရင်းဆေးဆရာမတစ်ဦးအပါအဝင် လူငယ်လေးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇရစ်ရွာအပြင် အရာတော်မြို့နယ်ထဲက ပေါက်ပင်ဆိပ်ရွာ၊ ဒုံဒစ်ရွာတို့ကိုလည်း တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်ပစ်ခတ်နေပြီး ရွာသားတချို့လည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ အရာတော်မြို့နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်နဲ့ပြန်လည်ခုခံတိုက်ခိုက်နေကြတဲ့ဒေသတစ်ခုဖြစ်ပြီး PDF တွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျေးရွာ ၁၆ ရွာထက်မနည်း […]

အပြည့်အစုံဖတ်ရန်

ရေစကြိုက ခလရ ၂၅၇ ကို PDF များ လက်နက်ကြီးဖြင့် ပစ်ခတ်

October 11, 2021

ရေစကြို – ၂၀၂၁ အောက်တိုဘာ ၁၁ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မှာ မနေ့ညက အာဏာသိမ်းစစ်ကောင်စီရဲ့ အမှတ် (၂၅၇) ခြေလျင်တပ်ရင်းဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောပါတယ်။ မနေ့ည ၁၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ရေစကြိုမြို့နယ် ဖူလုံရွာနားက ၂၅၇ တပ်ရင်းကို လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခဲ့ပြီး ဒီပစ်ခတ်မှုကို People Defense Force Yesagyo နဲ့ မြိုင်နယ်က Myaing PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။ “လက်နက်ကြီးနဲ့အထုခံရပြီးတော့ တပ်ထဲကနေ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ကြားလိုက်ရတယ်”လို့ ရေစကြိုနယ်ခံတစ်ဦးက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ PDF က ထုတ်ပြန်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကျိုက်လတ်မြို့နယ် လျှပ်စစ်ရုံးရှေ့ ဗုံး နှစ်လုံး ဆက်တိုက်ပေါက်ကွဲ

October 10, 2021

ကျိုက်လတ် – ၂၀၂၁ အောက်တိုဘာလ ၁၀ (မော်ကွန်း) ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ အမှတ် ၂ လမ်းမှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးမှာ ဒီကနေ့ မနက် ၈ နာရီလောက်က ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လျှပ်စစ်မီတာခ ပြည်သူတွေကို အတင်းအဓမ္မတောင်းယူနေတာတွေပြုလုပ်နေတာကြောင့် သတိပေးတဲ့ အနေနဲ့ ဗုံး ၂ လုံးခွဲခဲ့တာဖြစ်တယ်လို့ ကျိုက်လတ်မြို့နယ် PDF အဖွဲ့က အသိပေးပါတယ်။ ဗုံးပေါက်ကွဲချိန်ဟာ မနက်အစောပိုင်းဖြစ်တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပေမယ့် ရုံးဝန်းထဲက အမျိုးသမီးတဦး သတိလစ်သွားတာမျိုးတော့ ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။ ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းကာ လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ […]

အပြည့်အစုံဖတ်ရန်

“လာမဝိုင်းနဲ့သေတတ်သည်”ဟု ရေးထားတဲ့ စစ်ကောင်စီ ရွှေဘိုရဲစခန်း ဗုံး ၁၀ လုံး ပစ်ထည့်ခံရ

October 10, 2021

ရွှေဘို – ၂၀၂၁ အောက်တိုဘာ ၁၀ (မော်ကွန်း) “လာမဝိုင်းနဲ့ သေတတ်သည်” လို့ ရေးသားထားတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကောင်စီရွှေဘိုမြို့မရဲစခန်းမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၈ : ၀၀ နာရီခန့်က လာမဝိုင်းနဲ့ သေတတ်သည်” လို့ဆိုင်းဘုတ်ထောင်ထားပြီး လင့်စင်တွေ ပါဆောက်ထားတဲ့ ရွှေဘိုမြို့မရဲစခန်းကို တောင်မြောက်နှစ်ဖက်ညှပ်ပြီး ဗုံး ၁၀ လုံး ပစ်ခဲ့ကြောင်း ရွှေဘို PDFက အသိပေးပါတယ်။ စခန်းထဲမှာရှိတဲ့ စစ်သားနဲ့ရဲတွေဟာ ထွက်ပြေး ဆုတ်ခွာပြီးမှ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘို PDF က ဆိုပါတယ်။ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရရှိမှု အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။ ပြည်သူများအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများရဲ့ […]

အပြည့်အစုံဖတ်ရန်

စစ်ခေါင်းဆောင်ရဲ့ မန္တလေးက Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

October 9, 2021

မန္တလေး – ၂၀၂၁ အောက်တိုဘာ ၉ (မော်ကွန်း) မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီးက Mytel တာဝါတိုင်ဟာ မနေ့ညက ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Generation Z Power (Mandalay) မြို့ပြပြောက်ကျားအဖွဲ့က သူတို့ဖောက်ခွဲခဲ့တာဖြစ်ပြီး ဒီတာဝါတိုင်ကို လာရောက်ပြင်ဆင်မယ့် ဘယ်သူ့ကိုမဆို သက်ညှာမှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ စစ်ခေါင်းဆောင်ရဲ့ Mytel တာဝါတိုင်ဟာ မဟာအောင်မြေမြို့နယ် ကုက္ကိုစုရပ်ကွက်ထဲက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနားမှာဖြစ်ပြီး ည ၇ နာရီဝန်းကျင်မှာ ဖောက်ခွဲလိုက်တယ်လို့ GZP (Mandalay) က သတင်းထုတ်ပြန်ပါတယ်။ မန္တလေးမြို့မှာ မနေ့ညပိုင်းက ဒီဖောက်ခွဲမှုအပြင် ယာဥ်ထိန်းရုံးအနီး ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပြီး မြို့လယ် ၆၂လမ်း၊ ၃၈လမ်းဝန်းကျင်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ပစ်ခတ်သံတွေကြားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

အရပ်ဝတ်နဲ့ အရက်လာသောက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြန်မှာ ဝိုင်းပစ်ခံရလို့ အရာရှိတစ်ဦးအပါ သုံးဦးသေ

October 9, 2021

မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၉ (မော်ကွန်း) မနေ့က ညနေပိုင်းမှာ အရပ်ဝတ်နဲ့ အရက်သောက်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မိုးကုတ်မြို့ အရှေ့ပိုင်း လယ်ဦးရပ်ကွက် အ.မ.က ၂၃ ကျောင်းနားမှာ ပစ်ခတ်ခဲ့လို့ အရာရှိတစ်ယောက်အပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အရပ်ကားနဲ့လာတဲ့စစ်သားတွေပစ်ခံရတာ၊ သူတို့လာတဲ့လမ်းမှာ လက်နက်ကိုင်အဖွဲ့ကစောင့်နေပြီးလှမ်းပစ်တာ သုံးဦးကျတယ်၊ အရာရှိ တစ်ဦးနဲ့တပ်သားနှစ်ဦးကျတယ် “လို့ ဒေသခံက ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့နေရာဟာ အရက်ဆိုင်နဲ့မလှမ်းမကမ်းမှာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်၊ အရပ်ဘက်သုံး ကားနှစ်စီးနဲ့ လာရောက်ခဲ့တာလို့ ဆိုပါတယ်။ “အောင်သပြေဆိုင်မှာ အရက်လာသောက်တာ ၊အရပ်ကား နဲ့ နှစ်စီးလာတာ ၊အရပ်ဝတ်နဲ့လာတာ၊ ဗိုလ်မှူးတစ်ယောက်ပါတယ်၊ နှစ်စီးပေါင်းရင် ၁၀ယောက်လောက်ပါတယ်”လို့ ဒေသခံကဆိုပါတယ်။ အရက်ဆိုင်ကအထွက် ဝိုင်းပစ်တဲ့အချိန်မှာ ဗိုလ်မှူးပါတဲ့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့ဘက်က ဒလကူးတို့ဆိပ်တွေကို အချိန်ကန့်သတ်တာကြောင့် မြို့ခံတွေ အခက်ကြုံ

October 8, 2021

ရန်ကုန်- ၂၀၂၁ အောက်တိုဘာ ၈ ( မော်ကွန်း) ရန်ကုန်မြို့ရဲ့တဖက်ကမ်းမှာရှိတဲ့ ဒလမြို့နယ်ဆီ ကူးသန်းရာတွင် အဓိကကျတဲ့ စက်လှေ ကူးတို့ဆိပ်တွေကို ယနေ့ည ၈ နာရီထက် နောက်မကျဘဲ ပိတ်သိမ်းခိုင်းတာကြောင့် ရန်ကုန်ဘက်အခြမ်းကနေ ပြန်လာမယ့် အလုပ်သမားတွေ အခက်တွေ့နေကြရတယ်လို့ ဒလမြို့ခံတချို့က ပြောပါတယ်။ ဒလမြို့နဲ့ ရန်ကုန်အကြား အဓိက ကူးသန်းရာ စက်လှေ ကူးတို့ဆိပ်တွေဖြစ်တဲ့ ကမာကဆစ်၊ မှော်စက်၊ ကမာကသွယ်နဲ့ စက်မြေ ရပ်ကွက် ကူးတို့ ဆိပ်တွေဟာ ယနေ့ည ၈ နာရီ မတိုင်မီမှာ ပိတ်သိမ်းခဲ့ကြတာပါ။ ” ကျနော်တို့ ဒလဘက်အခြမ်းက ပိတ်တာမဟုတ်ဘူး။ ရန်ကုန်ဘက်က ဂိတ်တွေကို လာပိတ်သွားတာ။ ဘယ်သူဆိုတာတော့ ကျနော်လည်း အတိအကျမသိဘူး။ ဟိုဘက်ခြမ်းက ပိတ်ရတော့ ဒီဘက်ကလဲ သွားမရဘူးပေါ့။ […]

အပြည့်အစုံဖတ်ရန်

မုံရွာတွင် ဒလန်ဟုစွပ်စွဲခံရသူတစ်ဦး သေနတ်ဖြင့်အနီးကပ်ပစ်သတ်ခံရ

October 8, 2021

မုံရွာ – ၂၀၂၁ အောက်တိုဘာ ၈(မော်ကွန်း) မုံရွာမြို့ ၊ကန်သာဦးရပ်ကွက်၊ ကန်သာယာအရှေ့ဘက်ခြမ်း ပြည်ထောင်စုလမ်းပေါ်မှာဖွင့်ထားတဲ့ ဖတ်တီးကွမ်းယာဆိုင်ပိုင်ရှင်ဟာ စစ်ကောင်စီသတင်းပေးဒလန်လို့စွပ်စွဲခံရကာ ဒီနေ့ နေ့လယ် ၁ : ၀၀ နာရီဝန်းကျင်က သေနတ်နဲ့အနီးကပ်ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။ “သူကပျူစောထီးဒလန်၊ သူ့ကိုသတိပေးထားတာကြာပြီ၊ အဲဒါကိုဒလန်လုပ်နေလို့လာသတ်သွားတာ။ သူ့ဆိုင်မှာလည်း ဒလန်တွေချည်းပဲအမြဲတမ်းစုနေတာ”လို့ အဲဒီဒေသခံကပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သပ်ပြီး Monywa Heroes Groupက ရဲဘော်နာရွှဲ့ဆွမ်က အနီးကပ်ပစ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ မုံရွာဟီးရိုးအဖွဲ့အနေနဲ့ စစ်ကောင်စီသတင်းပေးဒလန်တွေကို ဆက်လက်သုတ်သင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ရေစကြိုက စစ်ခေါင်းဆောင်ရဲ့ Mytel တာဝါတိုင်ကို ဆီလာဖြည့်တဲ့ ဝန်ထမ်းတချို့ မိုင်းနင်းမိကာ တစ်ဦးခြေထောက်ပြတ်

October 8, 2021

ရေစကြို – ၂၀၂၁ အောက်တိုဘာ ၈ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ရွာမှာ မနေ့ညနေက Mytel တာဝါတိုင်ကို ဆီလာဖြည့်တဲ့ ဝန်ထမ်းတချို့ မိုင်းနင်းမိပြီး တစ်ဦးခြေထောက်ပြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “ရွာအဝင်လမ်းမှာရှိတဲ့ Mytel တိုင်မှာပေါက်တာ။ အုန်းခနဲပဲ။ တစ်ယောက်ခြေထောက်ထိတယ်လို့ကြားတယ်”လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာနိုင်ငံဒေသအသီးသီးက Mytel တာဝါတိုင်တွေကို ဖြိုလှဲနေကြတဲ့အတွက် စစ်ကောင်စီက သူတို့တာဝါတိုင်အနီးမှာ မိုင်းတွေထောင်ထားလေ့ရှိကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ် ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်နေပြီး အောက်တိုဘာလ ၄ ရက်ကလည်း မြို့အထွက်က Date လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ အသက် ၂၁ […]

အပြည့်အစုံဖတ်ရန်

COVAX အစီအစဉ်အောက်က COVID-19 ကာကွယ်ဆေးအလုံးရေ ခြောက်သန်းကျော် မြန်မာရမည်

October 7, 2021

ရန်ကုန် – ၂၀၂၁ အောက်တိုဘာ ၇ (မော်ကွန်း) COVID-19 ဗိုင်းရပ်ပိုးကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးနိုင်တဲ့ Pfizer ကာကွယ်ဆေး အလုံးရေ လေးသန်းကျော်နဲ့ ၇၅ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးနိုင်တဲ့ Sinovac ကာကွယ်ဆေးအလုံးရေ နှစ်သန်းကျော် မြန်မာနိုင်ငံကို ရောက်ရှိလာမယ်လို့ ကုလသမဂ္ဂကလေးသူငယ်ဆိုင်ရာရန်ပုံငွေအဖွဲ့ – မြန်မာ (UNICEF Myanmar) ကမော်ကွန်းကိုပြောပါတယ်။ COVAX လို့ခေါ်တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးထံ ကာကွယ်ဆေးဖြန့်ဝေရေးအစီအစဉ်အောက်ကနေ မြန်မာနိုင်ငံက ဒီဆေးတွေကို ခွဲတမ်းရတာပါ။ “ ဒီကာကွယ်ဆေးတွေကို ဘေးအန္တရယ်ကင်းကင်းနဲ့ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်” လို့ UNICEF Myanmar မှ ပြန်ကြားရေးတာဝန်ခံ မထက်ထက်ဦးက ပြောပါတယ်။ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် လူတန်းစားမရွေး၊ နိုင်ငံရေးနှီးနွယ်မှုကင်းကင်းနဲ့ ဆောင်ရွက်နိုင်အောင် UNICEF […]

အပြည့်အစုံဖတ်ရန်

မြောင်မြို့နယ်မှာ စစ်ကောင်စီသတင်းပေး နှစ်ဦး PDF တွေကို စိန်ခေါ်အပြီး အသတ်ခံရ

October 7, 2021

မြောင် – ၂၀၂၁ အောက်တိုဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပေါက်တောရွာက စစ်ကောင်စီသတင်းပေး အမျိုးသားနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆဲဆို စိန်ခေါ်ခဲ့ပြီးနောက် မနေ့က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်ကျော်မျိုးနှင့် ဖိုးကျော်ဆိုသူတွေဟာ ကျေးရွာထဲက ပြည်သူလူထုကို ဆဲဆိုပြီး PDF တွေ သတ္တိရှိရင် ထွက်ခဲ့လို့ စိန်ခေါ်ခဲ့တဲ့အပြင် သူတို့ဟာ စစ်ကောင်စီရဲ့ သတင်းပေးတွေဖြစ်နေတာကြောင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Myaung Special People’s Defense Force(MSPDF) နဲ့ Myingyan Ranger (Mgn Ranger) တို့က ရှင်းလင်းခဲ့တယ်လို့ အဲဒီအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ အရင်ရက်တွေကလည်း ပေါက်တောရွာကို ဝင်ရောက်မွှေနှောက်ကာ စစ်ရှောင်ပြည်သူတွေအတွက် ပံ့ပိုးကူညီထားတဲ့ ဆန်အိတ်တွေ၊ စားသုံးဆီ […]

အပြည့်အစုံဖတ်ရန်
1 … 227 228 229 230 231 232 233 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."