မန္တလေး – ၂၀၂၁ အောက်တိုဘာ ၁၈ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြတဲ့ စုပေါင်းသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ကာ ပစ်ခတ်ဖြိုခွင်းပြီး လူငယ်တွေကို ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံတွေဆီက သတင်းရရှိပါတယ်။ ဒီကနေ့ မနက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၉လမ်း၊ ၃၇လမ်းနှင့် ၃၈ လမ်းကြားမှာ စစ်ကောင်စီက ကားနဲ့တိုက် ဖမ်းဆီးခဲ့ရာ လူငယ် (၁၀)ဦးခန့် ဖမ်းဆီးခံရပြီး (၂၀)ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ” ခါတိုင်းဖြိုခံရတာထက်ကို ဆိုးတယ်ဗျာ။ သပိတ်အစ ၆၉ လမ်းမကြီး အထွက်မှာ ပုံရိုက်နေတဲ့အချိန် ကားနဲ့တိုက် သေနတ်နဲ့ပစ်ပီး ဖမ်းတာ”လို့ လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ အခင်းဖြစ်ရာနေရာဝန်းကျင်မှာ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်သွားကြောင်း ဒေသခံတွေက […]
မန္တလေး – ၂၀၂၁ အောက်တိုဘာ ၁၇ (မော်ကွန်း) မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးနေတဲ့ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သပိတ်စစ်ကြောင်း ငါးခုဟာ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ မန္တလေးမြို့အခြေစိုက်လူထုသပိတ်စစ်ကြောင်းနဲ့ စိန်ပန်းသပိတ်စစ်ကြောင်းတို့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့တွင်းမြို့ပြင် နေရာအနှံ့ ပိတ်ဆို့စစ်ဆေးမှုတွေနဲ့ တင်းကြပ်နေတဲ့ကြားကနေ သပိတ်စစ်ကြောင်းဟာ ဘေးအန္တရာယ်တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်းဟာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒပြခဲ့ကြပြီး “လူထုအရေးတော်ပုံ ဒုတိယလှိုင်းအတွက်ပြင်ဆင်ကြ” “သွေးကြွေးကိုသွေးနဲ့ဆပ်စေ့မယ်” စတဲ့ ကြေးကြော်သံများနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ| Black၊ ဗကသ #Dailynews
ပုလဲ – ၂၀၂၁ အောက်တိုဘာ ၁၇ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီ မီးရှို့သွားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ၊ ပုလဲ- ဂန့်ဂေါလမ်းပေါ်က ရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့က ပုလဲ-ဂန့်ဂေါလမ်းက ၅၆ မိုင်ကျေးရွာအပါအဝင် လမ်းတစ်လျှောက်ရှိ ကျေးရွာနေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။ ၅၆ မိုင်ကျေးရွာမှာဆိုရင် အိမ်ခြေ ၄၂ လုံးရှိရာ အိမ်အလုံး ၃၀ ကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့မှာပဲ ညနေ ၃နာရီခွဲအချိန်ခန့် ပုလဲ-ဂန့်ဂေါဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ ၅၆ မိုင်အရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ […]
ဖားကန့် – ၂၀၂၁ အောက်တိုဘာ ၁၆ (မော်ကွန်း) ဖားကန့်မြို့နယ် ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်စစ်ကြောင်းနဲ့အတူ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “KIA နဲ့ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” “ပြည်သူတွေကို ကာကွယ်နေ KIA ” “NUG အစိုးရ ဒို့အစိုးရ” စတဲ့ သပိတ်ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၁၆ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့မှာ မနေ့ညပိုင်းက ကျောက်မျက်လုပ်ကွက်တွင်းကနေ ပြန်လာတဲ့ လူငယ် သုံးဦးကို စစ်ကောင်စီတပ်တွေက နေအိမ်တွေမှာလာရောက်ဖမ်းသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။ “ခုရက်ပိုင်းဖမ်းတာတွေဆက်တိုက်လုပ်လာတယ်။အဖမ်းခံရသူတွေလဲမနည်းဘူး။ညဘက်ကျောပိုးအိတ်တွေနဲ့ပြန်လာလို့ PDF လို့ထင်ပြီးဖမ်းတာ “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်မှာ ယမန်နေ့က Non CDM ကျန်းမာရေးဝန်ထမ်း အိမ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာတွေ ထပ်မံလုပ်ဆောင်လာတာလို့ ဒေသခံကဆိုပါတယ်။ “ဗုံးပေါက်တော့လူတော့မထိဘူး။ စစ်တပ်က ညဘက်တွေမီးဖြတ်ပြီးရပ်ကွက်ထဲဝင်ပြီးဖမ်းတာသေနတ်တွေလဲဆက်တိုက်ပစ်တယ်။ ခုက အင်တာနက်လည်းအဖြတ်ခံရ မီးလည်းသူတို့ဖြတ်ချင်တဲ့အချိန်ဖြတ်တယ်”လို့ ဒေသခံကပြောပါတယ်။ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက ညဘက်ဆိုရင် ရပ်ကွက်တွေထဲဝင်ပြီး လူငယ်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews
မန္တလေး – ၂၀၂၁ အောက်တိုဘာ ၁၄ (မော်ကွန်း) မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးမှုတွေရှိနေတဲ့ကြားက ဘာသာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်ခင်းစောစောပိုင်းမှာပဲ ဘာသာပေါင်းစုံညီရဲ့လားဟေ့ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ချီတက်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့တွင်း လူစည်ကားတဲ့လမ်းမကြီးတွေပေါ်မှာ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဘာသာပေါင်းစုံ လူငယ်တွေဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဓါတ်ပုံ- Spring Diary #Dailynews
မြောင် – ၂၀၂၁ အောက်တိုဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတချို့ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၂ ရက်ညပိုင်းက မြောင် PDF စခန်းကို စစ်ကောင်စီတပ်တွေက PDF အသွင်နဲ့ ဝင်ရောက်စီးနင်းခဲ့ပေမဲ့ PDF ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့က ထပ်မံရောက်ရှိလာပြီး စခန်းအနီးဝန်းကျင်က လူနေအိမ်ရှစ်လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ် လက်ယက်မကျေးရွာ ဘက်ကနေစတင်ဝင်ရောက်ပြီး ငမြောင်တောင်ရွာ အရှေ့ဘက်ရှိ ဒေါင်မြင့်တော တလျှောက် အိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ဖျက်ဆီး မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့မခံရဘဲ ကျန်ခဲ့တဲ့အိမ်တွေက […]
ပြည် – ၂၀၂၁ အောက်တိုဘာ ၁၃ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ ၊ နဝင်းရပ်ကွက် ရတနာလမ်းမှာရှိတဲ့ စစ်ခေါင်းဆောင်ပိုင် Mytel တာဝါတိုင်နှစ်တိုင်ဟာ ဒီကနေ့ မနက် ၆နာရီခွဲဝန်းကျင်က ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အသံတော်တော်ကျယ်တာ၊ အိမ်တွေပါတုန်တယ်၊ Mytel တိုင်ကတော့ သုံးမရဖြစ်သွားတယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။ ဖောက်ခွဲခံရတဲ့ နဝင်းရပ်ကွက်ဟာ ပြည်တက္ကသိုလ်နဲ့ နီးကပ်ပါတယ်။ ဖောက်ခွဲခံရတဲ့ Mytel တာဝါတိုင်ကိုလာကြည့်တဲ့ စစ်သားတွေပါတဲ့အရပ်ကား လက်လုပ်ဗုံးနဲ့ထပ်မံအပစ်ခံရတယ်လို့လည်း ဒေသခံကပြောပါတယ်။ “ကားကိုပစ်သွားတာ၊ လူတော့မထိဘူး၊ ကားဘော်ဒီတော့ထိသွားတယ်၊ လက်လုပ်ဗုံးနဲ့ပဲ ပစ်သွားတာ”လို့ ဆိုပါတယ်။ မြန်မာနိုင်ငံနေရာတော်တော်များများမှာ Mytel တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံနေရပေမယ့် ပြည်မြို့မှာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews
တောင်သာ – ၂၀၂၁ အောက်တိုဘာ ၁၃ (မော်ကွန်း) မန္တလေးတိုင်း တောင်သာမြို့နယ်က NLD သတင်းပြန်ကြားရေးတာဝန်ခံ ကိုဇော်ထွေးရဲ့ အိမ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ည ၁၀ : ၀၀ ဝန်းကျင်က တောင်သာမြို့နယ် စံဦးရွာမှာရှိတဲ့ ကိုဇော်ထွေးရဲ့ အိမ်ကို စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာကြောင့် နှစ်ထပ်ပျဉ်ထောင်နေအိမ်တစ်လုံးအပါအဝင် ကြက်သွန်ဂိုထောင်နဲ့ ကြက်သွန်ပိဿာချိန် ၁၈,၀၀၀၊ နွားတင်းကုပ်၊ စားဖိုဆောင်တွေ လောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။ ကိုဇော်ထွေးကတော့ စစ်ကောင်စီဘက်က ပုဒ်မ ၅၀၅ (က) ထုတ်ခံထားရလို့ တိမ်းရှောင်နေကာ မိသားစုဝင်တွေလည်း နေအိမ်မှာမရှိကြဘူးလို့ ဒေသခံတွေကပြောပါတယ်။ မီးမရှို့ခင်က ကိုဇော်ထွေးရဲ့ အိမ်ကို စစ်ကောင်စီတပ်တွေ နှစ်ကြိမ်လာရောက်ရှာဖွေခဲ့ပြီး ပထမအကြိမ် လာရောက်စဉ်က ခြိမ်းခြောက်ကြိမ်းမောင်းမှုတွေပြုလုပ်ခဲ့လို့ အသက် ၈၀ […]
နမ့်ခမ်း – ၂၀၂၁ အောက်တိုဘာ ၁၂ (မော်ကွန်း) ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့၊ နမ့်စမ်းရွာမှာ လက်နက်ကြီးကျည်ကျတာကြောင့် ငါးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ဆောင်နေစဉ် အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ညနေ ၄နာရီလောက် ကလေးတွေက ထင်းသယ်ပြီးတော့ မောလို့ဆိုပြီး ခဏထိုင်နေတာ၊ ထိုင်နေတဲ့နားကို လက်နက်ကြီးက ကျည်ဆံပြုတ်ကျပြီးကွဲတာ၊ ကျောကိုထိသွားတဲ့တစ်ယောက်က ဆေးရုံလာနေရင်းနဲ့လမ်းမှာသေ သွားတယ်၊ ကလေးတွေဆိုတော့ မခံနိုင်ကြဘူး “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ လက်နက်ကြီးကျည်ထိမှန်တဲ့ ကလေးတွေ ရှိတဲ့နေရာအနီးတဝိုက်မှာ လက်နက်ကိုင်အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ပဲ မြင်တွေ့ရပြီး ပစ်ခတ်သူကိုတော့ ခုထိ မသိရှိရဘူးလို့ ဒေသခံကဆိုပါတယ်။ ” ရွာက ပလောင်ရွာ၊ လူကြီးတွေက […]
ရေး – ၂၀၂၁ အောက်တိုဘာ ၁၂ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့ အစင်စံပြကျေးရွာက NLD အမာခံထောက်ခံသူ ဦးစိုးမိုးအောင်နေအိမ်ကို စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်ညနေ ၃ နာရီမှာချိပ်ပိတ်သွားပြီး နေအိမ်မှာရှိတဲ့ သူ့ရဲ့တူ နှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ “ကိုစိုးမိုးအောင်ကိုလာဖမ်းတာ။ သူက လှေထွက်နေတော့ သူ့ကိုမမိသွားဘူး။ အိမ်ကိုချိပ်ပိတ်သွားတယ် အိမ်မှာရှိတဲ့ သူ့တူ နှစ်ယောက်ကိုဖမ်းသွားတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ အစင်ကျေးရွာမှာ ဦးစိုးမိုးအောင်လို NLD ပါတီထောက်ခံသူတွေကို အာဏာသိမ်းစစ်ကောင်စီက သတင်းပေးဒလန်တွေကို အသုံးချပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံက ပြောပါတယ်။ “ခုက ဒလန်လက်ညှိုးထိုးသမျှအိမ်ကလူတွေကို လိုက်ဖမ်းနေတာ”လို့ ဒေသခံကပြောပါတယ်။ မွန်ပြည်နယ်ရေးမြို့ကအစင်စံပြကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ အယောက် ၂၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ […]
မြောင် – ၂၀၂၁ အောက်တိုဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ဝင်ရောက်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဒီကနေ့မှာ ရွာထဲက ကြက်ခြံကိုမီးရှို့ပြီး ဆိတ်နဲ့သိုးတွေကိုလည်း သတ်ဖြတ်ယူဆောင်သွားကြောင်း ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ မနေ့ နေ့လယ်လောက်ကစလို့ စစ်ကောင်စီတပ်တွေဟာ ဇရပ်ကုန်းရွာကို သေနတ်တွေ ပစ်ခတ်ပြီး ဝင်ရောက်လာတာကြောင့် ရွာခံပြည်သူတွေဟာ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံကပြောပါတယ်။ စစ်ကောင်စီတပ်မှာ စစ်သားအင်အား ၄၀ ခန့်ရှိပြီး ဒီကနေ့ နံနက်ပိုင်းမှာတော့ ရွာအရှေ့ပိုင်းက ကြက်ခြံကို မီးရှို့ခဲ့တာကြောင့် မွေးမြူထားတဲ့ ကြက်တွေ သေဆုံးသွားနိုင်တယ်လို့ ဒေသခံကပြောပါတယ်။ ရွာခံအားလုံးနီးပါး တိမ်းရှောင်နေရကာ ကျန်းမာရေးမကောင်းသူတချို့ပဲ ကျန်ရစ်ခဲ့ပြီး မိုးထဲ ရေထဲ ထွက်ပြေးကြရလို့ ဖျားနာနေသူတွေလည်းရှိနေတယ်လို့ ဒေသခံကပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ လွတ်ကင်းရာကို ရွှေ့ပြောင်းနေရတဲ့ ရွာခံတချို့ဟာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."