သတင်းများ

အရာတော် PDF စခန်းတစ်ခုကို အရပ်သားသုံးကားတွေနဲ့ ပုံဖျက်ဝင်လာပြီး စစ်ကောင်စီ စီးနင်း ဖျက်ဆီး

October 22, 2021

အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းကို ဒီကနေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၄ : ၀၀ နာရီလောက်က အရာတော်မြို့နယ်၊ ကန်ရင်းကျေးရွာနဲ့အနီးတဝိုက်ကို စစ်ကောင်စီကား(၈)စီး၊ အင်အား(၂၀၀)ခန့်နဲ့ ဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုစီးနင်းခံရတယ်လို့ အရာတော်ဒေသခံတွေက ပြောပါတယ်။ “အခုတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း အန္တရာယ်ကင်းပါတယ်။ စခန်းတဲကိုတော့ မီးရှို့လိုက်ပြီလို့သိရပါတယ်။ ပြီးတော့ ရွာထဲမှာ ဝင်မွှေပြီး ရွာခံတချို့ကို ဖမ်းထားတယ်ဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားသုံး ဒိုင်နာကား၊ မှန်လုံကား၊ လိုက်ထရပ်ကားတွေနဲ့ မြင်းမူလမ်းဘက်ကနေ တိတ်တဆိတ် ပုံဖျက်ဝင်လာခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာပဲ မုံရွာ – အရာတော်လမ်းကို […]

အပြည့်အစုံဖတ်ရန်

ပြည်မြို့က အာဏာသိမ်းစစ်ကောင်စီ စစ်ဆေးရေးဂိတ်ပေါက်ကွဲမှု နှစ်ဦးသေကာ ဒဏ်ရာရသူအများအပြားရှိ

October 21, 2021

ပြည် – ၂၀၂၁ အောက်တိုဘာ ၂၁ (မော်ကွန်း) ဒီကနေ့ည ၇နာရီဝန်းကျင်က ပြည်မြို့ ခလရ ၉၅၉ တပ် ၊ သံလမ်းစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့လို့ နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ‘အဲ့စစ်ဆေးရေးဂိတ်က အရမ်းစစ်တာ အတော်ဆိုးတယ်။ လပြည့်နေ့ဆိုတော့ ဘုရားသွားကြတာ အစစ်ကြမ်းတာ ဆိုင်ကယ်ကိုရပ်ခိုင်းပြီး ဒူးထောက်ခိုင်းတယ်။ခေါင်းပေါ်လက်တင်ပြီး လမ်းလျှောက်ခိုင်းတယ် “လို့ ဒေသခံက ဆိုပါတယ်။ ဒီဖောက်ခွဲမှုကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ပြည် PDF က လုပ်ဆောင်ခဲ့တာလို့ PDFက ကြေညာထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

အရာတော်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးရဲ့ အိမ်အပါအဝင် အိမ်ငါးလုံးကို အာဏာသိမ်းစစ်ကောင်စီမီးရှို့

October 21, 2021

အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၁ (မော်ကွန်း) မနေ့က သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာက NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှုးဟောင်းရဲ့အိမ်အပါအဝင် နေအိမ်ငါးလုံးကို စစ်တပ်ကမီးရှို့သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “အုပ်ချုပ်ရေးမှူးဟောင်းရဲ့ နေအိမ် ဘေးကပ်လျက်မှာနေတဲ့ သူ့ညီမတို့အိမ်လည်း ပြာကျသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သစ်ကျင်းကြီးကျေးရွာရှိ ဒလန်တစ်ဦးသတင်းပေးမှုကြောင့် လာရောက်မီးရှိူ့သွားခြင်းဖြစ်ပြီး မီးရှို့ခံရတဲ့ နေအိမ်ပိုင်ရှင် မိသားစုဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောပါတယ်။ ​မီးလာရှို့ရင်း တွေ့တဲ့ရွာသားတွေကို ရိုက်နှက်တာတွေလည်းပြုလုပ်ခဲ့ပြီး တချို့ကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ (၁၅)ရက်နေ့ကလည်း အရာတော်မြို့နယ် မကျီးကန်ကျေးရွာအနီးမှာ စစ်တပ်ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က မကျီးကန်ကျေးရွာတောင်ပိုင်းရှိ အိမ်နှစ်လုံးကို မီးရှို့သွားသည့်အပြင် ရွာရှိ ဆိုင်များနှင့် နေအိမ်များကိုပါ ထင်သလို […]

အပြည့်အစုံဖတ်ရန်

ရေစကြိုက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအိမ်မီးရှိူ့ခံရပြီး Mytel တာဝါတိုင် နှစ်တိုင် ဖျက်ဆီးခံရ

October 21, 2021

ရေစကြို – ၂၀၂၁ အောက်တိုဘာ ၂၁ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သီတင်းကျွတ်လပြည့်နေ့ညက ရပ်ကျေးအုပ်ချုပ်ရေးမှုးအိမ် ဗုံးပစ်ခံရပြီး မိုင်တဲတာဝါတိုင်နှစ်တိုင် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောပါတယ်။ မနေ့က သီတင်းကျွတ်လပြည့်ညပိုင်း ရေစကြိုမြို့နယ် ၊ ရပ်သာကျေးရွာအုပ်စု၊ ရပ်သာကျွန်းကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှုးအိမ် ဗုံးအပစ်ခံရခြင်းဖြစ်ကြောင်း၊ လူထိခိုက်သေဆုံးမှု မရှိကြောင်း ဒေသခံများက ပြောပါတယ်။ အဲဒီည ၉ နာရီလောက်မှာတော့ ရေစကြိုမြို့နယ် မအူတောင်ရွာရှိ မိုင်တဲတာဝါတိုင်နဲ့ ရွာသစ်ရွာ ရှိ မိုင်တဲတာဝါတိုင်တို့ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရေစကြို PDF အဖွဲ့က ကြေညာပါတယ်။ မအူတောင်ရွာက မိုင်တဲတာဝါတိုင်ဟာ ဒီတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်မြောက်ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပထမအကြိမ် ဖျက်ဆီးခံရပြီးလို့ ပြင်ဆင်ထားတာမကြာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အုပ်ချုပ်ရေးမှုးအိမ် ဗုံးအပစ်ခံရတဲ့ ရပ်သာကျွန်းကျေးရွာမှာတော့ စစ်ကောင်စီတပ်သားတွေ […]

အပြည့်အစုံဖတ်ရန်

နတ်တလင်းက ပြန်လည်ဖမ်းဆီးခံရသူနှစ်ဦး တစ်ဥဦးပြန်လွတ်လာ

October 20, 2021

နတ်တလင်း – ၂၀၂၁ အောက်တိုဘာ ၂၀ (မော်ကွန်း) အကျဥ်းထောင်ကနေ လွတ်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရတဲ့ နတ်တလင်းမြို့ခံ နှစ်ဦးထဲက ကိုအောင်ဝင်းထွန်းဟာ ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ ဒေသခံတစ်ဦးဆီကသိရပါတယ်။ “သူ့ကိုတော့ သဘာဝ ပတ်ဝန်းကျင် ဥပဒေကိုပါ လွှတ်ပေးလိုက်တယ်။ ဒီမနက် ၁၁နာရီလောက်က အိမ်ပြန်ရောက်တယ်။ သူတစ်ယောက်ထဲကိုပြန်လွှတ်ပေးတာ “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ ကိုအောင်ဝင်းထွန်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ကအပြင် သဘာဝ ပတ်ဝန်းကျင် ဥပဒေ ပုဒ်မ ၂၅နဲ့ပါထပ်မံ တရားစွဲဆိုထားခဲ့ပြီးနောက်ပေါင်းတည်အကျဥ်းထောင်မှာ အကျဉ်းချထားခဲ့တာပါ။ မနေ့က နတ်တလင်းဒေသခံ ကိုးဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီးနောက် ကိုအောင်ဝင်းထွန်းနဲ့ကိုဝင်းမင်းသန်းတို့ကို ပြန်လည်ဖမ်းဆီးသွားခဲ့ကာ ဒီကနေ့မှာတော့ ကိုအောင်ဝင်းထွန်းကိုပြန်လွှတ်ပေးခဲ့တာပါ။ ” ကိုဝင်းမင်းသန်းကတော့ အမှုဆက်ရင်ဆိုင်ရမယ်။သူကတော့ပြန်မလွှတ်လာသေးဘူး”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ကိုဝင်းမင်းသန်းကတော့ လက်နက်ဥပဒေပုဒ်မ ၁၉ စ၊ […]

အပြည့်အစုံဖတ်ရန်

ပြည်မြို့က မြို့နယ်လျှပ်စစ်ရုံး ဗုံးခွဲခံရ

October 19, 2021

ပြည် – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ဆံတော်ရပ်ကွက်က မြို့နယ်လျှပ်စစ်ရုံးမှာ ဒီကနေ့ည ၈နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီက သိရပါတယ်။ “ည ၈နာရီလောက် မှာ ဗုံးဖောက်ခွဲခံရတယ်။ လူမရှိတဲ့ အချိန်မှာပေါက်တယ်” လို့ ဒေသခံက ဆိုပါတယ်။ မြို့နယ်လျှပ်စစ်မီတာရုံး ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာတော့ ရုံးဝင်းတံခါးကိုပိတ်ထားတယ်လို့သူကပြောပါတယ်။ ပြည်မြို့မှာ အောက်တိုဘာ ၁၃ရက်နေ့က စစ်ခေါင်းဆောင်ပိုင် Mytel တာဝါတိုင် နှစ် တိုင် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါသေးတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နတ်တလင်းကပြည်သူနှစ်ဦးကို ပြန်လွှတ်ပြီးချင်း စစ်ကောင်စီရဲကပြန်လာဖမ်း

October 19, 2021

နတ်တလင်း – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ နတ်တလင်းမြို့က ကိုးဦးကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ပြန်လွှတ်ပေးပြီးနောက် နှစ်ဦးကို ရဲတွေက ချက်ချင်းပြန်လာဖမ်းသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဒီနေ့က စုစုပေါင်း ကိုးဦးလွတ်တာ၊ ၅၀၅ နဲ့ ဖမ်းခံထားရတဲ့သူတွေ လွှတ်ပေးတာဆိုတော့ လွတ်လာတယ်။ လွတ်လာပြီးအပြင်ရောက်လို့မိသားစုတွေနဲ့တွေ့ပြီး လွတ်ပြီပြောပြီးမှ ရဲတွေက ပြန်လာဖမ်းသွားတယ် “လို့ သတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။ ပြန်လည်ဖမ်းဆီးခံရသူတွေကတော့ ကိုအောင်ဝင်းထွန်းခေါ် ကိုဘဲဥနဲ့ ကိုဝင်းမင်းသန်းတို့ဖြစ်ပါတယ်။ ပေါင်းတည်အကျဥ်းထောင်ကနေ လွှတ်ပေးပြီးအပြင်ရောက်လို့ မိသားစုတွေနဲ့ တွေ့ဆုံကာ လက်ဖက်ရည်ဆိုင်ထိုင်နေချိန်မှာ ရဲတွေက ပြန်လည်လာဖမ်းသွားတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ကိုအောင်ဝင်းထွန်းဟာ သဘာဝပတ်ဝန်းကျင်ဥပဒေ ပုဒ်မ ၂၅ ၊ ပုဒ်မ ၅၀၅ (က) ၊ ကိုဝင်းမင်းသန်းကတော့ လက်နက်ဥပဒေ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်သပိတ်ခေါင်းဆောင်အစား ဓားစာခံထောင်ချခံထားရတဲ့ ဇနီးနဲ့သမီးအပါအဝင် ဖမ်းဆီးခံထားရသူ ၇၀ လွတ်လာ

October 19, 2021

မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ဦးစိုးဋ္ဌေးအစား ဖမ်းဆီးခံထားရတဲ့ ဇနီးနဲ့သမီးအပါအဝင် ဖမ်းဆီးခံထားရသူ အယောက် ၇၀ မနေ့က ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ “၅၀၅ နဲ့စွဲခံထားရတဲ့ သူတွေကိုလွတ်ပေးတာ လွတ်ပေးမယ်ဆိုတာကိုမသိဘူး။ ညနေ ၃နာရီလောက်ကစလွတ်ပေးတယ်။ မထွက်လာခင် အခမ်းအနားလုပ်ခဲ့ရသေးတယ်”လို့ ဦးစိုးဋ္ဌေးရဲ့သမီးကဆိုပါတယ်။ လွတ်လာတဲ့ ၇၀ ဦးဟာ မိုးကုတ်မြို့ကဖြစ်ပါတယ်။ မိုးကုတ်မြို့ကရေပူဆရာတော် နဲ့ဆရာတော့်တပည့်ဖြစ်သူ ဦးရေဝတ တို့ပါလွတ်တဲ့အထဲမှာပါလာခဲ့ပြီး မြို့နယ် NLD ပါတီဥက္ကဋ္ဌဦဦးကိုကိုဦးလည်း ပါဝင်ပါတယ်။ ” အိုးဘိုထဲက မိုးကုတ်က ၇၀လွတ်တယ်။ ခု မိုးကုတ်ကို တချို့က ကားနဲ့ ပြန်လာပြီ။ တချို့ကတော့ မလာသေးဘူး၊ အတော်များများလွ​တ်တယ်”လို့ဒေသခံတစ် ဦးကဆိုပါတယ်။ မန္တလေးအိုးဘိုထောင်ကနေ အယောက် ၈၀ […]

အပြည့်အစုံဖတ်ရန်

ရွာသားတွေကိုဖမ်းဖို့ စစ်ကောင်စီကိုခေါ်လာခဲ့တဲ့ ကြံ့ဖွံ့စည်းရုံးရေးမှူး အသတ်ခံရ

October 19, 2021

ရွှေဘို – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွာသားတွေကိုဖမ်းဆီးဖို့ စစ်ကောင်စီတပ်သားတွေ ခေါ်လာခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးအမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က ​ရွှေဘိုမြို့ဇီး​တော​ကျေးရွာမှာနေထိုင်​တဲ့ ကြံခိုင်​ရေးပါတီစည်းရုံး​ရေးမှုးဦး​ကျော်ဦးဆိုသူကို နယ်ခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ရောင်နီအဖွဲ့ကနေ သုတ်သင်ရှင်းလင်းလိုက်ကြောင်း ရွှေဘိုသိမ်းငှက်အဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။ ဦးကျော်ဦးဟာ ကျေးရွာအတွင်းကို စစ်ကောင်စီတပ်သားများကို ခေါ်ပြီး ရွာသားတွေကိုဖမ်းဆီးခိုင်းတာမျိုးတွေပြုလုပ်ခဲ့လို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ရောင်နီအဖွဲ့က ဆိုပါတယ်။ ရွှေဘိုမြို့ နယ် ဇီးတောကျေးရွာမှာ ဇွန်လအတွင်းကလည်း ဒလန်သတင်းပေးမှုကြောင့် NLDပါတီဝင်တစ်ဦး ဖမ်းဆီးခံရဖူးကြောင်း ဒေသခံများက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

တရုတ်ဘက်က အဝင်အထွက်ပိတ်လို့ သွင်းကုန် ပစ္စည်းတွေ ပြတ်လပ်ပြီး စျေးမြှင့်တက်

October 19, 2021

မူဆယ် – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း) တရုတ်နိုင်ငံဘက်ကနေ အဝင်အထွက်ဂိတ်တွေကို ပိတ်ထားတဲ့အပြင် ကုန်သွယ်မှုတွေကိုပါ ရပ်နားထားတာကြောင့် သွင်းကုန်ပစ္စည်းတချို့ပြတ်လပ်နေပြီး စျေးနှုန်းတွေမြှင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ” ဂိတ်ပိတ်လိုက်တော့ ပစ္စည်းအဝင်ကမရှိတော့ဘူး။ တရုတ်ကသွင်းတဲ့ပစ္စည်းတွေကို ပြန်ဖြန့်တဲ့ ကုန်သည်တွေလည်း အလုပ်တွေရပ်နားလိုက်ရတယ်။ သွင်းကုန်ပစ္စည်းတွေက များတော့ ပိတ်ထားတာလည်း ကြာတော့ တချို့ ပစ္စည်းတွေဆို စျေးတွေအရင်ထက်ပိုတက်တယ် ၊ငွေစျေးကလည်း တက်နေတယ် “လို့ မူဆယ်မြို့ဒေသခံတစ်ဦးကဆိုပါတယ်။ တရုတ်ဘက်ကနေ တင်သွင်းတဲ့ လယ်ယာမြေသုံးစက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ မြေဆီ၊ ဘိလပ်မြေ၊ မြေသြဇာ၊ ဆိုင်ကယ်အပိုပစ္စည်းတွေနဲ့ အဝတ်အထည်တွေ၊အပိုပစ္စည်းတွေ၊ဖုန်းပစ္စည်းတွေ မှာမရတော့တာကြောင့် ​ပစ္စည်းပြတ်တာတွေဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ဂိတ် တွေအကုန် ပိတ်ထားတော့ အပိုပစ္စည်းတွေလည်းဝယ်မရဘူး။ ပစ္စည်းမဝင်တော့ ရန်ကုန်-မန္တလေးဘက်က ကုန်သည်တွေလည်းအလုပ်မဖြစ်ကြဘူး”လို့ဒေသခံကုန်သည်က ဆိုပါတယ်။ နယ်စပ်ဂိတ် တွေပိတ်ထားတာကြောင့် ပို့ကုန်ဖြစ်တဲ့ […]

အပြည့်အစုံဖတ်ရန်

မုံရွာမြို့ တော်လှန် သီတင်းကျွတ် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ် ဆန္ဒပြ

October 18, 2021

မုံရွာ – ၂၀၂၁ အောက်တိုဘာ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ “တော်လှန် သီတင်းကျွတ်” “မီးတောက်တွေနဲ့အာဏာရှင်ကို လောင်ကျွမ်းစေမယ်” ဆိုတဲ့စာသားကို ကိုင်စွဲပြီး အာဏာရှင်စနစ်ကို ချီတက် ဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီကနေ့ မုံရွာပင်မသပိတ်စစ်ကြောင်းဟာ လူအင်အားများ​ပြားစွာနဲ့ ပြန်လည်စုဝေးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ “ဒီအချိန်ထိ မုံရွာဟာ ခိုင်မာတယ်၊ စစ်ကောင်စီအုပ်ချုပ်လို့မရသေးတဲ့မြို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ဦးအလံလွင့်ပျံနေဆဲ မြို့ဖြစ်တယ်။ သပိတ်စစ်ကြောင်းတွေ အချိန်တိုင်း မထွက်နိုင်တာဟာ စစ်ကောင်စီ ကိုကြောက်ရွံ့သွားလို့ သွေးအေးသွားလို့ မဟုတ်ဘူး။ မြေပေါ်မြေအောက် ဟန်ချက်ညီညီလှုပ်ရှားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတာဖြစ်တယ်။ ဒီတော်လှန်ရေးမီးတောက်ဟာ သေဆုံးမသွားဘူး။ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်လောင်ကျွမ်းနေတယ်။ ပြည်သူလူထု ဒီထက်ပိုပြီးပူးပေါင်းပါဝင်ပါ။ ဒါမှ တော်လှန်ရေးမီးဟာ ဟုန်းဟုန်းထတောက်လောင်ပြီး အာဏာရှင်ကိုပြာအတိလောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ​ပြည်သူလူထုအနေနဲ့ တော်လှန်ရေးလုပ်ငန်းစဥ်တွေထဲမှာ အဓိကကျတဲ့ […]

အပြည့်အစုံဖတ်ရန်

ထီးချိုင့်ကို အိမ်စီးကားနဲ့တက်လာတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး အရာရှိအပါ သုံးဦးသေ

October 18, 2021

ထီးချိုင့် – ၂၀၂၁ အောက်တိုဘာ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ မနေ့ညက အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ည ၈ : ၀၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားသုံး အိမ်စီးကားတွေနဲ့ သပိတ်ကျင်းဘက်ကနေ ထီးချိုင့်ဘက်ကို တက်လာချိန် စောင့်ကြိုတိုက်ခိုက်ခဲ့နိုင်တယ်လို့ ထီးချိုင့် PDF က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွါးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ ဗိုလ်မှူးတစ်ယောက်အပါ သုံးဦးသေဆုံးကာ စီးနင်းလာတဲ့ ယာဉ်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒီတိုက်ပွဲမှာတော့ PDF ဘက်က ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထီးချိုင့် PDF အဖွဲ့ဆီကို […]

အပြည့်အစုံဖတ်ရန်
1 … 225 226 227 228 229 230 231 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."