မန္တလေး – ၂၀၂၁ အောက်တိုဘာ ၉ (မော်ကွန်း)
မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီးက Mytel တာဝါတိုင်ဟာ မနေ့ညက ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Generation Z Power (Mandalay) မြို့ပြပြောက်ကျားအဖွဲ့က သူတို့ဖောက်ခွဲခဲ့တာဖြစ်ပြီး ဒီတာဝါတိုင်ကို လာရောက်ပြင်ဆင်မယ့် ဘယ်သူ့ကိုမဆို သက်ညှာမှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။
ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ စစ်ခေါင်းဆောင်ရဲ့ Mytel တာဝါတိုင်ဟာ မဟာအောင်မြေမြို့နယ် ကုက္ကိုစုရပ်ကွက်ထဲက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနားမှာဖြစ်ပြီး ည ၇ နာရီဝန်းကျင်မှာ ဖောက်ခွဲလိုက်တယ်လို့ GZP (Mandalay) က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးမြို့မှာ မနေ့ညပိုင်းက ဒီဖောက်ခွဲမှုအပြင် ယာဥ်ထိန်းရုံးအနီး ပေါက်ကွဲမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပြီး မြို့လယ် ၆၂လမ်း၊ ၃၈လမ်းဝန်းကျင်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ပစ်ခတ်သံတွေကြားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။
#Dailynews

