ဝက်လက် – ၂၀၂၁ အောက်တိုဘာ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးပြီး အရက်ဘီယာဖာတွေ ယူဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက် ၄ :၂၀ ဝန်းကျင်က ဝက်လက်မြို့ကနေ ဝက်လက်-ရှိမ်းမကားလမ်းအတိုင်း ထွက်ခွာလာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အင်ကြင်းပင်ကျေးရွာအနီးမှာ မိုင်းဖောက်ခွဲခံခဲ့ရပါတယ်။ အဲဒီနောက် အချိန်အနည်းငယ်အကြာ ဆက်လက်မောင်းထွက်လာပြီး ရုံးပင်ကုန်းကျေးရွာကိုဝင်ရောက်ကာ ကျေးရွာရှိ နေအိမ် ဆယ်လုံးခန့်အားဝင်ရောက်ရှာဖွေမွှေနှောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ နေအိမ်ထဲကပရိဘောဂ၊ အဝတ်အစား၊ TV တွေ၊ ဆန်တွေဆီတွေအပါအဝင် တန်ဖိုးရှိတာတွေကို ရိုက်ချိုး သွန်မှောက်ဖျက်ဆီးခဲ့ပြီး စျေးဆိုင်တွေက ဘီယာ၊အရက်ဖာတွေကိုတော့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုံးပင်ကုန်းကျေးရွာခံ ပြည်သူနှစ်ဦးကိုလည်း လက်ပြန်ကြိုးတုတ်ပြီး နှိပ်စက်မေးမြန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရုံးပင်ကုန်းရွာတင်မကဘူး […]
မိတ္ထီလာ – ၂၀၂၁ အောက်တိုဘာ ၂၅ (မော်ကွန်း) မန္တလေးတိုင်း မိတ္ထီလာမြို့မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်ပြီးချိန် ရဲစခန်းရှေ့ရပ်ထားတဲ့ ကင်းလှည့်စစ်ကားပေါ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ မိတ္ထီလာစျေး အနောက်ဘက် အမှတ် (၂) ရဲစခန်းရှေ့က စစ်ကားပေါ်မှာ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီရဲတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ဒါအပြင် ရဲတပ်ရင်း (၃၅) က ရဲသုံးဦးနဲ့ စစ်သား တစ်ဦး ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်နှစ်လက်နဲ့ ရဲဦးထုပ်နှစ်လုံး လမ်းပေါ် ကျနေပြီး စစ်တပ်က လမ်းပိတ်လိုက်ကာ သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ဗုံးတွေလည်းဆက်တိုက်ဖောက်ခွဲခဲ့အတွက် ဆိုင်တွေလည်း အမြန်ပိတ်သိမ်းခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။ “အခင်းဖြစ်တဲ့နေရာတဝိုက်အကုန်ပိတ်ထားတယ်။ ဘေးလမ်းကြားတွေကအစ အကုန်ပိတ်ထားတယ်။ ထွက်လို့မရဘူး”လို့ မိတ္ထီလာဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့မှာ တပ်မတော်ထောက်ခံပွဲတွေကို မန္တလေး၊ […]
မအူပင် – ၂၀၂၁ အောက်တိုဘာလ ၁၀ (မော်ကွန်း) ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ မနေ့ညနေပိုင်းက မအူပင်ခရိုင် စစ်ကောင်စီ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးဝင်းရဲ့ နေအိမ်ခြံရှေ့မှာ ဗုံး နှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ မအူပင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုဘက်က ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားတဲ့ ကြားထဲက ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ရှေ့မှာ ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ ဗုံး နှစ်လုံး ဆက်တိုက်တိုက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ မအူပင်မှာက ခုဗုံးပေါက်တဲ့ ရပ်ကွက်မှာ နေ့လယ်လောက်ထဲက ဖိနေတာ စစ်တပ်က ရပ်ကွက်ထဲ အင်အား အပြည့်နဲ့ ဝင်စီးပြီး သူတို့ […]
ရေး – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့၊ အစင်စံပြကျေးရွာက ကြ က်ဝိုင်းကို စစ်ကောင်စီရဲတွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးခံထားရသူ ရှစ်ဦးဟာ တစ်ဦး နှစ်သိန်းပေးပြီး ဒီကနေ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” တစ်ယောက် နှစ်သိန်းပေးခဲ့ရတယ်။ လူကအကုန်ပြန်လွှတ်လာပြီ။ ဆိုင်ကယ်တော့ မထုတ်ရသေးဘူး။တခြား ကြက်ဝိုင်းတွေက နေ့စဥ်လုပ်နေတာပဲ မြို့နယ်မှူးနဲ့ချိတ်ပြီးလုပ်တဲ့ ဝိုင်းတွေကျ အဖမ်းမခံရဘူး “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ ရေးမြို့မှာ လောင်းကစားဝိုင်းတွေဟာ မြို့နယ်မှူးနဲ့ချိတ်ဆက်ကာ လုပ်ဆောင်နေတာတွေရှိပြိီး ကြက်ဝိုင်း၊ ငါးဂိမ်း၊ အနီထောင်ဝိုင်း၊ ဂျင်ဝိုင်း စတဲ့လောင်းကစားဝိုင်းတွေ နေ့စဉ်ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံရဲတွေက အောက်တိုဘာ ၂၂ရက်နေ့က အစင်ကျေးရွာက ဒီကြ က်ဝိုင်းကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီး လူ ရှစ်ဦးနဲ့ဆိုင်ကယ် အစီး ၃၀ ကို […]
အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးနေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မနေ့ည ၈:၀၀ နာရီဝန်းကျင်ကတည်းက အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာကို ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီကနေ့တော့ စစ်ကောင်စီတပ်သား ငါးဆယ်ဝန်းကျင်နဲ့ ထပ်မံလာရောက်ခဲ့ပြီး ရွာထဲတင်ကမ ရွာနီးချုပ်စပ်တွေအထိ လိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအချိန်မှာ ရွာထဲကအိမ်နှစ်လုံးထက်မနည်း ဝင်ရောက်ဖျက်ဆီးသွားခဲ့ပြီး ရွာပြင်က ယာစောင့်တဲတချို့ကိုပါမီးရှို့နေကာ နွားတစ်ကောင်ကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက အရာတော်မြို့နယ် တောင်ပိုင်း မလဲသာ/ကန်ရင်းရွာတွေ အနီးရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်းတွေကို စစ်ကောင်စီက အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံတပ်ဖွဲ့စခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဒါအပြင် ရွာခံပြည်သူနေအိမ်တွေဆီက […]
ဖားကန့် – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း) ဖားကန့်မြို့ ပြည်သူတွေဟာ ဒီကနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းနဲ့အတူ မြို့တွင်းမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဖားကန့်မှာ အင်တာနက်ဖြတ်တောက်ခံထားရတာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ “KIA နဲ့ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” “ပြည်သူတွေကို ကာကွယ်နေ KIA KIA” “NUG အစိုးရ ဒို့အစိုးရ” “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ရမည်” ဒီ သပိတ်ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း) ဒီကနေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဒုဦးစီးချုပ်ဟာ ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း လေဆိပ်သတင်းရင်းမြစ်တစ်ဦးဆီက သတင်းရရှိပါတယ်။ ဒီကနေ့ နံနက် ကိုးနာရီ အချိန် Russian Airforce လေယာဉ်အမျိုးအစား IIyushin II-62 လေယာဉ် အမှတ် RA – 86479 နဲ့ ရေတပ်ဒုဦးစီးချုပ် Vice Admiral Vladimir KASATONOV ဟာရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့အဖွဲ့က ကြိုဆိုခဲ့ကြတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ #Dailynews
မြောင် – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ကြက်ခြံတွေနဲ့ လူနေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေ ၃ နာရီဝန်းကျင်က မြောင်မြို့နယ် ကင်းစံပြကျေးရွာနဲ့ရွာသစ်ကြား ကင်းလမ်းခွဲအနီးမှာရှိတဲ့ ကြက်ခြံနဲ့လူနေတဲအိမ်တွေကို မီးရှို့ခဲ့တာပါ။ ဘာ့ကြောင့် ဝင်ရောက်ဖျက်ဆီးမီးရှို့သွားရတယ်ဆိုတာကိုမသိရဘဲ ၎င်းတို့ဝင်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ကြက်ခြံတွေမီးမရှို့မီ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်ကတော့ ကျေးရွာတွေကနေ ကင်းလှည့်အပြီး မြောင်ကိုပြန်လာတဲ့ စစ်ကောင်စီတပ်ဟာ အပြန် လမ်းခုလပ်တစ်နေရာမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကာ သူတို့စီးနင်းလာတဲ့ ဆယ့်နှစ်ဘီးကားတစ်စီးနဲ့ ကားအသေး တစ်စီး တိမ်းမှောက် မီးလောင်သွားကြောင်း မြောင် ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်မှာ ကျောက်ရစ်တိုက်ပွဲတုန်းက ပါဝင်ခဲ့တဲ့ စစ်ကောင်စီ […]
စစ်ကိုင်း – ၂၀၂၁ အောက်တိုဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတောင်ရိုးက သီလရှင်ကျောင်းကိုဝင်စီးပြီး ဆရာလေးတွေကိုရိုက်နှက်ခဲ့ဖူးတဲ့ စစ်ကိုင်းမြို့က ရဲအုပ်တစ်ဦးလိုက်ပါလာတဲ့ ကားဟာ မနေ့က မိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့နံနက်က အရာတော်မြို့နယ်ထဲက PDF စခန်းတစ်ခုကို ဝင်စီးနင်းရာမှာ အဲဒီ ရဲအုပ် ဘုန်းထက်အောင်ဟာ ပါဝင်ခဲ့ပြီး အပြန်လမ်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဘုန်းထက်အောင်လည်း ထိခိုက်ဒဏ်ရာတွေရခဲ့သလို စစ်ကောင်စီသတင်းပေး တစ်ယောက်လည်း ခြေနှစ်ဘက်ပြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရဲအုပ်ဘုန်းထက်အောင်ဟာ ဒေသခံတွေအကြား နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကိုင်းချောင်က သီလရှင်ကျောင်းကို စီးနင်းကာ သီလရှင်တွေကို ရိုက်နှက်ခဲ့ရာမှာ ဦးဆောင်ခဲ့သူလို့ ဒေသခံတွေကပြောပါတယ်။ မိုင်းဆွဲခံရလို့ ဘုန်းထက်အောင်စီးနင်းလာတဲ့ ကားအပါအဝင် အိမ်စီးကားနှစ်စီးပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ပါတယ်။ ပုံစာ – […]
တန့်ဆည် – ၂၀၂၁ အောက်တိုဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်က ကာပေါင်းကျကျေးရွာအတွင်းနေအိမ်တစ်လုံးနဲ့ ရွာအပြင်ရှိ လူနေတဲ ၅ လုံး မီးရှို့ဖျက်ဆီးခံနေရကြောင်း၊ လက်နက်ကြီးများနဲ့လည်း ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ “သူတို့က နေတော့ ရွာထဲကဘုန်းကြီးကျောင်းမှာနေပြီး ရွာထဲကအိမ်တွေကရိက္ခာတွေယူတယ်။ ခုတော့မီးရှို့တယ်။ လူတွေလည်းတောထဲထွက်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကာပေါင်းကျကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့ညပိုင်းက အလစ်ငိုက်တိုက်ခိုက်ခံခဲ့ရပြီး စစ်သားလေးဥဦးထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ညနေ ၃း၃၀ခန့်က စစ်ရဟတ်ယာဥ်နဲ့ လာရောက်သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီခန့် […]
ရေး – ၂၀၂၁ အောက်တိုဘာ ၂၃ (မော်ကွန်း) မွန်ပြည်နယ် ရေးမြို့ အစင်စံပြကျေးရွာ အုတ်ပုံရပ်ကွက်က ကြ က်ဝိုင်းတစ်ဝိုင်းကို မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က စစ်ကောင်စီ တပ်တွေ ဝင်ဖမ်းပြီး လူ ရှစ်ဦးကို ဖမ်းဆီးသွားကာ ဆိုင်ကယ် အစီး ၃၀ ခန့်ကိုသိမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယခင် လောင်းကစားဝိုင်းတွေကို စစ်ကောင်စီ တပ်တွေ ဝင်ဖမ်းစဉ်က သိမ်းခံရတဲ့ ဆိုင်ကယ်တွေနဲ့ ဖမ်းခံရတဲ့လူတွေကို ငွေကြေးနဲ့ညှိပြီး ပြန်ထုတ်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကြက်ဝိုင်းက အဲ့ခြံမှာနေ့တိုင်းရှိတယ်။ပုံမှန်ဆို အယောက် ၁၀၀ ဝန်းကျင် လောက်ရှိတယ်။ ခုက လူ ရှစ်ယောက် ဖမ်း သွားတယ်။ ဆိုင်ကယ်တွေကို ကားပေါ်တင် သွားတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ စစ်ကောင်စီတပ် […]
အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၂ (မော်ကွန်း) ဒီကနေ့ နံနက် အရာတော်မြို့နယ်ထဲက တော်လှန်ရေးစခန်းတစ်ခုကို စီးနင်းပြီး ပြန်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ လမ်းမှာ မိုင်းထိတာကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အရာတော်မြို့နယ် ကန်ရင်းရွာအနီးက ဒေသခံကာကွယ်ရေးတပ်စခန်းတွေကိုဝင်စီးပြီးအပြန် လမ်းမှာ ၂ ကြိမ်တိုင် မိုင်းထိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စီးနင်းခဲ့တဲ့ စခန်းတွေကို စစ်ကောင်စီက မီးရှို့ပစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ရှောင်တိမ်းနိုင်ခဲ့တယ်လို့ ဒေသခံ PDF ဘက်က သတင်းထုတ်ပြန်ပါတယ်။ ပြန်လာတဲ့ စစ်ကောင်စီတပ်တွေကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) တောင်ပိုင်းညီနောင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုအနည်းငယ်လည်း ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာကန်ရင်းရွာထဲက ရွာသား ခြောက်ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့ပြီး နေအိမ်တွေကိုလည်း […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."