မုံရွာ – ၂၀၂၁ အောက်တိုဘာ ၈(မော်ကွန်း)
မုံရွာမြို့ ၊ကန်သာဦးရပ်ကွက်၊ ကန်သာယာအရှေ့ဘက်ခြမ်း ပြည်ထောင်စုလမ်းပေါ်မှာဖွင့်ထားတဲ့ ဖတ်တီးကွမ်းယာဆိုင်ပိုင်ရှင်ဟာ စစ်ကောင်စီသတင်းပေးဒလန်လို့စွပ်စွဲခံရကာ ဒီနေ့ နေ့လယ် ၁ : ၀၀ နာရီဝန်းကျင်က သေနတ်နဲ့အနီးကပ်ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။
“သူကပျူစောထီးဒလန်၊ သူ့ကိုသတိပေးထားတာကြာပြီ၊ အဲဒါကိုဒလန်လုပ်နေလို့လာသတ်သွားတာ။ သူ့ဆိုင်မှာလည်း ဒလန်တွေချည်းပဲအမြဲတမ်းစုနေတာ”လို့ အဲဒီဒေသခံကပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သပ်ပြီး Monywa Heroes Groupက ရဲဘော်နာရွှဲ့ဆွမ်က အနီးကပ်ပစ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မုံရွာဟီးရိုးအဖွဲ့အနေနဲ့ စစ်ကောင်စီသတင်းပေးဒလန်တွေကို ဆက်လက်သုတ်သင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#Dailynews

