မော်လမြိုင်ကျွန်း – ၂၀၂၁ အောက်တိုဘာလ ၇ (မော်ကွန်း) ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ၁၀ ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီ သတင်းပေးတစ်ဦး မနေ့ညပိုင်းက ဓါးနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြည့်သူစစ်အဖွဲ့ဝင် မင်းမင်းဆိုသူကို အမည်မသိသူ တစ်ဦးက ည ကိုးနာရီကျော်လောက်မှာ ဓါးနဲ့ထိုးခဲ့လို့ ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ “ ဒလန်လုပ်နေတဲ့သူပါ၊ ညက ဓါးထိုးခံရတဲ့သူက။ ပြီးတော့ ပြည်သူ့စစ်ထဲလည်း ဝင်ထားတယ်ကြားတယ်။ အာဏာသိမ်းပြီးကတည်းက ရပ်ကွက်ထဲ မြောက်ကြွ မြောက်ကြွ လုပ်နေတဲ့သူ၊ ညကဖြစ်သွားတာတော့ ဘယ်သူထိုးမှန်းမသိဘူး၊ဆေးရုံပို့သေးတယ်၊ ပို့တဲ့အချိန်မှာ သေသွားတာ”လို့ ၎င်းဒေသခံက ပြောပါတယ်။ စစ်ကောင်စီက သူ့ရဲ့သတင်းပေးဓါးနဲ့ထိုးခံရပြီးနောက်မှာ ရပ်ကွက်ထဲဝင်ရောက်လာပြီး ဆဲဆို ခြိမ်းခြောက်၊ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့သလို မနက်ပိုင်းမှာလည်း လမ်းသွားလမ်းလာတွေကို တုတ် […]
မုံရွာ – ၂၀၂၁ အောက်တိုဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်တွေ ရှိနေတဲ့ကြားက ကျောင်းသားပြည်သူတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။ “တော်လှန်ရေး အရှိန်မြင့်တက်လာတာနဲ့အမျှ ပြည်သူလူထုက ပြည်သူလူထုအချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ဖို့ လိုပါလိမ့်မယ်။ တော်လှန်ရေးကြာလာတာနဲ့အတူ ဝိဝါဒကွဲလွဲမှုတွေ၊ အမြင်မတူမှုတွေ၊ အစိုင်အခဲအဖုအကြိတ်တွေကို ပြည်သူအချင်းချင်းကြားမှာ ဖောက်ခွဲမပစ်ဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ စစ်ကောင်စီရဲ့သွေးခွဲမှု၊ မတရားလိမ်လည် သတင်းအမှောင်ချမှုတွေကို ပြည်သူလူထုက စဥ်းစဥ်းစားစားနဲ့ ရင်ဆိုင်ကျော်လွှားဖို့လိုပါလိမ့်မယ်။ ဒီအရေးတော်ပုံကြီးဟာ စည်းလုံးမှုကို အလေးထားပြီး နောက်ဆုံးအချိန်အထိ အာဏာရှင်ကို အဆုံးတိုင်တော်လှန်ပုန်ကန်ကြပါ။”လို့ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တစ်ဦးက တိုက်တွန်းခဲ့ပါတယ်။ “စစ်အာဏာရှင်ဆန့်ကျင်ရေး တို့အရေး၊ တို့ပြည်သူတွေညီရဲ့လားဟေ့၊ ဘာစိတ်ဓါတ်လဲ သံမဏိစိတ်ဓါတ်၊ ဘယ်အထိတိုက်မလဲ အဆုံးထိတိုက်မယ်၊ တို့ပြည်သူတွေညီရဲ့ဟေ့၊ ညီရင်ထွက်ခဲ့၊ လမ်းပေါ်လမ်းပေါ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖျက်”စတဲ့ […]
မန္တလေး – ၂၀၂၁ အောက်တိုဘာ ၆ (မော်ကွန်း) ဒီကနေ့ မနက်ခင်းစောစော မန္တလေးမြို့မှာ မှာ လူငယ်တွေများစွာ ပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ် သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်းတွေ ပါဝင်တဲ့ မန္တလေးသပိတ်အင်အားစုစစ်ကြောင်းဟာ စစ်ကောင်စီတပ်တွေပတ်လည်ဝိုင်းနေတဲ့ မြို့တွင်းက စျေးလမ်းထဲမှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ခဲ့ကြပြီး အဆုံးသတ်တိုက်ပွဲဆင်နွှဲကြမယ့် ပြည်သူ့တော်လှန်ရေးသမား PDFများကို အားပေးဝန်းရံကြဖို့ ပြည်သူများကို တိုက်တွန်းခဲ့ကြပါတယ်။ ဓာတ်ပုံ|Black #Dailynews
ဂန့်ဂေါ- ၂၀၂၁ အောက်တိုဘာ ၅ (မော်ကွန်း) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျွန်းဒက်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီ တပ်တွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်မီးရှို့တာကြောင့် အနည်းဆုံး အိမ်ခြောက်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂန့်ဂေါ-ကလေး ကားလမ်းမဘေးမှာရှိတဲ့ ဒီရွာကို မီးရှို့ရာမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ပျူစောထီးလို့ခေါ်တဲ့ အရပ်ဝတ်လက်နက်ကိုင်တွေလည်းပါလာတယ်လို့ ကျွန်းဒက်ရွာသားတချို့က ပြောပါတယ်။ ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကို ကျွန်းဒက်ရွာ ကြုံရတာဟာ ဒါဟာ ဒုတိယအကြိမ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ရွာကို ဝင်စီးပြီး နေအိမ်တွေကို ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာမျိုး ကြုံရသေးတယ်လို့ ရွာသားတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်လောက်ကစပြီး ဂန့်ဂေါနဲ့ ကလေးမြို့နယ်အစပ်က အနည်းဆုံး ရွာ ၁၁ ရွာကို […]
ငါန်းဇွန်- ၂၀၂၁ အောက်တိုဘာ ၅ (မော်ကွန်း) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ရေလယ်သောင်အုပ်စုကျေးရွာကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီ တပ်တွေဝင်ရောက်အကြမ်းဖက်ပစ်ခတ်ကာ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ရွာထဲမှာ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် ရွာသားတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရေလယ်သောင်အုပ်စုကျေးရွာကို ဝင်ရောက်ပစ်ခတ်အကြမ်းဖက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ခိုက်ရေး ခြေမြန်တပ်မ (၉၉) လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီရွာကို ဝင်ရောက်စီးနင်းစဉ်အတွင်း နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ရွာသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေယူဆောင်သွားကြပြီး ဘေးနားက လက်ပံသာကျေးရွာအုပ်စုကိုလည်း ဝင်ရောက်ပစ်ခတ်ရှာဖွေတာတွေ လုပ်ခဲ့သေးတယ်လို့ ငါန်းဇွန်ဒေသခံတွေက ပြောပါတယ်။ ရေလယ်သောင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းနိုင်ဖို့အတွက် စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ […]
ကျောက်ထု -၂၀၂၁ အောက်တိုဘာ ၄ (မော်ကွန်း) မကွေးတိုင်းကျောက်ထုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့စစ်ဘေးရှောင်ပြည်သူတွေဟာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ ကျောက်ထုစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ( Kyauk Htu IDPs Management Committee)ရဲ့ ဥက္ကဌ ဦးလောဟာလိန်းကပြောပါတယ်။ “အဓိကကတော့ ကျွန်တော်တို့ကို အခြေခံစားသောက်ကုန်လေးတွေပေါ့လေ အလှူရှင်တွေလှူပေးဖို့ပေါ့။ ကျွန်တော်တို့က လူဦးရေနှစ်ထောင်ကျော်အတွက်ကတော်တော်လေးအခက်အခဲဖြစ်နေတာပေါ့။ အခြေခံစားသောက်ကုန်ရယ်၊ ဆောင်းတွင်းကလည်းပြန်ရောက်လာတော့ အဝတ်အစား၊ အနွေးထည်နဲ့ စောင်ခြင်ထောင်ပေါ့၊ ဒါလေးတွေခက်ခဲဖြစ်နေတာ” လို့သူကပြောပါတယ်။ လက်ရှိအခြေအနေမှာ စစ်ရှောင်စခန်းကို အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေသယ်ဖို့ စစ်ကောင်စီဘက်က ပေါက်ဂိတ်ကနေဖြတ်ခွင့်မပြုတဲ့အတွက် ကျောက်ထုနယ်တစ်ဝိုက်မှာပဲဝယ်နေရပြီး လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေသယ်ယူခွင့်ရဖို့ အောက်တိုဘာ ၃ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေစခန်းကိုလာရောက်စစ်ဆေးစဉ် တောင်းဆိုထားတယ်လို့ ဦးလောဟာလိန်းကဆက်ပြောပါတယ်။ ကျောက်ထုစစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်ပြည်သူပေါင်းနှစ်ထောင်ကျော်ရှိပြီး မင်းတပ်မြို့ပေါ်၊မင်းတပ်အနီးကရွာတချို့နဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်ဝန်းကျင်က ရွာတွေကပြည်သူတွေဖြစ်တယ်လို့သိရပါတယ်။ […]
ရေစကြို – ၂၀၂၁ အောက်တိုဘာ ၄ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မှာ ဒီနေ့ နံနက် ၉ နာရီ ဝန်းကျင်က မြို့အထွက်မှာရှိတဲ့ Date လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ လူငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆိုင်ထဲထိုင်နေတဲ့ လူငယ်လေးတွေကို ပစ်ခတ်ဖမ်းတာပါ။ ခေါင်းထိသွားတဲ့လူငယ်တစ်ယောက်တော့ သေဆုံးသွားတယ်လို့ကြားတယ်”လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။ ဆိုင်ရှင်အပါအဝင် လူငယ် ငါးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ဖက်ရည်ဆိုင်ပတ်ဝန်းကျင်က နေအိမ်တွေကိုလည်း စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #Dailynews
ပုလဲ – ၂၀၂၁ အောက်တိုဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအများအပြား သေဆုံးကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ဒီကနေ့ နံနက်ပိုင်းက အမြောက်ကား ၈ စီး၊ ထရပ်ကား၊ တွဲကားး အစီး၈၀ ကျော်နဲ့ ထောက်ပို့စစ်ကူအဖြစ် ဝင်ရောက်လာတဲ့ ယာဉ်တန်းဟာ ပုလဲမြို့နယ်အတွင်း ကန့်ဒေါင့်ကျေးရွာ အနောက် ပိတောက်ကုန်း လမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ ခေါ် ကိုးလောင်းပြိုင်ကွေ့မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဆိုပါ ယာဥ်တန်းကို မိုင်း ၂၇လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်တန်းအတွင်းမှ ကား ၅ စီး ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်သားများ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ […]
မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂ (မော်ကွန်း) ဒီကနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းတိုက်နယ်ထဲမှာ ဆန္ဒပြနေတဲ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းလို့ သံဃာတော် ၆ ပါး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။ “ဆန္ဒပြနေတဲ့ သံဃာတော်တွေကို ကားနဲ့တိုက်ဖမ်းတယ်လို့လည်းပြောတယ်။ အထိအခိုက်တော့ မသိရသေးဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ သံဃာတော်တွေကို လာရောက်ဖမ်းဆီးစဥ် စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားလိုက်ပါလာပြီး အရပ်ဝတ်တွေနဲ့လည်း ပါဝင်ကြောင်း မြို့ခံတွေက ဆိုပါတယ်။ စက်တင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ကင်းဝန်မင်းကြီးကျောင်းတိုက်ကိုအရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်သားတွေ ဝင်ရောက် စီးနင်းပြီး သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ဆရာတော် ဦးပညာသီဟကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဆရာတော်ရဲ့ကားကိုပါ သိမ်းယူသွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ […]
မတ္တရာ – ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း) မန္တလေးတိုင်း ၊ မတ္တရာမြို့၊ တံငါတောင်ကျေးရွာက ဒလန်လို့ အများကသိကြသူ အုတ်စက်ပိုင်ရှင် ဦးစံလှဟာ ဒီကနေ့ နံနက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ” သူက ဆိုင်ထိုင်နေတုန်း ဆိုင်ကယ်နဲ့သေနတ်သမားနှစ်ယောက်က ပစ်သတ်သွားတယ်။ သူက ရွာထဲကိုစစ်ကောင်စီတပ်တွေခေါ်ခေါ်လာနေကျလူ၊ ဒလန်လို့လည်း အများကသိထားကြတယ် “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ဦးစံလှပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက တံငါတောင်ရွာအနီးဝန်းကျင်မှာ စစ်ဆေး စောင့်ကြပ်မှုတွေလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။ မတ္တရာမြို့မှာ မနေ့ကလည်း စကားပင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။ #Dailynews
ဆော-၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း) မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော – ကျောက်ထု လမ်းပိုင်းမှာ ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကဆောမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ မကွေးအခြေစိုက် ဒေသခံတွေကပြောပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို Yaw Defence Force (Saw & Kyaukhtu) အထူးပျောက်ကြားတပ်ဖွဲ့နဲ့ မကွေးအခြေစိုက် CAF – MGPDF တပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။ ” လက်နက်အင်အားနည်းတဲ့အတွက် အပြန်အလှန်ပစ်ခတ်ဖို့မတတ်နိုင်တော့ အခုလိုပဲမိုင်းဆွဲလိုက် ပြန်ဆုတ်လိုက်ပဲလုပ်ရတာပေါ့။ ဒီနေ့ကတော့ စကစ လေးကောင် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းအများကြီးပဲ”လို့ မကွေးအခြေစိုက် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ ဆောနယ်ကို အင်တာနက်လိုင်းတွေဖြတ်တောက်ပြီး စစ်ကြောင်းထိုးပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ဆော – […]
ခင်ဦး – ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ရွာမှာ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလေးဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။ ရွာသူရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အဖမ်းခံရသူ ၅၀ လောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တခြားရွာတွေဘက်ပြေးတဲ့သူတွေကို ဘုန်းကြီးကျောင်းမှာ ကူညီထားကြတယ်။ PDF တွေရှိတယ်ဆိုပြီး လာတာလို့လည်းကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နံနက် ၁၀ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ရွာထဲကနေအိမ်တစ်အိမ်ကို မီးစတင်ရှို့ခဲ့ကာ တခြားအိမ်တွေပါ ကူးစက်လောင်ကျွမ်းနိုင်ပေမယ့် မိုးရွာလာခဲ့တာကြောင့် မီးငြိမ်းသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ခင်ဦးမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပြီး ရေဦးနဲ့ခင်ဦးသွားတဲ့လမ်းပေါ်မှာ နေ့စဥ်တင်းတင်းကြပ်ကြပ် ရှာဖွေ စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."