သတင်းများ

ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့် လမ်းမပေါ်ထပ်ထွက်လာတဲ့ သံဃာတော်များနှင့်ပြည်သူ့သပိတ်

September 25, 2021

မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၅ (မော်ကွန်း) ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့က သံဃာတော်တွေနဲ့ ပြည်သူလူထုဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဒီကနေ့ နံနက်ပိုင်းမှာ ၇၃လမ်းမကြီးပေါ် တက်ရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ “ရွှေဝါရောင်စိတ်ဓာတ်ပဲ့တင်ထပ်၊ စစ်အာဏာရှင်အမြစ်ဖြတ်” ဆိုတဲ့ကြွေးကြော်သံနဲ့အတူ စစ်ကောင်စီတပ်တွေရှိနေတဲ့ ၇၃လမ်းမကြီးပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ- Spring Diary #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်များ စောင့်ကြပ်နေသည့် မိုးကုတ်မြို့က Mytel တာဝါတိုင် ဗုံးခွဲခံရ

September 24, 2021

မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း) မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စောင့်ကြပ်နေတဲ့ Mytel တာဝါတိုင်ဟာ ဒီကနေ့ နံနက်အစောပိုင်းမှာ ဗုံးခွဲခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ” မနက် ၂ နာရီ မှာ ဗုံးခွဲခံရတာ၊ အဲ့တာဝါတိုင်မှာ စစ်သားတွေ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စောင့်နေတာ ၊ ​တာဝါတိုင်တော့မလဲသွားဘူး ၊ အောက်ခြေက စက်တွေပျက်စီးသွားတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် ​မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မရဲစခန်းကနေ သေနတ်သုံးချက်ဖောက်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ မိုးကုတ်မြို့မှာ မနေ့ညကလည်း နေရာတချို့မှာ လျှပ်စစ်မီးဖြတ်တောက်ခံထားရပြီး သေနတ်ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ Mytel တာဝါတိုင် မိုးကုတ်မြို့မှာ ဖျက်ဆီးခံရတာဟာ ငါးတိုင်မြောက်ဖြစ်ပြီလို့ ဒေသခံတွေကဆီက သိရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဖဲဝိုင်းကသိမ်းဆည်းသွားတဲ့ ဆိုင်ကယ်တွေကို တစ်စီး တစ်သိန်းနဲ့ လာရွေးခိုင်း

September 24, 2021

ရေး – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း) မွန်ပြည်နယ် ရေးမြို့ အစင်စံပြကျေးရွာက ဖဲဝိုင်းမှာ အသိမ်းခံလိုက်ရတဲ့ဆိုင်ကယ် ၂၁ စီးကို စစ်ကောင်စီတပ်က တစ်စီးတစ်သိန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က လာရွေးခိုင်းတယ်လို့ ဒေသခံတွေဆိုပါတယ်။ ” ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်လာကောက်တာ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာပဲ ​လာရွေးခိုင်းတယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ စက်တင်ဘာ ၂၂ ရက်က ဒီဖဲဝိုင်းကို စစ်ကောင်စီတပ်တွေ ဝင်ဖမ်းချိန်မှာ လူတွေထွက်ပြေးသွားတာကြောင့် ကျန်ခဲ့တဲ့ဆိုင်ကယ်တွေကိုသာ သိမ်းဆည်းသွားတာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။ ရေးမြို့နယ်မှာ လောင်းကစားဝိုင်းတွေ တဖြည်းဖြည်းပေါများလာပြီး ဆိုင်ကယ်အခိုးခံရမှုတွေလည်း များပြားလာတယ်လို့ ဒေသခံက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ရေးမြို့က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ အပစ်ခံရ

September 24, 2021

ရေး – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့ အစင်စံပြကျေးရွာက ရာအိမ်မှူးဦးကျော်သူထွန်းဟာ ဒီကနေ့ ညနေ ၆နာရီဝန်းကျင်က သေနတ်နဲ့အပစ်ခံလိုက်ရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ” သူ့အိမ်ဝင်တဲ့ လမ်းပေါ်မှာ ပစ်ခံရတာ။ နှစ်ချက်အပစ်ခံရတယ်။ ဆေးရုံပို့လိုက်ပြီ။ သူက နာမည်ကြီးသတင်းပေးတဲ့သူတစ်ယောက်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။ သေနတ်နဲ့ နှစ်ချက်ပစ်ခံရပြီးနောက် ဆေးရုံကိုပို့ဆောင်ထားကာ ထိခိုက် ဒဏ်ရာအခြေနေကိုမသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။ ဒီကနေ့ မွန်းလွဲသုံးနာရီလောက်မှာလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်အိမ်ကို ဗုံးခွဲခဲ့တယ်လို့ ရေး PDF က ကြေညာထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မနေ့က မီးရှို့ခံထားရတဲ့ တန့်ဆည်မြို့ ကျီကုန်းရွာ ဒီနေ့ မီးထပ်ရှို့ခံရ

September 24, 2021

တန့်ဆည် – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာကို စစ်ကောင်စီတပ်တွေ ဒီကနေ့ နံနက်ပိုင်းမှာ ထပ်မံရောက်ရှိလာပြီး မီးရှို့သွားကြောင်း ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေဟာ မနေ့ကမီးရှိူ့ခံရတဲ့ ကျီကုန်းရွာကိုပဲ ထပ်မံဝင်ရောက်လာခဲ့ကာ ကျန်တဲ့နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေပြီး အိမ်တွေ ဘယ်လောက်ထပ်ပါသွားလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “သေနတ်သံတွေလည်း ဆူညံနေတယ်။ ပေါက်ကွဲသံတွေလည်း ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွာသူရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းနဲ့ ရွာထဲကအိမ်တွေမှာကျန်ခဲ့တဲ့ နွားတွေကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက် ၁၀:၀၀ နာရီလောက်ကစပြီး ၎င်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ […]

အပြည့်အစုံဖတ်ရန်

မုံရွာတွင် Mytel ရုံးစောင့်နေသည့်ရဲတစ်ဦးပစ်သတ်ခံရပြီး သေနတ်ပါယူသွား

September 23, 2021

မုံရွာ-၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ညနေပိုင်းက Mytel ရုံးစောင့်တဲ့ စစ်ကောင်စီရဲတစ်ဦးပစ်သတ်ခံရပြီး ပစ်ခတ်သူတွေဟာ သေနတ်ပါ ယူသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ပစ်ခတ်မှုဖြစ်တဲနေရာဟာ မုံရွာမြို့ မိုးကောင်းဘုရားနား ကျောက္ကာလမ်းပေါ် က Mytel ရုံးဖြစ်တယ်လို့ဖြစ်စဉ်အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ “အဲဒီမိုးကောင်းကျော်ကျော်နားက Mytel ရုံး သူတို့စောင့်နေတာ ဝင်ပစ်သွားတာလေ။ လက်နက်ပါရသွားတယ်လို့ကြားတယ်”လို့ ဒေသခံက မော်ကွန်းကို ပြောပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်တွေအင်အားအများအပြားနဲ့ လမ်းပိတ်စစ်ဆေးခဲ့တယ်လို့ အဲဒီဒေသခံကဆိုပါတယ်။ မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ MPDFကိုယ်စားပြု သံမဏိနဲ့အဖွဲ့ဝင်တွေက ပစ်ခတ်မှုဟာလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲတစ်ဦးသေဆုံးကာ လက်နက်တစ်လက်သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

တန့်ဆည်မြို့ ကျီကုန်းရွာကို စစ်ကောင်စီတပ်တွေ မီးရှို့လို့ နေအိမ် ၁၁ လုံးထက်မနည်း ပါသွား

September 23, 2021

တန့်ဆည် – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၁၁ လုံးထက် မနည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂၃ရက် နံနက်ဆယ်နာရီလောက်က စပြီး တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ မီးရှို့ခဲ့တာဖြစ်ပါတယ်။ အိမ်ခြေ ၁၁ လုံးထက်မနည်း ပျက်စီးသွားတဲ့အပြင် စပါးတင်း ၆၀၀ ဝန်းကျင်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မီးရှို့ခံရတဲ့အိမ်တွေထဲမှာ NLD အမာခံတွေရဲ့အိမ်တွေလည်း ပါတယ်လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။ စက်တင်ဘာလ ၂၂ရက်နေ့ညက အဆိုပါ ကျီးကုန်းကျေးရွာနေ ပျူစောထီးအဖွဲ့ဝင်လို့ လူပြောများနေတဲ့ အမျိုးသားတစ်ဦးနဲ့ သူ့ဇနီး၊ သူ့သမီး ရဲနှစ်ယောက်၊ […]

အပြည့်အစုံဖတ်ရန်

အရာတော်မြို့နယ် နောင်ကြီးအိုင်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ပစ်နေလို့ ရွာခံပြည်သူတွေထွက်ပြေးနေရ

September 23, 2021

အရာတော် – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့က အရာတော်မြို့နယ် မကျီးကန်နဲ့ညောင်လှရွာတွေကို ဝင်ပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေ၊ အိမ်တွေကို ဖျက််ဆီးတာတွေနဲ့ ပြည်သူတွေရဲ့ ရိက္ခာတွေကို ယူဆောင်သွားတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ မနေ့ည ၇ နာရီကျော်မှာတော့ စစ်ကောင်စီတပ်တွေဟာ သေနတ်တွေပစ်ခတ်ပြီး နောင်ကြီးအိုင်ရွာကို အင်အားအလုံးအရင်းနဲ့ဝင်လာကာ ရှာဖွေ ဖမ်းဆီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီအချိန်မှာပဲ ရွာသူရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ညကြီးမင်းကြီးမှာ သက်ကြီးရွယ်အိုတွေကအစ တောထဲယာခင်းတွေမှာ ရှောင်နေရပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့က နံနက်ပိုင်း မကျီးကန်နဲ့ကြာပင်လှရွာတွေကို စစ်ကောင်စီတပ်တွေ […]

အပြည့်အစုံဖတ်ရန်

မိုင်းခွဲခံရတာကို ပြန်ပြင်ထားတဲ့ ရေးမြို့နယ်က Mytel တာဝါတိုင် ထပ်ပြီး မီးရှို့ခံရပြန်

September 23, 2021

ရေး – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း) မွန်ပြည်နယ်ရေးမြို့မြောက်ပိုင်း ကနင်ကမော့ကျေးရွာက Mytel တာဝါတိုင် စက်တင်ဘာ ၂၂ရက်နေ့ ည ၉နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ အနီးအနားရွာက ဒေသခံတွေဆီက သတင်းရရှိပါတယ်။ “ညပိုင်းပဲ မီးရှို့ဖျက်ဆီးခံရတယ် ၊ တာဝါတိုင်က ရွာဘက်မှာရှိတာ ၊ အရင်ကလည်း အဲ့တာဝါတိုင်က တခါ ဖောက်ခွဲခံရသေးတယ် “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ ဒီတာဝါတိုင်ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လမှာ မိုင်းခွဲဖျက်ဆီးထားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပြုပြင်ထားတာလို့ ရေး PDF က ကြေညာထားပါတယ်။ မနေ့ညက ထပ်မံဖျက်ဆီးခဲ့တာဟာလည်း ရေး PDF က သူတို့ လုပ်ဆောင်တာလို့ ထည့်သွင်းကြေညာပါတယ်။ မွန်ပြည်နယ် ရေးမြို့မှာ စက်တင်ဘာလအတွင်း Mytel တာဝါတိုင်ဖျက်ဆီးခံရတာဟာ ၆ တိုင်ထိရှိလာပါပြီ။ […]

အပြည့်အစုံဖတ်ရန်

တန့်ဆည်မြို့က ကျီးကုန်းရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ မီးရှို့နေ

September 23, 2021

တန့်ဆည် – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကျီးကုန်းရွာသို့ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး ရွာကိုမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နံနက်ဆယ်နာရီခန့်ကစပြီး တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ရွာသူရွာသားတွေထွက်ပြေးနေရပြီး ရွာကတော့ မီးရှို့ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ “သေနတ်သံတွေဆက်တိုက်ကြားနေရသလို ရွာထဲ နေရာသုံးခုကနေ မီးခိုးတွေတက်လာတယ်။ ဘယ်သူမှမသွားရဲလို့ ဘယ်နှစ်အိမ်လောက်ပါမယ်ဆိုတာ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၂၂ရက်နေ့ညက အဆိုပါ ကျီးကုန်းကျေးရွာနေ ပျူစောထီးအဖွဲ့ဝင်လို့ လူပြောများနေတဲ့ အမျိုးသားတစ်ဦးနဲ့ သူ့ဇနီး၊ သူ့သမီး ရဲဝန်ထမ်းနှစ်ယောက်၊ စုစုပေါင်း လေးယောက် အသတ်ခံခဲ့ရကြောင်း၊ ဒီလိုသတ်ဖြတ်ခံရမှုကြောင့် ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးသမီးတစ်ယောက်ရဲ့ […]

အပြည့်အစုံဖတ်ရန်

ကျဆုံးရဲဘော် စိုင်းဘုန်းမင်းသန့်အတွက် မန္တလေးမှာ ချီတက်ဆန္ဒပြ

September 23, 2021

မန္တလေး – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီနဲ့တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားခဲ့တဲ့ တော်လှန်ရေးသမားလူငယ် စိုင်းဘုန်းမင်းသန့်အတွက် မန္တလေးက နွေဦးခေတ်သစ်ပြောက်ကျားသပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြရင်း အလေးနီပြုခဲ့ကြပါတယ်။ ကျဆုံးသွားသူ စိုင်းဘုန်းမင်းသန့်ရဲ့ ဓါတ်ပုံတွေကို လူငယ်တွေက ကိုင်ဆောင်ကာ စစ်ကောင်စီတပ်တွေ လှည့်ပတ်ရှာဖွေနေတဲ့ကြားကနေ မန္တလေးမြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ “စိန်ခေါ်တယ် သတ္တိရှိလို့ ဆန္ဒထွက်ပြတာ၊ သတ္တိရှိရှိ ယူနီဖောင်းဝတ်ပြီးမှလာဖမ်း”ဆိုတဲ့စာသားကိုလည်း ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး စစ်အာဏာရှင် ကျဆုံးဖို့ ကြွေးကြော်သံတွေလည်း ဟစ်ကြွေးခဲ့ကြပါတယ်။ ကျဆုံးသွားသူ စိုင်းဘုန်းမင်းသန့်ဟာ စက်မှုလက်မှုသိပ္ပံ​ (မန္တ​လေး)ရဲ့ ကျောင်းသားများသမဂ္ဂ ဒု – ဥက္ကဌလည်း ဖြစ်ပြီး လက်နက်မကိုင်မီကတည်းက မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဓါတ်ပုံ-Black #Dailynews

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့က စစ်ကောင်စီမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

September 22, 2021

မိုးကုတ် – ၂၀၂၁ စက်တင်ဘာ ၂၂ (မော်ကွန်း) မန္တ​လေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ ညနေ ၄နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစန်းအေးဆိုသူဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ” လျှပ်စစ်ရုံးထဲကို သူရှိတဲ့နေရာကိုဝင်ပစ်သွားတာ ပစ်ခံရသူကစစ်တပ်က နည်းပညာဘက်ကအသက်ကြီးလာလို့ ဒီကိုပို့လိုက်တာ မီတာစာရွက်ကောက်တာတွေ မီးဖြတ်တာတွေသူပဲလုပ်တာ”လို့ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့မှာ မြို့နယ်လျှပ်စစ်မီတာရုံးကနေ ငါးလစာ မီတာခတွေအိမ်အရောက်ကောက်ခံနေတာတွေရှိနေတယ်လို့ ဆိုပါတယ်။ သေနတ်နဲ့ပစ်ခံရသူဦးစန်းအေးဟာ မိုးကုတ်မှာ စစ်တပ်က အာဏာသိမ်းစအချိန် အစိုးရဌာနတွေ CDM နဲ့ သပိတ်တွေစတင်ချိန်မှာ မိုးကုတ်ကိုရောက်ရှိတာဝန်ကျလာသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 230 231 232 233 234 235 236 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."