ရေစကြို – ၂၀၂၁ အောက်တိုဘာ ၈ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ရွာမှာ မနေ့ညနေက Mytel တာဝါတိုင်ကို ဆီလာဖြည့်တဲ့ ဝန်ထမ်းတချို့ မိုင်းနင်းမိပြီး တစ်ဦးခြေထောက်ပြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“ရွာအဝင်လမ်းမှာရှိတဲ့ Mytel တိုင်မှာပေါက်တာ။ အုန်းခနဲပဲ။ တစ်ယောက်ခြေထောက်ထိတယ်လို့ကြားတယ်”လို့ ရေစကြိုဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာနိုင်ငံဒေသအသီးသီးက Mytel တာဝါတိုင်တွေကို ဖြိုလှဲနေကြတဲ့အတွက် စစ်ကောင်စီက သူတို့တာဝါတိုင်အနီးမှာ မိုင်းတွေထောင်ထားလေ့ရှိကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ် ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်နေပြီး
အောက်တိုဘာလ ၄ ရက်ကလည်း မြို့အထွက်က Date လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ ပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ကျည်ထိသေဆုံးခဲ့ပါတယ်။
#Dailynews

