အရာတော် – ၂၀၂၁ အောက်တိုဘာ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ဇရစ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အရာတော်ဒေသခံတွေက ပြောပါတယ်။
အရာတော်အရှေ့နယ် မုံရွာ-ရွှေဘိုလမ်းပေါ်ရှိ ဒီဇရစ်ကျေးရွာကို စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ကားတွေဆိုင်ကယ်တွေနဲ့ ရောက်လာခဲ့ပြီး ရွာသား နှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ကလည်း အရာတော်မြို့နယ်က ကျောင်းဆရာတစ်ဦး၊ တိုင်းရင်းဆေးဆရာမတစ်ဦးအပါအဝင် လူငယ်လေးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇရစ်ရွာအပြင် အရာတော်မြို့နယ်ထဲက ပေါက်ပင်ဆိပ်ရွာ၊ ဒုံဒစ်ရွာတို့ကိုလည်း တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်ပစ်ခတ်နေပြီး ရွာသားတချို့လည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်နဲ့ပြန်လည်ခုခံတိုက်ခိုက်နေကြတဲ့ဒေသတစ်ခုဖြစ်ပြီး PDF တွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျေးရွာ ၁၆ ရွာထက်မနည်း ရွှေ့ပြောင်းပစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
#Dailynews

