အက်ဆေးများ

တို့ဗမာ အစည်းအရုံးရဲ့ ဘူမိနက်သန်နေရာ

September 11, 2015

 စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ ညလယ်မိုး ရေးသည်။ (၁) သမိုင်းကို သင်ရခြင်းအကြောင်းအရင်းက မအအောင်လို့ ပဲတဲ့။ နာမည်ကျော် သမိုင်းသုတေသနပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ စကားလုံး အတိအကျမဟုတ်ပေမယ့် အဓိပ္ပာယ်ကတော့ အဲဒီအတိုင်းပါပဲ ။ ဆရာကြီးဆိုလိုသည့်သဘောက သမိုင်းကို ဖတ်ရှုလေ့လာ၊ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို ဆင်ခြင်သုံးသပ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ကြုံဆုံလာမယ့် ကိစ္စရပ်တွေအတွက် အဖြေထုတ်ကြပါ။ ရှောင်ရမယ့် အချက်တွေကို သင်ခန်းစာယူပြီး ရှောင်ကြ၊ ဆောင်ရမယ့်အချက်တွေအတွက် နမူနာယူပြီး ဆောင် ကြပါလို့ ပြောလိုရင်းဖြစ်ပါတယ်။ သမိုင်းဆိုသည်မှာ ဖျောက်ဖျက် သင့်တဲ့အရာ မဟုတ်၊ ပြောင်းလဲသင့်တဲ့ အရာမဟုတ်ပါ။ သမိုင်း ကို လေ့လာတဲ့အခါမှာ ဖြစ်စေ၊ မှတ်တမ်းတင်သည့်အခါမှာ […]

အပြည့်အစုံဖတ်ရန်

ရသမီးအိမ်

September 8, 2015

မဂ္ဂဇင်းဖြန့်ပုံမှာ ကျွန်တော်တို့အယ်ဒီတာသုံးယောက် ထမင်းဝိုင်းမှသူများနှင့် အခြားဖတ်ချင်သူများ ဝိုင်းထိုင်လိုက်ကြ သည်။ အယ်ဒီတာအဖွဲ့ဝင်များက သူ့အလှည့်နှင့် သူ စာတည်းမီး အိမ်မှ အစ သတင်းမီးအိမ်အဆုံး အလွတ်ရွတ်ဆိုပြောပြသည်။

အပြည့်အစုံဖတ်ရန်

မိတ်ကောင်း ဆွေကောင်း စာတိုက်ပုံး

August 28, 2015

မေ-ဇွန် – ၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅)မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။ ညလယ်မိုး ရေးသည်။ (၁) ၁၉၇ဝ ကျော် ကာလတွေတုန်းကပေါ့။ ကျွန်တော့်အဖေက နယ်မှာ တာဝန်ကျနေခဲ့ပြီး ကျွန်တော် တို့မောင်နှမတွေက ရန်ကုန်မှာ အဘွားနဲ့ အတူနေရစ်ခဲ့ကြတယ်။ တစ်လတစ်ခါလောက် အဖေ့ဆီက စာလာတတ်တယ်။ အဖေ့ဆီ က စာလာရင် အဘွားက ကျွန်တော်တို့ကို ဖတ်ပြတတ်တယ်။ ကျွန်တော်တို့တွေက အဖေ့ကို ပြောချင်တာတွေ ရှိရင် စာတိုလေး တွေ ရေးထားပြီး မောင်နှမတွေ ရေးထားတဲ့ စာတိုလေးတွေကို အဘွားရဲ့စာနဲ့ ပေါင်းလို့ စာအိတ်တစ်အိတ်တည်း စုထည့်ပြီးရင် လမ်းထိပ်က  စာတိုက်ပုံးလေးထဲကို ကျွန်တော်ရယ်၊ အစ်မတစ် ယောက်ရယ်ဖြစ်ဖြစ်၊ ကျွန်တော့်ညီအလတ်နဲ့ အစ်မတစ်ယောက် ရယ်ဖြစ်ဖြစ်၊ အဘွားနဲ့ ကျွန်တော်တို့ မောင်နှမထဲက […]

အပြည့်အစုံဖတ်ရန်

ဖိနပ်တွေပြောသော ပုံပြင်ထဲက ပျောက်ဆုံးသွားသော ခုံဖိနပ်

August 22, 2015

ဇွန်လ-၂၀၁၄ ၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေထဲမှာ ဖိနပ်တွေ ပါဝင်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ပလတ် စတစ်ကောက်တဲ့ ကလေးငယ်တွေရဲ့ ခြေထောက်တွေက ကျွန် တော့်ယုံကြည်မှုကို ယိုင်နဲ့သွားစေတယ်။ ပလတ်စတစ်ကောက်တဲ့ ကလေးငယ်အချို့ ဖိနပ်မပါ ခြေဗလာနဲ့ နိစ္စဓူဝ သွားလာလုပ် ကိုင်နေကြတယ်။ အမှိုက်ပုံတကာ ခြေဗလာနဲ့ သွားလာနေကြတာ ဖြစ်ပြီး သူတို့လေးတွေကို ကြည့်ကာ လှံဖျား ပုစဉ်းနား ကျီးကန်း ချေးပါ ဆိုသလို ရင်မ နေရသူက ကျွန်တော်။           ဖိနပ်တွေရဲ့ သမိုင်းအစဟာ လူ့ယဉ်ကျေးမှုအစဖြစ်နိုင် တယ်။ တောပစ်၊ အမဲလိုက်တဲ့အခါ နယ်မြေသစ်တွေရှာလို့ စစ် ဖြစ်တဲ့အခါ ဖိနပ်တွေက အခြားချပ်ဝတ်တန်ဆာတွေလို မပါမဖြစ် ပါမှာပဲ။ […]

အပြည့်အစုံဖတ်ရန်

စစ်ပွဲတွေရပ်

August 13, 2015

၂၀၁၃ မတလြထုတြ၊မောကြှနြးမဂျဂဇငြး အမှတြ(၄)မှ အကဆြေး ဖှဈပါသညြ။ ဝငြးဇောလြတြ ရေးသညြ။ (က) ‘စဈပှဲတှမှော ပထမဆုံး ကဆွုံးသှားရတာကတော့ အမှနြ တရားပဲ”ဟူသည့ြ ဆိုစကားတဈခုရှိသညြ။ အမရေိကနလြူမွိုး လှှတတြောအြမတြ အိတခြွဂြွှနဆြငကြ ၁၉၁၇ တှငြ ပှောခဲ့ခှငြးဖှဈ သညြ။ တိုကခြိုကနြကှသေော အုပစြုနှဈခုအကှား ”သူမှား ငါ မှနြ” အငှငြးသနနြကှသေဖှင့ြ အမှနတြရားနှင့ြ တဖှညြးဖှညြး ဝေးသှားသောအဖှဈကို ဆိုလိုခှငြး ဖှဈဟနတြူပါသညြ။ အမှနြ တရားက ပထမဆုံးတိုကပြှဲကဆွုံးသူဖှဈသတဲ့။ စဈပှဲတိုငြးတှငြ ဘကနြှဈဖကစြလုံးက လကနြကမြွားဖှင့ြ လညြး အပှနအြလှနပြဈခတသြညြ။ စကားလုံးမွားဖှင့လြညြး တိုကခြိုကကြှသညမြှာ ဓမျမတာဖှဈပါသညြ။ ထို့ကှောင့ြ အမှနြ တရားသညြ စဈပှဲတှငြ ဦးစှာကဆွုံးသှားသူ ဖှဈရလသညြေ။ စဈ ကာလအတှငြး အပှနအြလှနြ ငှငြးခုံခှငြးမွား၊ ဝဖနေရြှုတခြမွှုမွား၊ စှပစြှဲအပှဈတငခြှငြးမွား၊ […]

အပြည့်အစုံဖတ်ရန်

ကျွန်တော်အဆောင်နေ ကျောင်းသား

July 29, 2015


အပြည့်အစုံဖတ်ရန်

ပင်လုံနောက်ကြောင်း

July 29, 2015

၂၀၁၃၊မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၄)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ တင်နိုင်တိုး ရေးသည်။ (မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်များတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး မြန်မာပြည်သူလူထုအတွက် အကျိုးပြုခဲ့သော်လည်းယနေ့ခေတ်တွင်လူအများစု၏အမေ့လျော့ခံဖြစ်နေသော အကြောင်းခြင်းရာများကို မော်ကွန်း မဂ္ဂဇင်းမှ ပြန်လည်ဖော်ထုတ်လိုသောဆန္ဒဖြင့်အမေ့ခံကဏ္ဍကို ထည့်သွင်း ဖော်ပြရခြင်းဖြစ်ပါသည်။အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ လူမျိုးစု၊ စာတစ်အုပ်၊ မြို့တစ်မြို့၊အဆောက်အအုံ၊ အယူအဆ၊ စနစ်တစ်ခု စသဖြင့် အကြောင်းအရာအမျိုးမျိုးဖြစ်နိုင်ပါသည်။) ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့်အတူ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားချိန်တွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးစနစ်က ပြန်လည်အသက်ဝင်လာသည်။ အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့တွင် ရုံးဖွင့်လှစ်ထားသည့် ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၆၊ အောက်တိုဘာ ၁၉၄၅ တွင် ကလီယိုပက်ထရာသင်္ဘောဖြင့် မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ဘုရင်ခံရောက်ရှိပြီးနောက်တစ်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ ဘုရင်ခံအား မြို့သူမြို့သားများက ကြိုဆိုပွဲကျင်းပခဲ့ကြသည်။ ယင်းကြိုဆိုပွဲ၌ ဘုရင်ခံက မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနောက် အောက်တိုဘာ (၁၈)ရက်နေ့တွင် ဘုရင်ခံ […]

အပြည့်အစုံဖတ်ရန်

တေလာမိတ်မှသည် ကလိုသင်း ဒီမိုကရေစီသို့

July 27, 2015

၂၀၁၃၊မေလထုတ်၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၁၃) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ကျွန်တော်တို့ ငယ်စဉ်က အင်္ကျီ၊ လုံချည်အသစ်ဝတ်ချင်ရင် စက်ဆိုင်ကို ပြေးကြရတယ်။ စက်ဆရာက ပေကြိုးကို ပခုံးပေါ် လွှားတင်ထားပြီး ခန္ဓာကိုယ် အချိုးအစားတွေကို တိုင်းထွာတယ်။ပြီးမှ သူ့ရဲ့လယ်ဂျာစာအုပ်ကြီးထဲ ရေးမှတ်တော့တယ်။ အင်္ကျီ အသစ်၊ လုံချည်အသစ်ဝတ်ရဖို့ စက်ဆရာကို မျက်နှာချိုသွေးကြ ရချိန် ဆိုပါတော့။ အခုတော့ အဲဒီလောက် ကရိကထ မများတော့ ဘူး။ အင်္ကျီအသစ် ဝတ်ချင်ရင် စတိုးဆိုင်တွေ၊ ရှော့ပင်းမောလ် တွေ၊ စူပါမားကက်တွေတင်မကဘူး၊ ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာ တင် ဝယ်ဝတ်လို့ရလာပါပကော။ ဘုရားပွဲ၊ ကျောင်းပွဲရှိရင်၊ အလှူ၊ မင်္ဂလာဆောင်ရှိရင် စက်ချုပ်ဆိုင်ကို သွားနေကျ။ ရယ်ဒီမိတ်တွေကလည်း ပေါပေါ လောလော မရှိသေးဘူး။ ကောင်စီဥက္ကဋ္ဌလည်း စက်ဆိုင်ကို […]

အပြည့်အစုံဖတ်ရန်

တစ်ပိုင်းတစ်စ နဂ္ဂတစ်များ

July 25, 2015


အပြည့်အစုံဖတ်ရန်

အသုံးနည်းလာတဲ့ ကျောက်သင်ပုန်း

July 24, 2015

၂၀၁၂၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။ ဝင်းဇော်လတ် ရေးသည်။ မြို့ကြီးပြကြီးရဲ့ခေတ်မီမှုနဲ့ အသစ်ဖြစ်ထွန်းလာတဲ့ အသုံး အဆောင်တွေကြားမှာ အမေ့ခံလိုက်ရတဲ့ ပစ္စည်းတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ထူးထူးခြားခြားအနေနဲ့ပြောစရာက ကျောက် သင်ပုန်းဖြစ်ပါတယ်။ ကျောက်သင်ပုန်းဆိုတာ ကျွန်တော်တို့ ငယ်ဘဝတွေနဲ့ စိမ်းလှတဲ့အရာတစ်ခု မဟုတ်ခဲ့ပါဘူး။ မစိမ်းရုံတင်မက ကျွန် တော်တို့အားလုံး ငယ်စဉ်ပညာသင်ယူစ စာလုံးလေးတွေ ရေး တတ်လာအောင် ဝလုံးကစ အရေးကျင့်ခဲ့ရတဲ့နေရာမှာ သုံးခဲ့ရ တဲ့ မရှိမဖြစ် ပစ္စည်းတစ်ခုတောင် ဖြစ်ခဲ့ပါသေးတယ်။ ပထမဆုံး ကလေးတစ်ယောက်ကို စာသင်ကျောင်းပို့တော့ မယ်လို့ ဆုံးဖြတ်လိုက်တဲ့မိဘတွေဟာ သူတို့သားသမီးအတွက် လိုအပ်ချက်တွေ စဉ်းစားတဲ့အခါ ပထမဆုံးက ကျောက်သင်ပုန်း ပါပဲ။ ပြီးမှ ကျောက်သင်ပုန်းပေါ်မှာစာရေးဖို့ တွဲဖက်ထားတဲ့ ပစ္စည်းက မရှိမဖြစ်ကျောက်တံပေါ့။ ဒီကနေ့ အရွယ်ရောက်လာတဲ့ သူတွေအားလုံးကတော့ […]

အပြည့်အစုံဖတ်ရန်

တိပ်ခွေများရဲ့ ရာဇဝင်

July 21, 2015

၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အမေခံဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ ကက်ဆက်တိပ်ခွေတစ်ခွေကလူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့အားကောင်းမောင်းသန်မောင်းနှင်နေတဲ့စနစ်ကြီးကိုလက်ဖဝါးကနေလက်ဖမိုးလှန်လိုက်သလိုမျိုး ပြောင်းပြန်လှန်နိုင်တဲ့အစွမ်းရှိတယ်ဆိုရင်ခင်ဗျား မအံ့သြပါနဲ့။ အဲဒီလိုအဖြစ်အပျက်ဟာ အာဖရိကတိုက်တို့၊ တောင်အမေရိကတိုက်တို့၊ အရှေ့ဥရောပတို့မှာဖြစ်ခဲ့တာမဟုတ်ဘူးရ။ ရဝမ်ဒါတို့၊ဆူဒန်တို့၊ဆီးရီးယားတို့မှာဖြစ်ခဲ့တာလည်း မဟုတ်ပါဘူး။ အာရှတိုက်ရဲ့တစ်နေရာမှာဖြစ်ခဲ့တာပါ။ဒီထက်တိတိကျကျရည်ညွှန်းရမယ်ဆိုရင်အရှေ့တောင်အာရှထဲက ခင်ဗျားတို့၊ ကျွန်တော်တို့နေတဲ့ရွှေပြည်ကြီးမှာဖြစ်ခဲ့တာပေါ့။ဟုတ်ပါတယ်။ရန်ကုန်မြို့၊အင်းစိန်မြို့နယ်ကြို့ကုန်းရပ်ကွက်မှာရှိတဲ့လက်ဖက်ရည်ဆိုင်ရဲ့ကက်ဆက်အတွင်းကတိပ်ခွေလေးကမြန်မာ့လူ့အဖွဲ့အစည်းကိုပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကက်ဆက်တိပ်ခွေတွေဟာကျွန်တော်တို့လူ့အဖွဲ့အစည်းမှာအခိုင်အမာနေရာယူခဲ့ဖူးတယ်။ရဟန်းသံဃာတော်များရဲ့တရားခွေတွေ၊စင်တင်ပြဇာတ်ဇာတ်လမ်းခွေတွေ၊သီချင်းခွေတွေဟောပြောပွဲခွေ၊လက်ရွေးစင်သီချင်းခွေတွေ၊သင်ရိုးညွှန်းတမ်းခွေတွေစတဲ့နယ်ပယ်အသီးသီးအတွက်ကက်ဆက်တိပ်ခွေတွေအသုံးတော်ခံခဲ့ကြတယ်။ကက်ဆက်တိပ်ခွေတွေကိုကျွန်တော်စပြီးနားထောင်တော့စတီရီယိုခေတ်ဦးသီချင်းတွေလို့မှတ်မိနေတယ်။တက္ကသိုလ်အေးမောင်၊ဗစ်တာခင်ညို၊အယ်လ်ပီဂျေသိန်းတန်၊ပလေးဘွိုင်းသန်းနိုင်တို့ရဲ့သီချင်းတွေ၊တစ်ခါတလေစိုးပိုင်ရဲ့အိန္ဒိယတေးသွားသီချင်းတွေ၊အဲဒီတုန်းကကက်ဆက်ကိုကိုယ်တိုင်ဖွင့်ပြီးနားထောင်ခဲ့ရတာတော့မဟုတ်ဘူး။ဦးလေးတွေ၊အစ်ကိုတွေဖွင့်တဲ့သီချင်းတွေကိုနားထောင်ခဲ့ရတာပါ။ အထူးသဖြင့်ဦးလေးကဗစ်တာခင်ညိုရဲ့တေးသီချင်းတွေသိပ်ကြိုက်တာလေ။ဗစ်တာခင်ညိုရဲ့’ နွေ’သီချင်းဆိုရင်ဦးလေးကအ ပီအပြင်ဟဲတော့တာကလား။ နွေရောက်ပြီလေxxxရိုးတံကျဲကျဲxxxစာဆိုတို့မှိုင်ငေးကြတယ်xxxဘယ်ဆေးရေးလို့xxxလိုက်မမီတယ်xxxခြယ်သမကုန်နိုင်တယ်xxxသြော်xxxလွမ်းစရာ့နွေပန်းချီကားxxတိမ်ညိုတိမ်ပြာxxxဆေးရေးခြယ်ထားxxတိမ်သားမီးခိုးxxလွင့်မျောမဆုံးတယ်xxxနွေရယ်ကောင်းကင်xxxကြည်လင်စွာxxxလှပနေတယ်xxxအဲဒီသီချင်းဆိုရင်မူရင်းအဆိုရှင်ဗစ်တာခင်ညိုဆိုတာထက်ဦးလေးဆိုတာမကြာခဏကြားပြီး နားယဉ်သွားတာလေ။ဦးလေးတို့ခေတ်ကဆိုကြမယ်ပျော်ကြမယ်၊ဆိုလိုက်ကြစို့၊ အိပ်မက်ဆုံရာ၊ ဂီတတံခါးလေးဖွင့်ပါဦး၊ မယ်လိုဒီဝေါလ်တို့ မရှိလို့သာပေါ့။ နို့မို့ဆိုအဲဒီအစီအစဉ်တွေထဲကတစ်ခုခုမှာဦးလေးကိုတွေ့ကောင်းတွေ့နိုင်တယ်။ အစ်ကိုတစ်ယောက်ကတော့ကံ့ကော်တောမျိုးအောင်ခရေစီ၊ကံ့ကော်တောမျိုးအောင်ရဲ့နာမည်ကျော်အေးမိစံသီချင်းကိုအချိန်ပြည့်ဆိုနေတတ်တယ်။ သူကြိတ်ပုန်းခုတ်နေတဲ့အစ်မကြီးရဲ့နာမည်ကလည်ေးအးမိစံပဲလေ။ကျွန်တော်တို့ခေတ်မှာတော့ ကိုင်ဇာ၊တူးတူး၊ခင်မောင်ထူး၊လွှမ်းမိုးတို့ရဲ့ခေတ်ဖြစ်လာပြီ။တူးတူးကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအဆိုတော်။စက်မှုတက္ကသိုလ်ကျောင်းသား အဆိုတော်ဖြစ်တဲ့ တူးတူးဟာအဲဒီခေတ်ကစ တိတ်ရှိုးတွေမှာပွဲသိမ်းမင်းသားတစ်ယောက်ပေါ့။ ကက်ဆက်တိပ်ခွေတွေထဲကဇာတ်လမ်းခွေတွေကလည်းထုနဲ့ထည်နဲ့ဈေးကွက်အခိုင်အမာရှိခဲ့ဖူးတယ်။ ကာဗာကတ်တွေကို ပန်းချီသရုပ်ဖော်တွေ၊မင်းသား၊မင်းသမီးတွေရဲ့ဓာတ်ပုံတွေနဲ့လုပ်လေ့ရှိတာမှတ်မိနေတယ်။ဇာတ်လမ်းခွေတွေကလည်းအစုံပါပဲ။ဗုဒ္ဓဝင်ရာဇဝင်တွေလည်းပါတယ်။စင်တင်ပြဇာတ်တွေလည်းပါတယ်။ဓာတ်ပြားခေတ်ကထင်ရှားတဲ့ဇာတ်လမ်းတွေလည်း ပါတယ်။ ကက်ဆက်တိပ်ခွေဇာတ်လမ်းခေတ်မှာထင်ရှားတဲ့အသံမင်းသားတွေကထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ဘီအီးဒီအောင်သိုက်တို့ဖြစ်ကြတယ်။ အညာဒေသတွေမှာတွံတေးသိန်းတန်ကပွဲတိုင်းကျော်ဇာတ်လိုက်ကြီး၊အမျိုးသမီအး သံသရုပ်ဆောင်တွေကတင်တင်နွဲ့၊ တင်တင်မြ၊ ချစ်စံပယ်၊ ခေတ္တရာတမာချို၊ ပဲခူးမြတို့ကနာမည်ကျော်တွေပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်လမ်းကတော့ဗိုလ်အောင်ဒင်ပဲ။ကောလိပ်ဂျင်နေဝင်းရဲ့အသံသရုပ်ဆောင်မှုတွေကပီပြင်လွန်းတယ်။နောက်ခံတေးဂီတတွေကလည်းဖမ်းစားနိုင်လွန်းတယ်။ကက်ဆက်ဇာတ်လမ်းဖွင့်ချိန်ဆိုနားထောင်နေကြသူအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လို့၊အပ်ကျသံမဟုတ်တောင်ငါးမတ်သံကျတာလောက်တော့ကောင်းကောင်းကြားနိုင်တယ်။ရာဇဝတ်အုပ်လုပ်တဲ့ပုလိပ်ဦးဘချစ်နဲ့မမြဝင်းတို့တော့ဘယ်သူတွေအသံနဲ့သရုပ်ဆောင်လဲမမှတ်မိတော့ဘူး။ဒါပေမဲ့အသံသရုပ်ဆောင်ချက်ကပီပြင်လွန်းတော့ကိုယ့်ရှေ့မှာမျက်ဝါးထင်ထင်သရုပ်ဆောင်နေကြသလို မြင်ယောင်လာစေတယ်။ ဗိုလ်အောင်ဒင်နဲ့ရာမတို့ တွေ့ကြတဲ့အခန်းဆို ကောင်းလွန်းလို့အခုအထိမှတ်မိနေတယ်။ […]

အပြည့်အစုံဖတ်ရန်

နွေဦးမှာ ကျက်သရေကျန်ခဲ့တယ်။

July 18, 2015

၂၀၁၄၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ နွေရာသီရောက်လာတိုင်း ရေချမ်းစင်လေးတွေ တည်ပြီး ကုသိုလ်ယူတဲ့ မြန်မာတို့ရဲ့ ချစ်စရာဓလေ့ဟာ ယခုအခါ ကွယ် ပျောက်စပြုလာတယ်။ သက်တော်ရှည် ဝေနေယျသုခရေချမ်းစင် အသင်းကြီးကသူတတ်နိုင်တဲ့ အားနဲ့ တန်ခိုးကြီးဘုရားပုထိုးတွေ နဲ့ လူစည်ကားရာနေရာအချို့မှာ ရေလှူဒါန်းမှုမျိုး ရှိနေသေးပေမယ့် တစ်သီးပုဂ္ဂလအလှူရှင်တွေကတော့ တဖြည်းဖြည်း လျော့ နည်းလာနေပါပြီ။ အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာ ရေချမ်းစင် လေးတွေ တည်တဲ့ဓလေ့က စားအိုးကြီးတဲ့ မီးဖိုချောင်က ဆား အိုးလိုပဲ တဖြည်းဖြည်းလျော့သထက် လျော့လာတယ်။ ကျေးလက်ဒေသတွေမှာတော့ ရေချမ်းစင်တည်တဲ့ ဓလေ့က ရှိနေသေးတယ်။ မတိမ်ကောသေးဘူး။ ရွာထိပ်က ဇရပ်မှာ၊အရိပ်ကောင်းတဲ့ မကျည်းပင်အောက်မှာ၊ ရွာလယ်က အိမ်ရှေ့မှာရေချမ်းစင်လေးတွေ ရှိနေတုန်းပဲ။ တစ်နှစ်က ပုဂံညောင်ဦးနဲ့ချောက်ရေနံမြေဘက်ရောက်တော့ ရေချမ်းစင်လေးတွေကို တွေ့ရတယ်။ အညာနေပူပူအောက်မှာ […]

အပြည့်အစုံဖတ်ရန်
1 … 7 8 9 10 11 12

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."