အက်ဆေးများ

၂၁ ရာစု ကမာၻဦးလူသား

July 6, 2016

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ အက်ဆေးဆောင်းပါး ဖြစ်ပါသည်။ ထွန်းဝင်းငြိမ်း ရေးသည်။ (တစ်)  ‘ နော့နော့’ဆိုသည်မှာ လူတစ်ယောက်အမည် ဖြစ်သည်။ အတော်များများက သူ့ကို ‘နောက်နောက်’ဟုသာ ခေါ်ကြသည်။ ဆင်များကို ခိုင်းစေသော ဘာသာစကား ‘   နော့နော့ ‘ဟူသောစကားလုံးကိုသာ သူက နားလည်၍ သူ့ကို ‘   နော့နော့ ‘ သို့မဟုတ် ‘နောက်နောက်’ဟု ခေါ်ကြခြင်းလည်းဖြစ်သည်။ ‘အောင်းအောင်း’ဟု ပြောလျှင်လည်း ‘နောက်နောက်’က နားလည်သည်။ ထိုသို့ပြောသူအနားသို့ သွား၍ ထိုင်သည်။ ဆင်ထိန်းများပြောသော ဝေါဟာရ အတော်များများနှင့် ဆက်ဆံမှ သူနဲ့က အဆင် ပြေသည်။ သို့မဟုတ်လျှင် ဗမာလိုလည်း မတတ်။ ကရင်လိုလည်း မသိ။ ရှမ်းလိုလည်း […]

အပြည့်အစုံဖတ်ရန်

ကံကြမ္မာကို ယုံခဲ့ကြသူများ

June 9, 2016

 ၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ မိတ်ဆွေ၊ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာတွေ ကို ယုံကြည်ပါသလား။ ကျွန်တော်တို့ လူအဖွဲ့အစည်း က ကံ ကံ၏အကျိုးကို ယုံကြည်သူတွေ စုဝေးနေ ထိုင်ရာ လူမှုအဝန်းအဝိုင်းဖြစ်တယ်။ကံနဲ့ပတ် သက်တဲ့ တေးသီချင်းတွေ၊ ကဗျာတွေ၊ ပုံတိုပတ်စ တွေ၊ စကားပုံတွေ အများကြီးရှိတယ်။ ကံ ကံ၏အကျိုးကို ယုံကြည်သူတွေ စုဝေးနေထိုင်တဲ့ လူ့ အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်က ခြွင်းချက် မဟုတ်ပါဘူး။ ကံကို ယုံကြည်သူတွေထဲမှာ ကျွန်တော်လည်း ပါတာပေါ့။ ကံကို ယုံကြည်စွာနဲ့ပဲ လစဉ်နီးပါး အောင်ဘာလေထီထိုး ဖြစ်တယ်။ ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက ထီ တွေထိုးလာလိုက်တာ အသက်လေးဆယ်ဝန်းကျင်ရောက်တဲ့ အထိ […]

အပြည့်အစုံဖတ်ရန်

ပန်းရိုင်းဥယျာဉ် ၌ တစ်နေ့တာ အပိုင်း(၂)

May 19, 2016

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ မီးဖိုချောင်တာဝန်ကျ ဆရာမသည် စိတ်ရှည်လှသည်။ သည်တစ်ကြိမ် သူကိုယ်တိုင် မရေတော့ဘဲ ခေါင်းဆောင်ဖြစ်သူကို ထပ်၍ ရေတွက်ခိုင်းသည်။ ရေနေရင်းကပင် ဂဏန်းမှားရွတ်မိ သဖြင့် အားလုံးဝိုင်း၍ ရယ်ကြကာ နောက်ဆုံးတစ်ကြိမ်  ရေကြ ပြန်လေသည်။ ဘဲဥတစ်လုံး လျော့နေသည့်အတွက် မည်သို့ အပြစ်ပေး မည်ကို မသိသော်လည်း သူတို့မျက်နှာအမူအရာကလေးများ နှင့် ဂဏန်းရေတွက်သံတို့ကို မြင်ရ၊ ကြားရပြီး ဘေးမှရပ်ကြည့်နေသူ ကျွန်မ၏ရင်ထဲဝယ် တထိတ်ထိတ်ဖြစ်နေမိသည်။ စိတ်ထဲမှ လည်း ”ပြည့်ပါစေ၊ ပြည့်ပါစေ”ဟု ဆုတောင်းနေမိသည်။ ကျွန်မ ဆုတောင်းပြည့်ပါသည်။ နောက်ဆုံးအကြိမ်တွင် ဘဲဥအရေအတွက်ပြည့်သွားသဖြင့် ကလေးများ၏သက်ပြင်းချသံ၊ ဆရာမနှင့်အတူ ရယ်မောသံတို့ ကို ကြားလိုက်ရသည်။ […]

အပြည့်အစုံဖတ်ရန်

ပန်းရိုင်းဥယျာဉ် ၌ တစ်နေ့တာ အပိုင်း(၁)

May 19, 2016

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ မတ်လ လဆန်းပိုင်းက ရန်ကုန်မြို့အပြင်ဘက်သို့ ခရီးထွက်ဖြစ်သည်။ တကယ်တော့ ရန်ကုန်မြို့ အပြင်ဘက်ဟုဆို၍ရရုံသာဝေးသည့် ရွာကလေး တစ်ရွာသို့ဖြစ်သည်။ ထိုရွာမှာ ရန်ကုန်တိုင်းဒေသ ကြီး၊ ကော့မှူးမြို့နယ်အတွင်းတည်ရှိသည့် ငှက် အော်စမ်းကျေးရွာဖြစ်သည်။ အရပ်အခေါ် ကလေးထောင်ဟု သုံးနှုန်းကြသည့် ‘ငှက် အော်စမ်း လူငယ်သင်တန်းကျောင်း’တည်ရှိရာ ထိုရွာကလေး သည် ရန်ကုန်မြို့မှ မိုင် ၃ဝ ကျော်ဝေးသည်။ ယခင်က မညီညာ သောမြေသားလမ်းဖြစ်သည့် ကော့မှူး-ငှက်အော်စမ်းလမ်းသည် ယခု ဖြောင့်ဖြောင့်ဖြူးဖြူးကွန်ကရစ် လမ်းမကြီး ဖြစ်နေပြီ။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းသို့ အကြိမ်ကြိမ်ရောက်ခဲ့ဖူးသည်။ ထိုသင်တန်းကျောင်း တွင် ဘဝမျိုးစုံ၊ ဇာတ်လမ်းမျိုးစုံကို ဖြတ်သန်းခဲ့ဖူးသည့် […]

အပြည့်အစုံဖတ်ရန်

ဒိုင်ယာရီ

May 18, 2016

  ၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ အက်ဆေးဆောင်းပါး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ မှတ်မှတ်ရရ ခြောက်တန်းနှစ်တွင် ကျွန်မ၏ဖေဖေက အစိမ်း နုရောင် ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ဝယ်ပေးသည်။ မှတ်စုရေးရသည်ကို ဝါသနာအလွန်ပါသော ဖေဖေသည် ပစ္စည်းအသစ်တစ်ခုခုဝယ်လျှင် ဝယ်သည့်နေ့ကိုဖြစ်စေ၊ အကြောင်းအရာတစ်ခုခုထူးခြားလျှင်ဖြစ်စေ သူ၏စာအုပ် လေးထဲ၌ တခုတ်တရ ရေးမှတ်လေ့ရှိသည်။ စာအုပ်ထဲ၌ သာမက အိမ်နံရံ ပျဉ်ထောင်များနှင့် ထုတ်တန်းများပေါ်တွင် လည်း ရေးမှတ်တတ်သေးသည်။ ကျွန်မတို့အိမ်၏ နံရံပေါ်တွင် ‘မီတာဘောက်စ်တပ်ဆင် သည့်နေ့’၊ ‘ရေမော်တာ တပ်ဆင်သည့်နေ့’၊ ‘အိမ်ခေါင်မိုး ဓနိမိုး သည့်နေ့’၊ ‘သမီးမင်္ဂလာဆောင်သည့်နေ့’၊ ‘ဆွမ်းလှည့်’အစရှိ သော မြေဖြူခဲနှင့် ရေးထားသည့် စာတိုလေးနှင့် နေ့စွဲလေးများကို တွေ့နိုင်မည်ဖြစ်သည်။ ထိုအရာများအားလုံးသည် ကျွန်မဖေဖေ ၏ […]

အပြည့်အစုံဖတ်ရန်

ပြန်လာခဲ့ပါ မေတ္တာတေးသံ

April 25, 2016

၂၀၁၆-မတ်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ အက်ဆေး ဆောင်းပါးဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ ရေကြည်ရာမြက်နုရာအရပ်၊ သင့်တော် လျောက်ပတ်တယ်လို့ ယူဆရတဲ့အရပ် မှာ အခြေချနေထိုင်ရင်း ကိုယ့်ဇာတိမြို့ သံတွဲကို မပြန်ဖြစ်သည့် နှစ်တွေ မကြာ ခဏ ရှိခဲ့ဖူးသည်။ ငယ်တုန်းရွယ်တုန်းမှာ တော့ အတွေ့အကြုံအသစ်တွေ ရှာဖွေ ရင်း၊ အသိပညာအသစ်တွေ ဆည်းပူးရင်း ဇာတိမြို့ကို မေ့ဖျောက်ထားခဲ့ရဖူးသည်။ သို့သော် အသက်အရွယ်ကလေး ရလာသည်နှင့်အမျှ ဇာတိမြို့သည် လွမ်းစရာဖြစ်လာ၏။ မကြာခဏ ပြန်ချင်မိလာ၏။ ငယ်စဉ်ကလေးဘဝက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်ဒေသတည်းသား ငယ်သူငယ်ချင်းများ၏ မျက်နှာတို့ကို မြင် ယောင်လာမိသည်။ ဒေသထွက်အစားအစာလေးများကို လွမ်း သည်။ မွေးရပ်မြေကို ခြေချချင်သည်။ မွေးရပ်မြေ၏ လေကို ရှူရှိုက်ချင်သည်။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါခဲ့သည့် […]

အပြည့်အစုံဖတ်ရန်

မပျောက်သေးသည့် ဒဏ်ရာ

March 9, 2016

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ အက်ဆေးဖြစ်ပါသည်။ ဝေလင်း ရေးသည်။ လွန်ခဲ့သော အနှစ် ၂ဝ က စာသင်ပေးခဲ့ဖူးသည့် ဆရာတစ်ယောက်နှင့် ရန်ကုန်မြို့လယ်တွင် သုံး ကြိမ်ခန့်ဆုံဖူးသည်။ ခြောက်တန်းကျောင်းသား ဘဝက အင်္ဂလိပ်စာသင်ပေးခဲ့ဖူးသော ဆရာဖြစ် ၏။ သို့သော် ဆရာ့ကို ကျွန်တော် နှုတ်မဆက်ဖြစ်။ နှုတ်လည်း မဆက်ချင်။ ဆရာ့ကိုတွေ့လျှင် ကျွန်တော့် သူငယ်ချင်းအေးလွင်ကိုလည်း သတိရမိ၏။ တစ်ရက်က ဧမာနွေလ ခရစ်ယာန်ဘုရား ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် အမျိုးသမီးနှင့်အတူ မနက်စာစားပြီး ဆိုင်က ပြန်အထွက် ဆရာ့ကို ထပ်၍ တွေ့လိုက်သေးသည်။ ဆရာသည် ဆိုင်ထဲတွင် ထိုင်နေရင်း မဟာဗန္ဓုလပန်းခြံဘက် သို့ ငေးကြည့်ကာနေသည်။ စားပွဲတွင် သူတစ်ယောက်တည်းဖြစ်၏။ လက်ဖက်ရည်တစ်ခွက်ကို ရှေ့တွင် ချထားသည်။ […]

အပြည့်အစုံဖတ်ရန်

နံရံမှာ ချိတ်ဆွဲထားတဲ့ မျှော်လင့်ချက်များ

March 8, 2016

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၂)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီဆိုရင် ကျွန်တော် တို့အားလုံး မဖြစ်မနေလုပ်ကြရတဲ့ အလုပ်တစ် ခုရှိတယ်။ ဆင်စွယ်နန်းထက်မှာ စံမြန်းကြသူတွေ လည်း အဲဒီအလုပ်ကို လုပ်ကြသလို တဲအိုပျက်မှာ နေသူတွေလည်း အဲဒီအလုပ်ကို မမေ့မလျော့ လုပ်ကြတယ်။ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ နေအိမ်ရုံးခန်း တွေမှာ သူရှိနေတတ်သလို ကျေးလက်က မူလ တန်းကျောင်းကလေးရဲ့ ရုံးခန်းထဲမှာလည်း သူ့ကို ကျွန်တော်တို့ တွေ့နိုင်တယ်။ မင်းစိုးရာဇာတွေရဲ့ အလုပ်စားပွဲပေါ်မှာရှိတဲ့အခါရှိပြီး မီးခိုးတလူလူ ထွက်နေတဲ့ လယ်စောင့်တဲလေးထဲမှာလည်း သူ ရောက်ချင် ရောက်နေတတ်တယ်။ အဲဒါကတော့ ပြက္ခဒိန်ပါပဲ။ ပြက္ခဒိန်တွေက ကျွန်တော်တို့ ရဲ့ လူမှုဘဝမှာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးတာ အမှန်ပဲ။ ပြက္ခဒိန်မရှိတဲ့ အိမ်၊ […]

အပြည့်အစုံဖတ်ရန်

သူဌေးဘုရားရင်ပြင်မှာ ဝေခဲ့တဲ့ နှင်းတွေ

February 2, 2016

 Photo: Than Naing U ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ အမရပူရ(တောင်မြို့) မှာရှိတဲ့ သူဌေးဘုရားက လူသိနည်းတဲ့ စေတီတစ်ဆူဖြစ်တယ်။ ပြည်တွင်းပြည်ပ ဘုရားဖူးတွေလည်း ကြိတ်ကြိတ်တိုးစည်ကားမနေဘူး။ အုပ်ချုပ်ရေးပိုင်းက အရာရှိ ကြီးငယ်တွေ လာရောက်ဖူးမြော်တာလည်း မရှိဘူး။ တောင်မြို့သူ တောင်မြို့သားအချို့သည်ပင် ရေရေရာရာ မသိတဲ့သူတွေရှိတယ်။ တကယ်တော့ သူဌေးဘုရားက ကမ္ဘာကျော်သမိုင်းဝင်နေရာတွေ ရဲ့ အလယ်ဗဟိုမှာ ရှိတယ်လို့ ပြောနိုင်တယ်။ သူဌေးဘုရားရဲ့မြောက်ဘက်မှာ ကမ္ဘာကျော် သံဃတက္ကသိုလ် ကြီးဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိတယ်။ မန္တလေးကို လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တခုတ်တရ လာရောက်လေ့ လာကြရတဲ့ ဘုန်းတော်ကြီးကျောင်းတိုက်ကြီးဖြစ်တယ်။ သူဌေး ဘုရားရဲ့ အရှေ့ဘက်မှာ ကျွန်းသစ်တိုင်တွေနဲ့ တည်ဆောက်ထား တဲ့ […]

အပြည့်အစုံဖတ်ရန်

ထိန်းသိမ်းသင့်တဲ့ ကျေးလက် ယဉ်ကျေးမှု

December 15, 2015

နှောင်းလူတို့အတွက် လက်ဆင့်ကမ်းထားရန်လိုအပ်မည့် လူ့အဖွဲ့ အစည်းကိုအကျိုးပြုသော တချို့ဓလေ့စရိုက်တို့ရှိနေသလို အကျိုးမရှိ၊ အချည်းအနှီးသာ ဖြစ်သည်များလည်း ရှိနေတတ်ကြသည်။ ကျွန်တော် ငယ်စဉ်က တွေ့ကြုံဖြတ်သန်းခဲ့ရသည့် ကျေးလက်တောရွာ၏ အစဉ်အလာ အလေ့အထလေးတစ်ခုသည်ကား ယနေ့တိုင် စိတ်အစဉ်တွင် စွဲထင်၍ ရှိနေဆဲသာဖြစ်သည်။

အပြည့်အစုံဖတ်ရန်

ခုနစ်သံချီ ညချမ်းလွမ်းချင်း

December 14, 2015

ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀) မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ သီတင်းကျွတ်လဆန်းပါပြီဆိုကတည်းက ဘုရားပွဲရာသီအတွက် ပွဲဈေးသည်တွေက ပြင်ဆင်ကြပြီ။ အခုခေတ်ဘုရားပွဲတွေက ကျွန်တော်တို့ငယ်ဘဝက ဘုရားပွဲတွေနဲ့ မတူတာကတော့ အမှန် ပဲ။ ဘုရားပွဲရဲ့ အခင်းအကျင်းပုံသဏ္ဌာန် ပြောင်းသွားတယ်။  ဘုရား ပွဲဈေးမှာ ရောင်းတဲ့ ပွဲဈေးမုန့်တွေရဲ့ အရသာနဲ့ ဈေးနှုန်းပြောင်း သွားတယ်။ သဘင်သည်တွေရဲ့ အနုသုခုမရေစီးကြောင်း  ပြောင်း သွားတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ ဘုရားပွဲပေါ်မှာ ထားတဲ့ အာရုံခံစားမှုက သိသိသာသာပြောင်းသွားတယ်။           ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေမှာ ရပ်ကွက်ဘုရားပွဲတွေက အတော်အရေးပါခဲ့တယ်။ ဘုရားပွဲတော်တွေက ဗုဒ္ဓဘာသာဝင် တွေရဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်ပေမယ့် ဘာသာခြား၊ လူမျိုးခြား သူငယ်ချင်းတွေပါ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးဖြစ်စေခဲ့ […]

အပြည့်အစုံဖတ်ရန်

လှေကားမီး

December 8, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ အက်ဆေး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ ရန်ကုန်မြို့၏ ညသန်းခေါင်ကျော်အချိန်။ ထိုညက မီးပြတ်သော ည မဟုတ်။ တစ်ရပ်ကွက်လုံး မီးထိန်ထိန် လင်းနေသည်။ သို့သော် ကန်ထရိုက်တိုက်တွင် နေသည့် ကျွန်မတို့ အိမ်ရှေ့ လှေကားမီး အပါအဝင် တိုက်၏ လှေကားခွင်တစ်လျှောက်လုံး မှောင်မည်း၍ နေသည်။ မှောင်မည်းရုံသာမက ကျဉ်းမြောင်းလှသည့် ထိုကန်ထရိုက်တိုက် လှေကားမှ တက်ချည်ဆင်းချည် ပြုနေကြသည့် အသံများကို ကျွန်မတို့ တိုက်ခန်းအတွင်းမှ အတိုင်းသား ကြားနေရသည်။ ပထမ စတင်ကြားရသည့် အသံက ခြေသံများ ဖြစ်သည်။ နောက်ပိုင်းတွင် လူတစ်စု၏ စကားပြောသံများကို ခပ်တိုးတိုး ကြားရသည်။ စကားသံများသည် တိုးရာမှ ကျယ်လာသည်။ ထိုအသံများသည် အိပ်ပျော်နေသော ကျွန်မကို […]

အပြည့်အစုံဖတ်ရန်
1 … 5 6 7 8 9 10 11 12

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."