နွေဦးမှာ ကျက်သရေကျန်ခဲ့တယ်။

နွေဦးမှာ ကျက်သရေကျန်ခဲ့တယ်။

၂၀၁၄၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။

နွေရာသီရောက်လာတိုင်း ရေချမ်းစင်လေးတွေ တည်ပြီး ကုသိုလ်ယူတဲ့ မြန်မာတို့ရဲ့ ချစ်စရာဓလေ့ဟာ ယခုအခါ ကွယ် ပျောက်စပြုလာတယ်။ သက်တော်ရှည် ဝေနေယျသုခရေချမ်းစင် အသင်းကြီးကသူတတ်နိုင်တဲ့ အားနဲ့ တန်ခိုးကြီးဘုရားပုထိုးတွေ နဲ့ လူစည်ကားရာနေရာအချို့မှာ ရေလှူဒါန်းမှုမျိုး ရှိနေသေးပေမယ့် တစ်သီးပုဂ္ဂလအလှူရှင်တွေကတော့ တဖြည်းဖြည်း လျော့ နည်းလာနေပါပြီ။ အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာ ရေချမ်းစင် လေးတွေ တည်တဲ့ဓလေ့က စားအိုးကြီးတဲ့ မီးဖိုချောင်က ဆား အိုးလိုပဲ တဖြည်းဖြည်းလျော့သထက် လျော့လာတယ်။
ကျေးလက်ဒေသတွေမှာတော့ ရေချမ်းစင်တည်တဲ့ ဓလေ့က ရှိနေသေးတယ်။ မတိမ်ကောသေးဘူး။ ရွာထိပ်က ဇရပ်မှာ၊အရိပ်ကောင်းတဲ့ မကျည်းပင်အောက်မှာ၊ ရွာလယ်က အိမ်ရှေ့မှာရေချမ်းစင်လေးတွေ ရှိနေတုန်းပဲ။ တစ်နှစ်က ပုဂံညောင်ဦးနဲ့ချောက်ရေနံမြေဘက်ရောက်တော့ ရေချမ်းစင်လေးတွေကို တွေ့ရတယ်။ အညာနေပူပူအောက်မှာ ရေငတ်လာသူတွေအတွက်စိုစိုပြည်ပြည်ရှိနေတဲ့ ရေချမ်းစင်လေးတွေကို ကြည့်ရတာသည်ပင် မသောက်မီက ရေငတ်ပြေနေသေးတော့။
တချို့ရေချမ်းစင်ဒကာတွေက စိတ်ကူးကောင်းတယ်။အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ရေချမ်းစင်တည်ထားတဲ့အပြင် ထိုင်ချင်ထိုင်၊ လဲလျောင်းချင် လဲလျောင်းလို့ရအောင် ကွပ်ပျစ်အနေတော်လေးတွေပါ လုပ်ပေးထားသေးတာကလား။ နေပူထဲကလာတဲ့ ခရီးသည်တွေအတွက် ရေလည်း သောက်လို့ရအောင်၊ နားနားနေနေလည်း နေလို့ရအောင် စီစဉ်ပေးထားတာလေ။ အလှူရှင်ရဲ့ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်တွေ၊ ဘာတွေလည်း ချိတ်မထားပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ရေချမ်းစင်လေးတစ်ခုကုသိုလ်ယူပြီး တည်ခဲ့ဖူးတယ်။ ကျွန်တော်တို့အိမ်ရှေ့က သရက်ပင်ကြီးမှာ နှစ်တစ်လက်မ (၂ လက်မ x ၁ လက်မ) သစ်သားတွေနဲ့သရက်ပင်ပင်စည်မှာ ကပ်ရိုက်ပြီး တည်တာလေ။ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကပေါ့။ မနက်လင်းတာနဲ့အိမ်ရှေ့တံမြက်စည်းလှည်းကျင်းပြီး ရေချမ်းစင်က ရေအိုးကိုဆေးကြောသန့်စင်၊ ရေကို လျှံကျတဲ့အထိ သံချောင်းပုံးနဲ့ ခပ်ဖြည့်၊ ဒန်ရေအိုးဖုံးနဲ့ ဒန်ရေခွက်လေးဆေးကြောဖုံးလိုက်တာနဲ့တင် ရေကုသိုလ်လုပ်ငန်းကို မနက်မိုးလင်းတာနဲ့ စတင်နိုင်ခဲ့တဲ့နေ့တွေပေါ့။ သောက်ရေခွက်ကို သံကြိုးနဲ့ လက်ထိပ်ခတ်စရာမလိုတဲ့ နှစ်တွေလို့ ပြောမယ်ဆိုပြောနိုင်တဲ့ ကာလတွေ၊ အဲဒီတုန်းက ပစ္စည်းရှားပါးပြတ်လပ်နေသည့်တိုင် လူတွေရဲ့ အကျင့်စာရိတ္တက ချွတ်ခြုံမကျသေးဘူး။
ဆိုရှယ်လစ်နေဝင်ချိန်ကာလများပေါ့။ဈေးကွက်စီးပွားရေးလည်း စရော ရေချမ်းစင်တော်တော်များများက ရေခွက်တွေ အကျဉ်းစံဘဝကို သံကြိုးတန်းလန်းနဲ့ နေ့ချင်းညချင်း ရောက်ကုန်ကြတယ်။ယုတ်စွအဆုံး ဘုရားကျောင်းကန်ဇရပ်က ရေချမ်းစင်သည်ပင် မလွတ်လပ်တော့။ သံကြိုးတန်းလန်းနဲ့ ဖြစ်သွားရတယ်။ ကျွန်တော်ကတော့ အဲဒီလိုသံကြိုးတန်းလန်းနဲ့ ရေခွက်တွေကို မြင်ရတိုင်း စိတ်မသက်မသာဖြစ်ရတယ်။ လူတွေရဲ့ စိတ်ဓာတ်ချွတ်ခြုံကျတာကပို သဘောမတွေ့တာလား၊ စားဝတ်နေရေး အခက်အခဲဖြေရှင်းပုံနည်း မမှန်တာကိုပဲ အလိုမကျတာလား ကိုယ့်ကိုယ်ကိုယ် ဝေခွဲမရဖြစ်ရတယ်။
ချစ်စရာကောင်းတဲ့ ရေချမ်းစင်ဓလေ့ ကွယ်ပျောက်နေတာဘာကြောင့်လဲ။ ဘယ်တုန်းက ကွယ်ပျောက်သွားရတာလဲ။ ဘယ်လို ကွယ်ပျောက်ကုန်တာလဲ။ သုတေသနအားသန်သူတွေ လုပ်ကြဖို့ ကောင်းတယ်။ရေသန့်ဘူးတွေက ငွေကျပ်နှစ်ရာလောက်နဲ့ လွယ်လင့်တကူ ဝယ်လို့ရလာလို့လား။ ကူးစက်ရောဂါလို ရောဂါဘယတွေထူပြောလာကြလို့လား။ သောက်သုံးတဲ့ ခရီးသွားတွေ နည်းသွားလို့လား။ စနစ်တကျသုတေသနလုပ်ပြီး စစ်တမ်းကောက်ယူနိုင်ရင် အဖြေထွက်လာမှာပဲ။
ဟိုးလွန်ခဲ့တဲ့နှစ်နှစ်ဆယ်ဝန်းကျင် ကျွန်တော် ရေချမ်းစင်တည်ခဲ့တုန်းကတော့ ကျွန်တော့်လိုပဲ အိမ်ရှေ့မှာ ရေချမ်းစင်တည်တဲ့သူတွေ ရှိသေးတယ်။ ကျွန်တော်သိတဲ့ စက်ချုပ်ဆိုင်မိသားစုဆိုရင် အုတ်ရေချမ်းစင်လေးဆောက်ပြီး အကျအနကုသိုလ်ယူထားတာ။ ရေအိုးအဖုံးကို လေးငါးမူးသစ်သားပြားလေးတွေ စပ်ပြီးလုပ်တယ်။ ရေခွက်ကိုတော့ စတီးခွက်နဲ့ ထားပေးတယ်။ (နောက်ပိုင်းမှာတော့ ပလတ်စတစ်ခွက် ပြောင်းလိုက်တယ်။) သူတို့မိသားစုက မနက်လင်းတာနဲ့ အရင်တစ်နေ့ကထည့်ထားတဲ့ ရေတွေကို သွန်ပြီး အသစ်လဲလှယ်ကြတယ်။ အိမ်ထောင်ဦးစီးကိုယ်တိုင် တံမြက်စည်းတစ်ချောင်းနဲ့ ရေအိုးစင်ဝန်းကျင်မှာ လှည်းကျင်းရှင်းလင်းတယ်။
နွေရာသီရောက်ရင် ဖုန်မထအောင် သောက်ရေအိုးထဲက ရေတွေနဲ့ လမ်းပေါ်ကို ဖျန်းသေးတာ။ ရေအိုးတွေကိုလည်း ရေတွေ ပြည့်လျှံနေအောင် ထည့်ကြတာလေ။ တစ်နေ့အမှုမဟုတ်ဘူး။ နွေ၊ မိုး၊ ဆောင်း ဆယ့်နှစ်ရာသီလုံး သောက်ရေအိုးတည်ပြီး ကုသိုလ်ယူတာ လုပ်ကြတယ်။ဟိုတစ်နေ့က သူတို့အိမ်ဘက် ခြေဦးလှည့်မိတော့ ရေချမ်းစင်တွေတည်ထားတာ တွေ့ရတုန်း။ အရင်လိုတော့ သောက်ရေအိုးနေရာမှာ ပြာသိုလ်အိုးလေးတွေ မဟုတ်တော့ဘူး။ နှစ်ဆယ်လီတာဝင်ရေသန့်ဘူးကြီးတွေ ဖြစ်ကုန်ကြပြီ။ ရေချမ်းစင်ရယ်လို့ သီးသန့်ဆောက်ထားတာ မဟုတ်တော့ဘဲ သစ်သားကုသိုလ်တိုင်လေးတွေပေါ်မှာ နှစ်ဆယ်လီတာဝင် ရေသန့်ဘူးတွေကို တင်ထားတာပါ။

အရင်ကတော့ အုတ်ရေအိုးစင်လေးနဲ့ ရေအိုးအောက်ခြေမှာသဲထူထူခင်းထားသေးတာ။ သဲတွေပေါ်မှာ စပါးလုံးလေးတွေကျဲထားသေးတာလေ။ ရေချမ်းစင်မှာ ရေသောက်ကြသူတွေကရေသောက်ပြီးလို့ ပိုလျှံတဲ့အခါ ခွက်ထဲက သောက်ရေလက်ကျန်တွေကို သဲတွေပေါ် ပက်ကြတယ်။ အဲဒီအခါ ကျဲထားတဲ့ စပါးလုံးလေးတွေက အစို့အညှောင့်လေးတွေ ပေါက်ပြီး စပါးပင်ငုတ်စိလေးတွေက မြသားကမ္ဗလာခင်းထားသလို ဖြစ်လာတယ်။ ခရီးသွားတွေအတွက်တော့ ရေချမ်းစင်ရဲ့ အေးမြစိမ်းလန်းမှုကို တွေ့ရပြီး ရင်ကို အေးမြစေသားဖြစ်ကြရတယ်။တွင်ခုံဆရာမိသားစုကလည်း ရေချမ်းဒကာအဖြစ် နှစ်စဉ်မပြတ်ခံယူကြသူတွေ ဖြစ်တယ်။
တွင်ခုံဆရာရဲ့ အိမ်ရှေ့မှာ ဗာဒံပင်တစ်ပင်ရှိတယ်။ လူတစ်ယောက်စာ မရှိတရှိ ပင်ပျိုတစ်ပင်ပေါ့။ ဗာဒံပင်ရဲ့ လူတစ်ရပ်စာလောက်အမြင့်မှာ ရေချမ်းစင်ကို တည် ထားတယ်။ မနက်မိုးလင်းလို့ အလုပ်ရုံဖွင့်တာနဲ့ အိမ်ရှေ့ကလမ်း ကို တံမြက်စည်းပြောင်နေအောင် လှည်းတယ်။ ဗာဒံပင်ဆိုတော့ အရွက်ကြွေတာ များတယ်။ တံမြက်စည်းလှည်းပြီးလို့ ဗာဒံရွက် လေး၊ ငါးရွက်ကြွေနေရင် အမှိုက်တောင်းထဲကို လက်နဲ့ ကောက် ထည့်လိုက်သေးတာ။ အမှိုက်လှည်းပြီးပြီဆိုတာနဲ့ ရေချမ်းစင်ရေ အိုးထဲက ညသိပ်ရေတွေကို ဆေးကြောသန့်စင်ပြီး လမ်းပေါ်ကို ဖျန်းသေးတာ။ ပြီးပြီဆိုမှ ရေတွင်းထဲက ရေကို ငင်ပြီး တွင်ခုံဆရာ ကိုယ်တိုင် သောက်ရေအိုးထဲကို ခပ်ထည့်တယ်။ တပည့်တပန်း တွေလည်း အယောက်သုံး၊ လေးဆယ်ရှိတော့ ရေချမ်းစင်က သောက်ရေအိုးကို အလျော့မခံဘူး။ မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညနေတစ်ကြိမ် ပြည့်အောင်ဖြည့်ခိုင်းတာ။ မနက်နေ မထွက်ခင် သောက်ရေအိုးကို တွင်ခုံဆရာကိုယ်တိုင် ဖြည့်ပေမယ့် နေ့လယ်နဲ့ ညနေပိုင်းတွေမှာတော့ တပည့်တွေက ရေဖြည့်ဖို့ အလှည့်ကျ တာဝန်ယူကြရတယ်။ အခုတော့ တွင်ခုံဆရာကြီးအိမ် ဘက်လည်း မရောက်တာကြာပြီ။ အရင်လို ရေချမ်းစင်တွေ တည် တုန်းလားဆိုတာတော့ မသေချာတော့ဘူး။
ကျွန်တော်ကိုယ်တိုင် ရေချမ်းစင်တည်တုန်းကတော့ ကျွန် တော့်ရေချမ်းစင်နဲ့ ပင်တိုင်ဖောက်သည်တွေကို နွေကျောင်းပိတ် ရက်တွေမှာ သတိထားကြည့်ဖူးတယ်။ အများအားဖြင့် ခေါင်းရွက် ဗျပ်ထိုးဈေးသည်တွေက အများစု၊ တို့ဟူးသုပ်သည်၊ ဖျာလိပ် ရောင်းသူက အစ စုံစီနဖာစလွယ်သိုင်းလွယ်ပြီး အရပ်တကာ လည်ရောင်းတဲ့သူတွေအလယ် ပဲပြုတ်သည်၊ ကန်စွန်းဥပြုတ် သည်အဆုံး ဝင်သောက်ကြတယ်။ ဈေးသည်တချို့က ကျေးဇူး တင်စကားဆိုကြပြီး တချို့ဈေးသည်တွေကတော့ သာဓုသုံးကြိမ် ဝမ်းမြောက်ဝမ်းသာခေါ်ဆိုကြတယ်။ အရပ်ထဲက ကလေးတစ် သိုက်ကလည်း ကျွန်တော့်ရေချမ်းစင်လေးရဲ့ ပင်တိုင်ပရိသတ်၊ ကျွန်တော်တို့အိမ်ရှေ့ကွက်လပ်က အရိပ်ကောင်းပြီး နေရာ အထိုက်အလျောက်ကျယ်တော့ ကလေးတွေအတွက် ကစား ကွင်းသဖွယ် ဖြစ်နေတာလေ။ အော်ကြ၊ ဟစ်ကြ၊ ငြင်းကြ၊ ခုန်ကြ နဲ့ ကစားပြီးရင် ရေချမ်းစင်က ရေကို သောက်ကြတာဆိုတော့ ကလေးတွေ သောက်ပြီးရင် ရေခွက်မှာ ဖုန်တွေ၊ သဲတွေ ကပ်နေ တတ်တာလည်း ရှိတယ်။ အဲဒီအခါ သောက်ရေခွက်တွေ၊ ရေအိုး ဖုံးတွေ ဆေးဖို့၊ ကြောဖို့ လုပ်ရပြန်ရော။ ကျောင်းပိတ်ရက်တွေမှာ သောက်ရေအိုးသုံးလုံးလောက် ကုန်အောင် ဖြည့်ရပေမယ့် ကျောင်းဖွင့်ရက်တွေမှာတော့ သောက်ရေတစ်ခါလောက် အပြည့်ဖြည့်ရင် ရပြီ။
ရေချမ်းစင်တည်တဲ့ ဓလေ့ ကျွန်တော်ကိုယ်တိုင် ဘယ်တုန်း က ပျက်ကွက်သလဲ စဉ်းစားကြည့်တော့ အဖြေက သဲသဲကွဲကွဲပေါ်မလာဘူး။ ကျောင်းပြီးကတည်းကလား၊ လုပ်ငန်းခွင်စဝင်တော့လည်း စဉ်းစားမရဘူး။သေချာတာကတော့ ရေချမ်းစင်မတည်ဖြစ်တာ ဆယ်စုနှစ်နဲ့ ချီ ကြာမြင့်နေပြီ။ အခုစာမူရေးနေချိန်အထိ ရေချမ်းစင်မတည်ဖြစ်သေးဘူး။ ဒီနှစ် နွေဦးရောက်ရင် ရေချမ်းစင်တစ်ခုလောက် တည်ဖို့ ဆုံးဖြတ်ထားတယ်။
အခါအားလျော်စွာ ခရီးတွေ သွားတဲ့အခါ ရေချမ်းစင်လေးတွေကို သတိထားကြည့်မိတယ်။ ရေချမ်းစင်ဒကာတွေရဲ့ သဒ္ဓါတရားကို သာဓုမခေါ်ဘဲ မနေနိုင်ဘူး။ မြို့ကြီးပြကြီးတွေမှာ ရေချမ်းစင်ဓလေ့ ကွယ်ပျောက်လုဖြစ်နေတယ်ဆိုပေမယ့် နယ်မြို့တွေနဲ့ ကျေးလက်ဒေသတွေမှာ ရေချမ်းစင်ဓလေ့ ရှင်သန်နေဆဲပဲဖြစ်တယ်။ လွယ်လင့်တကူ အသင့်သောက်သုံးနိုင်တဲ့ ရေသန့်ဘူးတွေ ကျေးလက်အထိ ခရီးဆန့်နေသည့်တိုင် ရေချမ်းစင်တွေတည်သူက တည်လို့ ခရီးသွားတွေကလည်း ခရီးတစ်ထောက်နားလို့ အမောပြေအပန်းဖြေသောက်လို့ ပေးဝေသူနဲ့ လက်ခံသူရဲ့ကြားက မမြင်ရတဲ့ကြိုးတွေနဲ့ ချည်နှောင်ထားကြတာ လွမ်းစရာပ။
တစ်နှစ်က ပုဂံခရီးမှာ ရေချမ်းစင်တွေကို အမြောက်အမြားတွေ့ခဲ့ရတယ်။ အုတ်ရေအိုးစင်၊ သစ်သားရေအိုးစင်တွေ တွေ့ခဲ့ရသလို သစ်ကြီးဝါးကြီး၊ ပင်စည်ကြီးတွေမှာ သစ်သားချောင်းနဲ့ကပ်ရိုက်ပြီး ရေချမ်းစင်တည်ထားတာတွေလည်း ရှိတယ်။ ရွာထိပ်က ဇရပ်မှာ သံပန်းရေအိုးစင်နဲ့ ကုသိုလ်ယူထားတဲ့ ရေချမ်းဒကာကိုလည်း တွေ့ခဲ့ရတယ်။ အညာနေပူပူအောက်မှာ ထင်းစည်းကြီး ခေါင်း မှာရွက်လို့အခါလည်သားလေး ခါးထစ်ခွင်ချီပြီးဗူးဘုရားလမ်းခွဲအနီး မကျည်းပင်က ရေချမ်းစင်မှာ အငမ်းမရသောက်နေတဲ့ သားသည်အမေတစ်ယောက်ကိုလည်း အဲဒီခရီးမှာ တွေ့ခဲ့ရတယ်။
ရန်ကုန်မြို့က ဝေနေယျသုခရေချမ်းစင်အသင်းကြီးကတော့ သက်တမ်းရာဂဏန်းရှိပြီး ဒီလို သက်တမ်းရာချီရှိတဲ့အသင်းမြန်မာပြည်မှာ များများမရှိဘူး။ လက်ချိုးရေလို့ ရတယ်။အထူးသဖြင့် အကွဲအပြဲများလှတဲ့ ရွှေပြည်ကြီးမှာ အကျိုးအမြတ်မယူဘဲ ဒီလို ပရဟိတအသင်းမျိုးရှိနေတာ ဂုဏ်ယူစရာပေါ့။စကားစပ်လို့ ပြောရရင် မ္တလေးမြို့က ပရိယတ္တိဆန်လှူအသင်းကြီးနဲ့ မလွန်ဆန်လှူအသင်းကြီးလည်း သက်တမ်းရာကျော်နေပြီ။ အဲဒီဆန်လှူအသင်းကြီးနှစ်သင်းရဲ့ သက်တမ်းတစ်လျှောက်ငွေရေးကြေးရေး အရှုပ်အထွေး၊ စာရင်းဇယား အရှုပ်အထွေး၊လူမှုရေးအရှုပ်အထွေးတွေ တစ်ခါမှ မပေါ်ဘူးခဲ့ဖူးလို့ သတင်းစာဆရာမကြီး လူထုဒေါ်အမာက မှတ်တမ်းတင်ခဲ့ဖူးတယ်။
ဘာသာရေးအဖွဲ့အစည်းတွေ၊ ပရဟိတလုပ်ငန်းတွေမှာ သက်တမ်းရာကျော်အထိမခံပေမယ် နိုင်ငံရေး၊ စီးပွားရေးစတ့ဲအဖွဲ့အစည်း တွေမှာတော့ အကွဲအပြဲ ဇာတ်လမ်းတွေက ရိုးအီနေပြီ။ မြန်မာတွေကကွဲသလားလို့ တစ်စုံတစ်ယောက်ကမေးလာရင် ဘာသာရေး၊ လူမှုရေးစတဲ့ အကျိုးအမြတ်မယူတဲ့ ပရဟိတအဖွဲ့တွေမှာတော့ ကွဲလေ့ကွဲထနည်းသဗျလို့ ထိန်းထိန်းသိမ်းသိမ်း ဖြေရမယ်ထင်တယ်။က္ဘာမှာ ရေချမ်းစင်တည်ပြီး ကုသိုလ်ယူတဲ့ ဓလေ့ရှိတဲ့နိုင်ငံများများစားစား မရှိလောက်ဘူး။
အဲဒီ ယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံပါတယ်။ ဒါပေမဲ့ အဲဒီယဉ်ကျေးမှု အခုတော့ ပါးလျားစပြုလာပြီ။ ရေချမ်းစင်ယဉ်ကျေးမှု ယုတ်လျော့သွားတဲ့ အကြောင်းရင်းပေါင်းများစွာ ရှိပါလိမ့်မယ်။ သေချာတာကတော့ မြို့ပြတွေမှာ အရင်ကလောက် ရေချမ်းစင်ယဉ်ကျေးမှုမထွန်းကားတော့ဘူး။
နယ်မြို့တွေမှာ ရှိနေတယ်ဆိုတာလည်း ကာလအပိုင်းအခြားတစ်ခုမျှသာ ဖြစ်ပါလိမ့်မယ်။ သူ့မှာလည်း အချိန်အကန့်အသတ်ရှိနေတယ်။ မြို့ ပြရဲ့ ယဉ်ကျေးမှုက တောနယ်တွေဆီရောက်ဖို့ အရင်လို ဆယ်စုနှစ်နဲ့ချီ ကြာစရာမလိုတော့ဘူး။ ဒီနေ့ရန်ကုန်၊ မန္တလေးမှာ စိုင်းစိုင်းခမ်းလှိုင် ဗီစီဒီခွေဖွင့်ရင် မနက်ဖြန်တောနယ်တွေမှာလည်း ဆန္ဒရှိရင် အဲဒီအခွေကို ဖွင့်လို့ရနေပြီ။
ကျန်ကောင်းကျန်ရာ ရေချမ်းစင်ဓလေ့ကို (အချိန်မီ) မှတ်တမ်းတင်နိုင်ခဲ့ရင် ငါတို့မြန်မာမှာတော့ ရေချမ်းစင်တည်ပြီး ကုသိုလ်ယူတဲ့ ဓလေ့ (ရေချမ်းစင်ယဉ်ကျေးမှု) ဒီလိုရှိခဲ့တယ်ဆိုတာ မှတ်တမ်းမှတ်ရာ တင်နိုင်တာပေါ့။ မှတ်တမ်းမှတ်ရာ မတင်နိုင်ခဲ့လို့ကွယ်ပျောက်ခဲ့ရတာတွေ နည်းရော့လား။
နိုင်ငံကျော်စာဆိုကြီး ဆရာဇော်ဂျီကတော့ မြန်မာတွေရဲ့ရေချမ်းစင်တည်တဲ့ ဓလေ့နဲ့ ပတ်သက်ပြီး ကံ့ကော်မြိုင်စာတမ်းဆိုတ့ ဲ စာအုပ်မှာ နွေဦးကျက်သရေအမည်နဲ့အက်ဆေးတစ်ပုဒ် ရေးခဲ့တယ်။ ဆရာဇော်ဂျီရဲ့အဆိုအရ လမ်းဘေးက ရေချမ်းစင်လေးတွေဟာ နွေဦးရဲ့ ကျက်သရေတွေပါပဲတဲ့။
ကျွန်တော်လည်း အခြေအနေပေးရင် ရေချမ်းစင်လေးတစ်ခုလောက် အိမ်ရှေ့မှာ တည်ထားချင်ပါသေးတယ်။ ပြာသိုအိုးလေးထဲကို ရေတွေ ထည့်ထားပြီး ခရီးသွားတွေ အမောပြေချင်တဲ့ ဆန္ဒကျွန်တော့်မှာ ရှိတယ်။ အိမ်ရှေ့မှာ မနက်စောစောထပြီး တံမြက်စည်းလှည်းမယ်၊ ရေချမ်းစင်က သောက်ရေအိုးကို ရေဖြည့်မယ်၊မေတ္တာသုတ်တွေရွတ်မယ်၊ ကြည်လင်လန်းဆန်းတဲ့စိတ်နဲ့နေ့သစ်တွေကိုကြိုမယ်၊ မိတ်ဆွေတို့လည်း ကျွန်တော့်လိုအတွေးမျိုး ရှိမှာပဲ။ လာမယ့် နွေဦးရာသီမှာ အကောင်အထည်ဖော်ကြရအောင်လား။
[ပြီးပါပြီ။]

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."