အက်ဆေးများ

ငြိမ်းချမ်းရေးအတွက် ခါးသီးတဲ့အမှန်တရား

July 8, 2020

ကျော်ဇေယျာထွန်းရေးသည်။ ဒီရက်ပိုင်းမှာ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရေးတဲ့ ‘မြန်မာနိုင်ငံသမိုင်းပုံ’ ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်တယ်။ ကမ္ဘာ့သမိုင်းအကြောင်း မသိရင်တောင် ကိုယ့်မြန်မာနိုင်ငံရဲ့သမိုင်းကိုတော့ သိထားသင့်တယ်ဆိုတဲ့အတွေးနဲ့ ဖတ်ဖြစ်တာပါ။ စာအုပ်ထဲမှာ မြန်မာနိုင်ငံဆိုတဲ့ကုန်းမြေနေရာပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံမှာ အခြေချနေထိုင်သွားတဲ့ ရှေးခေတ်လူတွေအကြောင်း၊ ကျောက်ခေတ်၊ ပျူမြို့ဟောင်းနဲ့ ပျူတွေအကြောင်း၊ ပြီးတော့ ရခိုင်ခေတ်ဦးသမိုင်း၊ မြန်မာနိုင်ငံကို မြန်မာတွေရောက်ရှိလာပုံနဲ့ ပုဂံလက်နက်နိုင်ငံပေါ်ထွန်းလာပုံအကြောင်းတွေ ပါပါတယ်။ ကိုယ်တွေမှတ်သားဖူးတာက ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမင်းကတည်ထောင်ခဲ့တယ်လို့သိထားပေမယ့် ဒီနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့နေရာမှာ အေဒီ ၄ ရာစု ကနေ အေဒီ ၉ ရာစုအထိ ပျူတွေဟာ အစောဆုံးမင်းနိုင်ငံတစ်ခုတည်ထောင်ခဲ့တယ်၊ သီပေါကနေ မုတ္တမတိုင်အောင်ကျယ်ဝန်းတဲ့ပျူနိုင်ငံဟာ ပထမမြန်မာပြည်ထောင်စုနိုင်ငံလို့ ဒီစာအုပ်ထဲမှာဆိုထားပါတယ်။ ပျူတွေဟာ ခရစ်မပေါ်မီ ၅ ရာစုလောက်ကတည်းက မြန်မာနိုင်ငံထဲကို ဝင်ရောက်နေထိုင်ကြလောက်ပြီလို့ သူကဆိုပါတယ်။ ဧရာဝတီမြစ်တစ်လျှောက် ရွှေဘိုကနေပြည်မြို့အထိ မြို့တွေတည်ပြီးနေထိုင်ကြတယ်။ သရေခေတ္တရာဟာ ပျူတွေရဲ့မြို့တော်လို့ဆိုထားပါတယ်။ ပျူတွေဟာ […]

အပြည့်အစုံဖတ်ရန်

ယောမင်းကြီးရဲ့ မွေးရပ်မြေ

February 4, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ Remembrance ဖြစ်ပါသည် သန်းနိုင်ဦး ရေးသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံနေပြည်တော်မှာ ယောမင်းကြီး ဦးဘိုးလှိုင်က ထင်ရှားတဲ့ ဝန်ကြီးတစ်ပါး ဖြစ်တယ်။ သူ့ခေတ်သူ့အခါက ခေတ်မီတဲ့ မင်းတစ်ပါး ဖြစ်တဲ့အပြင် အနေလှ အသေလှခဲ့သူဖြစ်တယ်။ သူကွယ်လွန်ချိန်မှာလည်း ဂူဗိမာန်နဲ့ ကျကျနန ဂူသွင်းမြှုပ်နှံခံရသူ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အစောဆုံးအခြေခံဥပဒေဖြစ်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်း၊ ကျန်းမာရေးအတွက် ဥတုဘောဇန သင်္ဂဟကျမ်း၊ ဗေဒင်ပညာနှင့် နက္ခတ္တပညာတို့ကိုဖော်ပြတဲ့ မဟာသုဇာတကကျမ်း၊ ခန္ဓာဗေဒကျမ်း ကို ဗုဒ္ဓနည်းကျကမ္မဋ္ဌာန်းတရားနှင့်ယှဉ်ပြီး ကာယာနုပဿနာကျမ်းကိုလည်းရေးခဲ့သူဖြစ်တယ်။ ခေတ်အမြင်ရှိတဲ့ ယောမင်းကြီးကို ယင်းတောဝန်ကြီး ဦးရွှေတုတ်နဲ့ မယ်ငြိမ်းတို့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွာပုလဲရွာမှာ မြန်မာသက္ကရာဇ် ၁၁၉၁၊ နှောင်းတန်ခူးလဆန်း ၁၀ ရက် နံနက် ၃ နာရီမှာ […]

အပြည့်အစုံဖတ်ရန်

ပွန်းပဲ့ကုန်တဲ့ စာနာစိတ်များ

January 31, 2020

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ အက်ဆေးဖြစ်ပါသည် လက်သွေးရေးသည် အချိန်က ညကိုးနာရီလောက် ရှိနေပြီ။ မိုးက ခပ်ဖွဲဖွဲကျနေတယ်။ လိုင်းကားပေါ်ကဆင်းလိုက်တော့ ဗွက်တွေအပြည့် ဖုံးလွှမ်းနေတဲ့ ကတ္တရာလမ်းမက ဆီးကြိုတယ်။ ရေမြောင်းတွေကိုတူးပြီး ချဲ့နေတာကြောင့် ပုံထားတဲ့မြေစာတွေကို မိုးရေတွေက အရည်ဖျော်လိုက်တဲ့အခါ လမ်းသွားရတာ တော်တော်အဆင်မပြေဖြစ်ရတယ်။ ကားလမ်းကူးလိုက်ပြီး ကျွန်တော်နေတဲ့ လမ်းထဲကိုရောက်ဖို့ ရထားလမ်းကူးကို ဖြတ်ဖို့ပြင်တော့ အဲဒီနေရာမှာ လူနှစ်ယောက် မတ်တတ်ရပ်နေတာ တွေ့လိုက်ရတယ်။ အနားကပ်ကြည့်တော့ အသက် ၅၀ ကျော်အရွယ် လင်မယားနှစ်ယောက်။ ပုံစံက ခပ်နွမ်းနွမ်းပဲ။ ထီးတစ်ယောက် တစ်ချောင်းစီ ဆောင်းထားကြတယ်။ မိန်းမဖြစ်သူက အထုပ်အပိုးတွေ ကိုင်ထားတယ်။ သူတို့အနားရောက်တော့ အမျိုးသားဖြစ်သူက ကျွန်တေ့ာ ကို လှမ်းမေးတယ်။ ပဲခူးကိုသွားဖို့ ဒီကနေ ဘာကား ရောက်သလဲတဲ့။ စဉ်းစားကြည့်တော့ […]

အပြည့်အစုံဖတ်ရန်

ဥပေက္ခာပြုရသူများ

December 13, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အက်ဆေးဖြစ်ပါသည် ကျော်ဇေယျာထွန်းရေးသည် အန်တီဖြူအကြောင်းကို ဗိုလ်ချုပ်ဆိုတဲ့ နာမည်ကနေ စသိခဲ့ရတာပါ။ ကျွန်တေ့ာဇနီးက ‘ဗိုလ်ချုပ်’၊ ‘ဗိုလ်ချုပ်’ ဆိုပြီး စကားထဲ ထည့်ပြောနေသံကြားလို့ ‘ဘာဗိုလ်ချုပ်လဲ’ လို့ မေးကြည့်တဲ့အခါ သူနဲ့အမျိုးတစ်စတော်တဲ့ အဒေါ်တစ်ယောက်ဖြစ်ကြောင်း၊ အဲဒီအဒေါ်ဟာ စိတ်မကျန်းမမာဖြစ်ပြီး သူ့ကိုယ်သူ ဗိုလ်ချုပ်ဟုဆိုနေခြင်းကြောင့် သူ့ကိုဗိုလ်ချုပ်ဟု ခေါ်နေကြခြင်းဖြစ်ကြောင်းနဲ့ တကယ်တော့ သူ့နာမည်ကို အန်တီဖြူလို့ ခေါ်ကြကြောင်း ရှင်းပြပါတယ်။ သူ့မှာ အိမ်ထောင်ကျနေတဲ့ သမီးတစ်ယောက်နဲ့ ၁၃ နှစ် အရွယ်သားတစ်ယောက်ရှိပါတယ်။ သားသမီးတွေရဲ့ အဖေ၊ အန်တီဖြူရဲ့ ခင်ပွန်းကတော့ ဆုံးသွားပါပြီ။ ဒါကြောင့် အန်တီဖြူဟာ နောက်အိမ်ထောင်ထပ်ပြုပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ထောင်နဲ့ကွဲပြီး သူဟာ ထမင်းဆိုင်တွေ၊ မုန့်ရောင်းတဲ့ဆိုင်တွေမှာ အလုပ်လုပ်ပါတယ်။ ပြီးတော့ သူဟာ သားသမီးတွေနဲ့လည်း […]

အပြည့်အစုံဖတ်ရန်

ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀၊ ဆရာ့ဘဝ၊ ဆရာ့ဒဿန

December 9, 2019

ပြည်သူကို ချစ်သူအား ပြည်သူက ပြန်ချစ်သည်။ လူထုကို လေးစားသူအား လူထုက ပြန်လေးစားသည်။ ဤကား အလွန်ရိုးစင်းသော အဘိဓမ္မာတစ်ရပ်ပင်ဖြစ်သည်။ ထွန်းဝင်းငြိမ်း ရေးသည်။ (တစ်) တရားစောင့်သူ အဖိနှိပ်ခံ ပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့ စာပေခေါင်းဆောင် စာရေးဆရာ ဗန်းမော်တင်အောင်။ တင်မိုး (ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ဂုဏ်ပြုကဗျာ အစပိုဒ်) အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်ပြီး ကိုယ်ယုံကြည်ရာကို သစ္စာရှိစွာနဲ့ သူ့ခေတ်ရဲ့ သမိုင်းတာဝန်ကို ကျေပွန်ခဲ့သူ ဆရာဗန်းမော်တင်အောင်ရဲ့ ရာပြည့်နှစ်ကို မကြာခင်ရောက်ပါတော့မယ်။ ဆရာကွယ်လွန်ခဲ့တာလည်း ၄၁ နှစ် ရှိခဲ့ပါပြီ။ ဆရာကွယ်လွန်ခြင်း အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း အကြိမ်များစွာ ကျင်းပခဲ့ကြပါတယ်။ အဲဒီလို အထိမ်းအမှတ်ပွဲတွေကို တွေ့မြင်ရခြင်းဖြင့် ဆရာကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် […]

အပြည့်အစုံဖတ်ရန်

သိက္ခာကို လိပ်ပြာနဲ့ လဲကြသလား

November 5, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အက်ဆေးဖြစ်ပါသည်။ ဇာခြည်ငြိမ်း ရေးသည်။ “မြေက အဲ့သလောက်မဟုတ်ဘူးဆရာမရဲ့။ မြေနုကျွန်းဆိုတာ ဒီနှစ် ဒီနေရာမှာပေါ်ပေမယ့် နောက်နှစ် နောက်တစ်နေရာမှာ ပေါ်တဲ့အမျိုးရယ်။ ဘယ်လောက်မှ ကျယ်တာလည်း မဟုတ်ဘူးရယ်။ လေးဧက၊ ငါးဧကပေါ့။ ဒါပေသိ မက်ကြတယ်။ သတ်ကြဖြတ်ကြတဲ့အထိ ဖြစ်ရတာက သိက္ခာကျမခံချင်လို့ရယ်။ ပြိုင်လုကြရင် ကိုယ့်ရွာကနိုင်တယ်ဆိုတာမျိုးကို မက်ကြသာကိုး။ ဟိုဘက်ရွာက ရသွားတယ်ဆိုတာက မြေထက် ကိုယ့်ရွာသိက္ခာက ပိုလို့ရှုံးတယ်လို့ ခံယူသာမျိုးရယ်” မြေနုကျွန်းလုကြရင်း ရွာနှစ်ရွာအချင်းများရာကနေ လူသတ်ပွဲဖြစ်ကြတဲ့သတင်းက ကျွန်မတို့လူ့အဖွဲ့အစည်းကို တုန်လှုပ်စေတယ်လို့ ရိုးရိုးပဲဝန်ခံပါရစေ။ လူသတ်ပွဲ အထင်ကရဖြစ်လာမှ လူအာရုံစိုက်ကြပေမယ့် အငြင်းပွားနေတာကတော့ ကြာလှပါပြီဆိုတာ သတင်းများကို ပြန်ကြည့်မှ သိရပါတယ်။ မြေကပဲ လူ့အသက်ထက် တန်ဖိုးမြင့်နေသလားလို့ တွေးတွေးဆဆ ပြောကြပါတယ်။ ဒါပေမဲ့ အထက်ပါစကား […]

အပြည့်အစုံဖတ်ရန်

အဘိုး၊ စမူဆာ နှင့် ကျွန်တော်

August 21, 2019

စမူဆာကို လူတိုင်းနီးပါးလောက် စားသောက် ဖူးကြမည်ထင်ပါသည်။ တြိဂံပုံစံနှင့် အထဲတွင် အာလူး၊ မဆလာ စသဖြင့် အစာများ ထည့် သွင်းကာ အပြင်မှ ဂျုံဖြင့်ကပ်ကာ ဆီဖြင့် ကြော်ထားသော စားစရာတစ်ခုဖြစ်ပါသည်။ နီနီရဲရဲအရောင်အဆင်းနှင့် ကြွပ်ကြွပ်ရွရွကလေး ကို ငရုတ်ဆီဖြင့် တွဲဖက်စားသောက်ပါက လိုက် ဖက်လှပါသည်။ ထိုစမူဆာကို ကျွန်တော်လည်း ကြိုက်နှစ်သက်စွာ စားသုံး ပါသည်။ ထိုနည်းတူ ကျွန်တော့်မိသားစုလည်း စားသုံးပါသည်။ ထိုအထဲတွင် ကျွန်တော့်ရဲ့ အဖေဘက်က အဘိုးဖြစ်သူလည်း အပါအဝင်။ အခုတော့ သူက ဆုံးပါးသွားခဲ့ပါပြီ။ သူဆုံးပါးသွားပြီး ကျွန်တော့် သူ့ကိုမေ့မရနိုင်ခဲ့သလို သူ ကြိုက်လှသည့် စမူဆာကိုလည်း ကျွန်တော့်အာရုံထဲမှာ မေ့ ပျောက်မရနိုင်ခဲ့။ တိုက်ဆိုင်မှုရှိတိုင်း ဝမ်းနည်းရစမြဲ။ အဘယ် ကြောင့်ဆိုသော် ကျွန်တော့်ကို အလွန်ချစ်သည့် […]

အပြည့်အစုံဖတ်ရန်

မင်္ဂလာရှိတဲ့ ရွာ

July 3, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Remembrance  ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ လမ်းတွေ၊ တံတားတွေရဲ့ အမည်ကို ဘယ်လို ပေးလေ့ပေးထ ရှိကြသလဲ။ မြန်မာနိုင်ငံတစ်ဝန်းက လမ်းတွေ၊ တံတားတွေရဲ့ အမည် အများစုက သူရဲကောင်းတွေရဲ့ နာမည် ဖြစ်နေလေ့ရှိတယ်။ အနော်ရထာလမ်း၊ ဗန္ဓုလတံတား၊ မင်းရဲကျော်စွာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ ဆင်ဖြူရှင်တံတား၊ သမိန်ဗရမ်းလမ်း၊ ဘုရင့်နောင်လမ်း၊ မင်းကြီးရန်နောင်လမ်း စသဖြင့် ခေတ် အဆက်ဆက်မှာ သူရဲကောင်းနာမည်တွေကိုသာ ပေးခဲ့ကြတယ်။ သူရဲကောင်းတွေဟာ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေဖြစ်တာအမှန်ပါပဲ။ သူရဲကောင်းတွေလို ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေ ရှိပါ သေးတယ်။ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ ပရဟိတလုပ်ကိုင်ကြသူ ဟာလည်း မမေ့မလျော့ ဂုဏ်ပြုကြရမယ့်သူတွေသာ ဖြစ်ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကို ဂုဏ်ပြုမှည့်ခေါ် […]

အပြည့်အစုံဖတ်ရန်

မြန်မာပြည်တွင်းက သီးခြားမြို့တော်ပန်ဆန်း

June 13, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  PhotoEssay ဖြစ်ပါသည်။   “ဝ”ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့်အခမ်း အနားကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ  (United Wa State Party -UWSP) အခြေစိုက်ရာ ရှမ်းပြည်နယ် အရှေ့ မြောက်ပိုင်း၊ ပန်ဆန်းမြို့မှာ ဧပြီ ၁၅ ရက်က နေ ၁၇ ရက်အထိ ကျင်းပခဲ့ပုံတွေကို ယခုလအတွက် ဓာတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါတယ်။   UWSAဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုနှစ် ၃၀ ပြည့်အခမ်းအနားမှာ စစ်ရေးပြအခမ်းအနားကိုပါ ထည့်သွင်းပြသခဲ့ပါတယ်     စစ်သည်၈ဝဝဝ ခန့်ပါဝင်ပြသခဲ့တဲ့ စစ်ရေးပြမှုမှာတော့ လေးပုံတစ်ပုံလောက်ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးစစ်သည်တွေပါ   UWSA ဟာဝဒေသလုံခြုံရေးအတွက် စစ်အင်အားကို တိုးချဲ့ထားရတယ်လို့ဆိုပါတယ် […]

အပြည့်အစုံဖတ်ရန်

ဉာဏ်ကြီးသူတို့ရဲ့ အောင်မြေ

June 13, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အရှင်ဇနကာဘိဝံသ ယခုနှစ်မှာ ရဟန်းဝါနှစ် ၁ဝဝ တင်းတင်း ပြည့်မြောက်ပါပြီ။ ဆရာတော်ကြီး မရှိတော့ပေမယ့် မဟာဂန္ဓာရုံကျောင်း တိုက်ကြီးရဲ့ မွှေးပျံ့တဲ့ ဂုဏ်သတင်းက  အခုထက်တိုင် ပျံ့လွင့်နေဆဲဖြစ်တယ်။ကမ္ဘာလှည့်ခရီးသည်တွေ မန္တလေးဘက် ရောက်တဲ့အခါ မဟာဂန္ဓာရုံကျောင်းတိုက် အရောက်သွားပြီး သံဃာတော်တွေကို သွားရောက် ဖူးမြော်ကြတယ်။ ဆရာတော်ကြီး ချမှတ်ခဲ့တဲ့ ကျောင်းတိုက်စည်းကမ်း ၁ဝ ချက်ကို အခုချိန်ထိ ကျင့်သုံးနေဆဲ ဖြစ်တယ်။ ပထမဆုံး စည်းကမ်းချက်က “စိတ်ကောင်းရှိဖို့ ပထမ” ဖြစ်ပါတယ်။ ဆရာတော်ကြီးက ကျမ်းစာအုပ်ပေါင်း ၆ဝ ကျော် ရေးသားထုတ်ဝေခဲ့ပြီး ရတနာ့ဂုဏ်ရည် (၁၉၃၂ ခုနှစ်)၊ ကိုယ် ကျင့်အဘိဓမ္မာ (၁၉၄ဝ […]

အပြည့်အစုံဖတ်ရန်

ရင်သွေးမရတာ အပြစ်တစ်ခုလား

June 10, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Essay ဖြစ်ပါသည်။ ကျော်ဇေယျာထွန်းရေးသည် ကျွန်တော်တို့လင်မယားနှစ်ယောက် အိမ်ထောင်ကျပြီး ရှစ်နှစ်ကြာမှ ဇနီး ဖြစ်သူ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ ရှစ် နှစ်ဆိုတဲ့ကာလအတွင်းမှာ ကလေးယူ ဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပေမယ့် အဆင်မပြေခဲ့ကြပါဘူး။ အဲဒီကလေး မရနိုင်သေးတဲ့ ကာလတွေမှာ ကြုံတွေ့ ခဲ့ရတဲ့ အတွေ့အကြုံ၊ ခံစားမှုလေး တချို့ကို မျှဝေချင်တဲ့ စိတ်ကလေး ဖြစ်မိလို့ ဒီစာကို ရေးမိတာပါ။ အခု စာရေးနေတဲ့အချိန်မှာ ကျွန်တော့် ကလေးဟာ မိခင်ရဲ့ ဝမ်းထဲမှာသာ ရှိပါသေးတယ်။ ခံစားချက်တွေ လတ်ဆတ်နေတုန်း ချရေးလိုက် တာ ကောင်းမယ်ထင်လို့ အခုလိုအချိန်မှာ ရေး ရတာလည်းဖြစ်ပါတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်ဖို့ လုပ်တော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အတွေးတစ်ခု တွေးမိခဲ့တယ်။ အဲဒါက […]

အပြည့်အစုံဖတ်ရန်

မေတ္တာငတ်၍သေဆုံးခြင်း

May 17, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Essay ဖြစ်ပါသည်။ မြတ်စုမွန် နေ့အချိန်တွင် ကြမ်းပြင်ကြား၊ ပျဉ်ထောင်ကြား တို့မှ တိုးဝင်လာသည့် အလင်းရောင်နှင့် ညအချိန် သူ့ခြင်ထောင်ပေါ်က ဝါကြင့်ကြင့်မီးလုံးတစ်ပွင့်မှ အလင်းရောင်တို့ကလွဲ၍ ဘာအလင်းရောင်မှ မရှိ၊ ဘာလေကောင်းလေသန့်မှ မရသည့် အခန်းကျဉ်း လေးတစ်ခုတွင် ကျွန်မ ခင်မင်ဖူးသည့် အဘွားအို တစ်ဦး ရှိသည်။ သူ့ခန်္ဓာကိုယ်သည် အသားအရေ ပြည့်ပြည့်ဖြိုးဖြိုးလည်း မဟုတ်။ အရိုးပေါ်အရေတင်နေသည့် ပိန်လှီ မွဲခြောက်သော အသွင်အပြင်လည်းမဟုတ်။ သူ့မျက်နှာတွင် သွားပွတ်တံဖြင့် ညီ ညီညာညာခြစ်ထားသည့် သနပ်ခါးအရေးအကြောင်းလေးများ ကို မီးရောင်မှိန်မှိန်အောက်တွင် မြင်ရတတ်သည်။ သူ့မျက်နှာတွင် မွေးရာပါ အမှတ်အသားများလို ဖြစ်နေ သည့် မဲှဲ့ခြောက်ကွက်များရှိသည်။ သူ့လက်သည်းများသည် ခပ် ညိုညို မာကျောကျော။ သူ့ဆံပင်ကို […]

အပြည့်အစုံဖတ်ရန်
1 2 3 4 12

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."