ကံပေါက် – ၂၀၂၂ ဇွန် ၂၈ (မော်ကွန်း) ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှာ အကြမ်းဖက်ဖြိုခွင်းခံခဲ့စဉ် ကျဆုံးခဲ့ရသူ လေးဦးရဲ့ ၁၆လပြည့် ဝမ်းနည်းအောက်မေ့ဖွယ် ဂုဏ်ပြုဆုတောင်းပွဲတစ်ရပ်ကို ကံပေါက်ဒေသခံတွေက ဒီကနေ့ညနေပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်။ ကျဆုံးခဲ့သူလေးဦးဟာ ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုဗညားအောင်နဲ့ ကိုလွင်လွင်ဦးတို့ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဇွန် ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရေရှင်ရွာဟာ ပြီးခဲ့တဲ့မေလဆန်းမှာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရပြီး အခုအခါမှာ နီးစပ်ရာတောတောင်တွေ၊ ကျေးရွာတွေမှာ ဖြစ်သလိုစစ်ရှောင်နေရကာ ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အိမ်ခြေ ၄၀၀ နီးပါးရှိပြီး အားလုံးဆေးပေးခန်းပါမချန် အာဏာသိမ်းစစ်တပ်က မီးရှို့သွားခဲ့ကာ စစ်ဘေးရှောင်အိမ်ထောင်စု ၄၂၀ ၊ လူဦးရေထောင်ကျော်ရှိနေပါတယ်။ ရေရှင်ရွာစစ်ဘေးရှောင်ပြည်သူတွေကို ကူညီလိုပါက “စစ်ဘေးရှောင်ကူညီရေးအဖွဲ့ -ကလေးဒေသ” ( Link – https://bit.ly/3bjfYDF ) Facebook စာမျက်နှာကို ချိတ်ဆက်နိုင်ကြောင်း ကူညီထောက်ပံ့ရေးမှာ ပါဝင်နေသူတစ်ဦးကပြောပါတယ်။ ပုံစာ – ရေရှင်ရွာပြည်သူများ စစ်ရှောင်နေရသည့်မြင်ကွင်းများ။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဇွန် ၂၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ၅၀၅ ရက်မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
မိုးကုတ် – ၂၀၂၂ ဇွန် ၂၇ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ အာဏာသိမ်းစစ်တပ်ဟာ လှည့်ပတ်စောင့်ကြည့်နေပြီး မြို့အနောက်ပိုင်းညောင်ပင်ကြီးရပ်ကွက်က ဆိုင်ကယ် ရှစ်စီးကိုလည်း လာရောက်သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အနောက်ပိုင်းမှာကား ငါးစီးနဲ့ပတ်နေတာ၊ ဆိုင်ကယ်တွေနဲ့ကောပတ်နေတယ်၊ ဆိုင်ကယ်တွေလည်း လိုက်ထရပ်ကားပေါ်တင်သွားတယ်၊ ဆိုင်ကယ်တွေကို ဘာကိစ္စသိမ်းသွားတာလဲမသိဘူး” လို့ မြင်လိုက်ရတဲ့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းမှာလည်း လူတွေတိတ်ဆိတ်ခြောက်ကပ်နေပြီးလမ်းသွားလမ်းလာနည်းတယ်လို့မြို့ခံတွေကပြောပါတယ်။ မနေ့ညက မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းက နေရာတချို့မှာ ပစ်ခတ်၊ ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် ဒီကနေ့မှာအာဏာသိမ်းစစ်တပ်က မြို့တွင်းလှည့်လည်စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ #Dailynews
မိုးကုတ် – ၂၀၂၂ ဇွန် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်မှာ ဒီကနေ့ညနေပိုင်းက ပေါက်ကွဲသံ နှစ်ချက်ဆက်တိုက်ကြားပြီးနောက် အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ ပစ်ခတ်သံတွေဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့ အရှေပိုင်း ဘီးတောင်ရပ်ကွက်၊ ပိတ်စွယ်ရပ်ကွက်၊ မြို့လယ်ရပ်ကွက်၊အချုပ်ထောင်နဲ့ မင်းတံတားရပ်ကွက်က လျှပ်စစ်ရုံးမှာ ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီး အနောက်ပိုင်းက ရဲစခန်းနားမှာလည်းပစ်ခတ်သံဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” နဂါးရုံဘုရားအသစ်နားမှာ ဗုံးနှစ်လုံးအရင်ကွဲတယ်၊ ဗုံးကွဲတဲ့လမ်းတစ်လျှောက်စစ်သားတွေက သေနတ်ကိုခြောက်ပြီးရမ်းပစ်နေတာ၊ ညစျေးကဆိုင်တွေလဲပိတ်ကုန်ပြီ’လို့ မိုးကုတ်အရှေ့ပိုင်းဒေသခံတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့က နေရာအနှံ့နီးပါးမှာပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့်ဒေသခံတွေကစိုးရိမ်နေကြတယ် ပြောပါတယ်။ ” စခန်းနားက ပစ်သံကြားတယ်၊ ထွက်မကြည့်ရဲလို့ တော်တော်ကိုပစ်နေတာ၊ ပစ်သံဆက်တိုက် ၁၀ချက်လောက်ကြားပြီးတိတ်သွားတာ”လို့ မိုးကုတ်အနောက်ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းက ခါတော်မှီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်က စစ်ကား သုံးစီးနဲ့ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် မင်းတံတားရပ်ကွက်က ကွက်သစ်တောင်မှာ တပ်စွဲထားတယ်လို့ ဒေသခံကပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က […]
မိုးကုတ် – ၂၀၂၂ ဇွန် ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘာဂါးရွာနဲ့ ကျောက်အော်ရွာကြားက မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို ဒီကနေ့ညနေ ၅း၀၀ဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ မိုးကုတ်ပကဖ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က လူအင်အား၊လက်နက်အင်အားများတာကြောင့် မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တပ်ဆုတ်ခဲ့ရတယ်လို့ပြောပါတယ်။ ” ဝင်စီးခံရတာ၊ အပြန်အလှန်ပစ်ကြသေးတယ်၊ တစ်ယောက်တော့ကျန်ခဲ့တယ်၊သူ့အခြေနေနဲ့ပတ်သက်ပြီးဘာမှမသိရသေးဘူး၊အဆက်သွယ်လည်းမရသေးဘူး၊ ဖုန်းတစ်လုံးလဲ အားသွင်းထားခဲ့တာကျန်ခဲ့တယ် ၊ကျန်တဲ့သူတွေတော့လွတ်တယ်”လို့ မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်တာကြောင့်မီးခိုးလုံးတွေပါမြင်ရပြီးအနီးအနားရွာတွေကိုပါမီးရှို့မယ်လို့ ခြိမ်းခြောက်သွားသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆိုင်ကယ်တွေမီးရှို့ခံထားရပြီး ပျက်စီးဆုံးရှူံးမှု နဲ့ ထိခိုက်မှုအခြေနေကို အသေးစိတ်မသိရသေးပါဘူး။ #Dailynews
ကလေး – ၂၀၂၂ ဇွန် ၂၆ (မော်ကွန်း) ဒီကနေ့ဟာ ချင်းလူမျိုး ကျောင်းသားခေါင်ဆောင် ဆလိုင်းတင်မောင်ဦးကို အာဏာရှင်စစ်ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မဆလအစိုးရက ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ၄၆ နှစ်ပြည့်နေ့ဖြစ်ပါတယ်။ “မိမိခန္ဓာကိုယ်ကိုသာ သတ်ပစ်လို့ရမည်ဖြစ်ပြီး ခံယူချက်နဲ့ရပ်တည်ချက်တွေကို ဘယ်တော့မှသတ်လို့ရမည်မဟုတ်ဘဲ စစ်ဖိနပ်အောက် ဘယ်တော့မျှဒူးမထောက်”ဆိုတဲ့ စကားဟာ ဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးကြိုးမပေးခင် ကြွေးကျော်ခဲ့တဲ့ စကားအဖြစ် သမိုင်း၊ မှတ်တမ်းတွေမှာတင်ကျန်ဆဲပါ။ မဆလတစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်တွေကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မှိုင်းရာပြည့် အခမ်းအနားနဲ့ပတ်သက်လို့ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်အတွင်း ကြိုးပေးသတ်ဖြတ်ခဲ့ချိန်မှာသူဟာ အသက် ၂၅ နှစ်သာရှိသေးပါတယ်။ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့နေ့ကတော့ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံက ဒေသအတော်များများမှာ ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြု အောက်မေ့တဲ့ […]
မကွေး-၂၀၂၂ ဇွန် ၂၄ (မော်ကွန်း) မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ရှားလှကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အသက် ၄၀ ဝန်းကျင်ရှိတဲ့ စိတ်ကျန်းမာရေးမကောင်းသူ ကိုလှိုင်မြင့်ကို ဇွန် ၂၂ ရက်ညပိုင်းကစစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မနေ့ကပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။ “လှိုင်မြင့်က စိတ်မနှံ့ဘူး။ ရွာထဲကို စစ်ခွေးတွေစစ်ကြောင်းထိုးလာတော့ အကုန်ထွက်ပြေးနေတဲ့အချိန်သူ့ကို ဖမ်းပြီးသတ်ပစ်လိုက်တာ။ လက်တွေလည်းဖြတ်ခံထားရတယ်။ ဦးခေါင်းတစ်ခုလုံးလည်း ရစရာမရှိအောင်ကြေမွနေတယ်။ အတော်လူမဆန်တဲ့ကောင်တွေပါဗျာ” လို့ ရှားလှကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူရဲ့ လက်တစ်ဘက်ဟာလည်း ခုတ်ဖြတ်ခံထားရပါတယ်။ စစ်ကောင်စီအဖွဲ့တွေဟာ ဒေသခံတွေထွက်ပြေးချိန်မှာ ကျန်ခဲ့တဲ့ ရွှေငွေပစ္စည်းဥစ္စာတွေကိုလည်း ယူသွားကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဇွန်လလည်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး […]
ကလေး – ၂၀၂၂ ဇွန် ၂၄ (မော်ကွန်း) နေ့စဉ်ပျက်ရက်မရှိတဲ့ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်ရဲ့ ရက်ပေါင်း ၅၀၂ ရက်မြောက် ဒီကနေ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ရန်ကုန် – ၂၀၂၂ ဇွန် ၂၂ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် သမကုန်းမှာ ဒီနေ့လည်ပိုင်းက ဒလန်ရှင်းလင်းပြီး ဆုတ်ခွါတဲ့ PDF ရဲဘော်နှစ်ဦးကို ခါးပိုက်နှိုက်အထင်နဲ့ ဖမ်းမိသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ဒလန်ရှင်းလင်းဖို့ လာတဲ့ PDF နှစ်ဦးမှာ တစ်ယောက်တစ်နေရာစီ ထွက်ပြေးကြတာဖြစ်ပြီး ပထမတစ်ဦးကို သမကုန်းမီးပွိုင့်အနီးရှိ မွှေးနဲ့အားမာန် ကားမှတ်တိုင်ကြားမှာ ဆိုင်ကယ်နဲ့လိုက်ပြီး ဖမ်းမိသွားတာ ဖြစ်တယ်လို့ အဆိုပါသူက ပြောပါတယ်။ “ (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကကောင်တွေ ဆိုင်ကယ်နဲ့ လိုက်တာ။ ပြီးတော့ ပါးစပ်ကအော်တယ်။ ခါးပိုက်နှိုက် လွတ်သွားလို့ ဖမ်းကြ ဖမ်းကြဆိုပြီးအော်တာ။ အဲ့မှာလူတွေကလည်းမသိတာနဲ့ ဝိုင်းလည်းဖမ်းလိုက်ရော ပြီးမှ PDF ရဲဘော်လေးဖြစ်နေတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောတာပါ။ (၉) […]
ကလေး – ၂၀၂၂ ဇွန် ၂၂ (မော်ကွန်း) စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ရက် ၅၀၀ ပြည့်မြောက်ပြီဖြစ်ပါတယ်။ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ ပိတ်ဆို့စောင့်ကြည့်မှုတွေကြားက သပိတ်ကို နည်းမျိုးစုံနဲ့ ထွက်အောင် ကြိုးစားနေကြတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ဖြစ်ပါတယ်။ ရုပ်သံမှတ်တမ်း – CJ YouTube – https://youtu.be/2nNPHV7FJrk #Dailynews
ခင်ဦး – ၂၀၂၂ ဇွန် ၂၂ (မော်ကွန်း) ဒီကနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲနှင့်ပျူစောထီးများလိုက်ပါလာတဲ့ အရပ်ဘက်ကားတစ်စီးအားတိုက်ခိုက်ရာ အဆိုပါကားပေါ် ပါလာသူအားလုံးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ခင်ဦးမြို့နယ် ရေဦးစခန်းမှ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲနဲ့ပျူစောထီးတွေဟာ Skat ကားဖြင့် လိုက်ပါလာပြီး ခင်ဦး-ရေဦး မူးဘောင်တံတားပေါ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်တာကို ခံလိုက်ရတာဖြစ်ပါတယ်။ ကားပေါ်ပါလာတဲ့ ရဲအရာရှိနှစ်ဦးအပါအဝင် သေဆုံးသူ ၁၁ ဦးရှိကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒဏ်ရာရသူ နှစ်ဦးရှိတယ်လို့ ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းလိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညီနောင်မဟာမိတ်အင်အားစုတွေ၊ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နံနက်အစောပိုင်းမှာ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာနား ပုသိမ်-မုံရွာကားလမ်းပေါ်မှာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."