သတင်းများ

ဆိုင်ကယ်ကို မိုင်းဆင်ပြီး တပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့အား တိုက်ခိုက်၊ စစ်သားတစ်ဦးပွဲချင်းပြီးသေ

July 27, 2022

ရေစကြို – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ GTC ကျောင်းမှာတပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်အဖွဲကို ဒီကနေ့နေ့လယ်က မိုင်းခွဲတိုက်ခိုက်လို့ စစ်သားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Yesagyo Revolution Group ရဲ့တာဝန်ရှိသူကပြောပါတယ်။ အများပြည်သူကို ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ဂိတ်နဲ့ မလှမ်းမကမ်းမှာ မိုင်းဆင်ထားတဲ့ ဆိုင်ကယ်ကို ရပ်ထားခဲ့ရာ စစ်သားတစ်ဦးက အဲဒီဆိုင်ကယ်ကို သူတို့ဂိတ်အထဲကို တွန်းယူသွားပြီး ဆိုင်ကယ်နောက်ဖုံးကို လှန်လိုက်ချိန်မှာတော့ ပေါက်ကွဲသွားခဲ့တာလို့ Yesagyo Revolution Group ရဲ့တာဝန်ရှိသူကပြောပါတယ်။ “ဆိုင်ကယ်ရပ်ထားပြီး နာရီဝက်ကျော်ကြာမှ သူတို့ထဲကစစ်သားတစ်ယောက်က တွန်းပြီးဂိတ်ထဲယူသွားတာ၊ မိုင်းကိုလဲ ဆိုင်ကယ် တူးဘောက်လှပ်လိုက်တာနဲ့ပေါက်ကွဲအောင်စီစဥ်ထားခဲ့တာ “လို့ တာဝန်ရှိသူကပြောပါတယ်။ ဆိုင်ကယ်တူးဘောက်ကို လှန်လိုက်တဲ့စစ်သားဟာ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဂိတ်အတွင်းမှာရှိတဲ့စစ်သား ငါးဦးခန့်ထပ်မံထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ပြောပါတယ်။ အာဏာသိမ်းတရားမဝင်စစ်တပ်ရဲ့ ကြိုးပေးသတ်ဖြတ်တာကိုခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ ကိုအောင်သူရ​ဇော်တို့နဲ့ […]

အပြည့်အစုံဖတ်ရန်

အသက် ၆၀ ဝန်းကျင် စစ်ရှောင်အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

July 27, 2022

ဆိပ်ဖြူ – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း) မကွေးတိုင်း ၊ဆိပ်ဖြူမြို့နယ်က စစ်ဘေးရှောင်နေရတဲ့ အသက် ၆၀ ဝန်းကျင်အမျိုးသမီးတစ်ဦး ဇူလိုင်လ ၂၅ရက်​နေ့က ရေကန်ထဲရေဆင်းချိုးရင်း ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ရှောင်တွေက ရေကန်မှာ ရေချိုးကြရတာဖြစ်ပြီး ရေကန်က နက်တာကြောင့် ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ​ပြောပါတယ်။ ” နဂိုကလည်း ရောဂါအခံရှိတယ်လို့ပြောကြတယ်၊ တစ်ယောက်ထဲချိုးနေတာဆိုတော့ ကယ်မယ့်သူမရှိလိုက်ဘူး၊ သေပြီးမှ အခြားလူတွေ ဆယ်ရတယ်လို့ပြောတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ဆိပ်ဖြူမြို့နယ်ထဲက ရှားလှရွာ၊ ပိုင်းကျေးရွာ၊ ဝန်ကြီးရွာနဲ့အနီးအနားရွာ ခုနှစ်ရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံ ထောင်ချီ နေရပ်မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရင် ထပ်မံစစ်ကြောင်းထိုးခံရမှာစိုးရိမ်တာကြောင့် မပြန်နိုင်သေးတာဖြစ်တယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ တောထဲမှာနေရတာကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါး အခက်ခဲတွေကိုရင်ဆိုင်နေရတယ်လို့​ ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ကလေးမြို့ပင်မသပိတ်ရဲ့ ၅၃၅ ရက်မြောက်နေ့လှုပ်ရှားမှု

July 27, 2022

ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ ၅၃၅ ရက်မြောက်နေ့ ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ” ငါတို့တော်လှန်ရေးတွက်လုပ်နေတာ သရဏဂုံမတင်နိုင်ဘူး ” စာတန်းကိုစွဲပြီးစစ်အာဏာရှင်ကို သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဧရာဝတီတိုင်း ဟင်္သာတနဲ့ ဒေးဒရဲမြို့နယ်တွေမှာ ပေါက်ကွဲမှုများဖြစ်ပေါ်

July 26, 2022

ဧရာဝတီတိုင်း – ၂၀၂၂ ဇူလိုင် ၂၆ (မော်ကွန်း) ဧရာဝတီတိုင်းဒေသကြီးထဲက ဟင်္သာတမြို့နဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဒီကနေ့ညပိုင်းမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဟင်္သာမြို့နယ်ထဲမှာ ည ၇:၃၀ လောက်ကစတင်ပြီး သုံးကြိမ်ထက်မနည်းပေါက်ကွဲခဲ့ပြီးနောက်ပိုင်း သေနတ်သံတွေလည်း ဆက်တိုက်ထွက်ပေါ်လာကာ မြို့ထဲမှာအခြေအနေရှုပ်ထွေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ ရဲစခန်းဝင်ပစ်တယ်လို့လည်းကြားတယ်၊ အရင်ဆုံး ဗုံးတွေပေါက်တာ အပြင်မထွက်ရဲလို့ သေချာတော့မသိဘူး၊ အသံတွေကတော့ တော်တော်ကျယ်တယ်၊ ပြီးမှ သေနတ်တွေနဲ့ အပြန်အလှန်ပစ်သလိုမျိုး ဆက်တိုက်ထွက် လာတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေဟာ နာရီဝက်လောက်အကြာမှာ ရပ်တန့်သွားပေမယ့် ဘယ်သူမှအပြင် မထွက်ရဲကြသလို စစ်ကားတွေနဲ့ မြို့ပတ်ပြီး အာဏာသိမ်းစစ်တပ်၊ တပ်သားတွေက ကင်းလှည့်နေတယ်လို့ ဒေသခံကဆိုပါတယ်။ အလာတူ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှာလည်း ည ၈:၂၀ […]

အပြည့်အစုံဖတ်ရန်

မြိုင်မြို့နယ်မြောက်ပိုင်း ဓမ္မသာရ ရွာကို အာဏာသိမ်းစစ်တပ်မီးရှို့လို့ နေအိမ် ခုနှစ်လုံးမီးလောင်ဆုံးရှုံး

July 25, 2022

မြိုင် – ၂၀၂၂ ဇူလိုင် ၂၅ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ဓမ္မသာရရွာကို အာဏာသိမ်းစစ်တပ်က မနေ့က စတင်မီးရှို့ခဲ့တာကြောင့် ကျေးရွာအတွင်း နေအိမ် ခုနှစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာနေပြည်သူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဓမ္မသာရ ရွာကို ဇူလိုင်လ ၂၃ရက်နေ့ကစတင်ပြီး အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မနေ့က နေအိမ်တွေကိုမီးရှို့ခဲ့တာလို့သူကပြောပါတယ်။ “အခုကမြိုင်နယ်အနှံစစ်ကြောင်းတွေထိုးခံနေရတာ၊ စစ်ကြောင်းတွေခွဲ ပြီး မြိုင်နယ်ကိူ စစ်ကြောင်းထိုးနေတာ စစ်ကြောင်း သုံးကြောင်းလောက်ခွဲထိုးနေတာတိုက်ပွဲမရှိဘူး၊ သူတို့စစ်ကြောင်းထိုးပြီး အကြောင်းမဲ့ရှို့သွားတာ၊ခုနစ်အိမ်လောင်သွားတယ်” လို့ ဓမ္မသာရဒေသခံတစ်ဦးကပြောပါတယ်။ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ဓမ္မသာရကျေးရွာကို အာဏာသိမ်းစစ်တပ်က ပထမဆုံးအကြိမ် ဝင်ရောက်မီးရှို့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ စစ်တပ်က မြိုင်နယ်အနှံ့စစ်​ကြောင်းထိုးနေတာကြောင့်ရွာထဲကိုထပ်မံဝင်ရောက်လာမှာစိုးရိမ်တဲ့အတွက် ဒေသခံရွာသား တွေကရှောင်တိမ်းနေရပြီး နေရပ်မပြန်နိုင်သေးဘူးလို့ပြောပါတယ်။ ဓမ္မသာရ ရွာကို စစ်တပ်က မီးရှို့ပြီးနောက် […]

အပြည့်အစုံဖတ်ရန်

“ငါတို့ ဘယ်တော့မှမကြောက်ဘူး” ရန်ကုန်သပိတ်

July 25, 2022

ရန်ကုန် – ၂၀၂၂ ဇူလိုင် ၂၅ (မော်ကွန်း) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့နောက် ဒီကနေ့ ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်သောလူငယ်တွေက “ငါတို့ဘယ်တော့မှမကြောက်ဘူး”ဆိုတဲ့ စာသားကို ကိုင်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်၊ ရှာဖွေဖမ်းဆီးမှုတွေ တင်းကြပ်တဲ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ ဒီဆန္ဒဖော်ထုတ်မှုကို Yangon Revolution Force – YRF (Soft Strike Community) က ဦးဆောင်ကာ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ(YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ (အကရ) ၊ Yankin Protests နဲ့ လူငယ်တွေက ပါဝင်လှုပ်ရှားကြတာဖြစ်ပါတယ်။ ဓါတ်ပုံများ – YRF #Dailynews

အပြည့်အစုံဖတ်ရန်

အင်းစိန်ထောင်တွင်းဆူပူမှုများဖြစ်ပေါ်ပြီး နိုင်ကျဉ်းများ နှိပ်စက်ခံ‌နေရဟုဆို

July 25, 2022

အင်းစိန်-၂၀၂၂ဇူလိုင်၂၅(မော်ကွန်း) ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းမှာ ဆူပူမှုတွေဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်နှိပ်စက်ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မော်ကွန်းကိုပြောပါတယ်။ အင်းစိန်ထောင်ထဲမှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦးကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့အတွက် ဆူပူမှုတွေဖြစ်ပေါ်ပြီး နိုင်ကျဉ်းတွေနှိပ်စက်ခံနေရတယ်လို့သူကဆိုပါတယ်။ “နိုင်ငံရေးအကျဉ်းသားတွေက သေဒဏ်ပေးတဲ့အပေါ်မှာမကျေနပ်ဘူး။ဒါကိုဆန့်ကျင်တယ်။ငြိမ်းချမ်းစွာထုတ်ဖော်ဆန္ဒပြတယ်။ထုံးစံအတိုင်းသူတို့က လူ့အခွင့်အရေးတွေနားလည်တဲ့ကောင်တွေမဟုတ်ဘူးလေ။ အခုသိရသလောက်ကတော့ သူတို့ဖြိုခွင်းတယ်။ ဒဏ်ရာအနာတရ ရတယ်။လောလောဆယ်ကတော့တိုက်ပိတ်ထားတယ်။ နောက်ဆက်တွဲသတင်းအသေးစိတ်ကိုတော့ အစ်ကိုတို့လည်းအနီးကပ်စောင့်ကြည့်နေတယ်”လို့သူကပြောပါတယ်။ အင်းစိန်ထောင်ထဲမှာ လုံခြုံရေးတင်းကြပ်ထားတာ‌ကြောင့် ထောင်ဝန်ထမ်း ဖရဲသီးတွေဆီကသတင်းထုတ်ရခက်ခဲနေသေးတဲ့အတွက် တိုက်ပိတ်ခံရတဲ့အကျဉ်းသားအရေအတွက်ကိုတော့ လက်ရှိအချိန်အထိ မသိရသေးဘူးလို့ဦးထွန်းကြည်ကဆိုပါတယ်။ အင်းစိန်ထောင်တွင်းဆူပူမှုနဲ့ပတ်သပ်ပြီး အသေးစိတ်သိရဖို့ အကျဉ်းဦးစီးဌာနကအရာရှိတွေဆီဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။ ပုံစာ – အင်းစိန်ထောင်ရှေ့မြင်ကွင်း (ပုံအဟောင်းဖြစ်ပါသည်။) Photo: Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

” ငါတို့တော်လှန်ရေးတွက်လုပ်နေတာ သရဏဂုံမတင်နိုင်ဘူး ” ကလေးမြို့ပင်မသပိတ် ၅၃၃ ရက်မြောက်နေ့

July 25, 2022

ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၅ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့အတွက် စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်က ဒီကနေ့ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ရဲ့ ဆန္ဒထုတ်ဖော်မှုဟာ ဒီကနေ့ထိ ရက်ပေါင်း ၅၃၃ ရက်ရှိလာခဲ့ပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယမ်းအပါအဝင်ကျောက်တွင်းသုံး ပစ္စည်းများဈေးတက်သဖြင့် ကျောက်တွင်းသမားများ အခက်တွေ့နေ

July 24, 2022

မိုးကုတ် – ၂၀၂၂ ဇူလိုင် ၂၄ (မော်ကွန်း) ယမ်းတွေအပါအဝင် ကျောက်တွင်းသုံး ပစ္စည်းတွေ ဈေးထက်ဝက်ကျော်မြင့်တက်လာလို့ မိုးကုတ်မြို့က ကျောက်တွင်းလုပ်ကိုင်သူတွေ အခက်အခဲရှိလာကြောင်း စုံစမ်းသိရှိရပါတယ်။ ကျောက်မျက်တွင်းမှာအသုံးပြုတဲ့ ယမ်းအိတ်၊ စက်ပစ္စည်း၊ဓာတ်ဆီတွေ စျေးတက်တဲ့အပြင် အာဏာသိမ်းစစ်တပ်ကိုလည်း ဆက်ကြေးတွေပေးနေရတယ်လို့​ ကျောက်တွင်းလုပ်ကိုင်သူတွေက ပြောပါတယ်။ “အရင်က ယမ်းတအိတ်ကို ရှစ်သောင်းနဲ့တစ်သိန်းပေးရတယ်၊ခုက ယမ်းတစ်အိတ်ကို ငါးသိန်းကျော်​ခြောက်သိန်းပေါက်တယ်၊ အရင်က တွင်းထဲသုံးတဲ့ လက်ဆွဲမီးစက်တွေဆိုရင် တစ်သိန်းခွဲ နှစ်သိန်းပဲပေးရတယ်၊ခုက သုံးသိန်းကျော်ပေးနေရတယ်”လို့ ကျောက်မျက်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ ယမ်းဝယ်ရာမှာလည်း စစ်တပ်က ဖမ်းဆီးတာတွေရှိတာကြောင့် ဈေးမြင့်တက်လာတာဖြစ်ပြီး ဝယ်ရတာခက်ခဲတယ်လို့ ‌အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ ကျောက်မျက်တွင်းလုပ်ကိုင်ရာမှာ ခဲတွေကို ဖောက်ခွဲဖို့အတွက် ယမ်းတွေကိုအသုံးပြုရတာကြောင့် ယမ်းတွေက အဓိကလိုအပ်တာကြောင့် ယမ်းတွေဈေးတက်တာဟာ တော်တော်ဒုက္ခရောက်ရတယ်လို့ဆိုပါတယ်။ ” ခုကမိုးလည်းရွာတော့ တချို့တွင်းတွေရေဝင်တော့နားထားရတာတွေရှိတယ်၊ကျောက်ကလည်း သိပ်မထွက်ဘူး၊ဝယ်ရတဲ့ပစ္စည်းစျေးတွေပဲ ဆက်တိုက်တက်နေတာ၊ ဆက်ကြေးကလည်း တစ်လကို […]

အပြည့်အစုံဖတ်ရန်

“မတရားမှု လွင်ပြင်တွင် ခိုလှုံစရာ အရိပ်မရှိ” ကလေးမြို့ ပင်မသပိတ် ၅၃၂ ရက်မြောက်နေ့ ဆန္ဒထုတ်ဖော်မှု

July 24, 2022

ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၅၃၂ ရက်မြောက် ဒီကနေ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဖားကန့်မြို့ပင်မသပိတ်က KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးသပိတ် ပြုလုပ်

July 24, 2022

ဖားကန့် – ၂၀၂၂ ဇူလိုင် ၂၄ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ပင်မသပိတ်ဟာ ဒီကနေ့မှာ KIA၊ PDF၊ NUG ထောက်ခံပွဲနဲ့ အကြမ်းဖက်စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူတွေဟာ ” KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက်စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်” စတဲ့ သပိတ်ကြွေးကျော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“မတရားမှုလွင်ပြင်တွင် ခိုလှုံစရာအရိပ်မရှိ” ကလေးမြို့ပင်မသပိတ် ၅၃၁ ရက်မြောက် ဆန္ဒထုတ်ဖော်မှု

July 23, 2022

ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၅၃၁ ရက်မြောက် ဆန္ဒထုတ်ဖော်မှုဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ “အကြမ်းဖက်စစ်အုပ်စုတွေ နေ့စဉ်နဲ့အမျှ လုံခြုံရေးတင်းကြပ်ထားတယ်၊ လက်နက်သုံးဖြိုခွင်းမှု မကြာခဏ ကြုံတွေ့ရတဲ့ကြားက ကျွန်တော်တို့ ရှောင်ရှားပြီး သပိတ်တိုက်ပွဲဝင်နေပါတယ်” လို့ သပိတ်ခေါင်းဆောင်က မော်ကွန်းကို ပြောပါတယ်။ ကလေးမြို့သပိတ်ဟာ ပျက်ရက်မရှိသေးဘဲ ရတဲ့နည်းလမ်းတွေသုံးကာ နေ့စဉ်ဆန္ဒထုတ်ဖော်နေတာပါ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 180 181 182 183 184 185 186 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."