ကော်သူးလေ – ၂၀၂၂ ဇွန် ၂ (မော်ကွန်း) ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေမှာ မေလအတွင်း အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်က တပ်သားပေါင်း ၁၄၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအဲန်ယူမူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်တပ်၊ နယ်ခြားစောင့်တပ်တွေ မေလအတွင်း တိုက်ပွဲပေါင်း ၃၄၀ ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူတွေအထဲ အာဏာသိမ်းစစ်တပ်ဘက်က ဒုတပ်ရင်းမှူးအဆင့် နှစ်ဦးနဲ့ တပ်စုမှူး(ဗိုလ်အဆင့်) တစ်ဦးတို့ပါဝင်ခဲ့ပြီး ဒဏ်ရာရသူတွေ တစ်ရာကျော်ရှိတဲ့အထဲ တပ်ခွဲမှူး(ဗိုလ်ကြီးအဆင့်)တို့ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။ ကေအဲန်ယူဘက်ကတော့ တစ်ဦးကျဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။ မေလအတွင်းမှာပဲ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ယာဉ်လေးစီးနဲ့ မြင်းလား ၂၉ ကောင်ကိုလည်း သုတ်သင်နိုင်ခဲ့ပြီး ရုံးအဆောက်အဦတစ်လုံးကိုလည်းဖျက်ဆီးခဲ့တယ်လို့ ပါရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တပ်မဟာ (၅)နယ်မြေထဲကို […]
ကလေး – ၂၀၂၂ ဇွန် ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ကမီးရှိူ့အပြီး ဒီကနေ့ညနေမှာလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ညက ငါးကြိမ်မြောက် မီးရှို့ခဲ့တာဖြစ်ပြီး နတ်ချောင်းကျေးရွာအတွင်းက နေအိမ် ၁၀အိမ်ဝန်းကျင်မီးလောင်သွားပါတယ်။ “မနေ့က ညနေပိုင်းမီးရှို့ပြီးတော့မနက်ကိုထပ်မရှို့ဘူး၊မနက်ကိုသူတို့ကဘေးနားနည်းနည်းကိုကင်းထောက်ပုံစံမျိုးတွေ ခွဲထွက်ပြီး လက်နက်ကြီးနဲ့ လှမ်းထုတာမျိုးတွေ၊ ဘေးပတ်ဝန်းကျင်လှမ်းထုတာမျိုးတွေပဲရှိတာ၊ညနေပိုင်းမှမီးထပ်ရှို့တာ၊အဝေးကကြည့်နေတာတောင်မီးခိုးတွေကိုအူထနေတာပဲ” လို့သတင်းရင်းမြစ်ကဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နတ်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာအင်အား ၁၀၀ ဝန်းကျင်နဲ့တပ်စွဲထားတယ်လို့ သူကဆိုပါတယ်။ “အရင်ဆုံးသေနတ်ပစ်သံတွေစကြားလိုက်ရတယ်၊တိုက်ပွဲဖြစ်သလိုမျိုးပုံစံနဲ့ကိုကြားလိုက်ရတယ်၊ဒါပေမယ့်လည်း ခနလေးပဲ၊မိနစ်နဲ့ပြောရရင်နှစ်မိနစ်သုံးမိနစ်လောက်ပဲ ကြာမှာ၊ပစ်ပြိီးတော့ ကျနော်တို့ဘက်ကို လှည့်လာတာ၊ အဲ့ကတည်းက ကျနော်တို့ပြေးရတော့တာပဲ”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ကတပ်သားတွေက နတ်မြောင်းကျေးရွာစစ်ရှောင်စခန်းတွေကိုပါလက်နက်ကြီးနဲ့လှမ်းပစ်ခဲ့တာကြောင့် စစ်ရှောင်တွေကထပ်မံတိမ်းရှောင်နေကြရပါတယ်။ အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံထားရတဲ့ နတ်ချောင်းဟာ စံပြကျေးရွာကြီးတစ်ရွာဖြစ်ပြီး အခုနောက်ဆုံးအကြိမ် ပျက်စီးတဲ့အိမ်အရေအတွက်ကိုမသိရသေးပါဘူး။ စစ်ကိုင်းတိုင်းရဲ့ […]
ရန်ကုန် – ၂၀၂၂ မေ ၃၁ (မော်ကွန်း) ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ် ဘားလမ်းမှတ်တိုင်မှာ ဒီနေ့ ညနေ ၃နာရီ မိနစ် ၂၀ ကဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။ ဘတ်(စ်) ကားစောင့်နေသူ ပြည်သူခုနစ်ဦးထိပြီး ငါးဦးခန့် ဒဏ်ရာပြင်းထန်နိုင်တယ်လို့ မျက်မြင် တွေ့သူတစ်ဦးကပြောပါတယ်။ “ မှတ်တိုင်အောက်ထဲ တည့်တည့်မှာပေါက်တာ ။ ထိတာ ခုနစ်ဦးပေါ့။ အဲ့ထဲက ငါးဦးကတော့ သွေးတွေ နီရဲနေတာပဲ။ ကျွန်မတို့ကားရှေ့မှာတင်ပေါက်တာ။ ကိုယ်ရှေ့မှာမြင်ရတော့ စိတ်မကောင်းဘူးလို့” မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ် လူနာတင်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားတယ်လို့ သူကဆက်လက်ပြောပြပါတယ်။ ဗုံးပေါက်ကွဲပြီး ငါးမိနစ်ခန့်အကြာမှာပဲ အနော်ရထာလမ်းမပေါ် ပန်းဆိုးတန်းမီးပွိုင့်ကနေ ဆူးလေမီးပွိုင့်အထိ လမ်းပိတ်ထားခဲ့ပြီး ကားရော ခြေလျင်လျှောက်သူတွေပါ ပေးမဖြတ်တော့ပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီမှ လုံခြုံရေးအင်အား […]
ကလေး – ၂၀၂၂ မေ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ နတ်ချောင်းရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေ ၆း၀၀ ဝန်းကျင်က စတင်ပြီးမီးရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ဒီညတော့ကျီးလန့်စာစားတဲ့အခြေအနေပေါ့၊နတ်ချောင်းမှာလက်ရှိမီးရှို့နေတာ ၊ မီးညွန့်တွေဆိုရင် သစ်ပင်တဖျားလောက်တက်တယ်ရှို့နေတာ၊တော်တော်လေးကိုအိမ်ကဆက်နေပြီ၊ဆက်တိုက်ကိုရှို့နေတာ၊နေရာကွက်ကြားမဟုတ်ဘူး၊အိမ်တွေကိုဆက်တိုက်ဆက်တိုက်ရှို့နေတာ”လို့သတင်းရင်းမြစ်က ဆိုပါတယ်။ အခု စစ်တပ်မီးရှို့နေတဲ့နေရာဟာ နတ်ချောင်းစာသင်ကျောင်းရဲ့အနောက်ဘက်က နေအိမ်တွေဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ရွာခံပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အာဏာသိမ်းစစ်တပ် နတ်ချောင်းရွာကိုမီးရှို့တာ ယခုအပါအဝင် ငါးကြိမ်ရှိပြီဖြစ်ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ခံထားရပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ မြို့နယ်အများစုကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပြီး သတင်းအချက်အလက်ပေးပို့မှုတွေ အခက်အခဲရှိနေပါတယ်။ ပုံစာ – နတ်ချောင်းရွာနောက်ဆုံးမီးရှို့ခံရစဉ်က မြင်ကွင်း ဓါတ်ပုံ – CJ #Dailynews
ကနီ – ၂၀၂၂ မေ ၂၈ (မော်ကွန်း) အာဏာသိမ်းစစ်တပ်မီးရှို့လို့ တစ်ရွာလုံးနီးပါး ပြာကျသွားတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာမြင်ကွင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ်အများစုကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားလို့ သတင်းအချက်အလက်တွေ ရရှိဖို့ ခက်ခဲနေပါတယ်။ ကင်းရွာကို မီးရှို့တဲ့အခါ အချိန်ပေးပြီး တစ်အိမ်ချင်း သေသေချာချာမီးရှို့ခံတာလို့ ဒေသခံတွေကပြောပါတယ်။ ရွာခံတွေကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ဘေးရန်လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေဆဲပါ။ ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၂ မေ ၂၇ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချထားတာ ကိုးလကျော်ရှိလာပေမယ့် မြို့ခံပြည်သူလူထုရဲ့ သပိတ်တွေကတော့ ဆက်လက်ချီတက်နေတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကနီ – ၂၀၂၂ မေ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့၊အထက်ကင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မွန်းလွဲ ၁:၀၀ ဝန်းကျင်မှာ စတင်မီးရှို့နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းကရှို့နေတာ၊ ဝင်ဝင်ပြီးချင်းစရှို့တာပဲ၊မီးလောင်နေတာလဲနာရီဝက်လောက်ရှိပြီခုထိလောင်နေတုံးပဲ၊မီးခိုးတွေမြင်နေရတယ်၊ရွာထဲမှာစောင့်ပြီးမီးရှို့နေတာဆိုတော့ ရွာထဲဝင်မီးငြိမ်းလို့မရဘူး”လို့ ဒေသခံကဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က ချင်းတွင်းမြစ်တလျှောက်စုန်ဆင်းလာခဲ့တာကြောင့် အထက်ကင်းကျေးရွာကရွာသားအားလုံး ကမေလ၂၂ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ အထက်ကင်းကျေးရွာကိုဝင်လာတဲ့ အာဏာသိမ်းစစ်တပ် အင်အား ရာဂဏန်းရှိနိုင်ပြီး အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။ “မြစ်တလျှောက်ဆင်းလာတယ်လို့ပြောလို့ရတယ်၊သူတို့ကကလေးဝမှာလည်း အကြာကြီးနေသွားသေးတယ်၊အဲ့ဒီကနေဆင်းလာပြီးတော့လက်ချိပ်၊နှင်းကြီးတို့ အဲ့ဘက်ကမင်းကင်းမြို့နယ်အထက်ပိုင်းတွေကို ရှို့ခဲ့ပြီးတော့၊တောင်ဖြူမှာ၃ရက်ကြာ တယ်၊ဒိီနေ့ဆင်းခဲ့ပြီးတော့အထက်ကင်းကျေးရွာကိုစရှို့တာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ အထက်ကင်းကျေးရွာနဲ့ကင်းရွာတွေကို မကြာခဏစစ်ကြောင်းထိုးခဲ့ပေမယ့် အခုအချိန်မှာမှ ပထဆုံးမီးရှို့တာလို့ဆိုပါတယ်။ ကနီမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုဟာ အင်တာနက်ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက်တွေပေးပို့ဖို့ ဒေသခံတွေ အခက်အခဲရှိနေပါတယ်။ #Dailynews
ကလေး – ၂၀၂၂ မေ ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ထံ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ထပ်မံမရောက်စေရန် ကမ္ဘာ့စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ “တိုတယ်’၊ “ချဲဗ်ရွန်” နှစ်ပတ်လည် အစုရှယ်ယာရှင်အစည်းအဝေးမှာ ဆုံးဖြတ်ပေးဖို့ ကလေးမြို့ပင်မသပိတ်အင်အားစုကဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ကတော့ ကလေးမြို့ပင်မသပိတ်ရဲ့ ၄၆၉ ရက်မြောက်နေ့ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရှမ်းပြည်တောင်ပိုင်း – ၂၀၂၂ မေ ၂၂ (မော်ကွန်း) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အနေဖြင့် အာဏာသိမ်းစစ်တပ်နှင့်ဆက်လက်ပူးပေါင်းနေပါက တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း PDF တပ်ရင်း ၁၀၀၈ က ဒီကနေ့ကြေညာပါတယ်။ PNO/PNA ဟာ အထူးဒေသ (၆) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ထားပြီး ဥက္ကဌကတော့ ဦးအောင်ခမ်းထီဖြစ်ပါတယ်။ အထူးဒေသ (၆) မှာ မူးယစ်ဆေးဝါးနဲ့ မြေယာသိမ်းဆည်းခံရမှုများစွာရှိနေပြီး ဘိန်းစိုက်ပျိုးမှုတွေလည်းရှိနေပါတယ်။ PNO/PNA ဟာ ပအိုဝ်းဒေသမှာ အင်အားအကောင်းဆုံးစစ်တပ်လည်းဖြစ်တယ်လို့ ပအိုဝ်းဒေသတွင်း နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ နိုင်ငံရေးရပ်တည်ချက် ပြတ်သားမှုမရှိတဲ့ PNO ကို အာဏာသိမ်းစစ်တပ်က အသုံးချနေတာကို ပအိုဝ်းပြည်သူတွေအနေနဲ့ ခွဲခြားနားလည်ဖို့လိုတယ်လို့ တပ်ရင်း ၁၀၀၈ က ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။ မကြာသေးခင်ကလည်း အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးတဲ့ သီတဂူဆရာတော်ဟာ […]
ပခုက္ကူ – ၂၀၂၂ မေ ၂၀ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့ မြန်မာ့စီးပွါးရေးဘဏ်အစောင့် အာဏာသိမ်းစစ်တပ်ကို ဒီကနေ့ညနေ ၃:၀၀ နာရီလောက်က ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ “ကျနော်တို့ကားနှစ်စီးနဲ့သွားတာ၊တစ်စီးကိုထားပြီးနောက်တစ်စီးနဲ့ဝင်ပစ်တာ၊ သူတို့ဘက်ကလည်း ပြန်ပစ်တယ်၊အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်၊ ဘဏ်ကနှစ်ထပ်ဆိုတော့အပေါ်ထပ်ထိဝင်ပစ်တာ ရဲနှစ်ယောက်နဲ့စစ်သားနှစ်ယောက်နေရာတင်သေတယ်”လို့ Earthquake People’s Defense Force တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကအင်အား၂၀ဝန်းကျင်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ကားက မီးလောင်သွားပြီးထားခဲ့ရတဲ့အပြင် ကားအတွင်းမှာသေနတ်နှစ်လက်ကျန်ခဲ့တယ်လို့ ဆက်ပြောပါတယ်။ “ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်သားတွေကစျေးထဲပြေးတယ်ထင်ပြီးလိုက်ရမ်းပစ်တာ၊ထိတဲ့သူတော့မရှိဘူး၊ဒါပေမယ့်စျေးထဲကဆိုင်တွေပိတ်ခိုင်းတယ်၊မသင်္ကာတဲ့သူတွေဖမ်းသွားတယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကိုဝင်ရောက်တိုက်ခိုက်ချိန်မှာပြည်သူတွေထိခိုက်မှာစိုးရိမ်တာကြောင့် ပြည်သူတွေမရှိချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Earthquake People’s Defense Force တာဝန်ရှိသူက ဆိုပါတယ်။ အဆိုပါပစ်ခတ်မှုကို Earthquake People’s Defense Force နဲ့ Pakokku Peoples Defense Force တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ […]
မိုးကုတ် – ၂၀၂၂ မေ ၂၀ (မော်ကွန်း) မနေ့က မိုးကုတ်မြို့မှာ ဆိုင်ကယ်စီးနေတဲ့ လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့လူငယ်ကို ဆေးရုံက ဆေးကုမပေးကြောင်း မိသားစုနဲ့နီးစပ်သူကပြောပါတယ်။ “ဗျူဟာမှူးလက်မှတ်မရရင် ဆေးမကုပေးဘူးဆိုပြီး အကြောဆေးပဲသွင်းပေးထားတာ၊အဆုတ်ထဲကို ထိတယ်ထင်တယ်၊ အသက်ရှူလို့တောင်မရဘူး ၊ဒဏ်ရာကိုလည်း သွေးတိတ်အောင်တောင်မစည်းပေးဘူး၊ဒီအတိုင်းထားလိုက်လို့ပြောတယ်”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ကျည်ထိမှန်ဒဏ်ရာရသူကိုဆေးကုသခွင့်ပေးဖို့ ဗျူဟာမှူးဆီလက်မှတ်တောင်းခံခဲ့ပေမယ့်လက်မှတ်ထိုးမပေးဘူးလို့ ဆိုပါတယ်။ ကျည်ထိမှန်သူက ကျောရိုးကိုကျည်ထိမှန်ခဲ့တာဖြစ်ပြီး ဆေးရုံက ဆေးကုမပေးတာကြောင့် တိုင်းရင်းဆေးနဲ့ကုသနေတယ်လို့ဆိုပါတယ်။ နှစ်ဦးထဲက တစ်ဦးကို ဖမ်းဆီးထားပြီး အခုဆေးကုသခွင့်မရသူကိုတော့ ဖမ်းဆီးမထားပါဘူး။ ပစ်ခတ်ခံရသူတွေဟာ ပုဂ္ဂလိကဆက်သယ်ရေးအော်ပရေတာကုမ္ပဏီတစ်ခုက ဝန်ထမ်းဖြစ်ပါတယ်။ သူတို့ကျောပိုးအိတ်ထဲက ရုံးငွေ သိန်း၆၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဗုံးပါတယ်လို့အကြောင်းပြကာ သိမ်းဆည်းသွားတယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းမှာလည်း မနေ့က နေအိမ်အချို့ကို အာဏာသိမ်းစစ်တပ်ကဝင်ရောက်ရှာဖွေမှုတွေပြုလုပ်သွားပါတယ်။ မြို့တွင်းမှာစစ်ကောင်စိီတပ်က စစ်ဆေးမှုတွေကိုတင်းကြပ်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၂ မေ ၁၈ (မော်ကွန်း) ရန်ကုန်သပိတ်လူငယ်တွေရဲ့ အစီအစဉ်ဟာ ပေါက်ကြားသွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဟာ အရပ်ဝတ်၊ လက်နက်ကိုင်တွေနဲ့ ပိတ်ဆို့ဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် ဖမ်းဆီးမခံရဘဲ နေရာပြောင်းကာ လှိုင်မြို့နယ်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီသပိတ်မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ အလုံလူငယ်တပ်ဦး၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(ဗဟို)၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုတို့ ပါဝင်ပြီး ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့)က ဦးဆောင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့၊ အင်းစိန်လမ်း၊ သုခမှတ်တိုင်မှာ အာဏာသိမ်းစစ်တပ်ဟာ ပိတ်ဆို့ထားကာ လူငယ်အနည်းဆုံး ၁၅ ဦးကို ဖမ်းဆီးထားပြီး အဆိုပါလူငယ်တွေဟာ သပိတ်နဲ့မဆိုင်သူတွေဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ကြေညာထားပါတယ်။ ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်စစ်ကြောင်း #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."