သတင်းများ

ရေစကြို၊ သဲတောရွာကို အာဏာသိမ်းစစ်တပ်မီးရှို့လို့ အိမ်ခြေ ၃၀ နီးပါးပျက်စီးပြီး အသက် ၈၀ ကျော်အဘွားတစ်ဦးမီးလောင်သေဆုံး

June 10, 2022

ရေစကြို – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းငယ်တောအုပ်စု၊ သဲတောရွာကို မနေ့က အာဏာသိမ်းစစ်တပ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ​အိမ်ခြေ ၃၀ နီးပါး မီးထဲပါသွားပြီး အသက်၈၀ ကျော် အဘွားတစ်ဦးမီးလောင်သေဆုံးခဲ့တယ်လို့ သဲတောရွာသားတစ်ဦးကမော်ကွန်းကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ် ရွာထဲကိုဝင်လာချ်ိန်မှာ အန္တရာယ်မပြုနိုင်ဘူးလို့ထင်တာကြောင့် ရွာခံတချို့တွေဟာ ထွက်မပြေးဘဲ ရွာထဲမှာပဲ နေခဲ့ကြပါတယ်။ ဒါပေမဲ့ ထင်တဲ့အတိုင်းမဟုတ်တော့ဘဲ ရွာသားတချို့ကိုဓားစာခံအဖြစ်ဖမ်းဆိီး၊ ရိုက်နှက်တာတွေ အာဏာသိမ်းစစ်တပ်က ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ အမျိုးသားအမျိုးသမီး ၂၀ ဦး အဖမ်းခံခဲ့ရပြီး ရိုက်နှက်ခံရသူတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။ “ရွာထိပ်ရောက်တော့သူတို့လက်နက်ငယ်တွေနဲ့ဖောက်တယ်ပေါ့ဗျာ၊ရွာထဲဝင်တော့လက်နက်ကြီးလေးချက်ဖောက်တယ်ပေါ့ဗျာ၊ လက်နက်ကြီးကတော့ရွာထဲကနေ တောထဲဘက်ကိုလှမ်းလှမ်းပစ်တာ၊တိုက်ပွဲတော့မဖြစ်ဘူး၊သူတို့ဘာသူတို့ရမ်းရမ်းပစ်တာ”လို့သတင်းရင်းမြစ်ကဆိုပါတယ်။ ဒီလို အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်ပြီး နေအိမ်တွေကို မီးရှို့ကာ ရွာကနေထွက်သွားတဲ့နောက်မှာတော့ ရွာသားတွေဟာ မီးငြှိမ်းဖို့ […]

အပြည့်အစုံဖတ်ရန်

ယနေ့ထိတိုင် အင်တာနက်ဖြတ်တောက်ထားခံရတဲ့ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်

June 10, 2022

ဖားကန့် – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပေမယ့် မြို့ခံပြည်သူလူထုရဲ့ သပိတ်တွေကတော့ နေ့စဉ်ရက်ဆက် လမ်းမပေါ်ထွက်နေတုန်းပါပဲ။ ဒီကနေ့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြောင်း၊ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်း၊ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကန့်ကွက်ကြောင်း ထုတ်ဖော်ဆန္ဒပြကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်

June 10, 2022

ကလေး – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်ဖမ်းဆီးမှုတွေကြားထဲက ဒီကနေ့ မြို့ရဲ့ တံတားတစ်စင်းပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်ထုတ်ကုန်များရောင်းချသည့်ဆိုင်များအား စမ်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးယူမည်

June 10, 2022

ရန်ကုန် – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း) ယနေ့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ လူစည်ကားရာ ပဒုမ္မာလမ်းအတွင်း ဖောက်ခွဲမှုတစ်ခုပြုလုပ်အပြီး အာဏာသိမ်းစစ်တပ်ထုတ်ကုန်များ ရောင်းချသည့် ဆိုင်များအား အရေးယူတိုက်ခိုက်သွားမည့်အကြောင်းအရာပါ ထုတ်ပြန်ချက်တစ်စောင်ကို စမ်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာခဲ့သည်။ ပဒုမ္မာလမ်းရှိ CUBA ဘားအနီးတွင် ယနေ့ညနေ ၆း၀၀ ဝန်းကျင် စမ်းချောင်း PDF က ဖောက်ခွဲမှုလုပ်ခဲ့သည်ဟု ဆိုသည်။ ဘားများတွင် လာရောက်ပျော်ပါးကြသူများ၊ အာဏာသိမ်းစစ်တပ်ထုတ်ကုန်များအား ရောင်းချနေသည့် ဆိုင်များအား အသိပေးသောအနေဖြင့် ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ #Dailynews

အပြည့်အစုံဖတ်ရန်

မန္တလေးပြည်ကြီးတံခွန်မြို့နယ်က နေအိမ်တွေကို အာဏာသိမ်းစစ်တပ်ကထပ်မံဖျက်ဆီး

June 10, 2022

မန္တလေး – ၂၀၂၂ ဇွန် ၁၀ (မော်ကွန်း) မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်(ဋ)ရပ်ကွက်က နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်၉း၀၀နာရိီဝန်းကျင်မှာ ကျူးအိမ်တွေလို့ဆိုကာ ထပ်မံဖျက်ဆီးခဲ့တယ်လို့မြို့ခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မနက်ပိုင်းမှာ လာရောက်ဖြိုတဲ့အတွက် အလုပ်သွားချိန်ဖြစ်နေတာကြောင့်အိမ်ထဲကပစ္စည်းတွေကိုရွှေ့ချိန်မရလိုက်ဘူးလို့နေအိမ်အဖျက်ခံရသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “အလုပ်သွားချိန်ကြီးလာဖြိုတာဆိုတော့ ဘာမှကိုသယ်ချိန်မရလိုက်ပါဘူး၊ဒီဘက်အပိုင်းကိုဖြိုလိမ့်မယ်လို့လဲ မထင်ထားတော့ကြိုမရွေ့လိုက်ရတာ၊ ဖြိုတဲ့အောက်ထဲပိ​နေတဲ့ ကျန်တဲ့အသုံးအဆောင်ပစ္စည်းနည်းနည်းပဲ ညနေမှ ပြန်ထုတ်ရတယ်”လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။ သုံးထပ်တိုက်အိမ်တွေပါအဖျက်ခံလိုက်ရတယ်လို့ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဒီကနေ့မှာ အင်အား ၁၅၀ ဝန်းကျင်နဲ့ လမ်းတွေကိုပိတ်ဆို့ပြီး ဘူဒိုဇာတွေနဲ့ နေအိမ် ၁၀၀ ဝန်းကျင်ကို ဖျက်ဆီးသွားခဲ့တယ်လို့​ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဇွန်လ ၈ရက်နေ့ကလည်း (ဋ) ရပ်ကွက်က ပြည်သူတွေရဲ့ နေအိမ် ၂၀၀ ဝန်းကျင်ကိုဖျက်ဆီးခဲ့သေးတာကြောင့် အခုဒုတိယအကြိမ် ၁၀၀ လောက်နဲ့ဆို စုစုပေါင်း ၃၀၀ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်ပင်မသပိတ် ယနေ့မြင်ကွင်း

June 9, 2022

ဖားကန့် – ၂၀၂၂ ဇွန် ၉ (မော်ကွန်း) အင်တာနက်ဖြတ်တောက်ခံထားရတာ ကိုးလကျော်ရှိ လာတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ရဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ရုပ်သံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရေစ​ကြို၊ သဲတောရွာကို အာဏာသိမ်းစစ်တပ် မီးရှို့

June 9, 2022

ရေစကြို – ၂၀၂၂ ဇွန် ၉ (မော်ကွန်း) မကွေးတိုင်း၊ ရေစ​ကြိုမြို့နယ်၊ သဲတောရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နံနက် ၁၁:၀၀ ဝန်းကျင်က စတင်မီးရှို့နေပြီး မပြေးနိုင်တဲ့ရွာသားအချ်ို့ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ကသဲတောရွာကို အင်အား၂၀၀ ဝန်းကျင်နဲ့ ဒီကနေ့မနက် ၆:၀၀ ဝန်းကျင်က လက်နက်ကြီးတွေ ပစ်ခတ်ကာဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်က ဆိုပါတယ်။ ရွာထဲကိုဝင်ရောက်လာပြီးနောက် မနက် ၁၁: ၀၀ ဝန်းကျင်မှာ လူနေအိမ်တွေကိုစတင်မီးရှို့ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။ “ရွာထဲကိုရုတ်တရက်ဘာအကြောင်းမှမရှိဘဲဝင်လာတာဆိုတော့ မပြေးလိုက်ရဘဲပိတ်မိနေသူတွေရှိတယ်မီးခိုးတွေကတော့ အူတက်နေတာ မီးရှို့ခံရတဲ့အိမ်များတယ်၊တောဘက်ကိုလည်း တောနင်းရှာနေကြတယ်”လို့သတင်းရင်းမြစ်ကဆိုပါတယ်။ လတ်တလောမှာတော့ မီးလောင်ပျက်စီးသွားတဲ့ အိမ်အရေအတွက်နဲ့ ထိခိုက်သေဆုံးသူတွေ ရှိမရှိ မသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်ကရွာထဲကိုဝင်ရောက်ပြီးနောက် တောထဲကိုလည်း လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ သဲတောရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး ပထမဆုံးအကြိမ် မီးရှို့ခံရတာပါ။ […]

အပြည့်အစုံဖတ်ရန်

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့လူထုသပိတ် ယနေ့မြင်ကွင်း

June 3, 2022

ဖားကန့် – ၂၀၂၂ ဇွန် ၃ (မော်ကွန်း) အင်တာနက်ဖြတ်တောက်ခံထားရတာ ကိုးလကျော်ရှိလာပေမယ့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ လူထုသပိတ်ကတော့ လမ်းပေါ်ထွက် ဆန္ဒပြနေတုန်းပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဖားကန့်မြို့လူထုသပိတ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်းနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ကရင်နီပြည်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းတို့က နေရာတချို့နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်အများစုကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်ဆောင်နေပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“တောင်တန်း ပြည်မ ညီညွတ်ကြသည်” ရန်ကုန်သပိတ်

June 3, 2022

ရန်ကုန် – ၂၀၂၂ ဇွန် ၃ (မော်ကွန်း) ဖမ်းဆီးစောင့်ကြည့်မှုတွေ အမြဲရှိနေတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင်တော်လှန်ရေးသပိတ်ကတော့ ဒီကနေ့ နံနက်ပိုင်းမှာ ပြောက်ကျားဆန္ဒထုတ်ဖော်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ “တောင်တန်းပင်မ ညီညွတ်ကြသည်” စာသားကို ဆွဲကိုင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တောင်တန်း၊ ပြည်မ လူထုတစ်ရပ်လုံးရဲ့ ညီညွတ်မှုနဲ့သာ အရေးတော်ပုံအောင်ပွဲကို ရနိုင်မှာလို့ သပိတ်ကဆိုပါတယ်။ ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်စစ်ကြောင်း #Dailynews

အပြည့်အစုံဖတ်ရန်

နတ်မြောင်းရွာစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက်ရှစ်နှစ်အရွယ်ကလေးအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့

June 2, 2022

ကလေး – ၂၀၂၂ ဇွန် ၂ (မော်ကွန်း) နတ်မြောင်းရွာကစစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ မေ ၃၁နေ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ရှစ်နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ရှစ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်က နတ်ချောင်းရွာအရှေ့ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာဖြစ်ပြီး နတ်မြောင်းစစ်ရှောင်စခန်းနဲ့ လယ်ကွင်းတွေပဲ ခြားတယ်လို့ ဒေသခံက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ကတပ်စွဲထားတဲ့ဘုရားပေါ်ကနေ လက်နက်ကြီးနဲ့ စစ်ရှောင်စခန်းဘက်ကိုလှမ်းပစ်ခတ်ခဲ့တာပါ။ ” လက်နက်ကြီးအစမှန်တယ်၊သားအမိနှစ်ယောက်ကဒဏ်ရာပြင်းထန်တယ်၊ကလေးကတော့အဆုတ်ကိုထိသွားတယ်ပြောတယ်၊ပါးစပ်ထဲကနေလဲသွေး တွေထွက်တယ်၊အမေကတော့ခြေထောက်ထိတာ၊ဒူးနောက်နားလေးနှစ်ဖက်ထိတာ၊တခြား သူတွေလည်း လက်နက်ကြီးအစမှန်တာရှိတယ်” လို့သတင်းရင်းမြစ်ကဆိုပါတယ်။ နောက်ထပ်ကလေးတစ်ဦးကခြေထောက်ထဲကိုလက်နက်ကြီးအစထိမှန်ခဲ့တာကြောင့်ဒဏ်ရာပြင်းထန်ပြီး သူအပါအဝင် သုံးဦးအရေးပေါ်ဆေးကုသဖို့ပို့ဆောင်ထားတယ်လို့ သူကပြောပါတယ်။ “တမင်သက်သက်ထုတာနော်၊စက်သေနတ်ဆွဲတာဆို ဘုန်းကြီးကျောင်းနဘေးကသစ်ပင်တွေအကုန်လုံးကျည်တွေကခေါင်းပေါ်ကနေပျံနေတာသိသာတယ်” လို့ သူက ဆိုပါတယ်။ နတ်မြောင်းရွာကဘုန်းကြီးကျောင်းထဲကိုလက်နက်ကြီးတစ်လုံးကျပြီး အုတ်တံတိုင်းနားကို လက်နက်ကြီးလေးလုံးကျခဲ့ကာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးစုစုပေါင်း ခြောက်လုံးပစ်ခတ်ခဲ့ပါတယ်။ စစ်ရှောင်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်အပြီးညနေပိုင်းမှာတော့ နတ်မြောင်းနဲ့ တဆက်တည်းဖြစ်တဲ့ နတ်ချောင်းရွာကို ငါးကြိမ်မြောက်မီးရှို့ခဲ့ပါတယ်။ နောက်တစ်ရက် ဇွန် […]

အပြည့်အစုံဖတ်ရန်

သွေးစွန်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဖားကန့် မိဘ၊ ဆရာ ပြည်သူ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်

June 2, 2022

ဖားကန့် – ၂၀၂၂ ဇွန် ၂ (မော်ကွန်း) ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဒီနေ့ မိုးသည်းထန်စွာ ရွာသွန်း နေတဲ့ကြားက ကျောင်းသား မိဘ ဆရာ ပြည်သူ အင်အား ၅၀၀ ခန့်ဟာ စစ်ကျွန်ပညာရေး အလိုမရှိ ၊သွေးစွန်းပညာရေး အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါအပြင် လူသတ်၊ မီးရှို့နေတဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်းနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ခံအားပေးကြောင်းလည်း သပိတ်က ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ကိုးလကျော်ရှိလာပါပြီ။ ဖားကန့်မြို့တင်မကဘဲ ချင်းပြည်နယ်၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်းက မြို့နယ်အများစုနဲ့ မကွေးတိုင်းက မြို့နယ်တချို့ကိုလည်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

” မြို့ပြတွေမှာ လက်ဆွဲကျောင်းပို့နေ ရွာပိုင်းတွေမှာ အထုပ်ဆွဲပြေးလို့နေ ” ကလေးမြို့ ပင်မသပိတ်

June 2, 2022

ကလေး – ၂၀၂၂ ဇွန် ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ရက်ပေါင်း (၄၈၀) မြောက်ဆန္ဒထုတ်ဖော်မှု ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 185 186 187 188 189 190 191 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."