ကလေး – ၂၀၂၂ ဇွန် ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရေရှင်ရွာဟာ ပြီးခဲ့တဲ့မေလဆန်းမှာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရပြီး အခုအခါမှာ နီးစပ်ရာတောတောင်တွေ၊ ကျေးရွာတွေမှာ ဖြစ်သလိုစစ်ရှောင်နေရကာ ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အိမ်ခြေ ၄၀၀ နီးပါးရှိပြီး အားလုံးဆေးပေးခန်းပါမချန် အာဏာသိမ်းစစ်တပ်က မီးရှို့သွားခဲ့ကာ စစ်ဘေးရှောင်အိမ်ထောင်စု ၄၂၀ ၊ လူဦးရေထောင်ကျော်ရှိနေပါတယ်။
ရေရှင်ရွာစစ်ဘေးရှောင်ပြည်သူတွေကို ကူညီလိုပါက “စစ်ဘေးရှောင်ကူညီရေးအဖွဲ့ -ကလေးဒေသ” ( Link – https://bit.ly/3bjfYDF ) Facebook စာမျက်နှာကို ချိတ်ဆက်နိုင်ကြောင်း ကူညီထောက်ပံ့ရေးမှာ ပါဝင်နေသူတစ်ဦးကပြောပါတယ်။
ပုံစာ – ရေရှင်ရွာပြည်သူများ စစ်ရှောင်နေရသည့်မြင်ကွင်းများ။
ဓါတ်ပုံ – CJ
#Dailynews

