မိုးကုတ် – ၂၀၂၂ ဇွန် ၂၇ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ အာဏာသိမ်းစစ်တပ်ဟာ လှည့်ပတ်စောင့်ကြည့်နေပြီး မြို့အနောက်ပိုင်းညောင်ပင်ကြီးရပ်ကွက်က ဆိုင်ကယ် ရှစ်စီးကိုလည်း လာရောက်သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အနောက်ပိုင်းမှာကား ငါးစီးနဲ့ပတ်နေတာ၊ ဆိုင်ကယ်တွေနဲ့ကောပတ်နေတယ်၊ ဆိုင်ကယ်တွေလည်း လိုက်ထရပ်ကားပေါ်တင်သွားတယ်၊ ဆိုင်ကယ်တွေကို ဘာကိစ္စသိမ်းသွားတာလဲမသိဘူး” လို့ မြင်လိုက်ရတဲ့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာလည်း လူတွေတိတ်ဆိတ်ခြောက်ကပ်နေပြီးလမ်းသွားလမ်းလာနည်းတယ်လို့မြို့ခံတွေကပြောပါတယ်။
မနေ့ညက မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းက နေရာတချို့မှာ ပစ်ခတ်၊ ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် ဒီကနေ့မှာအာဏာသိမ်းစစ်တပ်က မြို့တွင်းလှည့်လည်စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

