ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အနီး ရွှေစင်-၂ စားသောက်ဆိုင်ရှေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ကားတစ်စီးကို ဒေသတော်လှန်ရေးအဖွဲ့ Operation MoMo က ဒီကနေ့နံနက်အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်တာကြောင့် ကားပေါ်ပါ ငါးဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ နီးစပ်သူသတင်းရင်းမြစ်ကပြောပါတယ်။ မိုင်းနှစ်ကြိမ်ဆွဲခဲ့ရာ ပထမအကြိမ်မှာ သစ်ပင်ကိုဝင်တိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ထိမှန်သေဆုံးကုန်ကြတာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။ အရပ်သားတွေကို ထိခိုက်ခြင်းမရှိဘဲ ငါးဦးသေဆုံးမှု အတည်ပြုသလို နောက်ထပ်ဒဏ်ရာရတဲ့ အာဏာသိမ်းစစ်တပ် တပ်သားတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။ “ဒကစထဲက မထွက်ရဲကြလို့ မိုင်းထိထားတဲ့ကားကို သူတို့ဟာ သူတို့ မီးခိုးတအူအူနဲ့ တွန်းထည့်ကြရတာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ လတ်တလော ငါးဦးသေဆုံးတာဖြစ်ပြီး နောက်ထပ်သေဆုံးနိုင်မယ့်သူတွေရှိနိုင်ကာ တိုက်ခိုက်ခံရအပြီး အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ အိမ်စီးကားတွေနဲ့ ကလေးမြို့ထဲမှာ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ #Dailynews
မိုးမိတ် – ၂၀၂၂ ဇူလိုင် ၂၂ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ မနေ့ညက ညောင်နီကျေးရွာဘက်ကနေ သရက်ချိုကျေးရွာဘက်ကိုအာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် လယ်ယာတဲမှာရှိတဲ့ သားအမိနှစ်ယောက်ကို ထိမှန်ခဲ့ပြီး အသက် ၁၃ နှစ်ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။ မနေ့က မိုးမိတ်မြို့မှာ KIA ၊ PDF ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ နှစ်ကြိမ်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်ကားငါးစီးနဲ့ တပ်ကူရောက်လာပြီးနောက် လက်နက်ကြီးပစ်ခတ်ရာမှာ သားအမိနှစ်ယောက်ကို ထိမှန်ခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။ ” သူ့အမေကဒဏ်ရာရသွားတယ်၊ ကလေးကတော့ စစ်တပ်ကလက်နက်ကြီးကြောင့် ကလေးကလည်ပင်းကျည် ထုပ်ချင်းပေါက်မှန်သေဆုံးသွားပါတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားချ်ိန်မှာ တပ်မ ၈၈နဲ့ တွင်းငယ်အခြေစိုက် အမြောက်တပ်ရင်း တပ်မ ၉၉တို့ဘက်က အင်အား ငါးစီးနဲ့ စစ်ကူရောက်လာပြီး ကုန်တင်ကားတွေနဲ့ အမိုးပိတ်ကာ […]
ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၅၃၀ မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဇူလိုင် ၁၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကလေးမြို့ပင်မသပိတ်ရဲ့ ၅၂၂ ရက်မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ရုပ်သံမှတ်တမ်း – CJ YouTube – https://youtube.com/shorts/XhDgQY3l9vQ #Dailynews
ဆိပ်ဖြူ – ၂၀၂၂ ဇူလိုင် ၁၄ (မော်ကွန်း) မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာ၊ ရှားလှကျေးရွာနဲ့ ဝန်ကြီးကျေးရွာက စစ်ရှောင်ရာဂဏန်းဝန်းကျင်ဟာ တောထဲမှာ ငှက်ဖျားရောဂါခံစားရသူများနေပြီး ဆေးဝါးအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ ကျေးရွာသုံးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ဒေသခံ ထောင်နဲ့ချီထွက်ပြေးနေရပြီး အမိုးအကာမရှိတဲ့တောထဲမှာနေထိုင်ရတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေပါဝင်ပြီး သွားရေးလာရေးခက်ခဲတဲ့အပြင် လွန်ခဲ့တဲ့ လေးရက်လောက်ကစတင်ကာ အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းဖြတ်ခံထားရတာကြောင့် စားနပ်ရိက္ခာ၊ဆေးဝါးတွေ အကူအညီရနိုင်ဖို့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ပြောပါတယ်။ “ကျန်းမာရေး မကောင်းတဲ့လူတွေများတယ်၊ စားရေးသောက်ရေး မရှိဘူး၊ တောတောင်တွေထဲမှာ ဒီတိုင်းပဲ နေကြရတယ်၊ အမိုးအကာ မရှိဘူး၊ ဖျားနာနေတဲ့လူတွေအတွက်က ပိုအရေးကြီးတယ်၊ ဒီဘက်ရွာတွေက တောတောင်ထူထပ်တော့ ငှတ်ဖျားအများအပြား ကြုံကြရတာ၊ နေမကောင်းကြတာကတော့ ငှက်ဖျားရော မိုးမိလို့ ဖျားတာရော အစုံပဲ”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ ရွာသားတွေက […]
ကလေး – ၂၀၂၂ ဇူလိုင် ၁၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၅၂၁ ရက်မြောက် လမ်းမပေါ်ချီတက်ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းပါ။ အာဏာသိမ်းစစ်တပ်က ကလေးမြို့ပေါ်မှာ စောင့်ကြည့်ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ကလေးမြို့ပင်မသပိတ်ကတော့ ရနိုင်တဲ့နည်းလမ်းတွေနဲ့သပိတ်ကို ဆက်လက်ချီတက်ကာ ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရိုက်ခတ်မှုအပြင် စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲအဖြစ် ပြည်တွင်းပြည်ပ ခရီးသွားတွေအမြဲစည်ကားနေတတ်တဲ့ ကမ္ဘာကျော်အင်းလေးဒေသရဲ့ ခရီးသွားလုပ်ငန်းဟာရပ်တန့်လုနီးပါးဖြစ်နေပါပြီ။ ခရီးသွားလုပ်ငန်းကိုမှီခိုနေရတဲ့ဒေသခံတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် ဘယ်လိုရုန်းကန်လှုပ်ရှားနေကြရသလဲဆိုတာကို မော်ကွန်းက ကွင်းဆင်းတင်ဆက်ထားပါတယ်။ YouTube – https://youtu.be/_0wRstFSsYA #Dailynews
ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၁၂ (မော်ကွန်း) မကွေးတိုင်းပခုက္ကူမြို့နယ် စိုင်ဖြူရွာကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၈ရက်နေ့မှာ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၂ လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ စိုင်ဖြူရွာဒေသခံတစ်ဦးကပြောပါတယ်။ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ရှာဖွေ ဖျက်ဆီးသွားပြီး အဖိုးတန်ပစ္စည်းတွေကို ဖောကားနှစ်စီးနဲ့ ခိုးယူသယ်ဆောင်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ” အခုမှရွာထဲ ပြန်ဝင်ရတာ၊ နေအိမ် ၂၂ လုံးကတော့အတိအကျပဲ ၊ ပစ္စည်းတွေကိုလည်း ဖောကားနဲ့သယ်သွားတယ်၊ အဖိုးတန် ဘီဒိုနဲ့ တီဗီတို့ သယ်တာပေါ့၊ကျန်တဲ့လူတွေပြန်မရောက်လာသေးဘူး၊တောထဲမှာပဲနေနေရတုန်း၊မြေပြင်အခြေနေသွားကြည့်ခဲ့တာ”လို့ စိုင်ဖြူရွာဒေသခံတစ်ဦးကပြောပါတယ်။ စိုင်ဖြူရွာမှာနေအိမ် ၁၂၈ လုံးရှိကာ စစ်တပ်က ဝင်မွှေချင်တဲ့အိမ်ကိုဝင်မွှေသွားပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။ ဒေသခံရွာသားတွေက ယခုထိ တောထဲမှာတိမ်းရှောင်နေကြရပြီးရွာကိုမပြန်ရသေးပါဘူး။ အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၈ရက်နေ့မှာ ရှားဒူးရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ မီးလောင်ကျွမ်းခဲ့ပြီး […]
မုံရွာ- ၂၀၂၂ ဇူလိုင် ၁၂ (မော်ကွန်း) မုံရွာ-မန္တလေးကားလမ်းမှာ မနေ့ညနေပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၆ ဦး ထိခိုက်ဒဏ်ရာရကာ နှစ်ဦးစိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)ရဲ့ ဥက္ကဌ ဦးစိန်ကိုကိုကပြောပါတယ်။ ” ကျွန်တော်တို့ကယ်တဲ့အထဲတော့သေတာမပါဘူး။ ဆေးရုံရောက်ရင်တော့မသိဘူး။ စုစုပေါင်း ၁၆ယောက်ဒဏ်ရာရတာ။ကျွန်တော်တို့ပို့တာ ချောင်းဦးဆေးရုံကိုပို့တာ။နှစ်ယောက်ကစိုးရိမ်ရတယ်။တစ်ယောက်ကဒဏ်ရာပြင်းတဲ့အထဲမှာပါတာပေါ့”လို့ ဆိုပါတယ်။ မိုင်းထိမှန်တဲ့ကားဟာ ရွှေသလ္လာ ခရီးသည်တင်ကားဖြစ်ပြီး မုံရွာ-မန္တလေးကားလမ်း ခင်မွန်ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ မိုင်းထိမှန်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေသလ္လာ ခရီးသည်တင်ကားဂိတ်က တာဝန်ရှိသူကို လက်ရှိအချိန်ထိဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။ #Dailynews
ရန်ကုန်- ၂၀၂၂၊ ဇူလိုင် ၁၂ (မော်ကွန်း) ရန်ကုန်မြို့အတွင်း မြို့နယ်အများအပြားမှာ စစ်ဆင်ရေးတွေအရှိန်ဟုန်နဲ့လုပ်ဆောင်သွားဖို့ရှိတယ်လို့ ရန်ကုန်အခြေစိုက်မြို့ပြပျောက်ကျားအဖွဲ့တစ်ခုက ပြောပါတယ်။ “တတ်နိုင်သမျှစကစတွေနဲ့ဝေးဝေးမှာနေပေးပါ။ အဖွဲ့သားအားလုံးဘေးကင်းစွာပြန်ရောက်ပါပြီ။ လုံခြုံရေးအခြေအနေတွေအရ ပွဲတွေချမပြတော့ပါဘူး။ ဇူလိုင် ၁၇ ရက်ထိ သတိပေးချက်ထုတ်ပြန်ထားတာမို့ တတ်နိုင်သမျှဝေးဝေးနေပေးဖို့တောင်းဆိုပါတယ်” လို့ ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တစ်ခု၏တာဝန်ခံ ဗိုလ် Fighter က ပြောပါတယ်။ ပြီးခဲ့ရက်ပိုင်းတွေကစလို့ ရန်ကုန်အတွင်းကမြို့နယ်တော်တော်များများ မြို့ပြပျောက်ကြားအဖွဲ့တွေက ပစ်ခတ်၊ဖောက်ခွဲမှုတွေ ခပ်စိပ်စိပ်လုပ်လာနေပါတယ်။ ဒီနေ့လယ်မှာလည်း တာမွေမြို့နယ်၊ အောင်မင်္ဂလာမှတ်တိုင်နားမှာ ဗုံးတွေ့ရှိခဲ့လို့ လမ်းတွေပိတ်ဆို့ပြီး ဗုံးကို စကစတပ်သားတွေဖောက်ခွဲရှင်းထုတ်ခဲ့ပါတယ်။ “အောင်မင်္ဂလာမှတ်တိုင်နားမှာဗုံးတွေ့လို့ဆိုပြီး လမ်းတွေပိတ်ထားတာ။ ကားတွေလည်းသွားမရဘူး။ ဗုံးကသူတို့ဖာသာ သူတို့ဖောက်လိုက်တာ။” လို့ အောင်မင်္ဂလာမှတ်တိုင်နားနေထိုင်သူတစ်ဦးကပြောတယ်။ စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါးအတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ နှစ်ထောင်ကျော်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီကယ်ဆယ်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ #Dailynews
ပခုက္ကူ – ၂၀၂၂ ဇူလိုင် ၁၁ (မော်ကွန်း) ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဒေသ ဒဲ့ပြားရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နေ့ခင်းက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အနီးအနားဒေသခံရွာသားတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးအင်အား ၂၀၀ ဝန်းကျင်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဒဲ့ပြားရွာကိုဝင်ရောက်လာပြီး နေအိမ်တွေအတွင်းက အဖိုးတန်ပစ္စည်းတွေကိုခိုးယူသယ်ဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။ ” ဒီနေ့ နေ့ခင်း ၁း၀၀ နာရီဝန်းကျင်က ရွာထဲကိုစဝင်လာတာ၊ရွာသားတွေအကုန်ထွက်ပြေးနေရတယ်၊ ပထမစစ်ကြောင်းကအရင်ဝင်ပြီး နောက်စစ်ကြောင်းက ဖောကားနဲ့ပစ္စည်းတွေသယ်တယ်”လို့ အနီးအနားကျေးရွာကဒေသခံတစ်ဦးကပြောပါတယ်။ ဒဲ့ပြားရွာရဲ့အရှေ့ဘက်က ဆိတ်၊သိုး မွေးမြူရေးခြံကတဲအိမ်ကိုလဲ မီးရှို့သွားတယ်လို့ပြောပါတယ်။ ဒဲ့ပြားရွာက အိမ်ခြေ ၃၅၀ ခန့်ရှိပြီး မေလအတွင်းမှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၆အိမ်မီးလောင်ကျွမ်းခဲ့တယ်လို့ဒေသခံက ပြောပါတယ်။ ဒဲ့ပြားရွာအနီးက မြစ်ဖျား၊စညောင်း၊တောင်ဘလူ၊ဥယျာဥ်စုရွာတွေကဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။ #Dailynews
ကလေး – ၂၀၂၂ ဇူလိုင် ၁၁ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ဆန္ဒပြသပိတ်မှောက်ချီတက်မှု ၅၁၉ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ သပိတ်တိုက်ပွဲကို ပျက်ရက်မရှိဘဲအာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်ဖမ်းဆီးမှုတွေကြားက နေ့စဉ်လှုပ်ရှားနေတာဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."