ကလေး – ၂၀၂၂ ဇွန် ၂၆ (မော်ကွန်း)
ဒီကနေ့ဟာ ချင်းလူမျိုး ကျောင်းသားခေါင်ဆောင် ဆလိုင်းတင်မောင်ဦးကို အာဏာရှင်စစ်ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မဆလအစိုးရက ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ၄၆ နှစ်ပြည့်နေ့ဖြစ်ပါတယ်။
“မိမိခန္ဓာကိုယ်ကိုသာ သတ်ပစ်လို့ရမည်ဖြစ်ပြီး ခံယူချက်နဲ့ရပ်တည်ချက်တွေကို ဘယ်တော့မှသတ်လို့ရမည်မဟုတ်ဘဲ စစ်ဖိနပ်အောက် ဘယ်တော့မျှဒူးမထောက်”ဆိုတဲ့ စကားဟာ ဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးကြိုးမပေးခင် ကြွေးကျော်ခဲ့တဲ့ စကားအဖြစ် သမိုင်း၊ မှတ်တမ်းတွေမှာတင်ကျန်ဆဲပါ။
မဆလတစ်ပါတီစနစ်၊ စစ်အာဏာရှင်စနစ်တွေကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မှိုင်းရာပြည့် အခမ်းအနားနဲ့ပတ်သက်လို့ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်အတွင်း ကြိုးပေးသတ်ဖြတ်ခဲ့ချိန်မှာသူဟာ အသက် ၂၅ နှစ်သာရှိသေးပါတယ်။
ကြိုးပေးသတ်ဖြတ်ခဲ့တဲ့နေ့ကတော့ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံက ဒေသအတော်များများမှာ ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြု အောက်မေ့တဲ့ ၄၆ နှစ်ပြည့်အခမ်းအနားတွေပြုလုပ်ကြပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ကလည်း ပါဝင်ခဲ့ပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးက သွေးမအေးဘဲ၊ သွေးမကွဲဘဲ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ် တည်ဆောက်နိုင်တဲ့အထိ ဆက်တိုက် အားစိုက်ပြီး နည်းနာပေါင်းစုံနဲ့ တော်လှန်ကြဖို့ ပင်မသပိတ်က နှိုးဆော်ထားပါတယ်။
ရုပ်သံမှတ်တမ်း – CJ
YouTube – https://youtu.be/trn-Henw07Q
#Dailynews

