ကော်သူးလေ – ၂၀၂၅ ဇွန် ၂၃ (မော်ကွန်း) ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်၊ ထီးကပလယ် စစ်ကောင်စီစခန်းကို KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြပါတယ်။ ဒီစခန်းဟာ မြဝတီမြို့တောင်ဘက်၊ DKBA ထိန်းချုပ်ရာ ဝေါလေဒေသထဲမှာရှိပါတယ်။ ထီးကပလယ်စခန်းဟာ KNU ဌာနချုပ် မာနယ်ပလောစခန်းကျပြီးနောက် ၁၉၉၅ မှာ ရွှေ့ပြောင်းခဲ့ရတဲ့ တပ်မဟာ-၆ နယ်မြေထဲက နောက်ထပ် KNU ဌာနချုပ်တစ်ခုဖြစ်ခဲ့ပေမယ့် တည်ဆောက်ပြီး နှစ်နှစ်အကြာမှာပဲ မြန်မာစစ်တပ်က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ ခုတော့ ၂၈ နှစ်အကြာမှာ ဒီစခန်းကို ပြန်လည်ရယူနိုင်ခဲ့သလို မာနယ်ပလောစခန်းကိုလည်း ၂၀၂၄ ဒီဇင်ဘာမှာ KNU က ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ “ထူးထူးခြားခြားတော့ ပြောစရာမရှိပါဘူးခင်ဗျ၊ ကျွန်တော်တို့အတွက်ကတော့ ဒီလိုပြန်ရခဲ့တဲ့အတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်း […]
ရန်ကုန် – ၂၀၂၅ ဇွန် ၂၀ (မော်ကွန်း) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ခပေါင်းချောင်း ရေလျှံတာကြောင့် ချောင်းကမ်းတလျှောက်ကျေးရွာတချို့ ရေနစ်မြုပ်နေပြီး ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတသူတချို့က ပြောပါတယ်။ မနေ့ကညပိုင်းကတည်းက ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် တောင်ငူမြို့နယ်ထဲကို ဖြတ်သန်းစီးဆင်းနေတဲ့ ခပေါင်းချောင်းရေဟာ ဒီနေ့မနက်ပိုင်းမှာမြင့်တက်ခဲ့ပြီး ကျေးရွာတချို့ ရေဝင်နစ်မြုပ်လာတာပါ။ ခပေါင်းချောင်းကမ်းဘေးအနီးက ကင်းဆိပ်၊ ဆင်ဆိပ်၊ စိန်ပန်းမြိုင်နဲ့ ဆင်ခြေဖုံးကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံတွေကို တောင်ငူမြို့နယ် အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရတာပါ။ တောင်ငူနဲ့ အုတ်တွင်းမြို့နယ်အနီးရှိတဲ့ ခပေါင်းရေလှောင်တမံကနေ အရှေ့ဘက်ကိုစီးဆင်းလာတဲ့ ခပေါင်းချောင်းဟာ တောင်ငူမြို့နယ်ကိုဖြတ်သန်းပြီး စစ်တောင်းမြစ်ထဲကို စီးဝင်တဲ့ ချောင်းလက်တက်တစ်ခုဖြစ်ပါတယ်။ ဒီမနက်ပိုင်းကစပြီး ဒီချောင်းအနီးက တချို့ကျေးရွာတွေမှာ ရေအမြင့် သုံးပေနီးပါးထိ ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ်နီးပါးကို […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၉ (မော်ကွန်း) ပြီးခဲ့တဲ့သီတင်းပတ်က စစ်ကောင်စီ တိုက်လေယာဉ်ကိုပစ်ချခဲ့တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပြီး ၎င်းဒေသက စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာရဲစခန်းတစ်ခုကို သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်လာပါတယ်။ ဒီလဆန်းပိုင်းမှာစတင်ပြီး တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်းကို ဒီနေ့မနက် ၆ နာရီခွဲခန့်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ ယင်းမာပင်ခရိုင်၊ ပုလဲနယ်မှာရှိတဲ့ ၎င်းကျေးရွာဟာ ပုလဲမြို့နယ်နဲ့ ယောဒေသဖြစ်တဲ့ ကျောနဲ့ ဂန့်ဂေါမြို့တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာရှိပြီး ဒေသတွင်းဗျူဟာအရ အရေးပါတဲ့ ကျေးရွာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုဝင်တချို့က ပြောပါတယ်။ လက်ရှိမှာ ကန့်ဒေါင့်ရဲစခန်းကို သိမ်းလိုက်နိုင်ပြီဖြစ်ပေမယ့် ၎င်းအနီးတစ်ဝိုက်က ဇီးဖြူကုန်းနဲ့အင်မထီးကျေးရွာတွေမှာ […]
ရန်ကုန်-၂၀၂၅ ဇွန် ၁၉ (မော်ကွန်း) ဒီနေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ဟာ လည်း အရင်နှစ်တွေတုန်းကလိုပဲ စစ်အာဏာရှင်ရဲ့ ထောင်တွင်းမှာ သူဖြတ်သန်းရမှာပါ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်၊ တတိယအကြိမ်၊ လွှတ်တော်သက်တမ်းခေါ်မယ့်နေ့ကတည်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အဖမ်းခံထားရတဲ့ လူထုခေါင်းဆောင်ဟာ ဒီနေ့အထိ နေပြည်တော်ကအကျဉ်းထောင်မှာ နှစ်ရှည်လများ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ ထောင်သွင်းအကျဉ်းချပြီးကတည်းက စစ်ကောင်စီက မည်သူနဲ့မှပေးမတွေ့ဘဲ ပြင်ပကမ္ဘာနဲ့ သူ့ကိုအဆက်ဖြတ်ထားတာ အခုဆိုရင် လေးနှစ်ကျော်ငါးနှစ်သက်တမ်းထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ ထောင်တွင်းမှာ သူ့ကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာ အများပြည်သူမသိကြပါဘူး။ သူရဲ့ ဒီနှစ်ကျရောက်တဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်အဲရစ်ဦးဆောင်ပြီး ကမ္ဘာ့မှတ်တမ်း ဂရင်းနစ်စံချိန်ဖြစ်စေဖို့ မြန်မာပြည်သူတွေထံကနေ မွေးနေ့ဆုတောင်းကမ်ပိန်းစကားဗီဒီယို ၈၀,၀၀၀ တောင်းခံခဲ့ရာမှာ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၈ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မနေ့ကစပြီး ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် စစ်ဘေးရှောင်စခန်းတွေရေနစ်မြုပ်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတချို့က ပြောပါတယ်။ မနေ့ကစပြီး ဆက်တိုက်ရွာသွန်းနေတဲ့မိုးကြောင့် စစ်ဘေးရှောင်စခန်းတွေဆီကို တောင်ကျချောင်းရေတွေစီးဆင်းလာပြီး စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၂၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး (PYA) က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ရေကခါးလယ်လောက်ထိနစ်မြုပ်နေပြီး စားရေးသောက်ရေးနဲ့ နေထိုင်စရာ အခက်အခဲတွေကြောင့် အကူအညီတွေလိုအပ်နေတဲ့တယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။ ဒါ့အပြင် ၎င်းစစ်ဘေးရှောင်တွေကို ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံး (PYA) ကနေတစ်ဆင့် ထောက်ပံ့နိုင်တယ်လို့ အလှူငွေတွေလည်း ကောက်ခံထားပါတယ်။ စစ်တွေမြို့ရဲ့ တောင်ဘက်မှာရှိပြီး ကုလားတန်မြစ်၊ မယူမြစ်တို့အကြားမှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဟာ ဒီရေအတက်အကျရှိတဲ့ ချောင်းငယ်တွေ အများအပြားရှိတဲ့ မြို့ဖြစ်တာကြောင့် […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၇ (မော်ကွန်း) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းတလျှောက်ကကျေးရွာတွေမှာ မနေ့ကစပြီး အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်က သဲနုကုန်း၊ ရေဖြူနဲ့ ကျားကိုက်ကျေးရွာတွေမှာ မနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ ၎င်းကျေးရွာတွေက ဒေသခံရာနဲ့ချီပြီးတော့ လေးမျက်နှာမြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပုသိမ်-မုံရွာ ကားလမ်းအနီးက သဲနုကုန်းနဲ့ ရေဖြူရွာတွေကရဲကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ သတင်းတွေလည်းထွက်ပေါ်နေပြီး ဒီနေ့မနက်ထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း လေးမျက်နှာမြို့ပေါ်က ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “ပုသိမ်မြစ်တစ်ဖက်ကမ်းမှာ တိုက်ပွဲတွေမနေ့ကမနက်ပိုင်းက စဖြစ်တယ်။ ဒီနေ့တော့ အဲဒီရွာတွေကို AA က သိမ်းလိုက်ပြီပြောတယ်။ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၆ (မော်ကွန်း) စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့နောက်ဆက်တွဲကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်ခဲ့ပြီး နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ် (World Bank) ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါတယ်။ မြန်မာ့စီးပွားရေး အညွှန်းကိန်းတွေကို စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ ကမ္ဘာ့ဘဏ်က “မြန်မာနိုင်ငံတွင် ငလျင်ဘေးနောက်ဆက်တွဲကြောင့် စီးပွားရေးစိန်ခေါ်မှုများ ပိုဆိုးလာ” ဆိုတဲ့ အစီရင်ခံစာကို ဒီလ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။ ငလျင်ဘေးမတိုင်မီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၂၃ နဲ့ ၂၀၂၄ မှာ ၃၁ ရာခိုင်နှုန်းထိ ရှိနေတာပါ။ ငလျင်ဘေးဖြစ်ပွားပြီးနောက်မှာတော့ နိုင်ငံရဲ့ ဆင်းရဲမွဲတွေမှုနှုန်းဟာ ၂ ဒသမ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီနေ့မနက်ပိုင်းထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ဒီလဆန်းပိုင်းကစပြီး နောင်ချို-တောင်ခမ်းလမ်းပိုင်းကနေ စတင်ထိုးဆင်လာတာပါ။ အကွာအဝေး ၁၅ မိုင်ခန့်ပဲရှိတဲ့ နောင်ချို – တောင်ခမ်း ကားလမ်းရဲ့ အလယ်က ကံကြီးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီမနက်ထိ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။ “ နောင်ချိုမြို့ပေါ်ကနေ လက်နက်ကြီးသံတွေ တစ်နေကုန်ကြားရတယ်။ အခုဖြစ်နေတာ ကံကြီးနားမှာလို့ ကြားတယ်။ ကံကြီးရွာလွန်ရင် နောင်ချိုနဲ့တော်တော်ကပ်သွားပြီ” လို့ ၎င်းဒေသခံက ပြောပါတယ်။ လက်ရှိမှာ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၃ (မော်ကွန်း) စစ်ကောင်စီက ရွှေဈေးနှုန်းမြင့်တက်မှုကိုထိန်းချုပ်လာပြီး ရွှေဆိုင်တွေကို စစ်ဆေးနေတာကြောင့် ရွှေဈေးကွက်မဖွင့်လှစ်နိုင်ဘဲဖြစ်နေတယ်လို့ ရွှေဈေးကွကေလေ့လာသူစောင့်ကြည့သူတချို့က ပြောပါတယ်။ မနေ့ကစပြီး ပြည်တွင်းရွှေဈေးနှုန်းဟာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ထိ ရောက်ရှိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ရွှေလုပ်ငန်းရှင်အသင်းက ရွှေအတုံးအခဲရောင်းချတဲ့ဈေးကွက်ကို ရပ်နားဖို့ ရွှေဆိုင်တွေကိုညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဓါတ်သတ္တုရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီအဖွဲ့ဝင်တွေက ရွှေဈေးနှုန်းမြင့်တက်မှုနဲ့ပတ်သက်လို့ ရွှေဆိုင်တချို့ကို ခေါ်ယူစစ်ဆေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောပါတယ်။ အခုလိုအခြေအနေတွေကြောင့် ဒီနေ့ညနေပိုင်းအထိ ဈေးကွက်ထဲမှာ ရွှေဈေးနှုန်းကို မသတ်မှတ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ရွှေဈေးကွက်တစ်ခုလုံးလည်း ရပ်တန့်သွားတယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။ ဒီလဆန်းပိုင်းကစပြီး ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းဝန်းကျင်ကနေ ကျပ်သိန်း ၈၀ […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၂ (မော်ကွန်း) ဒီရက်ပိုင်းအတွင်း တရိပ်ရိပ်မြင့်တက်နေတဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ကို ရောက်ရှိလာပြီးနောက်မှာ ရွှေဆိုင်တချို့ကို ရွှေအတုံးအခဲရောင်းချမှုတွေရပ်ထားဖို့ ရွှေလုပ်ငန်းရှင်အသင်းက အသိပေးညွှန်ကြားလာတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ ဒီနှစ်သင်္ကြန်ကာလ ပိတ်ရက်မတိုင်မီကာလက တစ်ကျပ်သား ကျပ်သိန်း ၇၀ ဝန်းကျင်မှာပဲရှိရာက ပြီးခဲ့တဲ့လနဲ့ ဒီလဆန်းပိုင်းတွေမှာ ဆက်တိုက်မြင့်တက်လာတာပါ။ ဒီနေ့မွန်းလွဲပိုင်း ဈေးကွက်ဖွင့်လှစ်မှုအရ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇၉ သိန်း ငါးသောင်းကျော်ကို ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရွှေလုပ်ငန်းရှင်အသင်းတွေက ရွှေအတုံးအခဲ ရောင်းဝယ်တာတွေ ရပ်ထားဖို့ညွှန်ကြားချက်ကို ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိပါက အရေးယူမယ်လို့လည်း အကြောင်းကြားထားတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ မန္တလေးမြို့က […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၂ (မော်ကွန်း) ရခိုင်ရိုးမတောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အပိုင်ထဲမှာရှိတဲ့ စစ်ကောင်စီအမြှောက်တပ်ကို မနေ့ကညပိုင်းက အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ရခိုင်ရိုးမအစပ် ဂွ-ငသိုင်းချောင်းလမ်းပေါ်က မြောက်စမ်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမတ (၃၄၄) အမြှောက်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ” နေ့တိုင်းလိုလိုကို ဖြစ်နေကြတာပါပဲ။ ညကဖြစ်တာတော့ အိမ်တွေပါတုန်တယ်၊ ထုနေကြတာ။ ညနေပိုင်းကတည်းက လေယာဉ်တွေနဲ့ သုံးကြိမ်လောက်လာပြီးတော့လည်း ဗုံးကြဲသေးတယ်”လို့ အဲဒီ အမြှောက်တပ်အနီးမှာ ဂွမြို့ကနေ စစ်ဘေးရှောင်အဖြစ် ရောက်နေတဲ့ ဒေသခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ အခုအတိုက်ခံနေရတဲ့တပ်ဟာ ပုသိမ်-မုံရွာလမ်းပိုင်း၊ ဂွ-ငသိုင်းချောင်းလမ်း၊ ငသိုင်းချောင်းမြို့ အထွက်က […]
ရန်ကုန် – ၂၀၂၅ ဇွန် ၁၁ (မော်ကွန်း) ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပစ်ခတ်နေပြီး ဒေသတွင်းစစ်ရေးတင်းမာနေတဲ့အတွက် စစ်ရေးသတိပေးချက်တွေ လိုက်နာဖို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁၀၀၆) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ် (PNA) တပ်တွေဟာ ဒီလဆန်းပိုင်းမှာ ဖယ်ခုံအင်းအရှေ့ခြမ်းက ဖယ်ခုံနဲ့ ညောင်ရွှေမြို့ ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီး ဒီဒေသအခြေစိုက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာပါ။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ တစ်ပတ်တာကာလအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်ဘက်က ငါးဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ဖယ်ခုံအင်းရဲ့အရှေ့ဘက်ကမ်းက […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."