ရန်ကုန် – ၂၀၂၅ မေ ၂၈ (မော်ကွန်း) စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ကချင်ပြည်နယ်က ဗန်းမော်နဲ့ ဖားကန့်မြို့တွေမှာ ဒီရက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စစ်ရေးနဲ့စီးပွားရေးအရအရေးပါတဲ့ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့နှစ်ရက်က တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကို အနီးကပ်ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကက ဗန်းမော် စကခ -၂၁ ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်နှစ်စင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ ပစ်ချခဲ့ပြီးနောက်မှာ မြေပြင်ထိုးစစ်ဆင်လာတာလို့ ၎င်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ၎င်းစစ်ကူရဟတ်ယာဉ်တွေ မပစ်ချမီ ရက်ပိုင်းကတော့ ဗန်းမော်မှာ ဒရုန်းနဲ့ လေကြောင်းထိုးစစ်တွေပဲ […]
ရန်ကုန် – ၂၀၂၅ မေ ၂၇ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားအလွန်ကောင်းလာတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ မိုးဆက်လက်ကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်ကို ဖြည်းညင်းစွာရွေ့လျားက ပိုမိုကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အလွန်အားကောင်းနေတယ်လို့ ဆိုပါတယ်။ မနက်ဖြန် မနက်ပိုင်းထိ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း(အထက်)၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မနေ့ကညပိုင်းကစပြီး ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့မှာ မိုးဆက်တိုက်ရွာသွန်းနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ရန်ကုန်မြို့မှာဆိုရင် မနေ့ကညပိုင်းထဲက ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ငမိုးရိပ်ချောင်းနဲ့ […]
ရန်ကုန်-၂၀၂၅ မေ ၂၆ (မော်ကွန်း) ရန်ကုန်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့နယ်ထဲမှာ လျှပ်စစ်သုံးဘီး၊ လျှပ်စစ်စက်ဘီး စီးနင်းခွင့်ပိတ်ပင်လိုက်ပြီး တွေ့ရှိပါက ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာတဲ့အတွက် အဲဒီက အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးနဲ့ သွားရေးလာရေး ခက်ခဲသွားတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ ပြီးခဲ့တဲ့စနေညပိုင်းကစလို့ ဒီယာဉ်တွေ လမ်းပေါ်မှာ အသုံးပြုခွင့်မရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကတဆင့် ကြေညာ ခဲ့သလို တနင်္ဂနွေနေ့မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့နောက်လိုက်တချို့ဟာ ဒလမြို့တွင်းက အဓိကလမ်းမတွေမှာ ဖမ်းဆီးစစ်ဆေးမှုတွေ စတင်ခဲ့တာတွေ့ရပါတယ်။ ဘာကြောင့် လျှပ်စစ်အသုံးပြုယာဉ်တွေကို ပိတ်ပင်ရတယ်ဆိုတာကို အာဏာပိုင်တွေက မြို့ခံတွေကို မပြောပါဘူး။ “ အုပ်ချုပ်ရေးမှူးရုံးကို သွားမေးတော့ အထက်က ညွှန်ကြားလို့ ပိတ်ရတာလို့ ပြောတယ်။ ဘာကြောင့် ပိတ်ရသလဲ ဆိုတာ သူတို့လည်း မသိဘူးလို့ အဲဒီက အစ်မက ပြောတယ်။ ‘လောလောဆယ်တော့ ထွက်မစီးနဲ့ဦး၊ […]
ရန်ကုန် – ၂၀၂၅ မေ ၂၃ (မော်ကွန်း) တောင်ငူမြို့ရဲ့ အနောက်ဘက် ရန်ကုန်-နေပြည်တော် အမြန်လမ်းနဲ့ ကပ်လျက်ရှိတဲ့ ငုံးမင်းနဲ့ စပါးကြွယ်ကျေးရွာတွေမှာ နှစ်ရက်ဆက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး ၎င်းကျေးရွာတွေက ဒေသခံတွေဟာ တောင်ငူမြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ တောင်ငူမြို့ခံ ပရဟိတအသင်းတချို့က ပြောပါတယ်။ အမြန်လမ်း ၁၄၇ မိုင်အနီးမှာရှိတဲ့ ၎င်းကျေးရွာတွေအနီးက ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာပါ။ မနေ့ကထိ နှစ်ဖက်တိုက်ပွဲတွေ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ၎င်းကျေးရွာတွေအနီးမှာ ဒေသခံရာနဲ့ချီပြီး ပိတ်မိနေတာကြောင့် တောင်ငူမြို့ပေါ်က ပရဟိတအသင်းတွေက လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ တောင်ငူမြို့ခံ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ပြေပါတယ်။ “မနေ့ကနဲ့ ဒီနေ့တစ်နေ့လုံး တောင်ငူက ပရဟိတအသင်းတွေအကုန်စုပြီး ပြောင်းရွှေ့ပေးနေကြပါတယ်။ […]
ရန်ကုန် – ၂၀၂၅ မေ ၂၃ (မော်ကွန်း) အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်ကို အသုံးပြုပြီး ရခိုင်ပြည်နယ်ထဲက အသက် ၁၈ ကနေ ၄၅ နှစ်အတွင်းလူငယ်တွေကို ပြည်နယ်ပြင်ပထွက်ခွင့် ကာလအကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ရခိုင်ပြည်နယ်ဒေသအများစုကိုသိမ်းထားတဲ့ အာရက္ခတပ်တော်(AA)က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်က လူငယ်တွေဟာ AA က ထုတ်ထားတဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက်ကို သေချာစွာနားမလည်ဘဲ အဓိပ္ပါယ်ကောက်လွဲကာ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ရှောင်လွှဲကာ နေရပ်စွန့်ခွာဖို့ အားထုတ်ကြိုးပမ်းမှုတွေရှိတာ တွေ့လာရလို့ ဒီလို တားမြစ်ထုတ်ပြန်ရတာလို့ AA က ကြေညာပါတယ်။ ဒါကြောင့် သူတို့ထိန်းချုပ်ဧရိယာအတွင်းက အသက် ၁၈ ကနေ ၂၅ နှစ်အတွင်း အမျိုးသမီးတွေနဲ့ အသက် ၁၈ ကနေ ၄၅ နှစ်ကြား […]
ရန်ကုန် – ၂၀၂၅ မေ ၂၂ (မော်ကွန်း) စစ်ကောင်စီဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ဒီလပိုင်းအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်ပိုင်းမှာ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုဟာ နောင်ချိုကို တစ်ရက်ပဲခြားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာလို့ TNLA ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က နောင်ချိုမြို့နယ် ဟိုခိုကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ပါသေးတယ်။ ဒီလ ၁၇ ရက်ကလည်း နောင်ချိုမြို့နယ် တောင်ကျကျေးရွာကို လေကြောင်းကနေ သုံးကြိမ်ထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုမှာ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ […]
ရန်ကုန် – ၂၀၂၅ မေ ၂၀ (မော်ကွန်း) ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နှစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့မွန်းလွဲပိုင်းက ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကို အတည်ပြုပြောပါတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီခန့်က ဗန်းမော်မြို့မှာ အခြေပြုထားတဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ် နှစ်စင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ်ရာမှာ တစ်စင်းက မီးလောင်ပျက်ကျခဲ့ပြီး နောက်တစ်စင်းက အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။ “တစ်စီးကတော့ ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်လိုက်တယ်။ နောက်တစ်စီးကတော့ ရွှေကူမြို့နဲ့ ၁၆ မိုင်လောက်ကွာတဲ့ တောထဲကို မီးလောင်ပြီးပျက်ကျသွားတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက […]
ရန်ကုန် – ၂၀၂၅ မေ ၂၀ (မော်ကွန်း) မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့ထိ ငါးရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်ကြရတယ်လို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။ နွားထိုးကြီးမြို့နယ်ရဲ့ အရှေ့ဘက်က မြို့သာတိုက်နယ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကားလမ်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ငါးရက်ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်နေတာပါ။ စစ်ကောင်စီကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်နေပြီး ၎င်းတိုက်ပွဲတွေကြောင့် နွားထိုးကြီးမြို့ပေါ်နဲ့ နွားထိုးကြီးမြို့နယ်ထဲက ထန်းဂွ၊ ပဲချက်နဲ့ ဝက်လူးကျေးရွာတွေက ဒေသခံ ၇,၀၀၀ ခန့် နေရပ်တိမ်းရှောင်နေကြရတာပါ။ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီလ ၁၅ ရက်မှာ တိုက်နယ်အဆင့်ရှိတဲ့ ဝက်လူးကျေးရွာက ရဲစခန်း၊ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့နေရာတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ၎င်းဒေသခံတချို့က […]
ရန်ကုန်-၂၀၂၅ မေ ၁၆ (မော်ကွန်း) ဗမာပြည်ကွန်မြူနစ်ပါတီ(ယူဂျီ)ဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဒေါက်တာနေဝင်း(ပို့ပို့)၊ အသက် ၆၅ နှစ်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ညနေ ၃း၀၀ နာရီအချိန်၊ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ တက်ရောက်လာခဲ့ကြပြီး ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ ဒေါက်တာနေဝင်းရဲ့ ဈာပန အခမ်းအနား ပုံရိပ်တချို့ကို မော်ကွန်းက မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ – Mawkun Magazine
ရန်ကုန် – ၂၀၂၅ မေ ၁၆ (မော်ကွန်း) အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆောက်လုပ်ရေးဈေးကွက်အတွင်းမှာ ဘိလပ်မြေ ပြတ်လပ်နေပြီး ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။ မတ်လ ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ နေအိမ်အဆောက်အအုံတွေ အများအပြားပျက်စီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြည်တွင်းမှာ ဘိလပ်မြေဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်း နှစ်ဆကျော် မြင့်တက်ခဲ့တယ်လို့ ဆောက်လုပ်ရေး လုပ်ကိုင်သူတချို့က ပြောပါတယ်။ အခုလို ဈေးနှုန်းမြင့်တက်နေတဲ့အပြင် ဈေးကွက်ထဲမှာ ဘိလပ်မြေ ဝယ်ယူလို့မရတာကြောင့် ဆောက်လက်စ အဆောက်အအုံတွေကိုလည်း ရပ်ထားရတယ်လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးက ပြောပါတယ်။ “ဈေးကလည်း အရင်ထက် နှစ်ဆတက်သွားတာ၊ အခု အဲဒီဈေးနဲ့ ဝယ်ရင်တောင် ဘယ်မှာရှာဝယ်ရမယ်မသိဘူး။ အိမ်က တစ်ဝက်တစ်ပျက်နဲ့ပဲ […]
ရန်ကုန်-၂၀၂၅ မေ ၁၅ (မော်ကွန်း) စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၉,၅၀၀ ဝန်းကျင်အထိ သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ပဋိပက္ခစောင့်ကြည့်လေ့လာတဲ့ ISP-မြန်မာ အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနှစ် မေ ၁၃ ရက်အထိ ပြုစုထားတဲ့ စာရင်းတွေအရ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၉,၄၄၃ ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။ ဒီအတောအတွင်း အရပ်သားသေဆုံးမှုက မနှစ်က အများဆုံးဖြစ်ပြီး ၃,၅၅၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP-မြန်မာ အဖွဲ့က ဖော်ပြပါတယ်။ ဒီနှစ်ထဲမှာ မေ ၁၃ ရက်အထိ အရပ်သား ၉၇၆ ဦးသေဆုံးခဲ့ရပြီးဖြစ်သလို ဒီအထဲက […]
ရန်ကုန်- ၂၀၂၅ မေ ၁၅ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့တွေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ရတယ်လို့ အာရက္ခတပ်တော်(AA) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒီလ ၁၃ ရက် မနက် ၁၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းမှာ အရပ်သား ၁၂ ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရခဲ့သလို နေအိမ် ၃၁ လုံး ပျက်စီးခဲ့တယ်လို့ ထိခိုက် သေဆုံးသူ အမည်တွေနဲ့တကွ ဖော်ပြပါတယ်။ ဒါအပြင် မနေ့က ညနေ ၄နာရီဝန်းကျင်မှာ ကျောက်တော်မြို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတဲ့အတွက် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်ကိုးလုံး ပျက်စီးခဲ့တယ်လို့ AA က […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."