သတင်းများ

ရန်ကုန်အပါအဝင်တစ်နိုင်ငံလုံးမှာ မိုးအဆက်မပြတ်ရွာသွန်းဖို့ရှိတယ်လို့ မိုးဇလထုတ်ပြန်

May 15, 2025

ရန်ကုန်- ၂၀၂၅ မေ ၁၅ (မော်ကွန်း) ရန်ကုန်မှာ ယနေ့ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေထု မငြိမ်သက်တာ၊ မုတ်သုံလေဆက်လက်ဝင်ရောက်လာနိုင်တာ၊ အပူပျံတက်တိမ်တွေဖြစ်ထွန်းတာတွေကြောင့် ဒီလ ၂၀ ရက်နေ့အထိ မိုးကောင်းနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ပါတယ်။ မနေ့က ညပိုင်းကတည်းက စတင်ရွာသွန်းနေတဲ့ ရန်ကုန်မြို့ကမိုးဟာ ဒီနေ့လယ်ပိုင်းအထိ အဆက်မပြတ်ရွာသွန်းနေတာ ဖြစ်ပါတယ်။ ဒီမိုးလေဝသဖြစ်စဉ်တွေကြောင့် ဒီရက်ပိုင်းတွေအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ဒါအပြင် ဒီလ ၁၈ […]

အပြည့်အစုံဖတ်ရန်

သီလဝါမှာရင်းနှီးမြုပ်နှံထားတဲ့ဂျပန်ကုမ္ပဏီတစ်ချို့ ပြန်ထွက်ခွာမည်

May 15, 2025

ရန်ကုန်-၂၀၂၅ မေ ၁၅ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို ဝင်ငွေလမ်းပွင့်စေတဲ့ ရန်ကုန်မြို့၊ သီလဝါဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်းစီမံကိန်းကနေ နုတ်ထွက်ကြဖို့ အကြီးစားရင်းနှီးမြုပ်နှံထားကြတဲ့ ဂျပန်ကုမ္ပဏီတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ရာမှာ အနည်းဆုံး ဂျပန်ကုမ္ပဏီသုံးခုက ဒီစီမံကိန်းကနေ ထွက်ဖို့ ပြင်ဆင်နေပြီလို့ အကြောင်းပြန်ထားကြောင်း Justict For Myanmar(JFM) အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေနဲ့ အတူ ဂျပန်ကုမ္ပဏီတွေဟာ သီလဝါစီမံကိန်းမှာ လုပ်ဆောင်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြခဲ့ပြီး အဲဒီ အထဲက အနည်းဆုံး သုံးခုက နုတ်ထွက်မည့်အကြောင်း ပြန်ကြားခဲ့တာလို့ JFM က ဆိုပါတယ်။ Kamigumi ကုမ္ပဏီ၊ Sumitomo Corporation နဲ့ Toyota Tsusho ကုမ္ပဏီတွေက သီလဝါဘက်စုံသုံး […]

အပြည့်အစုံဖတ်ရန်

ကော့ကရိတ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေဗုံးကြဲ

May 14, 2025

ကော့ကရိတ် – ၂၀၂၅ မေ ၁၄ (မော်ကွန်း) ကော့ကရိတ်မြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီနေ့တိုက်ပွဲတွေဖြစ်နေပြီး နံနက်ပိုင်းမှာ Y-12 လေယာဉ်နဲ့ပါ ဗုံးတွေလာကြဲချခဲ့တယ်လို့ စစ်မြေပြင်မှာ ရောက်နေတဲ့ သတင်းရင်းမြစ်ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လပိုင်းက ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားတွေ ထပ်မံပို့လွှတ်ခဲ့ကာ ထောင်နဲ့ချီတဲ့ အင်အားရှိတယ်လို့ စစ်မြေပြင်သတင်းမြစ်တွေဆီက သိရပါတယ်။ ဧပြီလထဲမှာတော့ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေလဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ငြိမ်သွားပါတယ်။ စစ်ကောင်စီဘက်က နောက်ကို ပြန်ဆုတ်သွားပြီလို့ သတင်းလွှင့်ထားပြီး မတိုက်ဘဲ ငြိမ်နေပေမယ့် ပုံစံတမျိုးကြံစည်နေတာဖြစ်နိုင်တယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ခုလတ်တလောမှာတော့ ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး “နှစ်ရက်လောက်ရှိပြီ၊ […]

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းမှာ စာသင်ကျောင်းဗုံးကြဲခံရပြီးနောက် NUG စာသင်ကျောင်းတွေ ယာယီပိတ်လိုက်ရ

May 13, 2025

ရန်ကုန် – ၂၀၂၅ မေ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ ယာယီပိတ်လိုက်ရတယ်လို့ ၎င်းစာသင်ကျောင်းတွေမှာ ပညာရေးဝန်‌ဆောင်မှု ပေးနေသူတချို့က ပြောပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာရှိတဲ့ စာသင်ကျောင်းတွေ မနေ့ကစပြီး ယာယီပိတ်ထားတယ်လို့ ဒေသတွင်း CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။ မနေ့က မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က အိုးထိန်းကွင်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂၀ နဲ့ CDM ဆရာမနှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရသွားပါတယ်။ စစ်ကောင်စီကတော့ ၎င်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ငြင်းဆိုထားပြီး စစ်ကောင်စီလော်ဘီတယ်လီဂရမ်တွေကလည်း စာသင်ကျောင်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲတာလို့ ဆိုကြပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းသွားလာမှုတွေကို စောင့်ကြည့်နေတဲ့ ဝေဟင် […]

အပြည့်အစုံဖတ်ရန်

NUG တောင်ပိုင်းတိုင်းစစ်ဒေသမှာ စစ်သုံ့ပန်းကို မင်္ဂလာဆောင်ခွင့်ပြု

May 13, 2025

ကော်သူးလေ – ၂၀၂၅ မေ ၁၃ (မော်ကွန်း) အခုလ ၁၀ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှာ စစ်သုံ့ပန်းတစ်ဦးကို စခန်းတာဝန်ရှိသူတွေက လက်ထပ်ထိမ်းမြားပေးခဲ့ပါတယ်။ စစ်သုံ့ပန်း သတို့သားမောင်မျိုးဆွေကို ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅ ကဖြစ်ပြီး ထွက်ပြေးလာချိန် မြဝတီမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သတို့သမီးဖြစ်သူကတော့ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ချိန် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတဲ့ ဖခင်ဖြစ်သူ ရဲတပ်ကြပ်ကြီးရဲ့ သမီးဖြစ်တယ်လို့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းတာဝန်ခံ စောနေလက မော်ကွန်းကိုပြောပါတယ်။ “သူတို့နှစ်ဦးက ၂၀၂၄ ဇန်နဝါရီမှာ ရောက်ရှိကြပြီး ကောင်လေးက လိမ်လည်းလိမ်မာတယ်၊ စခန်းအတွက်လည်း အားကိုးရတယ်၊ ကျွန်တော်တို့အတွက်လည်း ယုံကြည်ရလောက်တဲ့ သစ္စာတရားမျိုးရှိတာကြောင့် စခန်းမှာ အကူလုံခြုံရေးရဲဘော်အဖြစ်ခံအပ်ထားသူဖြစ်ပါတယ်၊ သူတို့နှစ်ဦးဟာ စခန်းမှာ မေတ္တာမျှနေခဲ့တာ တစ်နှစ်လောက်ရှိပါပြီ”လို့ စောနေလက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အတင်းအဓမ္မစစ်သားစုဆောင်းခံရသူ YBS ယာဉ်မောင်းတစ်ဦး KNLA ထံ လက်နက်ချအလင်းဝင်

May 12, 2025

ရန်ကုန် – ၂၀၂၅ မေ ၁၂ (မော်ကွန်း) ရန်ကုန်မှာ YBS ယာဉ်မောင်းဘဝကနေ ပေါ်တာဆွဲခံခဲ့ရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ တစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထံကို လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ KNU က ဒီနေ့မှာထုတ်ပြန်ပါတယ်။ YBS ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုသက်အောင်ဟာ ၎င်းရဲ့ ဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မတရားဖမ်းဆီး စေခိုင်းခံရသူဖြစ်ကာ ပဲခူးတိုင်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းရွာအနီးက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၃၉ ကို ပို့ဆောင်ခံခဲ့ရတာပါ။ ၎င်းဟာ ဒီလ ၅ ရက်က ပဲခူးတိုင်း၊ မူးမြို့အတွင်းက KNLA တပ်ရင်း (၈) ဆီကို MA-11 တစ်လက်၊ ကျည်ဘောက်သုံးခု၊ ကျည်အတောင့် ၁၀၀ နဲ့အတူ လက်နက်ချအလင်းဝင်လာတာပါ။ ရန်ကုန်မြို့မှာ […]

အပြည့်အစုံဖတ်ရန်

ဝက်လက်မြို့နယ်က ကျေးရွာ လေးရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲလို့ ပြည်သူ ၉ ဦးသေဆုံး

May 12, 2025

ဝက်လက် – ၂၀၂၅ မေ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာ၊ ရွှေပန်းကုန်းရွာ၊ သစ်စိမ့်ကြီးရွာနဲ့ တံငါရွာတို့ကို စစ်ကောင်စီတပ်က မနေ့က ညနေပိုင်းနဲ့ ဒီနေ့နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲရာ ရွာတော်ကုန်းရွာခံ ပြည်သူ ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော် ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။ စစ်ကောင်စီတပ်က မနေ့ ညနေ ၄ နာရီ ဝန်းကျင်မှာရွာတော်ကုန်းရွာကို လေကြောင်းဗုံးကြဲရာ ပြည်သူ ကိုးဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ “ အမျိုးသမီးအမျိုးသား၊ အသက်ရွယ်သေဆုံးတွေကိုတော့ ကျွန်တော်တို့ မသိရသေးဘူး၊ စစ်ကောင်စီတပ်ရဲ့ မိတ္ထီလာ၊ တံတားဦးက ဂျက်ဖိုက်တာတွေနဲ့ ဝက်လက်မြို့နယ်ကို ဆက်တိုက်ဗုံးကြဲနေတာ” လို့သူကပြောပါတယ်။ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာစာသင်ကျောင်းကိုလည်း ဒီနေ့မနက် ၇း၀၀ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်ကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါအပြင် […]

အပြည့်အစုံဖတ်ရန်

ရွှေတိဂုံစေတီက ညောင်ရေသွန်းပွဲ

May 12, 2025

ရန်ကုန် -၂၀၂၅ မေ ၁၁ (မော်ကွန်း) ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မှာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကဆုန်လပြည့်နေဖြစ်တဲ့ ဒီနေ့မှာ ကျင်းပ‌ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်နေ့ထူးဖြစ်တဲ့ ဒီကဆုန်လပြည့်နေ့ဟာ ဂေါတမမြတ်စွာဘုရား မွေးဖွားတဲ့နေ့၊ ဘုရားအဖြစ်ရောက်ရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့အဖြစ် သက်ဝင်ယုံကြည်ကြပါတယ်။ ရွှေတိဂုံစေတီတော်က ကဆုန်ညောင်ရေသွန်းကြတဲ့ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ_ မော်ကွန်း

အပြည့်အစုံဖတ်ရန်

နောင်ချိုမှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲတွေပြင်းထန်နေ

May 9, 2025

ရန်ကုန် – ၂၀၂၅ မေ ၉ (မော်ကွန်း) တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက ဒီနေ့မှာထုတ်ပြန်လာပါတယ်။ စစ်ကောင်စီဟာ ငလျင်ဘေးကယ်ဆယ်ရေးအတွက် ဒီလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းတိုးမြှင့်တယ်လို့ ကြေညာထားပေမယ့် ဒီရက်ပိုင်းမှာ TNLA နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာတာပါ။ မနေ့ကစပြီး စစ်ကောင်စီဟာ နောင်ချို့မြို့နယ်က TNLA တပ်တွေ စိုးမိုးထားတဲ့ သရက်ချို၊ ယာပြင်၊ နောင်လင်နဲ့ တောင်လှကျေးရွာတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားတာပါ။ ၎င်းတိုက်ပွဲတွေမှာ စစ်ကောင်စီက မြေပြင်ထိုးစစ်အပြင် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ၎င်းတိုက်ခိုက်မှုတွေမှာ […]

အပြည့်အစုံဖတ်ရန်

ငလျင်ကြောင့် အိုးဘိုထောင်မှာ ၆၀ ကျော်သေ၊ နိုင်/ကျဉ်း ၄၀ ကျော်ပါဝင်၊ ကိုယ်ဝန်ဆောင်နှစ်ဦးနဲ့ သန္ဓေသားများပါသေဆုံး

May 8, 2025

မန္တလေး-၂၀၂၅ မေ ၈ (မော်ကွန်း) စစ်ကိုင်းငလျင်ကြောင့်ပြိုကျခဲ့ရသည့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသား အနည်းဆုံး ၆၄ ဦး သေဆုံးခဲ့ရပြီး ဒီအထဲမှာ စစ်ကောင်စီမတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦး သေဆုံးခဲ့ ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM)က ဒီနေ့ ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂၃ ဦးဟာ ဒီပြိုကျမှုတွေအတွင်း သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ၁၄၀ ကျော် ဒဏ်ရာရခဲ့ကာ လေးဦးကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ နေ့လယ်ပိုင်းမှာ အင်အားပြင်းစစ်ကိုင်းငလျင်လှုပ်ချိန်မှာ အကျဉ်းသားတွေကို တန်းပိတ်ထားတဲ့ အချိန် ( ကိုယ့်အခန်းကိုယ်နေရပြီး အပြင်က သော့ခတ်ထားချိန်) နဲ့ သွားတိုက်နေတာကြောင့် ပြေးမရ၊ ရှောင်မရဘဲ အဆောင်တွေပြိုပိသေဆုံးခဲ့ကြရတာလို့ ဆိုပါတယ်။ ဒီငလျင်ကြောင့် […]

အပြည့်အစုံဖတ်ရန်

သပိတ်ကျဉ်းကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲတာကြောင့် ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရ

May 8, 2025

ရန်ကုန် – ၂၀၂၅ မေ ၈ (မော်ကွန်း) မနေ့က မွန်းလွဲပိုင်းမှာ စစ်ကောင်စီက မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြင်ဦးလွင်ခရိုင် က ထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်း တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ မနေ့ကမွန်းလွဲမှာ သပိတ်ကျဉ်းမြို့နယ်တောင်ဘက်မှာရှိတဲ့ ရေထွက်ရွာကို လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားခုနစ်ဦးနဲ့ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့ အခုလဆန်းပိုင်းမှာပဲ မန္တလေးတိုင်းက မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျဉ်းနဲ့ မတ္တရာမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က သပိတ်ကျဉ်းမြို့နယ်ရဲ့ မြောက်ဘက် ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာရှိတဲ့ မလယ်တိုက်နယ်ကျေးရွာကို […]

အပြည့်အစုံဖတ်ရန်

ထားဝယ်၊ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်

May 8, 2025

ရန်ကုန် – ၂၀၂၅ မေ ၇ (မော်ကွန်း) မြန်မာ၊ ထိုင်းနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ ထီးခီးနယ်စပ်ရေးကုန်သွယ်ရေးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ထီးခီးဒေသက နယ်စပ်ဂိတ်ဝင်ပေါက်နဲ့ ငါးမိုင်ခန့်ပဲကွာဝေးတဲ့ ထီးခီးဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီကလည်း လေကြောင်းနဲ့ပြန်လည်ပစ်ခတ်ကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်ကျော်က ထီးခီးနယ်စပ်စခန်းအနီးက ထီးထဗျူဟာစခန်းကုန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပြီး နောက်ထပ် ထီးခီးနယ်စပ်စခန်းကိုပါ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။ ၎င်းတိုက်ပွဲတွေကြောင့် ထီးခီးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။ ထီးခီးနယ်စပ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထားပြီးဖြစ်တာကြောင့် […]

အပြည့်အစုံဖတ်ရန်
1 … 12 13 14 15 16 17 18 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."