သတင်းများ

သပိတ်ကျင်းက စစ်ရှောင် ၁၀၀ ကျော် ရာသီတုပ်ကွေးခံစားနေရပြီး ဆေးဝါးလိုအပ်နေ

August 13, 2023

သပိတ်ကျင်း – ၂၀၂၃ ဩဂုတ် ၁၃ (မော်ကွန်း) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ရှောင် ၁၀၀ ကျော်ဟာ ရာသီတုပ်ကွေးခံစားနေရပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်တစ်သောင်းကျော်ရှိနေပြီး စစ်ရှောင်တွေထဲက အသက် ၅၀ ကျော်၊ အသက် ၂၀ အောက်နဲ့ ၁၀နှစ်အောက် ကလေးတွေ တုပ်ကွေးခံစားနေရတာလို့ သပိတ်ကျင်း မြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အခုဖြစ်နေတာတော့ရာသီတုပ်ကွေးပါ၊ မိုးကအဆက်မပြတ်ရွာနေတော့ မိုးရွာထဲပြေးရတာဆိုတော့ဖြစ်ကြတာ၊ ဆေးဝါးမပြည့်စုံတာ၊ မိုးကတော့ရွာလိုက်တိတ်လိုက်ပဲ”လို့ သပိတ်ကျင်း ပ.က.ဖ တာဝန်ရှိသူကပြောပါတယ်။ စစ်ရှောင်တွေဟာ စစ်ရှောင်စခန်းတွေမှာမဟုတ်ဘဲ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာသွားရောက်တိမ်းရှောင်နေရတာကြောင့် ဆေးတပ်သားတွေကနေရာထိသွားရောက်ကုသမှုပေးနေတယ်လို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပန်ကုန်း၊ ပေါ်တော်မှု၊ မတောင်၊ ကျောက်အိုက်၊ ချိုချင်မြိုင်၊ […]

အပြည့်အစုံဖတ်ရန်

ရေဘေးသင့်သူ သိန်းနဲ့ချီလာပြီ

August 12, 2023

ရန်ကုန်- ၂၀၂၃ ဩဂုတ် ၁၂ (မော်ကွန်း) လတ်တလော မိုးကြီးရေလျှံ၊ ရေလွှမ်းမှုတွေကြောင့် နိုင်ငံတောင်ပိုင်းက ဒေသတွေမှာ လူအနည်းဆုံး ၄၇၀,၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရတယ်လို့ မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်က ဒီနေ့မှာ အချက်အလက်ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပဲခူး၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ မိုးကြီးရေလျှံမှု၊ မြစ်ရေကြီးမှုတွေကြောင့် လူတွေရေဘေးသင့်နေရတာကို ဩဂုတ် ၁၀ ရက်နေ့အထိ ပြုစုထားတာဖြစ်ပြီး ဆက်လက်ရွာသွန်းနေတဲ့မိုးကြောင့် ရေဘေးသင့်သူတွေ ထပ်တိုးလာနိုင်ပါတယ်။ လက်ရှိကာလဟာ မြန်မာမုတ်သုံရာသီရဲ့ ဒုတိယရေကြီးကာလလည်းဖြစ်ပါတယ်။ ဩဂုတ် ပထမအပတ်ကတည်းက နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာနေတာပါ။ မိုးကြီးလွန်းလို့ မြေပြိုတာတွေဖြစ်ပြီး အခုဆိုရင် ရန်ကုန်-မြဝတီကားလမ်းမတောင် ပြတ်ကျသွားလို့ ပိတ်ထားရတာ ရက်များစွာ ကြာလာပါပြီ။ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကတော့ သံလွင်မြစ်ဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၂၆ စင်တီမီတာအထိ မြင့်တက်နေပြီး စစ်တောင်းမြစ်ကတော့ […]

အပြည့်အစုံဖတ်ရန်

ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ခြောက်လအတွင်း ကလေး ၃၀ အပါအဝင် အရပ်သား တစ်ရာကျော်သေဆုံး

August 11, 2023

ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း) ပြီးခဲ့တဲ့ခြောက်လအတွင်း နိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ကလေးသူငယ်တစ်ရာကျော် ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲက အယောက် ၃၀ သေဆုံးခဲ့တယ်လို့ ဒီဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ကုလသမဂ္ဂကလေးသူငယ်ရံပုံငွေအဖွဲ့(UNICEF)ရဲ့ Mineaction အဖွဲ့က ထုတ်ပြန်တယ်။ ယခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ နိုင်ငံတစ်ဝှမ်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ထိခိုက်မှုဖြစ်စဉ်ပေါင်း ၃၀၆ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၅၅၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အဲဒီအထဲက ၁၀၂ ဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ခြောက်လပတ်အစီရင်ခံစာမှာ ဖော်ပြတယ်။ သေဆုံးသူတွေထဲမှာ အယောက် ၃၀ ဟာ ကလေးတွေ ဖြစ်ပြီး အခြား ကလေး ၈၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြတယ်။ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ […]

အပြည့်အစုံဖတ်ရန်

ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းလာ

August 11, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း) ဒီရက်ပိုင်းအတွင်း ထိုင်းဘတ်နဲ့ တရုတ်ယွမ်ငွေလဲလှယ်နှုန်းတွေမြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းလာတယ်လို့ ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းက တရုတ်ငွေတစ်ယွမ်ကို ၄၃၀ ကျပ်ဝန်းကျင်မှာရှိနေတဲ့ တရုတ်ယွမ်ငွေလဲလှယ်နှုန်းဟာ ယခုလအတွင်းဆက်တိုက်မြင့်တက်လာပြီး တစ်ယွမ်ကို ၅၀၀ ကျပ်နီးပါးထိ ရောက်ရှိလာပြီဖြစ်တယ်လို့ မူဆယ်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ “ယွမ်ဈေးက နှစ်သောင်းတန်ထုတ်မယ်လို့ ကြေညာတဲ့ရက်ပိုင်းကစပြီးတက်လာတာ၊ အခုဆက်တိုက်တက်လာတာ ယွမ် ၁၀၀ ကို ငါးသောင်းထိကပ်နေတယ်၊ အခုဒီနေ့နောက်ဆုံးပေါက်တာ ၄၉၀ ကျပ်နဲ့ အရောင်းအဝယ်လုပ်တယ်” လို့ တရုတ်ယွမ်ငွေလဲလှယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ အလားတူ ထိုင်းဘတ်ငွေဈေးဟာ အခုရက်ပိုင်းအတွင်းမြင့်တက်ခဲ့ပြီး ထိုင်းတစ်ဘတ်ကို ၁၀၀ ကျပ် ထိ ဈေးမြင့်တက်နေတယ်လို့ ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “အခုက ဘတ်ဈေးက […]

အပြည့်အစုံဖတ်ရန်

ရွှေကျင်မောင်မယ်လူမှုကူညီရေးယာဉ် သေနတ်နဲ့ပစ်ခံရ

August 11, 2023

ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့ကနေ ပဲခူးမြို့ကို ရေဘေးကယ်ဆယ်ရေးသွားတဲ့ ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းယာဉ်နှစ်စီး ဒီနေ့မနက်ပိုင်းက ရွှေကျင်မြို့အထွက်လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက မော်ကွန်းကို‌ပြောပါတယ်။ “ကျွန်တော်တို့က ကားနှစ်စီးထွက်လာတာ၊ ရှေ့ကကားပေါ်မှာ မိန်းကလေးသုံးယောက်နဲ့ ယောက်ျားလေးနှစ်ယောက်ပါတယ်။ နောက်ကားမှာက ကျွန်တော်တို့ယောက်ျားလေးခြောက်ယောက်ပါတယ်။ ပထမ စပစ်တယ်မထင်ဘူး။ နောက်တစ်ချက်ကျမှသေနတ်နဲ့ပစ်တယ်၊ သေနတ်နဲ့ပစ်တယ်။ မြန်မြန်မောင်းဆိုပြီးတော့မောင်းချိန် နောက်တစ်ချက်မှာ ကားကိုထိတာ။ ကားကိုထိတော့ ကားဘောင်ပေါ်ကမှန်ကွဲသွားတယ်။ အသင်းသားတစ်ယောက်တော့ မှန်စထိသွားတယ်” လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေနတ်ပစ်ခံရပြီး ကားကိုဘေးကင်းတဲ့နေရာအထိကားဆက်မောင်းကာ ဒဏ်ရာရတဲ့ အသင်းသားကို ဆေးကုသပေးထားပြီး မစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။ အသင်းရဲ့လူနာတင်ကားတစ်စီးဟာ သေနတ်မှန်တာကြောင့် ဘေးမှန်ကွဲပြီး အမိုးနားမှာ ကျည်ဖောက်ဝင်ရာတစ်ချက်ရခဲ့တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ လက်ရှိအချိန်အထိတော့ […]

အပြည့်အစုံဖတ်ရန်

ပ.က.ဖ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခြင်း တစ်နှစ်ပြည့် ညသပိတ် အရာတော်မှာပြုလုပ်

August 11, 2023

အရာတော် – ၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဆုတောင်းညသပိတ်ကို ဒီကနေ့ညမှာ ပြုလုပ်ခဲ့တယ်လို့ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီဆီကသိရပါတယ်။ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီနဲ့အတူ အရာတော် ပ.က.ဖ၊ ဒေသခံပြည်သူလူထု ၃၀၀ ကျော် ဆုတောင်းသပိတ်မှာပါဝင်ခဲ့တယ်လို့ သပိတ်ခေါင်းဆောင်ကပြောပါတယ်။ ကျဆုံးသူဟာ ရဲဘော်နားတက်လို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မနှစ်က ရန်သူစစ်ကြောင်းလာချိန်မှာ မိုင်းခွဲဖို့ ပြင်ဆင်ရင်း မတော်တဆမှုဖြစ်ကာ ကျဆုံးခဲ့ရတာလို့ သပိတ်ခေါင်းဆောင်ကပြောပါတယ်။ ဒီကနေ့ညသပိတ်မှာတော့ ရဲဘော်နားတက်အတွက် ဂုဏ်ပြုအလေးပြုခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဓါတ်ပုံ – အရာတော်သပိတ် #Dailynews

အပြည့်အစုံဖတ်ရန်

ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေ

August 10, 2023

ပဲခူး – ၂၀၂၃ ဩဂုတ် ၁၀ (မော်ကွန်း) ပဲခူးမြစ်ရေကြီးကာ ပဲခူးမြို့ထဲအထိ ရေဝင်လာတာကြောင့် ဒေသခံနှစ်ထောင်ခန့်ကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ပို့ထားရတယ်လို့ ပဲခူးမြို့ခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ပဲခူးမြစ်ရေဟာ မနေ့ကနေ့လယ်ပိုင်းခန့်ကစပြီး စိုးရိမ်ရေမှတ်ကိုရောက်ရှိခဲ့ပြီး မြို့ထဲမှာရေကြီးခဲ့တာကြောင့် မြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေမှာနေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၄၈၀ က ဒေသခံနှစ်ထောင်ခန့်ကို နီးစပ်ရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ထားရတယ်လို့ ပဲခူးမြို့ခံ ပရဟိတအဖွဲ့ဖြစ်တဲ့ အနာဂတ်ကြယ်ပွင့် လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ပဲခူးမြို့အတွင်း ယာယီရေဘေးရှောင်စခန်း ၁၃ ခုကို ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်တိုက်တွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းအချို့မှာ ဖွင့်လှစ်ထားတယ်လို့ သူက ပြောပါတယ်။ “မနေ့က နေ့လယ်ပိုင်းကစပြီး ရေစဝင်တာပေါ့၊ ဒီနေ့မနက်ပိုင်းမှာတော့ မြို့ပေါ်တွေပါရောက်နေပြီ၊ ပဲခူးမြို့လယ်ခေါင်က ကားလမ်းပေါ်တွေလည်း ရေကျော်ဝင်လာပြီ၊ […]

အပြည့်အစုံဖတ်ရန်

ကောက်စိုက်ချိန်

August 10, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၀ (မော်ကွန်း) မြန်မာပြည်ရဲ့ ကောက်စိုက်ရာသီနှောင်းပိုင်းကို ရောက်လာပါပြီ။ ဒီနှစ်မှာတော့ လယ်သမားတွေဟာ သူတို့ လယ်ယာတွေကို ကြိုးစား၊ပမ်းစား စိုက်ပျိုးမြဲ စိုက်ပျိုးနေဆဲပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲကျော် စစ်အာဏာမသိမ်းမီကာလတုန်းကနဲ့ယှဉ်ရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတဲ့ကာလမှာ လယ်သမား၊ လယ်လုပ်သားတွေဟာလည်း ဒီဒဏ်ကို အများသူငါနည်းတူ ခံနေရပါတယ်။ အခုအခါမှာတော့ စက်သုံးဆီဈေးမြင့်တက်တာ၊ သွင်းအားစုတွေဖြစ်တဲ့ မြေဆီ၊ ပိုးသတ် ဆေးဈေး မြင့်တက်တာနဲ့ လယ်ယာလုပ်သား ရှားပါးပြီး လုပ်အားခဈေး မြင့်တက်တာကို လယ်လုပ်သူ တွေ ကြုံနေရပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်ကိုတော့ လယ်သမားတွေ မစွန့်ကြပါဘူး။ အခုမြင်ရတဲ့ ပုံတွေကတော့ ရန်ကုန်မြို့ရဲ့ တဖက်ကမ်း၊ ဒလမြို့နယ်ထဲက ကျေးရွာတွေမှာ ပျိုးနုတ်၊ ကောက်စိုက်နေတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ခင်ဦးမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ရွာခံရှစ်ထောင်ကျော် စစ်ရှောင်နေရ

August 9, 2023

ခင်ဦး-၂၀၂၃ ဩဂုတ် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေကို ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံရှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာ အင်အားတစ်ရာဝန်းကျင်နဲ့ ခြေလျင်စစ်ကြောင်းတစ်ခု၊ အနောက်တောင်ခြမ်းမှာ စစ်ကြောင်းတစ်ခုနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကျေးရွာတွေကို စီးနင်းနေတာလို့ သူကပြောပါတယ်။ “ခွေးတွေက ရွာသန်းကျေးရွာထဲကိုဝင်ပြီး ကင်းတဲတွေ မီးရှို့သွားတယ်၊ ရှို့ပြီးတော့ အခုပြန်ထွက်သွားတယ်။ အိမ်တွေတော့မရှို့ဘူး။ ကင်းတဲတွေရှို့သွားတာ။ ဒေသခံက တောင်ခြမ်းမှာ ငါးထောင်ဝန်းကျင်၊ အင်းပတ်ကွေ့ဘက်ကပြေးရတာက သုံးထောင်ကျော် အားလုံးရှစ်ထောင်ကျော်ပြေးရတာပေါ့။ လတ်တလောတော့ကျေးရွာတွေကို ပြန်ကပ်လို့မရသေးဘူး” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။ ဒီမနက်ပိုင်းမှာပဲ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာလို့ ရေဦးမြို့ကနေ လက်နက်ကြီးနဲ့ […]

အပြည့်အစုံဖတ်ရန်

မိုးအဆက်မပြတ်ရွာတာကြောင့် ရခိုင်ပြည်နယ်ကစစ်ရှောင်စခန်းတွေ စားဝတ်နေရေးအခက်တွေ့နေ

August 9, 2023

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၉ (မော်ကွန်း) မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်စစ်ရှောင်စခန်းတွေက စစ်ရှောင်ပြည်သူတွေဟာ မိုခါမုန်တိုင်းဒဏ်အပြင်ရေဘေးပါထပ်ကြုံနေရလို့ စားဝတ်နေရေးအခက်ကြုံနေရတယ်လို့စခန်းတာဝန်ခံတွေကပြောပါတယ်။ “ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆို မိုခါမုန်တိုင်းတောင်မကြာသေးဘူး အခုရေဘေးပါထပ်ကြုံတော့ပိုဆိုးကုန်တာပေါ့။ အစကတည်းကကျွန်တော်တို့စခန်းမှာစားစရာမရှိလို့မြစ်ချောင်းတွေမှာရှာနေရတာ။ အခုလည်းရေကတံခါးအပေါက်လောက်ရောက်နေပြီ။ ဒီထက်ရေတက်လာရင်တော့ကျွန်တော်တို့လည်းရွှေ့ပြောင်းရတော့မှာ” လို့ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ရှောင်စခန်းတာဝန်ခံဦးကျော်တင်ကပြောပါတယ်။ မိုးဇလကစိုးရိမ်ရေအမှတ်ကျော်လွန်နေပြီလို့ထုတ်ပြန်ထားတဲ့ လေးမြို့မြစ်ဖြတ်သန်းစီးဆင်းတဲ့မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ရှောင်စခန်းဟာမိုခါမုန်တိုင်းကြောင့် ရာခိုင်နှုန်းပြည့်နီးပါးပျက်စီးသွားခဲ့တာပါ။ ဒါ့အပြင်မိုးရာသီလည်းဖြစ်တာကြောင့် အဲဒီစခန်းမှာပြီးတဲ့လပိုင်းတွေအတွင်းမှာသွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူတစ်ရာနီးပါးရှိခဲ့တယ်လို့သူကပြောပါတယ်။ ကျောက်တော်မြို့နယ်ကိုဖြတ်သန်းစီးဆင်းတဲ့ကုလားတန်မြစ်ဟာလည်း စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေပြီလို့ထုတ်ပြန်ထားပါတယ်။ ကျောက်တော်မြို့နယ်နဲ့ချင်းပြည်နယ်ပလပ်ဝမြို့နယ်အကြားက ညောင်ချောင်းစစ်ရှောင်စခန်းမှာကုလားတန်မြစ်ရေတက်လာမှုကြောင့် အဲဒီစစ်ရှောင်စခန်းမှာ ရေအမြင့် ၁၀ ပေအထိတက်နေတယ်လို့ စခန်းတာဝန်ခံကိုနေအောင်ကပြောပါတယ်။ ရေကြီးမှုကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့အဲဒီစခန်းကစစ်ရှောင်ပြည်သူတွေဟာ ကုန်းမြေမြင့်ပိုင်းကဘုန်းကြီးချောင်းတွေကိုရွှေ့ပြောင်းထားရပြီး စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ ညောင်ချောင်းစခန်းတာ ဝန်ခံကိုနေအောင်ကပြောပါတယ်။ “စားဝတ်နေရေးကအဓိကအခက်အခဲဖြစ်နေတယ်။ ကျွန်တော်တို့စစ်ရှောင်ပြည်သူတွေကတောတောင်မှာပဲမှီခိုနေရတာ။ ရေကလည်းကြီး၊ တောင်ကျရေတွေကလည်းများနေတာကြောင့်မသွားဖြစ်ဘူးပေါ့။ အဲ့တော့စားဝတ်နေ ရေးကလည်းအခက်ခဲဖြစ်နေတယ်။” လို့ ၎င်းကပြောပါတယ်။ အဲဒီစခန်းမှာအိမ်ထောင်စု ခြောက်ရာကျော်နဲ့ လူဦးရေသုံးထောင်နီးပါးနေထိုင်ကြကာအများစုဟာ ကျောက်တောင်မြို့နယ်နဲ့ပလပ်ဝမြို့နယ်တွေကဒေသခံတွေဖြစ်ပါတယ်။ ၂၀၂၀ ကတည်းက တစ်အိမ်ထောင်စုကို […]

အပြည့်အစုံဖတ်ရန်

ပဲခူးမြစ်ရေ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကျော်လွန်နိုင်

August 9, 2023

ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၉ (မော်ကွန်း) ပဲခူးမြစ်ရေဟာစိုးရိမ်ရေအမှတ်ရောက်နေပြီး မြစ်ကမ်းဘေးနေထိုင်သူတွေ နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေက်ို ရွှေ့ပြောင်းဖို့လုပ်သင့်ပြီလို့မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “မနက်ဖြန်ကိုစိုးရိမ်ရေအမှတ်ကျော်ဦးမယ်ဆိုတော့ ပဲခူးမြစ်ရေကဆက်တက်နေဦးမယ်။… “အရေးကြီးတဲ့စာရွက်စာတမ်းတွေ၊ဆေးဝါးတွေသိမ်းဆည်းထားရမယ်။ စိုးရိမ်ရေအမှတ်သတင်းတွေကိုအမြဲနားစွင့်ထားသင့်တယ်။” လို့သူကပြောပါတယ်။ ပဲခူးမြစ်ရေဟာ နောက်၂၄ နာရီမှာ စိုးရိမ်ရေအမှတ်ကိုကျော်လွန်ဖို့ရှိတယ်လို့ မိုးဇလကပြီးခဲ့တဲ့နာရီပိုင်းအတွင်းကထုတ်ပြန်ပါတယ်။ ပဲခူးရိုးမကနေမြစ်ဖျားခံစီးဆင်းတဲ့ပဲခူးမြစ်ဟာ ရန်ကုန်မြစ်အတွင်းစီးဆင်းတာကြောင့် ရန်ကုန်မြစ်မှာလည်းရေတက်လာနိုင်တယ်လို့ ဦးလှထွန်းကပြောပါတယ်။ ဒါကြောင့်ပဲခူးမြစ်အပြင် ရန်ကုန်မြစ်အနီးနေထိုင်သူတွေလည်းဂရုပြုသင့်တယ်လို့သူကပြောပါတယ်။ လက်ရှိကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေလို့ ပဲခူးတိုင်းဒေသကြီးအပါအဝင်ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့တွေမှာတော့စံချိန်တင်မိုးကြီးခဲ့တယ်လို့ဦးလှထွန်းကပြောပါတယ်။ မိုးကြီးပြီးရက်ဆက်မိုးရွာသွန်းနေတဲ့မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်က မြို့နယ်ရှစ်မြို့နယ်မှာရေကြီးမှုတွေဖြစ်နေပြီး လူသုံးသိန်းနီးပါးဟာရေဘေးဒဏ်ကြုံနေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်ကုန်သွယ်မှုကျဆင်း

August 9, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၉ (မော်ကွန်း) မြန်မာနိုင်ငံက ရေချိုငါးတင်ပို့မှုကို ဘင်္ဂလားဒေ့ရှ်က ကန့်သတ်လိုက်တာကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ယခုနှစ်အတွင်း ကုန်သွယ်မှု ကျဆင်းခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။ ယခုနှစ် ဧပြီလကနေ ဇူလိုင်လအထိ လေးလတာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဟာ ကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်း ရှိခဲ့တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ မနှစ်က အဆိုပါ ကာလတူ လေးလတာကာလအတွင်း ကုန်သွယ်မှု ဒေါ်လာ ၁၁ ဒသမ ၅ သန်းရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်မှုဟာ ၆၀ ရာခိုင်နှုန်းထိ လျော့သွားခဲ့တာပါ။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နိုင်ငံအတွင်း […]

အပြည့်အစုံဖတ်ရန်
1 … 108 109 110 111 112 113 114 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."