ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၀ (မော်ကွန်း)
မြန်မာပြည်ရဲ့ ကောက်စိုက်ရာသီနှောင်းပိုင်းကို ရောက်လာပါပြီ။ ဒီနှစ်မှာတော့ လယ်သမားတွေဟာ သူတို့ လယ်ယာတွေကို ကြိုးစား၊ပမ်းစား စိုက်ပျိုးမြဲ စိုက်ပျိုးနေဆဲပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲကျော် စစ်အာဏာမသိမ်းမီကာလတုန်းကနဲ့ယှဉ်ရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတဲ့ကာလမှာ လယ်သမား၊ လယ်လုပ်သားတွေဟာလည်း ဒီဒဏ်ကို အများသူငါနည်းတူ ခံနေရပါတယ်။ အခုအခါမှာတော့ စက်သုံးဆီဈေးမြင့်တက်တာ၊ သွင်းအားစုတွေဖြစ်တဲ့ မြေဆီ၊ ပိုးသတ် ဆေးဈေး မြင့်တက်တာနဲ့ လယ်ယာလုပ်သား ရှားပါးပြီး လုပ်အားခဈေး မြင့်တက်တာကို လယ်လုပ်သူ တွေ ကြုံနေရပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်ကိုတော့ လယ်သမားတွေ မစွန့်ကြပါဘူး။ အခုမြင်ရတဲ့ ပုံတွေကတော့ ရန်ကုန်မြို့ရဲ့ တဖက်ကမ်း၊ ဒလမြို့နယ်ထဲက ကျေးရွာတွေမှာ ပျိုးနုတ်၊ ကောက်စိုက်နေတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
Photo – Mawkun
#Dailynews

