အရပ်ဘက် စစ်ဘက် ဆက်ဆံရေးသစ်

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးသစ်

 

စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

ကွယ်လွန်သူ ပါမောက္ခဟန်တင်တန် (Hungtinton) က ‘တတိယလှိုင်း’ (Third Wave) စာတမ်းထဲမှာ ၇ဝ ခုနှစ်နောက် ပိုင်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း သွားတဲ့ နိုင်ငံတွေအကြောင်းကို လေ့လာသုံးသပ်တင်ပြသွားခဲ့ပါ တယ်။ ဒီလို အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်းမှာ ‘အရပ် ဘက်-စစ်ဘက် ဆက်ဆံရေး’တွေရဲ့ အရေးပါမှုကို ပညာရှင် လောကမှာ အရင်ဆုံးထောက်ပြသတိပေးသွားသူဟာလည်း သူပါပဲ။ နောက်ပိုင်း ၁၉၉ဝ ခုနှစ်ဝန်းကျင်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့အခါ ခွဲထွက်သွားတဲ့ ပြည်နယ်တွေနဲ့ အရှေ့ဥရောပ  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွင်းမှာလည်း ဒီ အရပ် ဘက်-စစ်ဘက်ဆက်ဆံရေးဟာ ထပ်မံအရေးပါလာခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရဲ့ အလွန်ရှုပ် ထွေးအရေးပါတဲ့ ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာပညာ ရှင်များရဲ့ ဖိုရမ်တစ်ရပ်ကို သူ ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဒီဖိုရမ် မှာ သူရဲ့ဟောပြောချက်ခေါင်းစီးက ‘ခေတ်သစ် အရပ်ဘက်-စစ် ဘက် ဆက်ဆံရေး’ပါ။

          ဒီဟောပြောချက်ထဲမှာ စစ်အေးခေတ်နောက်ပိုင်း စစ်သားများနဲ့ အရပ်သားများအကြား ပြောင်းလဲလာနေတဲ့ ဆက်ဆံ ရေးများနဲ့ ပတ်သက်တဲ့ ကျယ်ပြန့်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိမ်းညွှတ် မှုအလားအလာတွေကို ပါမောက္ခဟန်တင်တန်က ခြုံငုံသုံးသပ် သွားခဲ့ပါတယ်။ တစ်နည်းပြောရရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အချို့ အတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများကြောင့် ‘အရပ်သားနဲ့ စစ်သားများ’အကြား အသစ်ထပ်မံပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေအကြောင်း မီးမောင်းထိုးပြခဲ့တာ ဖြစ်ပါတယ်။ သူ့ အဆိုအရ တတိယလှိုင်း ဒီမိုကရေစီနိုင်ငံတွေမှာ ယေဘုယျအား ဖြင့် ‘အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး’ဟာ အရင်အာဏာရှင် အစိုးရတွေထက် ပိုမိုးတိုးတက်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါ တယ်။ နိုင်ငံအတော်များများမှာ အရင်နိုင်ငံရေးရာထူးကြီးတွေ မြင့်မြင့်မားမားရယူထားတဲ့ စစ်အရာရှိကြီးတွေကို ဖယ်ရှားပစ်နိုင် ခဲ့တယ်။ တချို့နိုင်ငံတွေမှာ စစ်တပ်က …..တွေရဲ့ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်မှုတွေကို တစ်စုံတစ်ရာ တားဆီးဟန့်တားနိုင်ခဲ့ တယ်။ တစ်ချိန်တည်းမှာ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ထောက် လှမ်းရေးလို အထူးအဖွဲ့အစည်းတွေကိုလည်း ဖျက်သိမ်းခြင်း (သို့) အသွင်ပြောင်းခြင်းတွေ ပြုလုပ်နိုင်ခဲ့ကြတယ်။ နိုင်ငံအနည်း အကျဉ်းမှာတော့ အရပ်သားဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီး ဌာနလို စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ထူထောင်နိုင်တဲ့အထိ ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတွေ လုပ်နိုင်ခဲ့ကြပါတယ်။

          ဒီလိုဆက်ဆံရေးပုံစံနဲ့ ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတွေ လုပ်ရာမှာ အရေးပါတဲ့ လုပ်ငန်းတစ်ရပ်ကတော့ စစ်တပ်ရဲ့ အဓိကလုပ်ငန်းတာဝန်တွေဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာ ကွယ်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ရေးအတွက် စစ်မှန်တဲ့ Professional တပ်မတော်တစ်ရပ် ထူထောင်ဖို့ တွန်းအားပေး သွားကြရမှာပါ။ တပ်မတော်မှာ Professional ဝါဒအားကောင်း ရေးအတွက် အလေးအနက်ထားတည်ဆောက်ရာမှာ စစ်သင် တန်းကျောင်းများ၊ အကယ်ဒမီစစ်တက္ကသိုလ်များကို အဓိကအား ထားပြုပြင်ပြောင်းလဲကြရပါလိမ့်မယ်။ ဒီတက္ကသိုလ်တွေမှာ စစ် သဘောတရား၊ စစ်ပညာကျွမ်းကျင်ရေးသာမက ဒီမိုကရေစီတပ် မတော်တစ်ရပ်ထူထောင်ရေးဆိုင်ရာ သဘောတရား အယူအဆ တွေပါ သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းပညာပေးဖို့ လိုပါလိမ့် မယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အမေရိကန် အနောက်နိုင်ငံ တွေလို ဒီမိုကရေစီနိုင်ငံတွေက ခေတ်မီအစဉ်အလာကြီးမားတဲ့ စစ်တက္ကသိုလ်ကြီးတွေနဲ့ ဆက်စပ်သင်တန်းတက်ရောက်ခွင့် ရမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

          ဒါ့အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း မှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အဆင်ပြေချောမွေ့ရေး အတွက် အခြေခံလိုအပ်ချက် (၃)ရပ်ကို အခုလိုပေါင်းချုပ်ပြခဲ့ပါ တယ်။

(၁) စစ်ရေးကျွမ်းကျင်သူများအပြင် အသက်မွေးဝမ်းကျောင်းပြု သည့် (Professional Army) တပ်မတော်မျိုး ထူထောင်ရေး

(၂) အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုင်ရာ သတ်မှတ်ထား သည့် နိုင်ငံတကာနှုန်း၊ စံများကို နားလည်သဘောပေါက်မှု၊ အပြန်အလှန်တည်ဆောက်ရေး

(၃) နိုင်ငံရေးနှင့် စစ်ရေး….များအနေဖြင့် အပြန်အလှန်အသိ အမှတ်ပြုပြီး လက်တွေ့အလုပ်ဖြစ်သည့် ‘ပကတိ ……ကျသည့် အရပ်ဘက်အုပ်ချုပ်ရေး’ (Objective Civilian Administration) တစ်ရပ်ကို အင်စတီကျူးရှင်းတစ်ရပ် ဖြစ်လာအောင် ပူးပေါင်းတည်ဆောက်ရေးတို့ပင် ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ် များကို ကောင်းစွာ သဘောပေါက်ပြီး လက်တွေ့အကောင်အထည် ဖော်ရေးတွင် အနည်းဆုံးအားဖြင့် ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံကြီး များ၏ အတွေ့အကြုံများကို ဖြစ်နိုင်သည့်နည်းဖြင့် ရယူနိုင်ရန် လိုအပ်ပါလိမ့်မယ်။

          တကယ်တမ်းမှာတော့ အရပ်ဘက်မှာရော စစ်ဘက်မှာပါ တိုင်းပြည်တည်ဆောက်ရေးနဲ့ပတ်သက်လို့ မတူတဲ့ အတွေ့အကြုံ အသီးသီးတွေ ရှိနေခဲ့ကြပြီးဖြစ်ပါတယ်။ စစ်ဘက် ……များအနေ နဲ့ ကိုယ့်အတွေ့အကြုံ ကိုယ်ပြန်သုံးသပ်ကြည့်ရင်ပဲ အာဏာကို သိမ်းပိုက်ထားနိုင်ပေမယ့် ရှုပ်ထွေးတဲ့ လူ့အဖွဲ့အစည်းပြဿနာ တွေကို စစ်တပ်ထဲမှာလို အမိန့်ပေးဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ နားလည်နိုင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ များစွာသော နိုင်ငံရေးနဲ့ လူမှုစီးပွားရေးပြဿနာတွေကို ဖြေရှင်းအဖြေရှာဖို့ဆိုတာ မလွယ်လှကြောင်း၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဖူးတဲ့ ဗိုလ်ချုပ် ကြီးတွေ ကောင်းကောင်းသိနိုင်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်ပတ် သက်ခြင်းကြောင့် စစ်တပ်ရဲ့ စုစည်းညီညွတ်မှု၊ ထိရောက်စွာ စွမ်း ဆောင်နိုင်မှု အရည်အသွေးတွေကို ထိပါးစေရုံမျှမက အနိမ့်ဆုံး အားဖြင့် စည်းကမ်းစနစ်လျော့ရဲမှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်က နိုင်ငံရေးသမားတွေအနေနဲ့လည်း အာဏာရရှိရေး အတွက် စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်းမိလို့ တန်ဖိုးကြီးမားစွာ ပေးဆပ်ရတတ်တဲ့ ဒုက္ခဆိုးအမျိုးမျိုးလည်း ကြုံခဲ့ကြရပြီးပါပြီ။

          တိုင်းပြည်တစ်ပြည်မှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မကောင်းတော့ဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးအသာထား နိုင်ငံ ရေးအရ တည်ငြိမ်မှု မရနိုင်ဘူးဆိုတာ ထိုင်းနိုင်ငံရေးလောကကို ကြည့်ရင် သိနိုင်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်အကြား အမုန်းတရားတွေ ကြီးထွားလာပြီဆိုရင်တော့ အာရပ်နွေဦးရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေက သက်သေပြနေကြပါပြီ။ ဒါကြောင့် တိုင်းပြည်အေးချမ်းတည်ငြိမ်စေချင်ရင်၊ ဖွံ့ဖြိုးတိုးတက်စေချင် ရင်၊ တရားဥပဒေစိုးမိုးစေချင်ရင် အရပ်ဘက်-စစ်ဘက်ဆက်ဆံ ရေးကောင်းအောင် ကြိုးပမ်းကြရပါလိမ့်မယ်။ ဒီဆက်ဆံရေး ကောင်းမှ ငြိမ်းချမ်းရေးရနိုင်မယ်။ စစ်အသုံးစရိတ်တွေ လျော့ကျ လာမယ်။ တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ပြည်သူ့ လက်ထဲ ရောက်လာနိုင်မယ်။ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ ကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အတွင်းမှာပဲ လူထုနဲ့ တပ်မတော်အကြား အမုန်းတရားတွေ၊ မယုံ ကြည်မှုတွေ လျော့သွားပြီး ပြည်သူတွေရဲ့ နှင်းဆီခိုင်ပြန်လာနိုင်ပါ လိမ့်မယ်။

          တစ်ချိန်တည်းတွင် ‘အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး’ ဖြောင့်ဖြူးကောင်းမွန်အောင် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများ လည်း အမှန်ပင် ရှိနေဆဲဖြစ်သည်။ စစ်အာဏာရှင်စနစ်အောက် တွင် ပြည်သူများ ဆင်းရဲမွဲပြာကျ၊ ဒုက္ခရောက်နေခဲ့ရသည့် ပြဿနာကို နောက်တက်လာသည့် အရပ်သားအစိုးရက သိသာ ထင်ရှားစွာအောင်မြင်ဖွံ့ဖြိုးတိုးတက်အောင်၊ မစွမ်းဆောင်နိုင်လျှင် စစ်တပ်မှ ပြန်လည်အာဏာသိမ်းမှုများ ရှိလာနိုင်၏။ ထို့ အတူ စစ်အာဏာပိုင်များ၏ အကျိုးစီးပွားနှင့် စစ်တပ်၏ အကျိုး စီးပွားများကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများက အလွန်အကျွံ ထိပါးလာပြန်လျှင်လည်း နောက်ကြောင်းပြန်လှည့်သွားနိုင်၏။ ဤသည်ထက် ပို၍အရေးကြီးသည်မှာ စစ်ဘက်အုပ်စိုးမှုကာလ အတွင်းက စစ်အာဏာပိုင်များ၊ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို နောက်ကြောင်းပြန်ဥပဒေဖြင့် အရေးယူခြင်းမျိုးကို ၎င်းတို့က အကြောက်ဆုံးဖြစ်၏။ အရပ်ဘက်မှ ဥပဒေဖြင့် နောက်ကြောင်း ပြန်လျှင် ၎င်းတို့ကလည်း လက်နက်ဖြင့် နောက်ကြောင်းပြန်ကြ မည်သာ ဖြစ်၏။ ဤသည်မှာ ပြည်သူများအနေဖြင့် …….ခက်၊ အရပ်ဘက်အနေဖြင့်လည်း ကိုင်တွယ်ရခက်သော သမိုင်း ပြဿနာပင်ဖြစ်သည်။

          စစ်အေးခေတ်ကြီး၏ အဆုံးသတ်မှုနှင့် ဒီမိုကရေစီထွန်း ကားပြန့်ပွားလာခြင်း၏ အဓိပ္ပာယ်တစ်ရပ်မှာ ကမ္ဘာတစ်ဝန်းလုံး ရှိ နိုင်ငံများအပေါ် ပြည်ပခြိမ်းခြောက်မှု အန္တရာယ်လျော့ပါးကျ ဆင်းလာသည့် သဘောပင်ဖြစ်သည်။ ဤအနေအထားအောက် တွင် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်များ ဖြစ်ကြသော       ပြည်ပကျူးကျော်မှုတွန်းလှန်ရေးနှင့် လုံခြုံရေးလုပ်ငန်းတာဝန် များ၏ အခန်းမှာ မလွဲမသွေ လျော့ပါးကျဆင်းလာပေတော့မည်။ ထိုအခါ တပ်မတော်၏ လုပ်ငန်းတာဝန်များကို အသစ်ပြန်လည် ဖွင့်ဆိုခြင်းနှင့် သတ်မှတ်ခြင်းတို့ မလွဲမသွေ ရှိလာတော့မည်။ အကယ်၍ တပ်မတော်ကို ပြည်တွင်းလုံခြုံရေးအတွက် အဓိက ထားသုံးစွဲလျှင် ရဲလုပ်ငန်းအဆင့်သို့ လျှောကျသွားနိုင်၏။ အကယ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တပ်မတော်ကို နှစ် ထားလျှင်လည်း တိုက်ခိုက်ရေးအရည်အသွေးများ ကျဆင်းလာ ပြီး လိုအပ်လာချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ အပြည့်အဝမထမ်းဆောင်နိုင်လျှင်လည်း တိုင်းပြည်ဒုက္ခရောက် သွားနိုင်၏။ ဤအတွက် ဟန်တင်တန်၏ အဖြေမှာ ဖွံ့ဖြိုးရေးနှင့် စစ်တပ်တာဝန်နှစ်မျိုးစလုံး ပူးတွဲထမ်းဆောင်ရမည့် နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များတွင် ပူးပေါင်းပါဝင်ရန်ပင် ဖြစ်သည်။

          မည်သို့ပင်ဖြစ်စေ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၏ အနာဂတ်အလားအလာနှင့်ပတ်သက်၍ ဟန်တင်တန်၏ နောက် ဆုံးကောက်ချက်မှာ ဤသို့ဖြစ်၏။ ယခုအခါ နည်းပညာတော်လှန် ရေးနှင့်အတူ စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားမြင့်မားလာခဲ့ ပြီး စစ်ရေးနည်းပညာများမှာလည်း ခေတ်မီ ဆန်းပြားလာ၏။ ထို့အပြင် အနုမြူလက်နက်များ ထွန်းကားပြန့်ပွားလာပြီး Globalization ဖြစ်စဉ် ကြီးထွားလာသည့် ခေတ်ကြီးတွင် ကမ္ဘာစစ်ကဲ့သို့ အထွေထွေစစ်ပွဲမျိုး ဖြစ်ပွားနိုင်စရာ အကြောင်း မရှိတော့။ ထို့ကြောင့် ရေရှည်တွင် စစ်မှုမထမ်းမနေရစနစ်ဖြင့် ထူထောင်ဖွဲ့စည်းထားသည့် အမြဲတမ်းတပ်မတော်မျိုးလည်း အနာဂတ်တွင် လိုအပ်မည်မဟုတ်တော့ပေ။ ပါမောက္ခဟန်တင် တန်၏ ကောက်ချက်မှာ အနာဂတ်တွင် ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ သို့သော် သူ၏ အနာဂတ်မှာ ရာစုနှစ်နှင့်ချီ၍ ကြာကြောင်း ကြာပါလိမ့်မည်။ မျက်မှောက်ခေတ်တွင်မူ တိုင်းပြည်များ၏ ဖွံ့ဖြိုး ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတည်တံ့ခိုင်မာရေးတို့အတွက် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အဆင်ပြေချောမွေ့ဟန်ချက်ညီ နေရန် အရေးကြီးပါသည်။ ထိုသို့ အဆင်ပြေဟန်ချက်ညီရေး အတွက် ဖိလစ်ပိုင်နိုင်ငံမှ စစ်ရေးလေ့လာသူ ပညာရှင် ဖိလစ်အဂွီ ဂို (Philip Aguiro) က ဤသို့ သတိပေးထားဖူးပါသည်။

          ”အခြေအနေ၊ အချိန်အခါ မရင့်မှည့်သေးဘဲ စစ်တပ်ပြုပြင် ပြောင်းလဲရေးကို အလျင်အမြန်ဆောင်ရွက်လျှင် တန်ပြန် ဆန့် ကျင်တုံ့ပြန်မှုကို မလွဲမသွေရင်ဆိုင်ရနိုင်ပေသည်။ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးဖြစ်စဉ်၏ အဦးအစကာလပိုင်းများတွင် စစ် တပ်နှင့် ယုံကြည်မှုတည်ဆောက်ရေးအတွက် အထူးသဖြင့် ၎င်း တို့၏  အာဏာလုပ်ပိုင်ခွင့်၊ ၎င်းတို့၏ အကျိုးစီးပွားနှင့်ပတ်သက်၍ အထိအရှ မခံနိုင်သော နယ်ပယ်များတွင် အချိန်ရွှေ့ဆိုင်းထားရန် လိုအပ်ပါလိမ့်မည်။ အရပ်ဘက်အာဏာပိုင်များနှင့် စစ်တပ်တို့ အကြား အနိမ့်ဆုံးအားဖြင့် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ဖွံ့ဖြိုးလာချိန်ရောက်မှသာ စစ်တပ်တွင် အရပ်ဘက် ကျွမ်းကျင်သူ များကို ထည့်သွင်းအသုံးချလျှင် စစ်တပ်အပေါ် အရပ်ဘက်အုပ်စိုး မှုထူထောင်နိုင်ပြီး ဒီမိုကရေစီတပ်မတော်တစ်ရပ်ကို တည် ဆောက်သွားနိုင်မည်ဖြစ်ပါသည်”

          မြန်မာပြည်တွင် အမှန်တကယ်လည်း ‘ရှစ်လေးလုံး ပြည် သူ့အရေးတော်ပုံကြီး’သည် အဆုံးသတ်အောင်ပွဲဆီသို့ မရောက် ခဲ့ကြသေးပါ။ ထို့ကြောင့်လည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ”မြန်မာပြည်ဟာ တပ်မတော်က ပေးသလောက်ပဲ ဒီမိုကရေစီရဦးမှာပါ”ဟု သတိပေးခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ဒါ ကြောင့်လည်း သူမကိုယ်တိုင် နိုင်ငံရေးအရ စွန့်လွှတ်တန်ဖိုးပေး ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို လျှောက်ခဲ့ ရပုံပါပဲ။ ဒီလိုနိုင်ငံရေးအနေအထားတွေအောက်မှာ မြန်မာပြည်ရဲ့ အရပ်ဘက်-စစ်ဘက်ဆက်ရေး အဆင်ပြေချောမွေ့ ဟန်ချက်ညီ နေဖို့ အရေးကြီးနေပါပြီ။    ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."