ရန်ကုန်- ၂၀၂၄ ဇန်နဝါရီ ၁၁ (မော်ကွန်း) ကရင်နှစ် ၂၇၆၃ ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်၊ (၈၆)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့က တိုင်းရင်းသားကျေးရွာမှာ စစ်ကောင်စီနဲ့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး ဒီနေ့ ကျင်းပပါတယ်။ နှစ်သစ်ကူးပွဲကို စစ်ကောင်စီ တာဝန်ရှိသူတချို့ တက်ရောက်တာကို တွေ့ရပြီး ကရင်ရိုးရာအကတွေအပြင် အခြားတိုင်းရင်းသားရိုးရာအကတွေနဲ့ပါ ဖျော်ဖြေခဲ့ကြတယ်။ ဓါတ်ပုံ- မော်ကွန်း
ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့အနီး ကနန်ရွာကို စစ်ကောင်စီလေတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ ၂၀ နီးပါးသေဆုံးခဲ့တာကြောင့် အဲဒီတိုက်ခိုက်မှုကျူးလွန်ရာမှာ ပါဝင်တဲ့သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အရေးယူသွားမယ်လို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ကနန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် ငါးနှစ်ကနေ ၁၇ နှစ်အတွင်း ကလေးငယ် ကိုးဦးအပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၉ ဦးအထိရှိခဲ့တယ်လို့ NUG က ဆိုပါတယ်။ အဲဒီကျူးလွန်မှုတွေမှာ ပါဝင်တဲ့ အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို NUG က ပြည်တွင်းတရားစီရင်ရေးစနစ်နဲ့ ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ NUG ရဲ့ ဒီနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီးချုပ် […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၉ (မော်ကွန်း) ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မှုဟာ ယမန်နှစ် ကာလတူထက် ကန်ဒေါ်လာနှစ်ဘီလီယံနီးပါး လျော့ကျသွားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုအချက်အလက်တွေအရ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နယ်စပ်ကနေ ပို့ကုန်တင်ပို့မှုဟာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုထက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ကျဆင်းသွားပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့မှုမှာလည်း ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ကျဆင်းနေတာပါ။ ပြည်ပကို စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် အနုတ်ပြကာ အများဆုံး ကျဆင်းခဲ့တာဖြစ်ပြီး၊ လယ်ယာထွက်ကုန် […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၈ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ သိန္နီမြို့နယ်တွေက စစ်ကောင်စီ တပ်ရင်းနှစ်ခုကို TNLA က သိမ်းပိုက်လိုက်ပြီးနောက်မှာ မြောက်ပိုင်းညီနောင်တပ်တွေရဲ့ စစ်မြားဦးကအရှေ့မြောက်တိုင်းစစ်ဌာချုပ်ရှိရာ လားရှိုးမြို့ကို ဦးတည်လာနေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ မနေ့က ညပိုင်းက ကွတ်ခိုင်မြို့နယ်က စစ်တပ်ဗျူဟာကုန်းနဲ့ သိန္နီမြို့က စကခ ၁၆ ဌာနချုပ်တို့ကို TNLA နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းတွေကို ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ တပ်စခန်းနှစ်ခုကို သိမ်းလိုက်ပြီးနောက် ကွတ်ခိုင်နဲ့ သိန္နီမြို့နယ်နှစ်ခုလုံးကို TNLA က အပြည့်အဝ ထိန်းချုပ်ထားနိုင်လိုက်တာပါ။ လက်ရှိမှာ ညီနောင်မဟာမိတ်တပ်တွေဟာ သိန္နီနဲ့ ကွတ်ခိုင်ကို သိမ်းထားပြီး အရှေ့မြောက်တိုင်း စစ်ဌာချုပ် အခြေစိုက်တဲ့ လားရှိုးမြို့ကို ဝန်းရံပိတ်ဆို့ထားတယ်လို့ […]
ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၈ (မော်ကွန်း) ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းနဲ့ ကုန်သည်လမ်းထောင့်က အဆောက်အအုံမှာ ဒီနေ့လယ်က မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။ “သူဌေးရုံးခန်းလောင်တာ၊ အထဲမှာဘာမှတော့မရှိဘူး။ အသစ်ဆိုတော့လူမနေသေးဘူး”လို့ အဲဒီကွန်ဒိုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးလောင်တဲ့အဆောက်အအုံဟာ အသစ်ဖြစ်ပြီး အခန်းအများစုမှာ လူနေထိုင်ပုံ မရပါဘူး။ မီးလောင်းကျွမ်းတာဟာ မြေညီမှာ ဖွင့်ထားတဲ့ ဖုန်းဆိုင်မှာ ဖြစ်ပွားတာဖြစ်ပြီး မီးပြတ်နေချိန် မီးစက်နှိုးထားရာကနေ အပူလွန်လောင်တာလို့ အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။ မီးငြှိမ်းဖို့ ကွပ်ကဲရေးယာဉ်တွေအပါအဝင် မီးသတ်ကား ခုနှစ်စီးအသုံးပြု ငြှိမ်းသတ်တာကို တွေ့ရပါတယ်။ ပုံစာ- မီးလောင်နေတဲ့အဆောက်အအုံနဲ့ မီးသတ်သမားများ။ ဓါတ်ပုံ- မော်ကွန်း
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၅ (မော်ကွန်း) ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ကညွှတ်ကွင်းတံတား ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဖြူးမြို့နယ်နဲ့ ပဲနွယ်ကုန်းမြို့ထိ လမ်းတစ်လျှောက်ကို ဒီနေ့မနက်ပိုင်းကစပြီး ပိတ်ထားလိုက်ပြီး တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြူးမြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကညွတ်ကွင်းတံတားကို မနေ့က မနက်ပိုင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ အသုံးမပြုနိုင်အောင် မနေ့က မနက်ပိုင်းက ဖောက်ခွဲခဲ့ပါတယ်။ ဒါ့အပြင် လမ်းဟောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်း ရှစ်ခုကိုလည်း တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ကညွှတ်ကွင်းတံတား ကျိုးကျသွားတဲ့အတွက် အဲ့ဒီလမ်းကို အသုံးပြုနေတဲ့ ကုန်တင်ယာဉ်တွေ၊ […]
မူတြော် – ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း) ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅၊ မူတြော်ခရိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၈၆၉ ဦးသေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၃ ဇန်နဝါရီ ၁ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း တစ်နှစ်တာ တိုက်ပွဲအနှစ်ချုပ်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအစီရင်ခံစာအနေနဲ့ တပ်မဟာ ၅ က ထုတ်ပြန်ထားတာပါ။ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးတဲ့ ၈၆၉ ဦးထဲမှာ ဒုဗိုလ်မှူးကြီး(တပ်ရင်းမှူး)တစ်ဦး၊ ဗိုလ်ကြီး(တပ်ခွဲမှူး) သုံးဦး၊ ဗိုလ်(ဒုတပ်ခွဲမှူး) သုံးဦးတို့လည်းပါဝင်ပြီး ဒဏ်ရာရသူ ၆၀၀ ကျော်ရှိကာ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၁၈၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တပ်မဟာ ၅ ဘက်ကတော့ […]
ဖြူး – ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း) ရန်ကုန်-မန္တလေးလမ်းဟောင်းပိုင်းမှာ အဓိကကျတဲ့ ကညွှတ်ကွင်းတံတားကျိုးသွားတဲ့အတွက် အဲဒီလမ်းပိုင်းကိုအသုံးပြုနေတဲ့ ကုန်တင်ကားနဲ့ခရီးသည်ကားတွေအပါအဝင် ယာဉ်တွေအားလုံး အမြန်လမ်း(ရန်ကုန်_မန္တလေး)ပိုင်းပေါ်တက်လာတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ တချို့နေရာတွေမှာ ဖြစ်ပေါ်နေပါတယ်။ အောက်ပါဓါတ်ပုံတွေကတော့ အမြန်လမ်း ၁၁၅ မိုင်တိုးဂိတ်မှာ ယာဉ်ကြောပိတ်နေတာတွေနဲ့ အမြန်လမ်းကို အသုံးပြုနေကြတဲ့ ကုန်ကားတွေပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကုန်တင်ကားကြီးတွေဟာ အမြန်လမ်းကို အသုံးပြုခွင့်မရှိပါဘူး။ အုတ်တွင်းကနေ အမြန်လမ်းပေါ်ကို ဝင်ထွက်ရပြီး အမြန်လမ်း ၇၂ မိုင်ကနေ ဒိုက်ဦးကိုပြန်ပြီး ဝင်ထွက်လုပ်ရပါတယ်။ အမြန်လမ်းပိုင်းပေါ်မှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ပြတ်တောက်ေနပြီး ညစဉ် လက်နက်ကြီးပစ်ခတ်သံတွေကို ကြားရတယ်လို့ ၁၁၅ မိုင်၊ စားသောက်ဆိုင်တစ်ခုက ဝန်ထမ်းတစ်ဦးကပြောပြီ ဖြူး၊တောင်ငူ၊ ညောင်လေးပင် မြို့နယ်အပိုင် အမြန်လမ်းပိုင်းမှာ အင်တာနက်ပြတ်တောက်နေတာကို မော်ကွန်းကိုယ်တိုင် ကြုံတွေ့ရပါတယ်။ […]
ရန်ကုန်၊ ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း) အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ စစ်ပြေး၊ ရဲပြေးတွေအများအပြားပါဝင်တယ်လို့ အကျဉ်းထောင်ထဲက လွတ်မြောက်လာသူတွေက ပြောပါတယ်။ ဒီနေ့လယ် ၁၂ နာရီခန့်ကစပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားတွေကို လွှတ်ပေးနေတာပါ။ လက်ရှိအချိန်ထိ အကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ကား ၁၀ စီးကျော် ထောင်ထဲက ထွက်လာပြီဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ အကျဉ်းကျနေသူတွေထဲ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေ ထင်ရှားကျော်ကြားသူတွေ ရှိပေမယ့် ယခုချိန်အထိတော့ နိုင်ငံရေးအကျဉ်းသားတော့ မပါဝင်သေးပါဘူး။ လွတ်မြောက်လာသူတွေထဲမှာ လက်နက်မှု၊ ခိုးဆိုးလုယက်မှုတွေ အပါအဝင် စစ်ပြေး၊ ရဲပြေးတွေလည်းပါဝင်နေပြီး ၅၀၅ ပုဒ်မအပါအဝင် နိုင်ငံရေးအမှုတွေလည်း လွှတ်ဖို့ရှိတယ်လို့ အကျဉ်းထောင်က လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။ “အထဲမှာတော့ အများကြီးကျန်သေးတယ်။ ဆက်လွှတ်နေတုန်းပဲ နိုင်ငံရေးအမှုတွေထဲမှာတော့ နှစ်ပြည့်ခါနီးတွေတော့ ပါမယ်ထင်တယ်” […]
ရန်ကုန်၊ ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း) အင်းစိန်ထောင်မှာ ဒီနေ့လယ်ပိုင်းကစပြီး အကျဉ်းသားတွေကို စတင်လွှတ်ပေးနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အကျဉ်းသားတွေကိုတင်ဆောင်ထားတဲ့ YBS ကားတွေ အကျဉ်းထောင်ထဲက ထွက်လာတာကို တွေ့ရပါတယ်။ လွတ်မြောက်လာတဲ့အထဲမှာ လက်နက်ဥပဒေပုဒ်မ ၁၉(င)၊ ခိုးဆိုးလုယက်မှုတွေနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေပါဝင်တယ်လို့ အကျဉ်းထောင်အတွင်းက လွတ်လာသူတစ်ဦးက ပြောပါတယ်။ နောက်ထပ်လည်း ထပ်မံလွှတ်ဖို့ကျန်နေသေးတဲ့အတွက် အကျဉ်းသားမိသားစုဝင်တွေဟာ ထောင်အရှေ့မှာ ဆက်လက်စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းသား ၉,၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်ထိတော့ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသားဦးရေ ဘယ်လောက်လွှတ်ပေးမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားထားတဲ့ အင်းစိန််ထောင်အရှေ့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလုံခြုံရေးယူထားတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီနေ့ လွတ်မြောက်လာတဲ့အထဲမှာ နိုင်ငံရေးအမှုနဲ့ […]
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း) ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲခူးတိုင်း၊ တောကျွဲအင်းအထွက်၊ ကညွှတ်ကွင်းမြို့အဝင်က သံတံတား မိုင်းဆွဲခံရပြီးကျိုးကျသွားလို့ အမြန်လမ်းဘက်က ပတ်မောင်းနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေကပြောပါတယ်။ မန္တလေးကနေ ရန်ကုန်ကိုလာတဲ့ကားတွေဟာ အမြန်လမ်းဘက်ရှောင်ကွင်းမောင်းနေရတာကြောင့် အုတ်တွင်းကနေ အမြန်လမ်း ၁၃၈ မိုင်ကိုဖြတ်ထွက်တဲ့လမ်းမှာ ကားတွေကျပ်ပိတ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောပါတယ်။ “တံတားကျိုးတာသွားပြင်ဖို့ ယန္တရားအဖွဲ့တွေတောင်သွားလို့မရသေးဘူး၊ အမြန်လမ်းပေါ်တက်တဲ့လမ်းတွေ အကုန်ကားတွေပိတ်ကုန်ပြီ။ ပိန်းဇလုပ်အကျော်ကနေ အမြန်လမ်းဘက်တက်တဲ့လမ်းလည်းပိတ်နေပြီ” လို့၎င်းယာဉ်မောင်းကပြောပါတယ်။ ဒီနေ့မနက် အစောပိုင်းက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကညွှတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးက စစ်ကောင်စီစခန်းငါးခု ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းကထုတ်ပြန်ပါတယ်။ ပုံစာ – ကညွှတ်ကွင်းတံတားကျိုးသွားတာကြောင့် ပိတ်မိနေသော ယာဉ်တန်း ဓာတ်ပုံ – Sanay Mgmg
ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၃ (မော်ကွန်း) ရန်ကုန်နဲ့ မြဝတီကို ကုန်စည်တင်ပို့ရာမှာ အသုံးပြုနေရတဲ့ ထို့ကော့ကိုးလမ်းပိုင်းမှာ လမ်းအသုံးပြုခတွေ တိုးမြှင့်ကောက်ခံလာတဲ့အတွက် ကုန်တန်ဆာခတွေလည်း ဈေးတက်သွားတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ မနှစ်က ဒီဇင်ဘာလဆန်းပိုင်းက စပြီးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြဝတီကိုသွားမယ့် ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေဟာ ကော့ကရိတ်မြို့ကိုမရောက်ခင် တောင်ပေါ်လမ်းခွဲတစ်ခုဖြစ်တဲ့ ဘားအံ-ထို့ကော့ကိုး-မြဝတီ လမ်းပိုင်းကနေ သွားလာနေရတာပါ။ ထို့ကော့ကိုးလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ KNU/KNLA (PC) အဖွဲ့ဟာ ယခုလ ၁ ရက်ကစပြီး ၁၀ ဘီးကားနဲ့ ၁၂ ဘီးကားတွေ လုံးဝ သွားလာခွင့်မပြုတော့ဘဲ ယာဉ်ဖြတ်သန်းအသုံးပြုခတွေကိုလည်း တိုးမြှင့်ကောက်ခံနေတယ်လို့ ရန်ကုန်-မြဝတီ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “အရင်က ကားလေးဆို လမ်းအသုံးပြုခက […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."