ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၂၅(မော်ကွန်း)
စီးပွားရေးကျဆင်းပြီး အလုပ်လက်မဲ့ များနေတဲ့ ရန်ကုန်မှာ ဒီနေ့စတင်ကျင်းပတဲ့ လေးရက်ကြာမယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ (၁၁၈)နှစ်မြောက်ပွဲတော် ဖွင့်ပွဲမှာ လာရောက်သူတွေ နည်းပါးတာကိုတွေ့ရပါတယ်။
အဲဒီက ဝန်ထမ်းတချို့ကတော့ ဖွင့်ပွဲရက်မို့ လူနည်းတာဖြစ်ပြီး လာမယ့်ရုံးပိတ်ရက်မှာ စည်ကားနိုင်တယ်လို့ ပြောပါတယ်။
ဥယျာဉ်ထဲမှာ လှောင်ပိတ်ခံထားရတဲ့ တိရိစ္ဆာန်တွေဟာလည်း ပျင်းရိလေးတွဲစွာ အိပ်နေကြတာများပြီး လာရောက်ကြည့်ရှု့သူဟာလည်း ကျဲပါးနေပါတယ်။
ဒီပွဲတော်ကို လာမယ့်တနင်္ဂနွေနေ့အထိ ကျင်းပမှာဖြစ်ပြီး ယာဉ်ရပ်ခ ၂,၀၀၀ ကျပ်၊ လူကြီး ၂,၅၀၀၊ ကလေး ၁,၅၀၀ ကျပ်အဖြစ် ဝင်ကြေးသတ်မှတ်ထားပါတယ်။
ဒီတိရစ္ဆာန်ဥယျာဉ်ကို ကိုလိုနီခေတ် ၁၉၀၆ ခုနှစ်မှာ ဖွင့်ခဲ့တာဖြစ်ပြီး ဒီရုံထဲက တချို့တိရစ္ဆာန်တွေကို စစ်ခေါင်းဆောင်တွေ တည်ခဲ့တဲ့မြို့သစ် နေပြည်တော်ဆီ ရွှေ့ပြောင်းခဲ့ကြပါတယ်။
ပုံစာ- ဒီနေ့ တိရိစ္ဆာန်ဥယျာဉ်မြင်ကွင်း။
ဓါတ်ပုံ- မော်ကွန်း။

