မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း)
မန္တလေးတိုင်းမိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ဦးစိုးဋ္ဌေးအစား ဖမ်းဆီးခံထားရတဲ့ ဇနီးနဲ့သမီးအပါအဝင် ဖမ်းဆီးခံထားရသူ အယောက် ၇၀ မနေ့က ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
“၅၀၅ နဲ့စွဲခံထားရတဲ့ သူတွေကိုလွတ်ပေးတာ လွတ်ပေးမယ်ဆိုတာကိုမသိဘူး။ ညနေ ၃နာရီလောက်ကစလွတ်ပေးတယ်။ မထွက်လာခင် အခမ်းအနားလုပ်ခဲ့ရသေးတယ်”လို့ ဦးစိုးဋ္ဌေးရဲ့သမီးကဆိုပါတယ်။
လွတ်လာတဲ့ ၇၀ ဦးဟာ မိုးကုတ်မြို့ကဖြစ်ပါတယ်။
မိုးကုတ်မြို့ကရေပူဆရာတော် နဲ့ဆရာတော့်တပည့်ဖြစ်သူ ဦးရေဝတ တို့ပါလွတ်တဲ့အထဲမှာပါလာခဲ့ပြီး မြို့နယ် NLD ပါတီဥက္ကဋ္ဌဦဦးကိုကိုဦးလည်း ပါဝင်ပါတယ်။
” အိုးဘိုထဲက မိုးကုတ်က ၇၀လွတ်တယ်။ ခု မိုးကုတ်ကို တချို့က ကားနဲ့ ပြန်လာပြီ။ တချို့ကတော့ မလာသေးဘူး၊ အတော်များများလွတ်တယ်”လို့ဒေသခံတစ် ဦးကဆိုပါတယ်။
မန္တလေးအိုးဘိုထောင်ကနေ အယောက် ၈၀ လွှတ်ပေးခဲ့တာဖြစ်ပြီး အမျိုးသား ၇၇ ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်ပါတယ်။
#Dailynews

