သတင်းများ

မိုးကုတ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် နှစ်ဦးဒဏ်ရာရ

October 31, 2021

မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၃၁ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ မနေ့ည ၁၁:၀၀ နာရီဝန်းကျင်အချိန် ဆိုင်ကယ်စီးလာသူ သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ရာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” သေနတ်ပစ်သံကြားရတယ်၊ ညဘက် အလည်ပြန်လာသူတွေကို ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ပေးတော့ လိုက်ပစ်တာ ၊ သေနတ်ပစ်သံ ၆ချက်လောက်ကြားရတယ်၊ ပစ်ခံရသူတွေက ဆေးရုံတက်နေရတယ် “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ပစ်ခတ်ခံရသူတွေက ရွှံ့ပန်းရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး ပုခုံးနဲ့ခြေထောက်မှာ ဒဏ်ရာရထားတာကြောင့် ဆေးရုံတက်ကုသနေရတယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီရဲ့ကျည်ဆန် စစ်ကောင်စီကျောင်းဆရာကို ထိမှန်

October 31, 2021

အရာတော် – ၂၀၂၁ အောက်တိုဘာ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ဦးတည်ရာမရှိ ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်အလုပ်လုပ်နေတဲ့ ကျောင်းဆရာတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ညပိုင်းက အရာတော်မြို့နယ် အရှေ့ပိုင်း ဇရစ်ရွာနဲ့ ကူးတို့ကိုင်းရွာကြားမှာ စစ်‌ကား(၉)စီးပါယာဉ်တန်း အတိုက်ခိုက်ခံခဲ့ရပြီးနောက် လမ်းတလျှောက်ပစ်ခတ်မောင်းနှင်ခဲ့ရာ ကူးတို့ကိုင်းကျေးရွာအရောက်တွင် လူတစ်ဦး စစ်တပ်ကျည်ထိမှန်၍ ဒဏ်ရာရခဲ့ကြောင်း၊ ကျည်ထိမှန်သူမှာ ကူးတို့ကိုင်းကျေးရွာမှ Non-CDM ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “သေတော့မသေဘူး။ သူက CDMလည်းမလုပ်ဘူး။ သူ့မိန်းမအမျိုးထဲမှာလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေရှိတယ်”လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက အရာတော်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား မ​ကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျေးရွာအချို့က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းတိုင်း မြို့နယ်တချို့က နေအိမ်နဲ့လုပ်ငန်းတွေကို သိမ်းဆည်းကြောင်း စစ်ကောင်စီ လိုက်လံကြေညာ

October 30, 2021

စစ်ကိုင်းတိုင်း – ၂၀၂၁ အောက်တိုဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘို၊ မုံရွာ၊ အရာ​တော်နဲ့ ဝက်လက်မြို့တွေက ဟိုတယ်နဲ့နေအိမ်တွေကို စစ်ကောင်စီက သိမ်းဆည်းကြောင်း ဗီနိုင်းတွေ လိုက်ချိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုန်(၂၉)လမ်းရှိ နေအိမ်နှစ်လုံးကို အောက်တိုဘာ၂၉ရက်နေ့က စစ်ကောင်စီတပ်သားများ လာရောက်ဗီနိုင်းချိတ်ဆွဲသွားကြောင်း ဒေသခံများက ပြောပါတယ်။ ယခုနေအိမ်သည် အကြမ်းဖက်မှုကျူးလွန်နေသူတစ်ဦးအားပုန်းအောင်နေထိုင်ခွင့်ပေးခြင်းနှင့်ယာယီနေထိုင်ခွင့်ပေးခြင်းတို့ကိုဖော်ထုတ်ရရှိသည့်အတွက် နိုင်ငံတော်ဘဏ္ဍာအဖြစ် ဒီကနေ့မှာ သိမ်းလိုက်ပြီဖြစ်ကြောင်း ဗီနိုင်းမှာ ရေးသားထားပါတယ်။ “အရပ်ဝတ်တွေနဲ့လာကပ်သွားတာ။ ရဲတစ်ယောက်တော့ပါတယ်”လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင်ရွှေဘိုမြို့က ဟိုတယ်တစ်လုံး၊ တည်းခိုခန်းတစ်ခုနဲ့ နေအိမ်တချို့ကိုလည်း PDFတွေနဲ့ပတ်သက်နေလို့ပြည်သူပိုင်သိမ်းဆည်းကြောင်း ရေးသားထားတဲ့ ဗီနိုင်းတွေလာကပ်သွားခဲ့ကြောင်း ရွှေဘိုဒေသခံများက ပြောပါတယ်။ အရာတော်မြို့ပေါ်မှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့က သပိတ်ကာလမှာ ပါဝင်ဦးဆောင်ခဲ့သလို အရာတော်မြို့မှာ ပထမဆုံး CDM […]

အပြည့်အစုံဖတ်ရန်

မိုးဗြဲတွင် စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

October 30, 2021

ရန်ကုန် – ၂၀၂၁ အောက်တိုဘာ ၂၉ (မော်ကွန်း) ရှမ်း-ကယားပြည်နယ်စပ်က မိုးဗြဲမြို့မှာ ဒီနေ့မနက် ၁၀နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် စည်ကား ၂ ရပ်ကွက်က အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ပေါ်ဦး ၂ ရပ်ကွက်ကအမျိုးသား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Mobye Rescue Team မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။ “ကျွန်နော်တို့နှစ်ယောက်လုံးကိုဆွဲထုတ်ပြီးသွားပြီ၊ တစ်ယောက်ကတော့ဆုံးသွားပြီခင်ဗျ။ အမျိုးသမီးတစ်ယောက်ကဆုံးသွားပြီခင်ဗျ။ တစ်ယောက်ကတော့ဆေးကုသမှုခံယူဆဲပဲဗျ။ ကျွန်နော်တို့လက်ရှိသယ်ထုတ်ပေးတာနှစ်ဦးပဲဗျ။ နှစ်ဦးပဲကြားသေးတယ်။ ကျွန်နော်တို့ဆက်လက်စုံစမ်းနေတုန်းပဲနော်” လို့ မိုးဗြဲလူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကအတည်ပြုပါတယ်။ လက်ရှိအချိန်မှာတော့ အခြေအနေကပြန်ငြိမ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မိုးဗြဲတိုက်ပွဲအခြေနေတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဝဘ်ဆိုက်မှာ ဒီကနေ့နေ့လယိအထိ သတင်းထုတ်ပြန်ထားတာမတွေ့ရှိရသေးပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

အရာတော် မကျီးကန်ရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကျော်တဲ့လင်မယား အသတ်ခံရ

October 30, 2021

အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၉ (မော်ကွန်း) စစ်ကောင်စီတပ်တွေ မကြာခဏလာရောက်ဖျက်ဆီးတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မကျီးကန်ကျေးရွာက သတင်းပေးလို့ နာမည်ကြီးနေ‌သူ လင်မယားနှစ်ဦးဟာ ဒီကနေ့မနက်ပိုင်းက သတ်ဖြတ်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ အသတ်ခံရသူတွေကတော့ ဦးကိတ်ကြီးနဲ့ ဒေါ်ခင်စန်းမြင့်တို့ လင်မယားတို့ဖြစ်ပြီး သတ်သွားသူတွေကိုတော့ ဘယ်သူဆိုတာ မသိရဘူးလို့ ဒေသခံကဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း အခုသေဆုံးသွားသူတွေရဲ့ မိသားစုဝင်တစ်ဦးဟာ စစ်ကောင်စီသတင်းပေးလုပ်ခဲ့လို့ အသတ်ခံခဲ့ရပြီးကြောင်း ဒေသခံကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အရာတော်မြို့နယ် မကျီးကန်ကျေးရွာကနေအိမ်တွေကို ဝင်ရောက်ရှာဖွေမွှေနှောက်တာတွေ မကြာခဏပြုလုပ်ပါတယ်။ အောက်တိုဘာ(၁၅)ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်း မကျီးကန်ကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာတောင်ပိုင်းက နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါအပြင် ကျေးရွာအတွင်းက စျေးဆိုင်တွေနဲ့ နေအိမ်တွေကိုပါ မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

NLD ပါတီ ပုသိမ်မြို့နယ်ရုံး မီးရှို့ ဖောက်ခွဲခံရ

October 30, 2021

ပုသိမ် – ၂၀၂၁ အောက်တိုဘာလ ၂၉ (မော်ကွန်း) ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် – ၅ ရပ်ကွက်က NLD မြို့နယ်ရုံးဟာ ဒီကနေ့နံနက်အစောပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ နံနက် သုံးနာရီလောက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပေမယ့် ည ၁၂ : ၀၀ လောက်ကတည်းက မီးရှို့နေခဲ့တာလို့ ဒေသခံကပြောပါတယ်။ “ အရင်ဆုံး မီးလောင်တာ မီးသတ်ကလည်း သူတို့ရှေ့မှာတင် လောင်နေတာ လာမသတ်ဘူး ။ ဖုန်းဆက်ပြောတော့လည်း မသိချင်ယောင်ဆောင်နေတယ် အဲ့ရုံးက စစ်တပ်က တပ်စွဲထားတဲ့ရုံး သူတို့ စိတ်ကြိုက် ပစ္စည်းတွေကို နေတိုင်း ကားနဲ့တိုက်ယူနေတာ ခုက ယူစရာမရှိတော့လို့ ထင်တယ် မီးရှို့ပြီး မိုင်းခွဲတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် […]

အပြည့်အစုံဖတ်ရန်

မုံရွာတွင် စစ်ကောင်စီတပ်ရင်း ၁၆ ဂိတ်စောင့်တပ်သားတစ်ဦး ပစ်သတ်ခံရ

October 28, 2021

မုံရွာ – ၂၀၂၁ အောက်တိုဘာ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် ခမရ ၁၆ ဂိတ်စောင့်တပ်သားတစ်ဦးကို ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ပစ်သတ်ခဲ့ပြီး စစ်တပ်ဝင်းထဲအထိဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မုံရွာအခြေစိုက် PDF-South Monywaအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်တွေက အနီးနားရပ်ကွက်တွေထဲအထိ ရှာဖွေနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ပစ်သံကြားတယ်၊ တစ်ယောက်သေတယ်၊ တစ်ယောက်ဒဏ်ရာရတယ်တဲ့။ အခုရပ်ကွက်ထဲ စစ်ကားတွေပတ်နေတာ အိမ်ရှေ့လမ်းမှာ တစ်စီးပြီးတစ်စီး ဖြတ်သွားနေတာ။ ခါတိုင်းအဲ့လိုမတွေ့ဘူး”လို့၎င်းဒေသခံကပြောပါတယ်။ အဲဒီပစ်ခတ်မှုကို People’s Defence Force – South Monywa, Monywa Heroes Groupနဲ့ Generation Defense Force အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဂိတ်စောင့်စစ်သားတစ်ဦးသေဆုံးခဲ့ပြီး PDF အဖွဲ့တွေအနေနဲ့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ပြည်မြို့က အုပ်ချုပ်ရေးမှူးတစ်ဦး အရက်ဆိုင်ထိုင်နေစဥ် သေနတ်နဲ့ ပစ်ခံရ

October 28, 2021

ပြည် – ၂၀၂၁ အောက်တိုဘာ ၂၈ (မော်ကွန်း) ပဲခူးတိုင်း၊ ပြည်မြို့ လွှစင်အုပ်စု ဆီဆုံကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟာ အရက်ဆိုင်ထိုင်နေစဥ် သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံကပြောပါတယ်။ “အရက်ဆိုင်ထိုင်နေချိန် ဝင်ပစ်သွားတာ ။ ငါးချက် ပစ်သွားတယ်။ သေလားမသေလားတော့အတိအကျမသိရသေးဘူး”လို့ ဒေသခံက ပြောပါတယ်။ သေနတ်နဲ့ပစ်ခံရသူ ဦးအေးစိုး က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ကျေးရွာထဲမှာ လိုက်လံခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ဦးအေးစိုးသတင်းပေးမှုကြောင့်ဖမ်းဆီးခံထားရသူ ခြောက်ယောက်ထက် မနည်းရှိတယ်လို့လည်း ဒေသခံကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ပုသိမ်တွင် တိုင်းရဲတပ်ဖွဲ့မှူးနေအိမ် လမ်းထိပ် ယာဉ်ထိန်းရဲကင်း ပစ်ခတ်ခံရ နှစ်ဦးသေ

October 28, 2021

ပုသိမ် – ၂၀၂၁ အောက်တိုဘာလ ၂၈ (မော်ကွန်း) ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဒီကနေ့ မနက်ပိုင်း တိုင်းရဲတပ်ဖွဲ့မှူး နေအိမ်ရှိတဲ့ လမ်းထိပ်က ယာဉ်ထိန်းရုံးကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ယာဉ်ထိန်း နှစ်ဦးရှိနေတဲ့ အချိန်မှာ နေ့လည် ၁၁ ကျော်လောက်က သေနတ်နဲ့ ခုနှစ်ချက် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။ “ သူတို့ရှိနေတဲ့အချိန် အလစ်ဝင်ပစ်သွားတာ အဲ့နေရာမှာပဲ သေသွားတယ်” လို့ ဒေသခံက ပြောပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ပုသိမ်မြို့ မဟာဗန္ဓုလလမ်းမကြီးတလျှောက် ပိတ်ဆို့စစ်ဆေးတာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ အင်အားအပြည့်နဲ့ ပြုလုပ်ခဲ့ကြပြီး သေဆုံးခဲ့တဲ့ ယာဉ်ထိန်း နှစ်ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ […]

အပြည့်အစုံဖတ်ရန်

ချိပ်ပိတ်ထားတဲ့ မန္တလေး NLD တိုင်းရုံး စစ်ကောင်စီရဲ့ ညမထွက်ရအချိန်မှာ ဖောက်ခွဲခံရ

October 28, 2021

မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂၈ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးရုံးဟာ မနေ့ညက ဖောက်ခွဲခံရကြောင်း မြို့ခံတွေက ပြောပါတယ်။ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းကတည်းက ချိပ်ပိတ်ခံထားရတဲ့ မန္တလေးမြို့ ၆၂လမ်းက NLD တိုင်းရုံးကို မနေ့ည ၁၁:၀၀ အချိန်ခန့်က ကားနှစ်စီး၊ အင်အားရှစ်ဦးလောက်နဲ့ ဝင်ရောက်သွားတယ်လို့ NLD ပါတီဝင်တစ်ဦးကပြောပါတယ်။ ည ၁၂:၀၀ နာရီ မှာတော့ သုံးလွှာနဲ့လေးလွှာမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သူကဆိုပါတယ်။ မန္တလေးမှာ စစ်ကောင်စီရဲ့ ညမထွက်ရကန့်သတ်မှုက ၁၀:၀၀ နာရီမှာစတင်တယ်ဆိုပေမယ့် ည ၇:၀၀နာရီနောက်ပိုင်း အသွားအလာမရှိသလောက် နည်းပါးကာပေါက်ကွဲမှုဟာလည်း ညမထွက်ရအချိန်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ မနေ့မနက်ပိုင်းက မန္တလေးမြို့မှာ က.ည.နပေါက်ကွဲမှု၊ ညနေပိုင်းတွေမှာ ကမ္ဘောဇဘဏ်နဲ့ […]

အပြည့်အစုံဖတ်ရန်

မန္တလေးက ကမ္ဘောဇဘဏ်နဲ့ ငွေထုတ်စက်တွေအနား ပေါက်ကွဲမှုဆက်တိုက်ဖြစ်

October 27, 2021

မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂၇ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့ညနေပိုင်းကစပြီး ကမ္ဘောဇဘဏ်နဲ့ ATMစက်တွေနား ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ၅၆လမ်းနဲ့ သိပ္ပံလမ်းရှိ KBZ Call Center ရှေ့ ရပ်ထားတဲ့ ကမ္ဘောဇဘဏ်ရဲ့ကားတစ်စီး၊ ၅၇လမ်းနဲ့ မနော်ဟရီလမ်းရှိ KBZ Bank မီးစက်အနီး၊ ၆၆လမ်းနဲ့ သိပ္ပံလမ်းထောင့်အနီးရှိ KBZ Bank၊ ၆၄လမ်း မနော်ဟရီလမ်းရှိ KBZ Bank၊ ၆၂လမ်းပေါ် Fuji Shopping centerရှေ့ရှိ KBZ ATM၊ ၈၄လမ်းနဲ့ ၃၈လမ်းရှိ KBZ ATM၊ ၇၃လမ်း ဗောဓိကုန်းရှိ KBZ Bank ATM၊ ၆၁လမ်း သိပ္ပံလမ်းရှိ KBZ Bank နေရာတွေမှာ […]

အပြည့်အစုံဖတ်ရန်

မန္တလေး စစ်ကောင်စီ က.ည.န မှာ မိနစ်အနည်းငယ်ခြားပြီး ဗုံးနှစ်ကြိမ်ပေါက်

October 27, 2021

မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂၇ (မော်ကွန်း) မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်က ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က•ည•န)ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်း ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ရာ လူတချို့ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်တွေလည်းပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနက် ၁၁:၀၀ နာရီ ဝန်းကျင်က တစ်ကြိမ် ပေါက်ကွဲပြီး နောက်ထပ် မိနစ်နှစ်ဆယ်ခန့်အကြာမှာ နောက်ထပ်တစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ သိပ္ပံလမ်းပေါ် က.ည.နရုံးရှေ့မှာ ရပ်ထားတဲ့ဆိုင်ကယ်တွေထဲက ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး တခြားဆိုင်ကယ်တွေပါ မီးကူးစက်လောင်ကျွမ်းခဲ့ကာ လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မြို့ခံတွေပြောပါတယ်။ “ဆိုင်ကယ်တွေကတော့ ဆယ်စီးလောက်ရှိမယ်။ လူနာတွေကိုတော့ လူနာတင်ယာဉ်နဲ့ခေါ်သွားတာတွေ့တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်နေတဲ့ က.ည.န ရုံးတွေမှာ လက်တလောဆောင်ရွက်ခြင်းမပြုဖို့ သတိပေးထားကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 223 224 225 226 227 228 229 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."