ရွှေဘို – ၂၀၂၁ အောက်တိုဘာ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွာသားတွေကိုဖမ်းဆီးဖို့ စစ်ကောင်စီတပ်သားတွေ ခေါ်လာခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးအမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က ရွှေဘိုမြို့ဇီးတောကျေးရွာမှာနေထိုင်တဲ့ ကြံခိုင်ရေးပါတီစည်းရုံးရေးမှုးဦးကျော်ဦးဆိုသူကို နယ်ခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ရောင်နီအဖွဲ့ကနေ သုတ်သင်ရှင်းလင်းလိုက်ကြောင်း ရွှေဘိုသိမ်းငှက်အဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။
ဦးကျော်ဦးဟာ ကျေးရွာအတွင်းကို စစ်ကောင်စီတပ်သားများကို ခေါ်ပြီး ရွာသားတွေကိုဖမ်းဆီးခိုင်းတာမျိုးတွေပြုလုပ်ခဲ့လို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ရောင်နီအဖွဲ့က ဆိုပါတယ်။
ရွှေဘိုမြို့ နယ် ဇီးတောကျေးရွာမှာ ဇွန်လအတွင်းကလည်း ဒလန်သတင်းပေးမှုကြောင့် NLDပါတီဝင်တစ်ဦး ဖမ်းဆီးခံရဖူးကြောင်း ဒေသခံများက ပြောပါတယ်။
#Dailynews

