ပြည် – ၂၀၂၁ အောက်တိုဘာ ၂၁ (မော်ကွန်း)
ဒီကနေ့ည ၇နာရီဝန်းကျင်က ပြည်မြို့ ခလရ ၉၅၉ တပ် ၊ သံလမ်းစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့လို့ နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
‘အဲ့စစ်ဆေးရေးဂိတ်က အရမ်းစစ်တာ အတော်ဆိုးတယ်။ လပြည့်နေ့ဆိုတော့ ဘုရားသွားကြတာ အစစ်ကြမ်းတာ ဆိုင်ကယ်ကိုရပ်ခိုင်းပြီး ဒူးထောက်ခိုင်းတယ်။ခေါင်းပေါ်လက်တင်ပြီး လမ်းလျှောက်ခိုင်းတယ် “လို့ ဒေသခံက ဆိုပါတယ်။
ဒီဖောက်ခွဲမှုကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ပြည် PDF က လုပ်ဆောင်ခဲ့တာလို့ PDFက ကြေညာထားပါတယ်။
#Dailynews

