ရန်ကုန် – ၂၀၂၅ ဧပြီ ၁ (မော်ကွန်း) လူထောင်ချီသေဆုံးတဲ့ အင်းအားပြင်းငလျင်ဘေး ကြုံတွေ့နေတဲ့ကာလအတွင်းမှာပဲ စစ်ကောင်စီဟာ TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီမနက် ၁၁ နာရီခန့်မှာ နောင်ချိုမြို့နယ်က တောင်လှရွာနဲ့ ဂေါ်ရခါးရွာတို့ကို ဒရုန်းနဲ့တစ်ကြိမ်၊ ဂျက်ဖိုက်တာနဲ့တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ မနေ့တုန်းကလည်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးသယ်ဆောင်လာတဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး […]
ရန်ကုန် – ၂၀၂၅ မတ် ၃၁ (မော်ကွန်း) မနေ့ကထိ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူအရေအတွက် ၁,၇၀၀ ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို မနေ့ကညပိုင်းမှာ ပြောပါတယ်။ လက်ရှိ နောက်ဆုံးရရှိထားတဲ့စာရင်းအရ သေဆုံးသူ ၁,၇၀၀ ကျော် ၊ ပျောက်ဆုံးသူ ၃၀၀ ကျော်၊ ဒဏ်ရရရှိသူ ၃,၄၀၀ ကျော် ရှိထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ရက်က ထုတ်ပြန်ချက်မှာ သေဆုံးသူ ၁,၀၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး ၄၈ နာရီအတွင်း သေဆုံးသူ ၇၀၀ ကျော် ထပ်မံတိုးလာတာပါ။ ဒီနေ့အထိ မန္တလေး၊ စစ်ကိုင်း၊ ရမည်းသင်း စတဲ့ ငလျင်ဗဟိုချက်နဲ့ နီးတဲ့ မြို့တွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့် […]
ရန်ကုန် -၂၀၂၅ မတ် ၂၉ (မော်ကွန်း) မနေ့ကမွန်းလွဲပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြေထဲနစ်မြုပ်ပြိုကျခဲ့တဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုကနေ အသက်ရှင်လျှက် ၄၃ ဦး ကယ်ထားနိုင်ပြီး ကိုးဦးအလောင်းရထားကာ ကယ်ဆယ်ရှာဖွေရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီကွန်ဒိုဟာ အောင်မြေသာစံမြို့နယ်အတွင်းမှာ တည်ရှိပြီး ငလျင်ကြောင့် ဆိုးဆိုးရွားရွားပြိုကျသွားတဲ့ မန္တလေးမြို့က ရာနဲ့ချီတဲ့အဆောက်အအုံတွေထဲကတစ်ခုပါ။ ဒီကွန်ဒိုကို ရောင်းချဖို့ ကြော်ငြာစဉ်က ငလျင်ဒဏ်ကို ခံနိုင်တယ်လို့ ကုမ္ပဏီဘက်က အာမခံခဲ့ပေမယ့် မနေ့ကတော့ စစ်ကိုင်းငလျင်နဲ့ကြုံပြီး ပြိုကျခဲ့တာပါ။ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ကြရတဲ့အထဲ မန္တလေးမြို့က အဆိုးရွားဆုံးဖြစ်ပြီး လူ ၈၀၀ ကျော်သေဆုံးခဲ့ကာ ထောင်နဲ့ ချီတဲ့လူတွေ ဒဏ်ရာရခဲ့သလို အဆောက်အအုံ ထောင်နဲ့ချီ ပျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီနဲ့ မြေပြင်ကယ်ဆယ်ရေး […]
ရန်ကုန်- ၂၀၂၅ မတ် ၂၉ (မော်ကွန်း) မနေ့က လှုပ်ခတ်ခဲ့တဲ့ အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီဖို့ တရုတ်၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂက မြန်မာကို စတင်အကူအညီပေးနေပြီလို့ အသီးသီးထုတ်ပြန်ပါတယ်။ ဒီနေ့လယ်အထိ စစ်ကောင်စီထုတ်ပြန်ချက်အရ ဒီငလျင်ကြောင့် လူ ၁,၀၀၀ ကျော်သေဆုံးပြီး ၂,၄၀၀ လောက် ဒဏ်ရာရထားခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကတော့ အရေအတွက်က ဒီထက်ပိုတိုးလာနိုင်တယ်လို့ ပြောကြပါတယ်။ တရုတ်နိုင်ငံက ဘေးအန္တရာယ်ရှာဖွေကူညီကယ်ဆယ်ရေးကျွမ်းကျင်အဖွဲ့ နှစ်ဖွဲ့ကို မြန်မာငလျင်သင့်ပြည်သူတွေကို ကူညီဖို့ စေလွှတ်ထားသလို ယွမ်သန်း ၁၀၀ ပံ့ပိုးမှာဖြစ်ပြီး တဲတွေ၊ စောင်တွေ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်တွေ၊ အစားအစာနဲ့ သောက်သုံးရေစင်တွေကို သဘာဝဘေးသင့်သူတွေထံ ပေးပို့သွားမယ်လို့ တရုတ်သံရုံးကထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်း ရန်ကုန်လေဆိပ်ကိုရောက်လာတဲ့ အိန္ဒိယနိုင်ငံရဲ့ အကူအညီတွေမှာတော့ စောင်၊ တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်း၊ sleeping […]
ရန်ကုန် – ၂၀၂၅ မတ် ၂၈ (မော်ကွန်း) ဒီနေ့မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့တဲ့ အလွန်အင်အားပြင်းတဲ့မြေငလျင်ကြောင့် မန္တလေးမြို့အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ရွာတွေမှာ အဆောက်အအုံပြိုကျတာ၊ လမ်းတံတားတွေကျိုးပျက်တာနဲ့ ရေကာတာဆည်တချို့ကွဲအက်တာတွေ ဖြစ်ပေါ်ခဲ့ ပြီး စစ်ကောင်စီကတော့ အရေးအပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ၁၂ နာရီ ၅၁ မိနစ်ဝန်းကျင်မှာ မန္တလေးမြို့မြေငလျင်စခန်းရဲ့ အရှေ့မြောက် ၁၂ မိုင်ကျော်အကွာ၊ မြေအောက်အနက် ၆ မိုင်လောက်မှာ ဗဟိုပြုလှုပ်ခတ်တဲ့ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ငလျင်ကြောင့် မန္တလေးမြို့က အထပ်မြင့် အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ လမ်းတံတားတွေ ပျက်စီးသွားခဲ့ပြီး လူထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိပေမယ့် အသေးစိတ်ကို စစ်ကောင်စီက မထုတ်ပြန်သေးပါဘူး။ ဒီငလျင်ကြီးလှုပ်ခတ်အပြီးနောက် နောက်ဆက်တွဲငလျင် သုံးကြိမ်ထပ်လှုပ်ခတ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ငလျင်ရဲ့အရှိန်ကြောင့် […]
ရန်ကုန်၊ ၂၀၂၅ မတ် ၂၈ (မော်ကွန်း) ဒီမွန်းလွဲမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ရန်ကုန်- မန္တလေးအမြန်လမ်း အပျက်အစီးများခဲ့ပြီး ယာဉ်အများအပြားလည်း ပိတ်မိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတချို့က ပြောပါတယ်။ လက်ရှိမှာတော့ ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေဟာ လမ်းအပျက်အစီးတွေကိုရှောင်ပြီး တဖြည်းဖြည်း သွားနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတစ်ဦးက ပြောပါတယ်။ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်လာသူတစ်ဦးကတော့ “သွားလို့ရသလောက် ဖြည်းဖြည်းချင်းပဲ အမြန်လမ်းဘေးက မြေနီလမ်းတွေ လယ်ကွင်းတွေကနေ ပတ်သွားနေရတယ်။ တစ်လမ်းလုံး အက်ကြောင်းတွေထပြီး တံတားတွေလည်း ကျိုးတဲ့နေရာကကျိုးသွားတယ်” လို့ပြောပါတယ်။ ဒါ့အပြင် အမြန်လမ်းပေါ်မှာရှိတဲ့ ဆွာချောင်းကူးတံတား၊ ဒုဌဝတီမြစ်ကူးတံတားတို့လည်း ကျိုးသွားတယ်လို့ အမြန်လမ်းပေါ် ဖြတ်သန်းနေသူတချို့ကပြောပါတယ်။ လမ်းအပျက်အစီးတွေကြောင့် ခရီးသည်တင်ယာဉ်တွေ၊ အိမ်စီးကားတွေ အများအပြားပိတ်မိနေပြီး ကားပျက်စီးမှုတွေလည်းရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။ “ဆွာ ချောင်းကူးတံတား အက်ကြောင်းဖြစ်သွားပြီး […]
ရန်ကုန် – ၂၀၂၅ မတ် ၂၆ (မော်ကွန်း) ပြီးခဲ့တဲ့လပိုင်းထဲက တစ်ကျပ်သားကို ကျပ် ၆၅ သိန်းနီးပါးနဲ့ အချိန်အတော်ကြာ တည်ငြိမ်နေတဲ့ ၁၆ ပဲရည်ရွှေဈေးဟာ လက်ရှိမှာ ကျပ်သိန်း ၇၀ နီးပါးထိ ရောက်ရှိလာတယ်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ ဒီလ ၁၆ ရက်ထိ တစ်ကျပ်သားကို ကျပ် ၆၅ သိန်းဝန်းကျင်မှာပဲ ရှိရာကနေ တဖြည်းဖြည်းမြင့်တက်ခဲ့ပြီး ဒီနေ့မှာတော့ ကျပ် ၆၉ သိန်း ခုနစ်သောင်းဝန်းကျင်ထိ ဈေးဖွင့်ခဲ့တာပါ။ တည်ငြိမ်နေတဲ့ရွှေဈေး အခုလိုမြင့်တက်လာတာဟာ မကြာခင်ရောက်ရှိတော့မယ့် သင်္ကြန်ပိတ်ရက်တွေကြောင့်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။ “သင်္ကြန်နားနီးရင် နှစ်တိုင်းတော့ ဒီလိုပဲ။ ရွှေဈေး၊ ငွေဈေးက လှုပ်လေ့ရှိတယ်” လို့ ၎င်း ဈေးကွက်လေ့လာသူက ပြောပါတယ်။ ဒါ့အပြင် […]
ရန်ကုန် – ၂၀၂၅ မတ် ၂၆ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ရက်ညပိုင်းမှာ စဉ့်ကူးမြို့နယ်ထဲက စိုက်ပျိုးရေပေးဝေတဲ့ ရေလှောင်တမံတစ်ခုနဲ့ ရွှေတူးဖော်ရေးလုပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။ ဂျက်ဖိုက်တာငါးစင်းခန့် အုပ်စုဖွဲ့ပျံသန်းပြီး စဉ့်ကူးမြို့နယ်ထဲက မာလဲနတ်တောင်ဆည်၊ ဇိုက်ချောင်းကျေးရွာ၊ ထောက်ကြံ့ပင်ကျေးရွာနဲ့ ကံတောင်ကျေးရွာတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ၎င်းတိုက်ခိုက်မှုကြောင့် မာလဲနတ်တောင်ရေလှောင်တမံအပါအဝင် ရွှေတူးဖော်ရေးလုပ်ကွက်နေရာတချို့ ထိခိုက်ပျက်စီးခဲ့တာပါ။ ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ MDY-PDF တပ်က ဓါတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။ မာလဲနတ်တောင် ရေလှောင်တမံဟာ စဉ့်ကူးမြို့နယ် မာလဲကျေးရွာအနီးမှာတည်ရှိပြီး ဒီရေလှောင်တမံကနေ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေထဲက စိုက်ပျိုးဧကပေါင်း ၆,၅၀၀ ခန့်ကို ဆည်ရေပေးဝေနေတာပါ။ စစ်ကောင်စီဟာ ဒီလ ၁၇ ရက်နဲ့ ၁၄ ရက်ကလည်း […]
ရန်ကုန် – ၂၀၂၅ မတ် ၂၅ (မော်ကွန်း) ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ဘက်ကို နေရပ်ပြန်မယ့် စစ်ဘေးရှောင် ၅၀ ဦးထက်မနည်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။ “သူတို့ပြန်ခွင့်မပေးထားဘူး။ ကိုယ့်အစီစဉ်နဲ့ကိုယ် ခိုးပြန်တဲ့အဖွဲ့တွေ ဖမ်းထားတယ်။ ရေကြည်ရဲစခန်းထဲမှာ ဒီရက်ပိုင်းဖမ်းထားတာ လေးငါးဆယ်လောက်ရှိတယ်” လို့ ရခိုင်ပြည်နယ်တောင်ကိုင်းကနေ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။ သံတွဲနဲ့ ဂွမြို့နယ်တွေက စစ်ဘေးရှောင်အများစုဟာ ဧရာဝတီတိုင်းက လေးမျက်နှာ၊ ရေကြည်နဲ့ ပုသိမ်မြို့တွေအပြင် ရန်ကုန်မြို့ထိ စစ်ဘေးရှောင်လာကြသူတွေလည်းရှိနေတာပါ။ လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ တခြားနေရပ်မှာ စားဝတ်နေရေး အဆင်မပြေတာ၊ အလုပ်အကိုင်အဆင်မပြေတာတွေကြောင့် နေရပ်ပြန်လိုသူတွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။ လက်ရှိမှာ ဂွနဲ့ သံတွဲ မြို့တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး […]
ရန်ကုန် – ၂၀၂၅ မတ် ၂၅ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်ကောင်စီတပ် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒီလမ်းပိုင်းကို ဒီနေ့ကစပြီး သွားလာခြင်းမပြုဖို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။ မြင်းခြံမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ကစပြီး အင်အားအများအပြားနဲ့ တောင်သာမြို့ဘက်ကို စစ်ကြောင်းထိုးလာနေပြီး ဒီလမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။ မနေ့က မနက်ပိုင်းကလည်း စစ်ကောင်စီဟာ တောင်သာမြို့ အနီးပတ်ဝန်းကျင်က ကျေးရွာတချို့ကို Y-12 ထောက်ပို့လေယာဉ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ဟာ တောင်သာ၊ နွားထိုးကြီးနယ်တစ်ဝိုက်ကို လေယာဉ်တွေအပြင် စက်တပ်လေထီးနဲ့ပါ ဗုံးသီးချတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “စက်တပ်လေထီးက မိတ္ထီလာကနေ တက်လာတာလို့ပြောတယ်။ အသံလည်းကြားနေရတယ်။ တစ်စီးပြီးတစ်စီး မနေ့က လေးငါးစီးလောက်ရှိမယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ […]
ရန်ကုန် – ၂၀၂၅ မတ် ၂၄ (မော်ကွန်း) ဧရာဝတီတိုင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်ကြား ပုသိမ်-မုံရွာ ကားလမ်းအနီးက ကျေးရွာတချို့ကို ဒီနေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ပုသိမ်-မုံရွာ ကားလမ်းရဲ့အနောက်ဖက် ရခိုင်ရိုးမတောင်ခြေအနီးက တုံးတော၊ ဝက်ကုန်း၊ လဲခုံကြီးနဲ့ လဲခုံလေး ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပြီး ဒီကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။ လေးမျက်နှာမြို့က ဒေသခံတစ်ဦးက “မနက်ပိုင်းက ဂျက်ဖိုက်တာနှစ်စင်း လာချသွားတယ်။ နေ့ခင်းဘက် ခဏနားပြီးတော့ တစ်နာရီလောက်ကြာတယ်ထင်တယ်။ စက်တပ်လေထီးနှစ်စီးနဲ့ ထပ်ပြီးလာချသွားတယ်။ အဲဒီနားကရွာတွေတော့ ကုန်လောက်ပြီ” က ဒီနေ့မွန်းလွဲပိုင်းမှာ မော်ကွန်းကိုပြောပါတယ်။ ၎င်းတိုက်ပွဲတွေကြောင့် ရခိုင်ရိုးမအစပ်နားက ကျေးရွာငါးရွာခန့်က ဒေသခံထောင်နဲ့ချီပြီး […]
ရန်ကုန် – ၂၀၂၅ မတ် ၂၁ (မော်ကွန်း) မန္တလေးမြို့နဲ့ ဧရာဝတီမြစ်ပဲခြားတဲ့ မင်းကွန်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ပို့လွှတ်နေပြီး စစ်ရေးတင်းမာနေတယ်လို့ စစ်ကိုင်းဒေသခံတချို့က ပြောပါတယ်။ မင်းကွန်း-စစ်ကိုင်း ကားလမ်းပေါ်မှာရှိတဲ့ လက်ပံကျေးရွာကို ပြီးခဲ့တဲ့နှစ်ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို ဒီနေ့မှာလည်း နောက်ထပ်စစ်ကူစစ်ကြောင်းတွေ ပို့လွှတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မင်းကွန်းဘက်မှာ PDF တွေ ဝင်လာတယ်ဆိုပြီး စစ်ကြောင်းထိုးလာတယ်။ တိုက်ပွဲသတင်းတော့ မကြားမိသေးဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်လည်း မင်းကွန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်စေတီအနီးမှာရှိတဲ့ သာသနိက အဆောက်အဦတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့ကိုကိုးကားပြီး သတင်းမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် မြဝတီသတင်းဌာနကတော့ သတင်းအမှားဖြစ်တယ်လို့ တုံ့ပြန်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."