သတင်းများ

ငလျင်ကြီးအပြီးမှာ ဘိလပ်မြေဈေးထိုးတက်

April 7, 2025

ရန်ကုန် – ၂၀၂၄ ဧပြီ ၄ (မော်ကွန်း) ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အဆောက်အဦအများအပြား ပျက်စီးခဲ့တာကြောင့် ဈေးကွက်ထဲမှာ ဘိလပ်မြေဝယ်လိုအားများနေပြီး ငလျင်မတိုင်မီကထက် တစ်အိတ်ကို ကျပ်တစ်သောင်းကျော် မြင့်တက်သွားတယ်လို့ ဆောက်လုပ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။ ငလျင်မလှုပ်ခတ်မီက ရန်ကုန်မြို့မှာ ကြံ့နှစ်ကောင်နဲ့ Alpha ဘိလပ်မြေအမျိုးအစားဟာ တစ်အိတ်ကို ကျပ်နှစ်သောင်းခွဲဝန်းကျင်မှာရှိရာက လက်ရှိမှာတစ်အိတ်ကို ကျပ်သုံးသောင်းခွဲနဲ့ လေးသောင်းနီးပါးထိ မြင့်တက်ခဲ့တာပါ။ ငလျင်အပျက်အစီးတွေကိုပြင်ဆင်ဖို့ ဘိလပ်မြေဝယ်ယူသူတွေများလာတဲ့အတွက် ရောင်းချတဲ့ ကုန်သည်တွေက ဈေးကစားလာကြတာကြောင့် အခုလိုဈေးမြင့်တက်လာလို့ ကိုယ်တိုင်ကြုံလာတဲ့ ဆောက်လုပ်ရေးကန်ထရိုက်တစ်ဦးက‌ ပြောပါတယ်။ “ရန်ကုန်ဈေးက ငလျင်မတိုင်မီ ၁၉,၀၀၀၊ ၂၀,၀၀၀ ပဲရှိတာ အဲဒီဈေးကလည်း သင်္ကြန်ကျော်ရင် ပြန်ကျသွားရမယ့်အခြေအနေကို အခုအလုအယက်ဝယ်ကြတော့ စီးပွားရေးသမားတွေကလည်း ဈေးနှုန်းတင်ပြီး ပြန်ရောင်းလာတယ်။ လှောင်ထားတဲ့သူတွေက အဓိကတင်နေတာ” လို့ ၎င်းဆောက်လုပ်ရေးကန်ထရိုက်က ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကျော်ကြားတဲ့ မယ်နုအုတ်ကျောင်းအပါအဝင် အင်းဝရှေးဟောင်းနယ်မြေ စစ်ကိုင်းငလျင်ကြောင့်ပျက်စီး

April 7, 2025

အင်းဝ-၂၀၂၅ ဧပြီ ၇ (မော်ကွန်း) စစ်ကိုင်း ငလျင်ကြောင့် အင်းဝ ရှေးဟောင်းနယ်မြေတစ်ခုလုံး ထိခိုက်ပျက်စီးသွားပါပြီ။ အင်းဝမြို့ဟောင်းအနီးကနေအိမ်တွေ ထိခိုက်မှုနည်းပေမယ့် နန်းတော်ရာ၊ နန်းမြင့်မျှော်စင်၊ နန်းမြို့ရိုး အပါအဝင် နာမည်ကျော်ဗိသုကာလက်ရာတွေကြောင့် ကမ္ဘာကျော်တဲ့ နန်းမတော်မယ်နု (၁၇၈၄-၁၈၄၀)ရဲ့ အုတ်ကျောင်းလည်း ပြိုကျခဲ့ပါတယ်။ ဒီကျောင်းတော်ကို ဘကြီးတော်မင်း(စစ်ကိုင်းမင်း)က ဆရာတော်ဦးဗုတ်ကို မယ်နုက လှူချင်တဲ့အတွက် တည်ဆောက်ပေးခဲ့တာလို့ ရာဇဝင်လာပါတယ်။ အခုတော့ နှစ်ရာချီကြာ ယဉ်ကျေးမှုတွေပျက်စီးသွားပါပြီ။ အောက်ပါ ဓါတ်ပုံတွေကတော့ အင်းဝရှေးဟောင်းနယ်မြေက ငလျင်ဒဏ်သင့်ပုံတွေ ဖြစ်ပါတယ်။ ဓါတ်ပုံ-မော်ကွန်း

အပြည့်အစုံဖတ်ရန်

အလောင်းမဖော်နိုင်သေးတဲ့ အင်းဝက ဘိတ်တန်းရပ်ကွက်

April 7, 2025

အင်းဝ-၂၀၂၅ ဧပြီ ၇ (မော်ကွန်း) ရှာဖွေကယ်ဆယ်ရေးအကူအညီ အခက်အခဲကြောင့် အင်းဝမြို့၊ ဘိတ်တန်းရပ်ကွက်က အဆောက်အဦပြိုကျရာမှာ ပိနေတဲ့သူတွေကို အခုထိမဖော်နိုင်သေးဘူးလို့ ရွာသားတချို့က ပြောပါတယ်။ ဒုဋ္ဌဝတီမြစ်ဘေးကဒီရပ်ကွက်ဟာ အင်းဝမှာ အဆိုးရွားဆုံးထိခိုက်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး လတ်တလောသေဆုံးသူ ကိုးဦးအထိ ရှိနေတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ ” ဟိုဘက်နားက နို့ဆီစက်ရုံဆိုရင် ပိုင်ရှင်ရော၊ အလုပ်သမားတွေရော ပြိုကျတဲ့အထဲပါသွားတာပေါ့။ ပိုင်ရှင်အမျိုးသားဆိုရင် သူ့သားလေးကို ကျစ်နေအောင် ဖက်ထား‌ရင်း သားအဖနှစ်ယောက် သေနေကြတာကို တွေ့ရတာ အတော်လေး စိတ်ထိခိုက်ဖို့ကောင်းတယ်” လို့ ငလျင်ဘေးသင့် ဘိတ်တန်းရပ်ကွက်သူတစ်ဦးက ပြောပါတယ်။ အဲဒီရပ်ကွက်ထဲက ကွန်ကရစ်နဲ့တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းဟာ ငလျင်ဒဏ်ကြောင့် ပြားပြားဝပ်နေပြီး ထိုအကျိုးအပဲ့ပုံတွေဆီကနေ အပုပ်နံ့တွေလည်း ထွက်နေပါတယ်။ လူတစ်ဦးက ငရဲမီးနဲ့ သံချောင်းတွေကိုဖြတ်ထုတ်ကာ အောက်မှာ ပိနေသူကို ဖယ်ဖို့ […]

အပြည့်အစုံဖတ်ရန်

ယနေ့ အမရပူရမြင်ကွင်း

April 6, 2025

အမရပူရ-၂၀၂၅ ဧပြီ ၆ (မော်ကွန်း) ယနေ့တွေ့ရတဲ့ မန္တလေး၊ အမရပူရမြို့က ငလျင်ဘေးသင့် မြင်ကွင်းတွေဖြစ်ပါတယ်။ မန္တလေးမြို့ထက်ရှေးပိုကျတဲ့ ဒီမြို့ဟာလည်း ပြီးခဲ့တဲ့လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မြို့တွင်းက ရှေးဟောင်းပုထိုး၊ စေတီတွေအပြင် တိုက်တာအဆောက်အအုံတွေလည်း ပြိုကျခဲ့တာပါ။ မြို့မှာရှိတဲ့ သက်တမ်းရင့်အဆောက်အအုံ အားလုံး ပြိုကျ သို့မဟုတ် ကွဲအက်ပျက်စီးသွားတဲ့အထဲ မြန်မာပြည်ထဲက သက်တမ်းအရင့်ဆုံးတရုတ်ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ အမရပူရ တရုတ်ဘုံကျောင်းလည်း ပြိုကျခဲ့တာကို တွေ့ရပါတယ်။ အထပ်မြင့်အဆောက်အအုံ သိပ်မရှိပေမယ့် သက်တမ်းရင့်မြို့ဟောင်းဖြစ်တာကြောင့်လည်း ပိုထိခိုက်တာလို့ မြို့ခံတွေက ပြောကြပါတယ်။ နာမည်ကျော် ဦးပိန်တံတား အပါအဝင် ရှေးဟောင်း ကျွန်းလုံးတိုင်တွေနဲ့တည်ဆောက်ထားတဲ့ အမရပူရမြို့က တံတားတွေလည်းကျိုးခဲ့ပြီး အခုပိတ်ထားပါတယ်။ ငလျင်ကြောင့် ဆယ်နဲ့ချီတဲ့ သေဆုံးမှုတွေရှိပေမယ့် သတင်းသမားတွေကို နှိပ်ကွပ်တယ်လို့ နာမည်ကြီးတဲ့ မအရပူရအာဏာပိုင်တွေကို မတွေ့ရဲတာကြောင့် အချက်အလက်သေချာမသိရပါဘူး။ […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းမှာ အပျက်အစီးများဆက်လက်ရှင်းလင်းနေဆဲ

April 5, 2025

စစ်ကိုင်း- ၂၀၂၅ ဧပြီ ၅ (မော်ကွန်း) ရာစုနှစ်တစ်ခုစာလောက် ငြိမ်သက်နေတာကနေ ပြန်လည်လှုပ်နိုးလာတဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရဲ့ အဖျက်စွမ်းအားကြောင့် ငလျင်ဗဟိုချက်အနီးက လူနေထူထပ်တဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့တွေမှာ အပျက်အစီးတွေများသလို ထောင်နဲ့ချီတဲ့ လူသေဆုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ၇ ဒသမ ၇ ပြင်းအားရှိတဲ့ စစ်ကိုင်ငလျင်ရဲ့ ဗဟိုချက်အနီးက စစ်ကိုင်းမြို့ဟာလည်း ကြေမွပျက်စီးခဲ့ရပါတယ်။ ဒီနေ့မှာလည်း ကူညီကယ်ဆယ်ရေးသမားတွေ၊ ပြိုကျနေတဲ့ အဆောက်အအုံတွေကို ရှင်းလင်းနေသူတွေ၊ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေအပါအဝင် ကုလသမဂ္ဂလိုအဖွဲ့တွေ မြို့တွင်းမှာ လှုပ်ရှားကူညီနေတာကို တွေ့ရပါတယ်။ ပြင်းထန်တဲ့အပူချိန်အောက်မှာ ပြိုကျအဆောက်အအုံတွေကို စက်ယန္တယားတွေနဲ့ ရှင်းလင်းဖယ်ရှားနေဆဲ ဖြစ်ပါတယ်။ နာမည်ကျော် ဘာသာရေး အဆောက်အအုံတွေရှိရာ စစ်ကိုင်းတောင်ရိုးမှာလည်း ကူညီကယ်ဆယ်သူတွေအပြည့်ပါ။ အဲဒီက ဘုရား၊ကျောင်း၊ ကန်၊ စေတီအများစုဟာ ငလျင်ဒဏ်ကြောင့် အလုံးစုံ၊ သို့မဟုတ် တချို့တဝက် […]

အပြည့်အစုံဖတ်ရန်

ယနေ့ မန္တလေး

April 4, 2025

မန္တလေး- ၂၀၂၅ ဧပြီ ၄ (မော်ကွန်း) ဒီနေ့မှာတော့ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တချို့ဟာ ရှင်သန်သူကယ်ဆယ်ရှာဖွေတဲ့ လုပ်ငန်းအများစုကို ရပ်နားလိုက်ကြပြီလို့ မြို့ခံတချို့က ပြောပါတယ်။ အဆောက်အအုံပြိုပိသူတွေအများစုက မန္တလေးနန်းမြို့ရိုး ပတ်လည်က နေရာတွေမှာဖြစ်ပြီး အဆောက်အအုံအများစုကလည်း အဲဒီမြို့တွင်းနေရာတွေမှာ ပြိုခဲ့တာပါ။ ယခင်သိပ္ပံလမ်းလို့ခေါ်တဲ့ ၆၂ လမ်းမကြီးတစ်လျှောက်မှာလည်း အထပ်မြင့်တိုက်တချို့ ပြိုကျတာ ရှိပါတယ်။ နောက်ဆက်တွဲငလျင်တွေလည်း လှုပ်နေသလို ရုတ်တရက်ကြုံရတဲ့ ဒီကပ်ဘေးကြောင့် မြို့ခံအများစုက ‌ညဘက်ဆို လမ်းဘေးအိပ်ပြီး နေ့ပိုင်းမှာသာ အိမ်တွင်းနေကြတာကို တွေ့ရပါတယ်။ အင်အား ၇ ဒသမ ၇ ရှိပြီး ဖျက်အားအလွန်ပြင်းတဲ့ စစ်ကိုင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ၃,၀၀၀ ကျော်သေပြီး ၄,၅၀၀ ကျော် ဒဏ်ရာရကာ ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက […]

အပြည့်အစုံဖတ်ရန်

စဉ့်ကိုင်ကရွာနှစ်ရွာမှာ ငလျင်ကြောင့် ၂၅ ဦး သေဆုံး

April 4, 2025

မန္တလေး- ၂၀၂၅ ဧပြီ ၄ ( မော်ကွန်း) မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ထဲက တဘက်ဆွဲနဲ့ ခံလူးရွာတွေမှာ စစ်ကိုင်းငလျင်ဘေးကြောင့် ၂၅ ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာတွေက ဘာသာရေးခေါင်း ဆောင်တချို့က ပြောပါတယ်။ တဘက်ဆွဲရွာမှာ ၂၁ ဦး သေဆုံးပြီး ခံလူးရွာမှာ လေးဦး သေဆုံးခဲ့ရတယ်လို့ ဘာသာရေး ခေါင်းဆောင်တချို့က ပြောပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ နောက်ဆုံးသောကြာနေ့ ဆုတောင်းဝတ်ပြုချိန်နဲ့ တိုက်ဆိုင်ခဲ့တဲ့ဒီငလျင်ကြောင့် ဟောင်းနွမ်းနေတဲ့ဗလီအဆောက်အအုံအများအပြား မန္တလေးတိုင်းအတွင်းပြိုကျခဲ့ရာ ရာပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်တွေ အဆောက်အအုံပိပြီး သေဆုံးခဲ့ရပါတယ်။ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာရတဲ့အထိ ဖျက်ဆီးအားပြင်းတဲ့ ပြီးခဲ့တဲ့လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်းအားအလွန်ပြင်းတဲ့ […]

အပြည့်အစုံဖတ်ရန်

ငလျင်ဒဏ်သင့် ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ဝမ်းတွင်းမြို့တွေမှာ အကူအညီတွေမရောက်သေး

April 4, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၄ (မော်ကွန်း) မန္တလေးတိုင်းအတွင်းက ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ ငလျင်ကြောင့် လူသေဆုံးမှုတွေအပြင် နေအိမ်အဆောက်အဦအများအပြား ပျက်စီးခဲ့ပြီး ၎င်းမြို့နယ်တွေက တချို့ကျေးရွာမှာ အကူအညီတွေ မရောက်ရှိသေးတာကြောင့် ဒေသခံတွေအတွက် နေရေး၊စားရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရမည်းသင်းမြို့နယ်နဲ့ ရှစ်မိုင်အကွာမှာရှိတဲ့ သီးကုန်းကျေးရွာမှာဆိုရင် အိမ်ခြေပေါင်း ၂၀၀ ကျော် ပျက်စီးခဲ့ကာ လူကိုးဦးသေဆုံးခဲ့ပြီး ၎င်းတို့ကျေးရွာကို လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ “လက်ရှိက ဘုန်းကြီးကျောင်းမှာ မိုးကာလေးတွေခင်းပြီး နေကြရတယ်။ ဘုန်းကြီးက စောင့်ရှောက်ထားတာပေါ့။ ရေရှည်နေရေးစားရေးက အခက်အခဲဖြစ်လာလို့ အလှူရှင်တွေ လိုအပ်နေပါတယ်” လို့ ရမည်းသင်းဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ရမည်းသင်းမြို့နယ်က ဓမ္မစကူးစာသင်ဆောင်ပြိုကျကာ ကလေးငယ် ၁၃ […]

အပြည့်အစုံဖတ်ရန်

လျှပ်စစ်မီးပြတ်တောက်လို့ YBS တွေ ဂတ်စ်ဖြည့်ဖို့အချိန်မမီဘဲ ပြေးဆွဲနိုင်တဲ့ယာဉ်အရေအတွက်နည်းလာ

April 4, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၄ (မော်ကွန်း) ရန်ကုန်မြို့မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်ချိန်များပြားနေပြီး CNG ဓါတ်ငွေ့ အချိန်မီမပေးနိုင်တာကြောင့် ညပိုင်းတွေမှာ ဘတ်စ်ကားရှားပါးတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။ ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်တွေ မလုံလောက်တာကြောင့် ယခင်ကထက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာ၊ ခရီးသည်တွေပြည့်ကြပ်နေတာတွေကို ဒီရက်ပိုင်းမှာ ကြုံတွေ့နေရတယ်လို့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။ “အရင်ပုံမှန်ထက် ကားတော်တော်ကျဲသွားတယ်။ ည ၈ နာရီနောက်ပိုင်းဆို ကားမရှိတော့ဘူး။ စောစောပြန်ရင်လည်း ကားကကျပ်ပိတ်နေတာပဲ” လို့ ၎င်းက ပြောပါတယ်။ ည ၇ နာရီနောက်ပိုင်းဆိုရင် ရန်ကုန်မြို့လယ်ကနေ YBS ယာဉ်တွေကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး အောက်ဆိုက်ကားတွေကို အဓိကထား စီးနင်းနေရတာကြောင့် […]

အပြည့်အစုံဖတ်ရန်

အပစ်ရပ်မယ်လို့ စစ်ကောင်စီထုတ်ပြန်ထားပေမယ့် ဝိုင်းမော်မှာတိုက်ပွဲတွေဖြစ်

April 3, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၃ (မော်ကွန်း) ငလျင်ဘေးသင့် ကာလအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယာယီအပစ်ရပ်ကြေညာထားပေမယ့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံတချို့က ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ရဲ့အရှေ့ဘက် ဝါရှောင်ကျေးရွာကိုသွားတဲ့လမ်းမှာ ဒီမနက်အစောပိုင်းကစပြီး လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေပြုလုပ်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ “ဝိုင်းမော်-ဝါရှောင်လမ်းပေါ်မှာ လမြန်ကျေးရွာရှိတယ်။ အဲဒီနားက ရော်ဘာခြံတွေဘက်မှာ ပစ်နေကြတယ်။ မနေ့ညတည်းကပစ်နေတာ။ လက်နက်ကြီးသံတွေတဒုန်းဒုန်းပဲ။ လေယာဉ်သံလည်း ကြားရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ၎င်းဒေသကို ခြေလျင်စစ်ကြောင်းထိုးလာသလို လေကြောင်းကနေ ပစ်ခတ်တာတွေ စတင်လုပ်ဆောင်လာတဲ့အတွက် ၎င်းတို့ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သူတို့ကိုယ်တိုင် မလိုက်နာတာဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်း သတင်းတချို့မှာ ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ငလျင်လှုပ်ပြီးငါးရက်အကြာမှာ ပိတ်မိနေသူသုံးဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့

April 2, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၂ (မော်ကွန်း) မြေငလျင်လှုပ်ခတ်ပြီး ငါးရက်အကြာ ဒီနေ့မှာ အဆောက်အဦအပျက်တွေကြား ပိတ်မိနေသူ သုံးဦးကို ကယ်ဆယ်ရေးအဖွဲ့တွေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်ပိုင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဟိုတယ်အေးချမ်းသာယာ ခြောက်ထပ်အဆောက်အဦရဲ့ အောက်ဆုံးနှစ်ထပ်မှာပိတ်မိနေတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသားတစ်ဦးကို မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းအဆောက်အဦမှာပဲ ထပ်မံပိတ်မိနေသေးတဲ့ နောက်ထပ်ဟိုတယ်ဝန်ထမ်းတစ်ဦးကိုလည်း မွန်းလွဲပိုင်းမှာ ထပ်မံကယ်ထုတ်နိုင်ခဲ့တာပါ။ ဒီကယ်ဆယ်ရေးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့အတူ တူရကီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ငါးရက်ကြာပိတ်မိနေတဲ့ ၎င်းအမျိုးသားနှစ်ဦးကို ကယ်ဆယ်ဖို့အတွက် ရှာဖွေကယ်ဆယ်မှု ကြာချိန် ၁၀ နာရီကျော်ကြာမြင့်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်က ပြိုကျသွားတဲ့ စွယ်တော်နန်းတည်းခိုခန်းမှာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကိုလည်း ဒီနေ့ မွန်းလွဲ […]

အပြည့်အစုံဖတ်ရန်

အင်းလေးကန်မှာ ငလျင်ကြောင့် အိမ်ခြေထောင်ချီပျက်စီးခဲ့ပြီး အရေးပေါ်အကူအညီတွေလိုအပ်နေ

April 2, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၂ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်ဒေသမှာ ငလျင်ဒဏ်ကြောင့် အိမ်ခြေပေါင်းထောင်ချီ ပျက်စီးခဲ့ပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။ မြေပြင်မှာ နောက်ဆုံး ကောက်ယူထားတဲ့ အချက်အလက်တွေအရ အင်းလေးဒေသမှာ သေဆုံးသူဦးရေ ၄၀ ကျော်ထိ ရှိလာပြီး ကျေးရွာလေးရွာက အိမ်ခြေပေါင်း ၁,၅၀၀ ခန့် ပျက်စီးခဲ့တယ်လို့ ဒေသတွင်း ပရဟိတအသင်းတချို့က ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် အရေးပေါ်အကူအညီတွေ ပေးအပ်ဖို့လည်း ၎င်းပရဟိတအဖွဲ့တွေက အကူအညီတွေ တောင်းခံထားပါတယ်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ကေလာရွာဆိုရင် တစ်ရွာလုံးနီးပါး (နေအိမ် ၁,၀၀၀ ကျော်) ပျက်စီးသွားပြီး အိုင့်ထောင့်ကြီးရွာ၊ မြောင်းဝကြီးရွာ၊ ရှေ့ဝကြီးရွာတို့မှာ နေအိမ် ရာနဲ့ချီပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတချို့က‌ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 16 17 18 19 20 21 22 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."