ရန်ကုန် – ၂၀၂၅ မတ် ၁၃ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ တပေါင်းလပြည့်နေ့ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ ဓါတ်ပုံ – မော်ကွန်း
မိုးကုတ်-၂၀၂၅ မတ် ၁၂ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့က အသက် ၁၈ ကနေ ၄၅ နှစ်ကြား အမျိုးသားအားလုံး တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ တအာင်းတပ်(TNLA)က ဒီလ ဒုတိယအပတ်ကစတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ လူတောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းကရပ်ကွက်တချို့မှာ TNLA တပ်က အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးလုပ်ပြီး မြို့တွင်းက တစ်အိမ်တစ်ယောက်မဖြစ်မနေ စစ်မှုထမ်းဖို့ နဲ့ ၁၀ ရက်အတွင်း လူတောင်းပေးဖို့ ပြောဆိုခဲ့တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ ရပ်ကွက်လူကြီးတွေက ကန့်ကွက်ကြောင်း ၊ စစ်မှုမထမ်းမနေရလုပ်တာကို ဘယ်သူမှမထမ်းချင်ဘူးဆိုပြီး နာမည်တွေ လက်မှတ်တွေနဲ့ ကန့်ကွက်စာတင်နေကြတယ်။ အဲဒီလိုကန့်ကွက်စာတင်လို့မှမရဘူး၊ ဗမာနေနေ၊ လီဆူနေနေ၊ ဂေါ်ရခါးပဲနေနေ၊ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရလုပ်မယ်ဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြည်သူလက်မခံတဲ့အရာကို ဆက်မလုပ်နိုင်ဘူးဆိုပြီး […]
ရန်ကုန် – ၂၀၂၅ မတ် ၁၁ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲကို စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ်ကို သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။ ဒီမနက်အစောပိုင်းက မိတ္ထီလာလေတပ်စခန်းက တက်လာတဲ့ စက်တပ်လေထီးနှစ်စင်းဟာ တောင်သာမြို့နယ် အရှေ့ဘက် တောင်သာ-နွားထိုးကြီး လမ်းပိုင်းမှာရှိတဲ့ ဇရပ်ကြီးကျေးရွာကို လေကြောင်းကနေ ဗုံးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ပျက်စီးသွားတယ်လို့ တောင်သာလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။ မနေ့နေ့လယ်ပိုင်းကလည်း တောင်သာမြို့နယ်တောင်ပိုင်း၊ ပန်းပေါင်းကျေးရွာအုပ်စုထဲက အေးကျင်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာဘုရားဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပါတယ်။ အခုလ ၅ ရက် ညပိုင်းကလည်း တောင်သာအနောက်ဘက်ခြမ်းက နတ်စောင့်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပြီး ဒေသခံခြောက်ဦးထိသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ တောင်သာမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ […]
ရွာငံ- ၂၀၂၅ မတ် ၁၁ (မော်ကွန်း) ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ရွာ စစ်ဘေးရှောင်တွေထဲက ၂၀၀ ကျော်ဟာ အရေပြားရောဂါဖြစ်ပွားနေပြီး လသားအရွယ်ကလေးငယ်တွေပါ ကူးစက်ခံနေရတာကြောင့် ကျန်းမာရေးစိုးရိမ်ရတဲ့ အခြေအနေရှိနေကာ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ဆီက ပြောပါတယ်။ ဘေးလွတ်ရာ တောတောင်တွေထဲမှာစစ်ရှောင်နေကြရပြီး သန့်ရှင်းတဲ့ရေမရဘဲ ချောင်းရေကိုသာ သောက်သုံးနေကြရတာကြောင့် အခုလို အရေပြားရောဂါတွေဖြစ်ပွားတာလို့ ယူဆရပြီး ပြန်လည်နေရာချထားရေးစီစဉ်တဲ့အခါ ရေသန့်ရရှိဖို့ပါ ပူးတွဲ ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ DSNDA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။ “ အရင်တစ်ခေါက်ဖြစ်တာ သက်သာနေကြပြီဆိုပေမယ့် အခုတစ်ခေါက်ပြန်ဖြစ်လာတယ်။ အခုတစ်ခေါက်က လသားကလေးငယ်တွေပါ ဖြစ်လာတယ်။ လသားကလေးငယ်တွေအတွက်က စိုးရိမ်နေရတယ်။ ဆေးဝါးအကူညီ အရမ်းကို လိုအပ်နေပါတယ်” […]
ရန်ကုန် – ၂၀၂၅ မတ် ၁၁ (မော်ကွန်း) နိုင်ငံအတွင်း ပြန်လည်ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြည်ပကို ပြန်လည်ထွက်ခွါဖို့ ခွင့်ပြုချက်တင်ကာ လျှောက်ထားရမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ဒီနေ့မှာထုတ်ပြန်လာပါတယ်။ Passport for Job (PJ) နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာမယ့်သူများကို အသိပေးခြင်းဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ခဲ့တာပါ။ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားပြီး အေဂျင်စီအစီအစဉ်အရဖြစ်စေ၊ မိမိအစီအစဉ်အရဖြစ်စေ ပြည်တွင်းကို ပြန်လည်ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ ပြည်ပနိုင်ငံကို ပြန်လည်သွားရောက်မယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ Online ကနေ တစ်ဆင့်လျှောက်ထားပြီး ခွင့်ပြုချက်ရယူရမယ်လို့ ၎င်းထုတ်ပြန်ချက်ကဆိုပါတယ်။ ဒီကြေညာချက်အရ ပြည်ပရောက်နိုင်ငံသားတွေ ပြည်တွင်းကိုခွင့်ပြန်လာပြီး ပြန်လည်ထွက်ခွါဖို့လုပ်ဆောင်ရတဲ့အဆင့်တွေပိုများလာကာ ပိုပြီးစိစစ်လာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်တချို့က သုံးသပ်ပါတယ်။ “အခုထုတ်ပြန်ချက်အရ နားလည်တာကတော့ OWIC […]
ရန်ကုန် – ၂၀၂၅ မတ် ၁၀ (မော်ကွန်း) ကချင်ပြည်နယ် ဗန်းမော်ြမို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။ မနေ့ကညပိုင်းကစပြီး ဗန်းမော်မှာအခြေပြုထားတဲ့ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နဲ့ ခလရ (၄၇) ခြေလျင်တပ်ရင်းတို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေပြီး ဒီနေ့လယ်ပိုင်းထိ တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။ KIA ပူးပေါင်းတပ်တွေဟာ လက်ရှိမှာ စကခ (၂၁) ရဲ့ အတွင်းပိုင်း နေရာတွေထိ ထိုးဖောက်လာနေပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “၂၁ မှာတော့ အတွင်းပိုင်းထဲထိ ရောက်နေပြီ။ ခလရ ၄၇ […]
ကော့ကရိတ် – ၂၀၂၅ မတ် ၉ (မော်ကွန်း) တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုရည်စူးကာ အမျှအတန်းပေးဝေတာကို ဒီနေ့ ကေအဲန်ယူတပ်မဟာ-၆ နယ်မြေတစ်နေရာမှာ ဒေသခံကရင်လူမျိုးတွေက ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။ ကရင်ရိုးရာအရဆိုရင် “ထီးတံခွန်အပ်”တယ်လို့ ခေါ်ဆိုကြပြီး ကွယ်လွန်သွားကြသူတွေရဲ့ ဝိဉာဉ်တွေ လွတ်မြောက်ပြီး ကောင်းမွန်ရာကို ရောက်ရှိဖို့ အမျှအတန်းပေးဝေကြတာဖြစ်ပါတယ်။ ဒီနေ့ ထီးတံခွန်ခေါ်ယူအပ်ခဲ့တဲ့ ကျဆုံးတော်လှန်ရေးစစ်သည် ၁၀၀ ကျော်ရှိကာ အများစုဟာ PDF စစ်ကြောင်းတွေကဖြစ်ပြီး အမျိုးသမီးတပ်ဖွဲ့ဝင်တွေလည်း ပါပါတယ်။ ဦးဆောင်သူတစ်ဦးက”ဒီအရေအတွက်က လက်လှမ်းမီသလောက်ဘဲ အစအဆုံးအများကြီးကျန်သေးတယ်၊ ဒီထက်များတယ်” လို့ဆိုပါတယ်။ တပ်မဟာ(၆) ထဲက ကေအဲန်ယူနဲ့ PDF စစ်ကြောင်းအားလုံးက ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေပါဝင်ပြီး ကျဆုံးစဉ် အမျှအတန်းပေးဝေချိန် အနီးအနားမှာမရှိတာမျိုးဖြစ်တတ်တာကြောင့် မကျွတ်မလွတ်ဖြစ်မှာစိုးလို့ အခုလို ပြုလုပ်ပေးရတာလို့ သူကဆိုပါတယ်။ ကေအဲန်ယူ- တပ်မဟာ ၆ […]
ရန်ကုန် – ၂၀၂၅ မတ် ၇ (မော်ကွန်း) မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ သံချပ်ကာကားတွေအပါအဝင် အင်အားရာနဲ့ချီ စစ်ကြောင်းထိုးလာပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း စလင်းမြို့ရဲ့ မြောက်ဘက် စလင်း-ဆင်ဖြူကျွန်း-ဆိပ်ဖြူကားလမ်းပေါ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာလို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ လက်ရှိမှာ စလင်းနဲ့ ဆင်ဖြူကျွန်းကြားက ကျေးရွာတွေက ဒေသခံတွေ ကြိုတင်တိမ်းရှောင်ကြဖို့ ဒေသကာကွယ်ရေးတပ်တွေက အသိပေးထားတယ်လို့ ဆင်ဖြူကျွန်းဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒီဒေသတွင်းမှာလှုပ်ရှားနေတဲ့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေါင်းစစ်အောင် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကလည်း ဆင်ဖြူကျွန်းကနေ တညောင်တိုက်နယ်ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို ဒီရက်ပိုင်းမှာ မဖြတ်သန်းဖို့ ထုတ်ပြန်ထားပါတယ်။ “လက်ရှိတော့ ဆင်ဖြူကျွန်းနဲ့ တညောင်ကြားကရွာတွေကို အမြန်ရှောင်ဖို့ ပြောနေတယ်။ ဒီရက်ပိုင်းစစ်ကြောင်းထိုးမယ့်သတင်းရတယ်။ ကျေးရွာတွေ […]
ရန်ကုန် – ၂၀၂၄ မတ် ၆ (မော်ကွန်း) ယောဒေသ ဂန့်ဂေါမြို့မြောက်ပိုင်းကို မနေ့ကညပိုင်းက စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသတွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ယောအလင်းတန်းက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ကန်ကျေးရွာကို မနေ့ည ၈ နာရီခန့်က မိတ္ထီလာလေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းက ဗုံးကြဲသွားတာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ကန်ကျေးရွာက ဆိုင်ကယ်ပြင်ဆိုင်တစ်ခုနဲ့ လူနေအိမ်တချို့ထိမှန်ခဲ့ပြီး ဒေသခံနှစ်ဦးသေဆုံးကာ နေအိမ်လေးလုံး မီးလောင်သွားတယ်လို့ ယောအလင်းတန်းက အသိပေးထားတာပါ။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကန်ကျေးရွာဟာ ချင်းတွင်းမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ မြစ်သာမြစ်ကမ်းနဲ့ ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းအနီးမှာတည်ရှိတာပါ။ စစ်ကောင်စီအနေနဲ့ ဂန့်ဂေါမြောက်ပိုင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့လပိုင်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ဒီဒေသတွေမှာ လက်တလော တိုက်ပွဲဖြစ်ပွားတာမရှိသေးဘူးလို့ ဒေသခံတချို့က […]
ရန်ကုန်- ၂၀၂၅ မတ် ၆ (မော်ကွန်း) စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ(Burmese Women’s Union) အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးကတည်းက နိုင်ငံတစ်ဝန်းကအမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေကို ဒီအဖွဲ့ကစောင့်ကြည့်မှတ်တမ်းတင်နေတာပါ။ လေကြောင်းဗုံးကြဲမှုကြောင့် ၄၅ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ ဦး၊ မြေမြုပ်မိုင်းကြောင့် ခုနစ်ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် နှစ်ဦးနဲ့ အကျဉ်းထောင်ထဲမှာ ဆေးဝါးကုသခွင့်မပေးလို့ သေဆုံးခဲ့ရတာ တစ်ဦး ဖြစ်တယ်လို့ ဖော်ပြပါတယ်။ သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် လူငယ်အမျိုးသမီး ၁၃ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်း ဒဏ်ရာရခဲ့သူ အမျိုးသမီး ၆၈ ဦး ရှိတယ်လို့ […]
ရန်ကုန် – ၂၀၂၅ မတ် ၆ (မော်ကွန်း) ကရင်နီတောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီစစ်ကြောင်းထိုးလာနေပြီး နှစ်ဖက်စစ်ရေးတင်းမာလာတာကြောင့် ဒီးမော့ဆို-မော်ချီး ကားလမ်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council – IEC) က ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။ ဘော်လခဲကနေ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ဒီလမ်းပိုင်းမှာ ကုန်စည်ကူးသန်းရောင်းဝယ်နေတဲ့ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ မသွားလာကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မနေ့က ထုတ်ပြန်ခဲ့တာပါ။ ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံနဲ့ မိုးဗြဲမြို့တွေကို သိမ်းပိုက်ထားတာပါ။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီဒေသမှာလည်း တိုက်ပွဲနေ့စဉ်ဖြစ်နေတာပါ။ ဒါ့အပြင် အခုလ ၄ […]
ရန်ကုန် – ၂၀၂၅ မတ် ၄ (မော်ကွန်း) မန္တလေးတိုင်း မြင်းခြံမြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်က ကျေးရွာတချို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားမှာ ဒီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုလ ၁ ရက်နေ့ကစပြီး မြင်းခြံမြို့နဲ့ နဘူးအိုင်ရွာကို ဆက်သွယ်ထားတဲ့ကားလမ်းပေါ်က ဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့ကပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့အတူ ဒေသတွင်းပျူစောထီးတပ်တွေပါဝင်ပြီး အခုလ ၁ ရက်ကနေ မနေ့ကထိ တိုက်ပွဲသုံးရက်ကြာဖြစ်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ “၁ ရက်နေ့တိုက်ပွဲမှာ ဂျက်ဖိုက်တာတွေနဲ့ ဗုံးဆက်တိုက်ကြဲသွားတယ်။ အဲဒီရွာစဉ်တစ်လျှောက် စကစက စစ်ကြောင်းထိုးလာတယ်။ တင့်ကားတွေပါပါတယ်။ ရွာတွေလည်းမီးရှို့ခံရတယ်” လို့ ဒီဒေသခံတစ်ဦးကပြောပါတယ်။ မြင်းခြံ-နဘူးအိုင် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."