သတင်းများ

သင်္ကြန်အတက်နေ့ ရန်ကုန် တရုတ်တန်းမနက်ပိုင်းမြင်ကွင်း

April 16, 2025

ရန်ကုန်- ၂၀၂၅ ဧပြီ ၁၆ (မော်ကွန်း) သင်္ကြန်အတက်နေ့ ရန်ကုန်မြို့၊ တရုတ်တန်းရဲ့ မနက်ပိုင်းမြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

မိုးများသလို နောက်ဆက်တွဲငလျင်တွေဆက်လှုပ်နေတဲ့ မန္တလေးမှာ အဆောက်အအုံအချို့ထပ်ပြို

April 16, 2025

မန္တလေး- ၂၀၂၅ ဧပြီ ၁၆ (မော်ကွန်း) ငလျင်ဒဏ်ကြောင့် ကွဲအက်ယိုင်နဲ့နေတဲ့ မန္တလေးကအဆောက်အအုံတချို့ဟာ အခုရက်ပိုင်းရွာတဲ့မိုးနဲ့ နောက်ဆက်တွဲငလျင်ဒဏ်တွေကြောင့် ထပ်မံပြိုကျတာတွေဖြစ်နေတယ်လို့ မန္တလေးသားတချို့ကပြောပါတယ်။ ” မိုးကလည်း ရွာတာများတယ်။ နဂိုကတည်းက နာနေတဲ့ တိုက်တွေပေါ့။ ထပ်ပြိုတာပေါ့။ လူအထိအခိုက်တော့မရှိပါဘူး” လို့ မန္တလေးသားတစ်ဦးက ပြောပါတယ်။ မနေ့ကမိုးရွာစဉ်မှာ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ လမ်း ၈၀နဲ့ ၈၁လမ်းကြားက တိုက်တစ်လုံးပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ အင်အား ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်အပြီး နောက်ဆက်တွဲ ငလျင်ရာနဲ့ချီလှုပ်နေဆဲဖြစ်သလို မန္တလေးသားအများစုဟာ မြေပြင်မှာပဲအိပ်နေကြရဆဲ ဖြစ်ပါတယ်။ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မန္တလေးမှာ လူထောင်နဲ့ချီသေဆုံးကာ အဆောက်အအုံ သောင်းနဲ့ချီ ပြိုကျပျက်စီးခဲ့ရတာပါ။ ပုံစာ- မနေ့ကပြိုကျသွားတဲ့ ၂၆ လမ်းပေါ်က အဆောက်အအုံတစ်လုံးရဲ့ […]

အပြည့်အစုံဖတ်ရန်

သင်္ကြန်အကြတ်နေ့ ရန်ကုန်မြို့လယ်က မြင်ကွင်း

April 15, 2025

ရန်ကုန်- ၂၀၂၅ ဧပြီ ၁၅ (မော်ကွန်း) ရန်ကုန်သင်္ကြန်ကတော့ အကြက် နေ့ မနက်ပိုင်းမှာလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆက်လက် ကျင်းပနေကြပါတယ်။ စတုဒီသာကျွေးတာ၊ ဆူညံသံတွေမပါဝင်ဘဲ ရေဖျန်းပေးထားတဲ့ မဟာဗန္ဓုလပန်းခြံဘေးက လမ်းမှာ ဝင်ရောက် ရေဖျန်းခံသူတချို့ကလွဲရင် မြို့ရဲ့ နေရာအများစုမှာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

ငလျင်ဘေးသင့်သူတွေကို တိတ်ဆိတ်စွာနဲ့ စာနာကြောင်းပြသနေတဲ့ ရန်ကုန်သင်္ကြန်

April 14, 2025

ရန်ကုန်- ၂၀၂၅ ဧပြီ ၁၄ (မော်ကွန်း) မကြာသေးခင်က နိုင်ငံအလယ်ပိုင်းမှာ ထောင်နဲ့ချီအသက်တွေဆုံးရှုံးပြီး အတုန်းအရုန်းဖျက်ဆီးထားတဲ့ငလျင်ကြောင့် ဒီနှစ်ကျရောက်တဲ့ အတာရေသဘင်ပွဲတော်ကို ရန်ကုန်သားတွေ နွှဲပျော်ခြင်း မရှိပါဘူး။ စစ်ကောင်စီကလည်း သူ့ရဲ့မဏ္ဍပ်တွေကို ဖျက်သိမ်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီသင်္ကြန်ကာလကို စစ်ကိုင်းငလျင်ဘေးသင့်သူတွေအတွက် ဝမ်းနည်းခြင်းကာလသတ်မှတ်တယ်လို့ ကြေညာထားတာပါ။ ရန်ကုန်ရဲ့ နှစ်စဉ် သင်္ကြန်ပွဲတော်ကျင်းပတဲ့ အထင်ကရနေရာတွေဟာ တိတ်ဆိတ်နေပြီး ရပ်ကွက်တွေအတွင်းမှာ ကျင်းပကြတဲ့ ရေပက်ဆော့ကစားတာမျိုးတောင် နေရာအများစုမှာမတွေ့ရပါဘူး။ ကလေးငယ်တချို့ ရေပက်ဆော့ကစားကြတာကလွဲရင် ရန်ကုန်ဟာ သင်္ကြန်အကျနေ့မှာလည်း ဆက်လက်တိတ်ဆိတ်နေပါတယ်။

အပြည့်အစုံဖတ်ရန်

အင်အားရှိ နောက်ဆက်တွဲ ဝမ်းတွင်းငလျင်ကြောင့် မန္တလေးမြို့မှာ အထိတ်အလန့်ဖြစ်

April 13, 2025

မန္တလေး- ၂၀၂၅ ဧပြီ ၁၃ (မော်ကွန်း) ဒီနေ့မနက် ၉ နာရီဝန်းကျင်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး၊ မြေအောက်အနက် ၁၂ မိုင်လောက်မှာ ဗဟိုပြုလှုပ်တဲ့ အား ၅ ဒသမ ၅ ရှိတဲ့ငလျင်ကြောင့် ဝမ်းတွင်း၊ မိတ္ထီလာနဲ့ မန္တလေးဒေသတွေမှာ နေအိမ်တွေ သိသိသာသာ ရမ်းခါခဲ့ပြီး အထိတ်တလန့် ထွက်ပြေးခဲ့ကြရတယ်လို့ မန္တလေးမြို့ခံတချို့က ပြောပါတယ်။ ” ကျွန်တော်က မနက်စာစားဖို့ အပြင်ရောက်နေတာ၊ တော်သွားတယ်။ အားလုံး လမ်းပေါ်ထွက်ပြေးကြတာမှ အများကြီးပဲ။ အကုန်လန့်ကြတာပေါ့ ” လို့ မန္တလေး မြို့သားတစ်ဦးက ပြောပါတယ်။ ဒီမနက်ငလျင်ကြောင့် အဆောက်အအုံတွေ သိသိသာသာရမ်းခါသလို စစ်ကိုင်းငလျင်ကြောင့် နာထားတဲ့အဆောက်အအုံတချို့လည်း ထပ်မံထိခိုက်ပျက်စီးတာတွေရှိတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်က လှုပ်တဲ့ […]

အပြည့်အစုံဖတ်ရန်

ခြောက်ကပ်နေတဲ့ ရန်ကုန်မြို့တော် သင်္ကြန်အကြိုနေ့

April 13, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၁၃ (မော်ကွန်း) မြို့တော်ဝန် မဏ္ဍပ်အပါအဝင် ရန်ကုန်မြို့က ရေကစားမဏ္ဍပ်တွေဖျက်သိမ်းလိုက်ပြီးနောက် အတာသင်္ကြန်အကြိုနေ့ကျရောက်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့မှာ ရေကစားသူမရှိဘဲ ခြောက်ကပ်နေတာတွေ့ရပါတယ်။ ဓါတ်ပုံ – မော်ကွန်း

အပြည့်အစုံဖတ်ရန်

ကယန်းအမျိုးသားနေ့အခမ်းအနားကို စစ်ကောင်စီဗုံးကြဲ

April 11, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၁၁ (မော်ကွန်း) ကယန်းအမျိုးသားနေ့ ကျင်းပတဲ့အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ကယန်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ မနေ့ကညပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က သိကျိတ်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ ၎င်းကျေးရွာဟာ ကယန်းပြည်သစ်ပါတီ (KNLP) ရဲ့ ဗဟိုစည်းဧရိယာဖြစ်ပြီး အခုလိုဗုံးကြဲတာဟာ ပြီးခဲ့တဲ့ နဝတ စစ်အစိုးရလက်ထက်က KNLP နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ထုတ်ပြန်လာတာပါ။ ဒါ့အပြင် ၎င်းဗုံးကြဲတိုက်ခိုက်တဲ့ နေရာဟာ ကယန်းအမျိုးသားနေ့ ငွေရတုအခမ်းအနား ကျင်းပရာနေရာဖြစ်ပြီး ဒီအခမ်းအနားပြုလုပ်နေတဲ့ လူနေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲစဉ်က သဘောတူညီချက်များကို […]

အပြည့်အစုံဖတ်ရန်

အင်အားပြင်းငလျင်နောက်ဆက်တွဲ ငလျင်ငယ် ၁၀၀ ကျော်လှုပ်ခတ်

April 11, 2025

ရန်ကုန် – ဧပြီ ၁၁ (မော်ကွန်း) မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာ အင်အားပြင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ ၎င်းငလျင်ဒဏ်ကို သိရှိလိုက်သူတချို့က ပြောပါတယ်။ ဒီနေ့မနက်ပိုင်း ၁၁ နာရီခွဲခန့်မှာ မန္တလေးတိုင်း မလှိုင်မြို့ရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက် သုံးမိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၉ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ၎င်းငလျင်မတိုင်မီ မနက် ၈ နာရီခွဲခန့်မှာလည်း ဝမ်းတွင်းမြို့ရဲ့ အရှေ့နဲ့ အရှေ့မြောက်ဘက် ကိုးမိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၀ ရစ်ချ်တာစကေးရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။ ဒီမနက်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကို မန္တလေးတိုင်းက မလှိုင်၊ ဝမ်းတွင်း၊ […]

အပြည့်အစုံဖတ်ရန်

ကော့သောင်းခရိုင် ခမောက်ကြီးမြို့မှာ ကင်းလှည့်လာတဲ့ရဲစခန်းမှူးအပါအဝင် ရဲတပ်သားသုံးဦး ပစ်ခတ်ခံရပြီးသေဆုံး

April 11, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၁၀ (မော်ကွန်း) တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်အတွင်းမှာရှိတဲ့ ခမောက်ကြီးမြို့မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီ ရဲကားတစ်စီး ပစ်ခတ်ခံရတာကြောင့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က ညနေလေးနာရီခန့်က ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာအုပ်စု နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်လာတဲ့အချိန် ဖော့သုတ်ကျေးရွာ သင်္ချိုင်းအနီးအရောက်မှာ ပစ်ခတ်ခံခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုမှာ မရမ်းနယ်မြေစခန်းမှူးနဲ့ အရာရှိနှစ်ဦး သေဆုံးသွားကာ၊ တပ်ကြပ်ကြီးတစ်ဦးက ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီပစ်ခတ်မှုမှာ ၎င်းရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ကော့သောင်းပကဖက ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန်ထားတာပါ။ ၎င်းရဲတပ်ဖွဲ့တွေဆီက Ak သေနတ်နှစ်လက်၊ ၄၀မမ‌တစ်လက်၊ ၉မမ တစ်လက်၊ ၃၈၀တစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ ကျည်ဘောက်ငါးခု၊ […]

အပြည့်အစုံဖတ်ရန်

နေပြည်တော်နဲ့ပျဉ်းမနားတဝိုက်မှာ ငလျင်ကြောင့် ကိုးမိုင်ခန့်ရှည်လျားတဲ့ မြေလွှာအက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်လာ

April 9, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၉ (မော်ကွန်း) အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်နဲ့ပျဉ်းမနား အနီးတဝိုက်မှာ တောင်နဲ့မြောက် ကိုးမိုင်ထိရှည်လျားတဲ့ မြေလွှာအက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာတယ်လို့ ဘူမိဗေဒဆိုင်ရာ အကြံပေးအဖွဲ့ GeoMap-Myanmar က ထုတ်ပြန်ထားပါတယ်။ နေပြည်တော်နဲ့ ပျဉ်းမနားမှာ မြေပြင်တိုင်းတာစစ်ဆေးမှု (Ground survey) အရ ငလျင်ကြောင့် အထပ်မြင့် အဆောက်အဦတွေ အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်ရက်ကထုတ်ပြန်ခဲ့တဲ့ GeoMap-Myanmar အဖွဲ့ရဲ့ တိုင်းတာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့ကြောအနီးအနားကျေးရွာတွေက သာမန်သစ်သားအိမ်တွေနဲ့ တစ်ထပ်တိုက် လူနေအိမ်တွေကတော့ အများအပြား ထိခိုက်ခဲ့တာမရှိဘဲ ဘုရားစေတီပုထိုးတချို့ပဲ ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျောက် ပြတ်ရွေ့ကြောရွေ့လျားမှုကြောင့် နှစ်ပေကနေ အများဆုံး ၁၅ ပေထိ မြေသားအံလွဲမှုဖြစ်ခဲ့ပြီး လတ်တလော မြေပုံရေးဆွဲရသလောက် မြေလွှာအက်ကွဲကြောင်းတွေဟာ […]

အပြည့်အစုံဖတ်ရန်

အင်းလေးကန်ထဲက အချို့ရွာတွေ အရေးပေါ်အကူအညီတွေမရောက်သေး

April 9, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၉ (မော်ကွန်း) အင်အားပြင်းငလျင်ကြောင့် အပျက်အစီးများခဲ့တဲ့ အင်းလေးဒေသမှာ ငလျင်ဒဏ်သင့်တာ ၁၂ ရက်ရှိလာပေမယ့် ဒီနေ့ထိ အကူအညီတွေမရောက်သေးတဲ့ရွာတွေ အများအပြားရှိနေသေးတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။ အင်းလေးဒေသငလျင်အတွက် အလှူရှင်တွေ အများအပြားလာရောက်နေပေမယ့် အင်းတောင်ပိုင်းက ကျေးရွာတချို့ဟာ လက်ရှိအချိန်ထိ အလှူရှင်တွေမရောက်သေးသလို သွားရောက်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေလည်းရှိတယ်လို့ အင်းလေးငလျင်ဘေးသင့်ဒေသခံတွေကို ကူညီတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ရောက်သွားတဲ့ရွာဆိုရင် အခုမှ အလှူရှင်ရောက်ဖူးတယ်။ လိုင်းပေါ်မှာ နာမည်ကြီးရွာတွေလောက်ပဲ စုသွားနေတာဖြစ်နေတယ်။ နာမည်မထွက်တဲ့ အလှူရှင်မရောက်သေးတဲ့ ရွာတွေလည်း အများကြီးရှိသေးတယ်” လို့ ၎င်းက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ဒေသမှာ ကျေးရွာ ၁၅ ရွာခန့်က အိမ်ခြေပေါင်း ၃,၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ […]

အပြည့်အစုံဖတ်ရန်

ဖလမ်းနဲ့ အင်းတော်မြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်

April 8, 2025

ရန်ကုန် – ၂၀၂၅ ဧပြီ ၈ (မော်ကွန်း) ငလျင်ကြောင့် ယာယီအပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ ကြေညာချက်တွေ နှစ်ဖက်ထုတ်ပြန်ထားတဲ့ကြားမှာပဲ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်းက အင်းတော်မြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီရက်ပိုင်းမှာသိမ်းလိုက်နိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။ ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) အပါအဝင် ချင်းညီနောင်တပ်တွေက မနေ့က မနက်အစောပိုင်းမှာ သိမ်းလိုက်နိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဖလမ်းမြို့ပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ ခလရ (၂၆၈) တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးခဲ့တာကြောင့် ချင်းညီနောင်နဲ့ မဟာပူးပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်ပြီး လက်ရှိမှာ နယ်မြေရှင်းလင်းလုပ်ဆောင်နေကြပြီလို့ ဆိုပါတယ်။ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိအချိန်ထိ မြို့သိမ်းလိုက်တယ်လို့ တရားဝင်မထုတ်ပြန်သေးပေမယ့် မကြာခင်သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “လက်ရှိတော့ ဖလမ်းမြို့ကို စကစရဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 15 16 17 18 19 20 21 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."