သတင်းများ

တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်

March 22, 2025

ရန်ကုန် – ၂၀၂၅ မတ် ၂၁ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီဒေသကို ဆက်သွယ်ထားတဲ့ လွိုင်ကော်-ဆီဆိုင် ပြည်ထောင်စုလမ်းကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။ ဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားတွေ ပြုလုပ်လာတဲ့အတွက် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေဖြစ်လာနိုင်ပြီး လမ်းကို ရက်အကန့်အသတ်မရှိ သွားလာခြင်းမပြုလုပ်ဖို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါကလည်း ဖြစ်ပေါ်လာမယ့် အကြောင်းအရာတွေကို KNDF အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့လည်း အသိပေးထားတာပါ။ ဒီလမ်းပိုင်းဟာ ကရင်နီပြည်နယ် လွိုင်ကော်က ရှမ်းတောင်ပိုင်း ဆီဆိုင်၊ တောင်ကြီးမြို့တွေအထိ ဆက်သွယ်ထားတာပါ။ ဒီလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ်လိုင်းတွေပြေးဆွဲနေသလို ကုန်စည်ကူးသန်းရောင်းဝယ်သူတွေ အသုံးပြုနေတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ဒီလမ်းပိုင်းကို ကရင်နီဒေသက စစ်ဘေးရှောင်တွေအပြင် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ […]

အပြည့်အစုံဖတ်ရန်

လေးမျက်နှာမြို့နယ်ကစစ်ပွဲတွေကြားထဲမှာ ဒေသခံအများအပြားပိတ်မိနေ

March 20, 2025

ရန်ကုန် – ၂၀၂၅ မတ် ၂၀ (မော်ကွန်း) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြား ဒေသခံအများအပြားပိတ်မိနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ လေးမျက်နှာမြို့နယ်နဲ့ ရခိုင်ရိုးမအစပ်၊ ပုသိမ်-မုံရွာ ကားလမ်းအနီးက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့နှစ်ရက်စပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာပါ။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်ရဲ့ အရှေ့ဘက် စမ်းကုန်းရွာမှာဆိုရင် ဒေသခံတွေ နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေပြီး တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲရုတ်တရက်ဖြစ်တော့ မထွက်လာနိုင်တဲ့သူတွေ အများကြီးကျန်သေးတယ်။ တချို့လည်း တစ်ရွာလုံး အိမ်ဒီတိုင်းထားပြီးဒီတိုင်း ထွက်ပြေးရတယ်။ သက်ကြီးရွယ်အိုတို့ မကျန်းမမာတဲ့လူတွေလည်း ကျန်ခဲ့တာရှိတယ်။ တောထဲတွေမှာ ပိတ်မိနေတာတွေအများကြီးရှိနေတယ်” လို့ လေးမျက်နှာမြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက […]

အပြည့်အစုံဖတ်ရန်

ယောဒေသကို ဖုန်းလိုင်းတွေဖြတ်တောက်ပြီး စစ်ကောင်စီလေကြောင်းကထိုးစစ်ဆင်

March 20, 2025

ရန်ကုန် – ၂၀၂၅ မတ် ၂၀ (မော်ကွန်း) ဒီရက်ပိုင်းအတွင်း မကွေးတိုင်း ယောဒေသကမြို့တွေကို တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး မြေပြင်မှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ယောဒေသဖြစ်တဲ့ ဂန့်ဂေါခရိုင်အတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောနဲ့ ကျော မြို့တွေမှာ မနေ့ကစပြီး အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်ခံလိုက်ရတာပါ။ စစ်ကောင်စီဟာ ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ပြီးနောက်မှာ ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေထဲမှာ မြေပြင်စစ်ကြောင်းတွေ ထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတယ်လို့ ထီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ဂန့်ဂေါအခြေစိုက် ခလရ (၅၀) တပ်ရင်းက အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့အနောက်တောင်ပိုင်းမှာရှိတဲ့ မြစ်သာဆည်အနီးကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ယောအလင်းတန်းက ဒီမနက်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီနေ့ နေ့လယ် ၁ […]

အပြည့်အစုံဖတ်ရန်

ဗန်းမော်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတောကြောင့် မြို့လုံးကျွန်နီးပါးစစ်ရှောင်နေရ

March 19, 2025

ရန်ကုန် – ၂၀၂၅ မတ် ၁၉ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ်ဟာ မနေ့ကနဲ့ဒီနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်ခန့်မှာ မြစ်ကြီးနားလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ ဗန်းမော်မြို့ထဲ တစ်နေရာကို နှစ်ကြိမ်ဆက်ဗုံးကြဲသွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မနေ့မနက်ပိုင်းကလည်း KIA တပ်တွေ ထိန်းချုပ်ထားတဲ့ ဗန်းမော်နဲ့ ရွှေကူမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းဘေးက စင်းခန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် KIA တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဒေသခံလေးဦး သေဆုံးသွားတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသတွင်းသတင်းတချို့ကဆိုပါတယ်။ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဗန်းမော်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ […]

အပြည့်အစုံဖတ်ရန်

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ထဲက ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံရာနဲ့ချီစစ်ရှောင်နေရ

March 19, 2025

ရန်ကုန် – မတ် ၁၉ (မော်ကွန်း) ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းက ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံရာနဲ့ချီ စစ်ဘေးရှောင်ကြရတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။ လေးမျက်နှာမြို့နယ်ရဲ့ အနောက်ဘက် ပုသိမ်-မုံရွာ ကားလမ်းအနီးမှာရှိတဲ့ ရှားတော၊ လဲခုံကြီး၊ လဲခုံလေးနဲ့ ဝက်ကုန်းကျေးရွာတွေမှာ မနေ့ကစပြီး တိုက်ပွဲတွေဖြစ်လာတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။ မနေ့ကညပိုင်းမှာ ပုသိမ်-မုံရွာ ကားလမ်းတစ်ဖက်ခြမ်းက ၎င်းကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေအပြင် စက်တပ်လေထီးတွေပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒီမနက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ လေးမျက်နှာမြို့မှာရောက်နေတဲ့ စစ်‌ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “မနေ့ကညပိုင်းလောက်တော့ စက်တပ်လေထီးတွေနဲ့ ဗုံးတွေကြဲသွားတယ်။ ဒီမနက်လည်း ပစ်သံဆက်တိုက်ကြားနေရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။ ဒါ့အပြင် ဒီဒေသကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ […]

အပြည့်အစုံဖတ်ရန်

ညောင်ဦးမှာ စစ်ကောင်စီယဉ်တန်း မိုင်းဆွဲခံရပြီး သေဆုံးသူတွေရှိ

March 19, 2025

ရန်ကုန် – ၂၀၂၅ မတ် ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းတော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ညောင်ဦးမြို့ရဲ့ စစ်ကောင်စီအထိုင်တပ် ခမရ – ၄၁၅ ကနေ စလင်းမြို့နယ်ဘက်ကို သွားရောက်တဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား ၆၀ ပါ ယာဉ်တန်းကို ညောင်ဦး-ချောက် ကားလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Bagan Bo Cho PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ ထိခိုက်ဒဏ်ရာရသူတွေကို ပြန်လည်ပို့ဆောင်စဉ် နောက်ထပ်တစ်ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Bagan Bo Cho PDF ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ […]

အပြည့်အစုံဖတ်ရန်

ဖလမ်းမြို့မှာ တိုက်ပွဲတွေပြင်းထန်၊ မြို့လုံးကျွတ်နီးပါးစစ်ဘေးရှောင်နေရ

March 18, 2025

ရန်ကုန် – ၂၀၂၅ မတ် ၁၈ (မော်ကွန်း) ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင် တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခလရ -၂၆၈ ကို ချင်းညီနောင်ပူးပေါင်းတပ်တွေက ဒီရက်ပိုင်းအတွင်း ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။ လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖလမ်း-သိုင်းငင်း၊ ဖလမ်း-ဟားခါး လမ်းပိုင်းတွေကို ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီဟာ လေကြောင်းပစ်ကူ လေကြောင်းထောက်ပို့တွေကို ဖလမ်းတိုက်ပွဲမှာ အများအပြားအသုံးပြုလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သူတို့ဘက်ကလည်း (စစ်ကောင်စီ) ခလရ -၂၆၈ အနားက စခန်းကုန်းတွေကို လေကြောင်းပစ်ကူတွေသုံးပြီး ထိုးစစ်ပြန်ဆင်လာတယ်။ ဒီဘက်ကလည်း အပြန်အလှန်ထိုးစစ်ဆင်နေတယ်” လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။ ချင်းညီနောင် (Chin Brotherhood) နဲ့ […]

အပြည့်အစုံဖတ်ရန်

ဝက်လက်နယ်ထဲက စဉ့်ကိုင်(မြောက်) ရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲလို့ ကလေးတစ်ဦးအပါလေးဦးသေဆုံး

March 18, 2025

ဝက်လက်- ၂၀၂၅ မတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက စဥ့်ကိုင်(မြောက်) ရွာကို မနေ့ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ဗုံးကြဲခံရတဲ့ရွာဟာ ဝက်လက်နဲ့စစ်ကိုင်းမြို့နယ်အစပ်မှာရှိပြီး တောင်နဲ့မြောက်နှစ်ရွာကွဲနေကာ စဉ့်ကိုင်(တောင်)ရွာကတော့ စစ်ကိုင်းမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ “ လူတွေအိပ်ချိန်လာကြဲတာဆိုတော့ ထိခိုက်သွားကြတာ။ ကလေးက ဦးခေါင်းတခြမ်းပဲ့ပြီး ဆုံးသွားတယ်။ ကလေးမိခင်ကတော့ ထိခိုက်ဒဏ်ရာပဲရတာ။ ဘာတိုက်ပွဲမှမရှိဘဲ ပြည်သူနေအိမ်တွေပေါ် ကြဲသွားတာ။ ကျွန်တော်တို့သွားကြည့်တော့ အိမ်က သုံးလုံးလောက်ပျက်စီးသွားတယ် ” လို့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးတစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။ ဒီလ ၁၄ ရက် ညနေပိုင်းမှာလည်း […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်နှစ်အတွင်း ကလေးသူငယ် ၃၇၂ ဦးသေဆုံးခဲ့

March 18, 2025

ရန်ကုန် – ၂၀၂၅ မတ် ၁၇ (မော်ကွန်း) စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်နှစ်အတွင်း ကလေးငယ် ၃၇၂ ဦးထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ၂၀၂၃ ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းတွေကို ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီဟာ ဒီနှစ်နှစ်အတွင်း အရပ်သားပြည်သူဆိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုပေါင်း နှစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်ကို ချိုးဖောက်ရာရောက်နေပြီး နိုင်ငံတကာလူ့အခွင့်အရေးယန္တရားတွေနဲ့ နိုင်ငံတကာတရားစီရင်မှု ယန္တရားတွေကနေ အရေးယူပေးဖို့လည်း NUG က တောင်းဆိုထားပါတယ်။ မနေ့က ညနေပိုင်းကလည်း စစ်ကောင်စီဟာ ရှမ်းမြောက်က […]

အပြည့်အစုံဖတ်ရန်

တက္ကသိုလ်ဝင်စာမေးပွဲတွေစတင်ဖြေဆို

March 18, 2025

ရန်ကုန်- ၂၀၂၅ မတ် ၁၇ (မော်ကွန်း) အခြေခံပညာရဲ့နောက်ဆုံးအဆင့်စာမေးပွဲဖြစ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ဒီနေ့ကစပြီး နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီပညာရေးဌာနက စစ်ဆေးနေပါပြီ။ ပြီးခဲ့တဲ့နှစ်ကစပြီး စနစ်သစ်ပြောင်းထားတဲ့ ဒီတက္ကသိုလ်ဝင်စာမေးပွဲ(GRADE-12)ကို နိုင်ငံတစ်ဝန်းမှာ ဒီနှစ်ဝင်ရောက်ဖြေဆိုသူကျောင်းသား နှစ်သိန်းဝန်းကျင်ရှိပြီး မနှစ်တုန်းကတော့ ဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၂၀,၀၀၀ ကျော်သာ ရှိခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဖြေဆိုသူကျောင်းသားတွေဟာ ဒီနေ့ကစပြီး ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဖြေဆိုနေတဲ့ ကျောင်းသူတစ်ဦးကတော့ “ ဒီနေ့မြန်မာစာကတော့ လွယ်ပါတယ်။ ဖြေနိုင်တယ်။ မေးခွန်းခပ်လွယ်လွယ်တွေချည်းပဲ” လို့ ပြောပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒေသတွေမှာကျင်းပနေပေမယ့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက […]

အပြည့်အစုံဖတ်ရန်

BNRA ထံ လေးလအတွင်း အလင်းဝင်လာသူ ၁၀ ဦးရှိ

March 14, 2025

ပုလဲ-၂၀၂၅ မတ် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ အခုအထိ စစ်ကောင်စီတပ်သား ၁၀ ဦး အလင်းဝင်ခဲ့တယ်လို့ BNRA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အလင်းဝင်သူတွေဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ခံတပ်နဲ့ တပ်မ ၃၃ က စစ်ကောင်စီတပ်သားတွေလို့ BNRA ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ အလင်းဝင်လာသူတွေကို ကျွန်‌တော်တို့အနေနဲ့ သူတို့သွားလိုတဲ့နေရာကို ပို့ပေးခဲ့ပါတယ်။ တချို့ကျသွားမယ့်နေရာက ဘေးကင်းလုံခြုံရာနေရာဖြစ်လို့ ပို့ပေးခဲ့ပါတယ်။ တချို့ကျတော့ သီးသန့် တပ်ကနေတစ်ဆင့် ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပို့ပေးရပါတယ်” လို့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ပုလဲမြို့ခံတပ်ကနေ ဒီလ ၆ ရက်မှာ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ တပ်သား […]

အပြည့်အစုံဖတ်ရန်

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံ လေးလအတွင်း အလင်းဝင်လာသူ ၁၀ ဦးရှိ

March 14, 2025

ပုလဲ – ၂၀၂၅ မတ် ၁၄ (မော်ကွန်း) ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ ဒီနှစ်မတ်လအထိ မကွေးတိုင်း၊ ပုလဲမြို့ခံတပ်နဲ့ စစ်ကိုင်းတိုင်း တပ်မ ၃၃ က စစ်ကောင်စီတပ်စစ်သား ၁၀ဦးအလင်းဝင်လာခဲ့တယ်လို့ BNRA ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အလင်းဝင်လာသူတွေထဲမှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ ပြည်သူ့စစ်တွေပါဝင်ပြီး စစ်ကောင်စီယန္တရားအောက်မှာမလွဲသာမရှောင်သာ ရောက်ရှိခဲ့ရပေမယ့် အခါခွင့်သင့်တဲ့အခါ ချိတ်ဆက်ပြီး လွတ်မြောက်အောင်ကြိုးစားခဲ့ကြတယ်လို့ သူကပြောပြပါတယ်။ “ အလင်းဝင်လာသူတွေကို ကျွန်တော်တို့အနေနဲ့ သူတို့သွားလိုတဲ့နေရာကိုပို့ပေးခဲ့ပါတယ်၊ တချို့ကျ သွားမယ့်နေရာက ဘေးကင်းလုံခြုံရာနေရာဖြစ်လို့ ပို့ပေးခဲ့ပါတယ်၊ တချို့ကျတော့ သီးသန့် တပ်ကနေ တဆင့် ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပို့ပေးရပါတယ်” လို့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ် ပုလဲမြို့ခံတပ်ကနေ မတ်လ ၆ […]

အပြည့်အစုံဖတ်ရန်
1 … 18 19 20 21 22 23 24 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."