ရန်ကုန် – ၂၀၂၅ မတ် ၅ (မော်ကွန်း) ကရင်နီဒေသ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီနှစ်ဆန်းပိုင်းကစပြီး မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ မိုးဗြဲ-လွိုင်ကော်လမ်းအတိုင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဟာ လက်နက်ကြီးပစ်ကူ၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူတွေကို ပြင်းပြင်းထန်ထန် အသုံးပြုနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေထဲက ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကာ မိုးဗြဲ PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအပါအဝင် တော်လှန်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ MB-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း အကျအဆုံးများခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း […]
ရန်ကုန် – ၂၀၂၅ မတ် ၄ (မော်ကွန်း) ရခိုင်ကမ်းရိုးတမ်း ကျောက်ဖြူမြို့မှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ၎င်းစစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွါးရေးဇုန်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေ တည်ရှိတဲ့ ကျောက်ဖြူမြို့က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လ ဒုတိယအပတ်မှာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။ ဒီလဆန်းပိုင်းမှာလည်း ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီကာကင်းစခန်းတချို့ကို AA တပ်တွေ ထိုးစစ်ဆင်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လက်ရှိတိုက်ပွဲတွေကြောင့် ၎င်းရေတပ်စခန်းအနီးမှာရှိတဲ့ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ထောင်နဲ့ချီကာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတာပါ။ […]
ရန်ကုန်-၂၀၂၅ မတ်-၃ (မော်ကွန်း) အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမ်ဇန်လမြတ်စတင်ပြီ ဖြစ်ပြီး ရိုဇာဟ်(ဥပုသ်)သီလယူသူတွေနဲ့ ရန်ကုန်မြို့က ဗလီတွေမှာ ဝတ်ပြုဆုတောင်းသူတွေနဲ့ ပြည့်နေပါတယ်။ ဒီဥပုသ်လမြတ်ဟာ အနည်းဆုံး ရက် ၃၀ ကြာမြင့်မှာဖြစ်ပြီး နေထွက်ကနေ နေဝင်သည်အထိ ဥပုသ်သည်တွေဟာ အဟာရရှောင်ကာ သီလဆောက်တည်ကြရပါတယ်။ ဓါတ်ပုံ – မော်ကွန်း
ရန်ကုန် – ၂၀၂၅ မတ် ၃ (မော်ကွန်း) ပြည်တွင်းဆန်စပါးဈေးကွက်မှာ ဆန်ကုန်သည်တွေနဲ့ စပါးစိုက်တောင်သူတွေဟာ စပါးဈေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ကုန်သည်နဲ့ စပါးစိုက်တောင်သူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီတုန်းက တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ နီးပါးပေါက်တဲ့ စပါးအစိုဟာ အခု ကျပ် ၁၅ သိန်း ဝန်းကျင်ပဲပေါက်တဲ့အပြင် ဝယ်ယူသူလည်း မရှိသလောက်ဖြစ်နေတယ်လို့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။ နောက်ထပ်စိုက်ပျိုးရာသီဖြစ်တဲ့ နွေစပါးစိုက်ရာသီမစတင်မီ စပါးဈေးကျဆင်းနေတာကြောင့် ထပ်မံအရှုံးပေါ်မှာကိုလည်း စိုးရိမ်တယ်လို့ ၎င်းတောင်သူကပြောပါတယ်။ “အခုနွေစပါးစိုက်ရတော့မှာပေါ့နော်၊ အခုထိစပါးဈေးက ပြန်မတက်ဘူး။ အကျတန်းမှာပဲ ဆက်ရှိနေရင်တော့ အရှုံးပေါ်ဖို့များတယ်လေ။ အခုက ဆောင်းစပါးပေါ့၊ အဲဒါကိုတောင် ဝယ်မယ့်လူမရှိဘူး။ တချို့တွေဆို ဝယ်တဲ့သူမရှိလို့ ကိုယ့်ဘာသာပဲ ပြန်သိမ်းရတာတွေရှိတယ်” […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ် မိုးဗြဲမြို့ကို စစ်ကောင်စီဟာ စစ်ကြောင်းထိုးလာပြီး ဒီနေ့မနက်ပိုင်းမှာလည်း လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်ကောင်စီဟာ ဒီနှစ်စပိုင်းကစပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မိုးဗြဲမြို့ကို ပြန်လည်ရရှိရေး လွိုင်ကော်-မိုးဗြဲ- ဖယ်ခုံ လမ်းပိုင်းတလျှောက် နယ်မြေစိုးမိုးမှုပြန်ရရေးအတွက် စစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ။ လက်ရှိမှာလည်း မိုးဗြဲမြို့ရဲ့မြောက်ဘက်က မြို့စောင့်တပ်ရင်းဖြစ်တဲ့ ခမရ – ၄၂၂ တပ်ရင်းကနေ မြို့တွင်းကို မနေ့ကညပိုင်းမှာ စစ်ကြောင်းထိုးလာပြီး ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ မြို့ကိုထိန်းချုပ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်တွေအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်း မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်နေကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူကို ပြင်းပြင်းထန်ထန် […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား မြေပြင်ထိတွေ့တိုက်ပွဲတွေ ဒီရက်ပိုင်းမှာ ပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီသီတင်းပတ်ကစပြီး တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ သပိတ်ကျဉ်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်းမြို့ရဲ့ အဝင် ငါးမိုင်၊ ခြောက်မိုင်နဲ့ ခုနစ်မိုင် (အောင်ချမ်းသာရွာ) ကျေးရွာတွေ၊ သပိတ်ကျဉ်းမြို့နဲ့ မန္တလေး-မိုးကုတ်ကားလမ်းဆုံရာ ကားလမ်းတစ်လျှောက် ခြေကုပ်ယူထားတဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်း၊ လက်နက်ကြီးပစ်ကူအပါအဝင် မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။ “ဒီမှာက လမ်းတစ်လျှောက်က PDF တွေပဲ စိုးမိုးထားတာပါ။ တပ်က နေရာကွက်ကွက်လေးမှာပဲရှိတာ။ အခုအဲဒီလမ်းကြောင်းတွေပွင့်အောင် စစ်ကြောင်းထိုးနေတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ TNLA နဲ့ […]
ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဒီနေ့လယ်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲတွေကြားမှာ ဒေသခံတွေ ပိတ်မိနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ တရုတ်ရဲ့ အကြီးစားရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိပြီး စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်ရှိရာ ကျောက်ဖြူမြို့ကို AA တပ်တွေက အခုသီတင်းပတ်မှာစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့မနက် ၁၁ နာရီခန့်ကလည်း ကျောက်ဖြူမြို့အနီးက ဦးကင်းရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဒီကျေးရွာအနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါ့အပြင် AA တပ်တွေဟာ ကျောက်ဖြူရေတပ်စခန်းအပါအဝင် ကျောက်ဖြူမြို့ကို ပြီးခဲ့တဲ့လပိုင်းတွေထဲက ဝန်းရံပိတ်ဆို့ထားပြီး ဒီလ ၂၁ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ကျောက်ဖြူဒေသခံတစ်ဦးကတော့ “အဲဒီမှာ ဒေသခံတွေ၊ မပြန်နိုင်သေးတဲ့သူတွေ အများကြီးရှိနေသေးတယ်။ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) ပဲခူးတိုင်း၊ ဖြူးမြို့နယ်က စစ်ကောင်စီစခန်းသုံးနေရာကို ဒီနေ့မနက်အစောပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဖြူးမြို့နယ်အထွက်က ညောင်ပင်သာရွာမှာအခြေစိုက်ထားတဲ့ ခလရ – ၅ ခြေလျင်တပ်ရင်း၊ ခမရ ၃၀၆ ခြေမြန်တပ်ရင်းနဲ့ ညောင်ပင်သာရွာအဝင်စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်အစောပိုင်းတွေမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဖြူးဒေသခံတချို့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ အပြန်အလှန်ပစ်ခတ်မှု နာရီပိုင်းခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဖြူးဒေသခံတစ်ဦးကပြောပါတယ်။ “ည ၁၂ နာရီလောက်မှာ တစ်ခါပစ်ခတ်သံကြားရတယ်၊ တော်တော်ကြာတယ်။ နောက် မနက် ၂ နာရီ ၃ နာရီလောက်မှာလည်း ထပ်ပစ်ခတ်နေတယ်” လို့ ဖြူးဒေသခံတစ်ဦးက ပြောပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ဖြူးမြို့နယ်အထွက် […]
ကျောက်ဖြူ – ၂၀၂၅ ဖေဖော်ဝါရီ ၂၅ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်အခြေစိုက် ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်ပြီးနောက် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ရေတပ်စခန်းအနီးကဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်လေ့ကျင့်ရေးစခန်းကို သိမ်းထားပြီးဖြစ်တဲ့ AA ဟာ တရုတ်နိုင်ငံရဲ့စီမံကိန်းကြီးတွေရှိရာ ကျောက်ဖြူမြို့နယ်မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းကို ထပ်မံထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရေတပ်စခန်းဝန်းကျင်က သစ်ပုတ်တောင်ကျေးရွာ အပါအဝင် ဂုံးချိန်၊ စည်မော်၊ ဦးကင်း၊ ကြတ္တိန်၊ ကပ်သပြေ၊ ပျားတဲနဲ့ ရှောက်ချောင်းကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ကြရတာ ဖြစ်ပါတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အပါအဝင် နှင်းဖဲတောင်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အဲဒီရွာတွေဘက်ကို […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း) ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် တောင်ကုတ်-ပန်းတောင်းကားလမ်းပေါ် ညောင်ကျိုးကျေးရွာအနီးမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းစပြီး ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ ဧရာဝတီတိုင်းအစပ်နဲ့ မကွေးတိုင်းအစပ်က စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပါတယ်။ ရခိုင်ရိုးမကိုဖြတ်ကျော်ကာ ရခိုင်ပြည်နယ် တောင်ကုတ်ကနေ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ပဲခူးတိုင်းထဲထိလမ်းပေါက်တဲ့ တောင်ကုတ်တောင်ကြားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လကစပြီး AA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလဆန်းပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ပဲခူးအစပ်က တောင်ပုံကြီးစစ်ဆေးရေးစခန်းနဲ့ မိုးထိဗျူဟာစခန်းတွေ AA လက်ထဲကို ကျရောက်သွားခဲ့ပြီး လက်ရှိမှာတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အဝင်မှာရှိတဲ့ ညောင်ကျိုးကျေးရွာ စစ်ဆေးရေးစခန်းထိ တိုက်ပွဲတွေရောက်လာတယ်လို့ […]
ငဖဲ- ၂၀၂၅ ဖေဖော်ဝါရီ ၂၅ ( မော်ကွန်း) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းကားလမ်းဘေးကနေခွဲဝင်သွားရတဲ့ လင်းဒဲ(ချင်းတိုင်းရင်းသားရွာ)ရွာ ဘုန်းကြီးကျောင်းကို မနေ့ကနေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ငဖဲဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။ ” တစ်ယောက်က မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်ပြီး သေသွားတယ်။ နောက်တစ်ယောက်က ခေါင်းမှာဗုံးစထိပြီးသေတယ်။ ဘုန်းကြီးကျောင်းဆိုရင် မတိုက်ခိုက်လောက်ဘူးအထင်နဲ့ စုပြီးပုန်းနေကြတာကို ဘုန်းကြီးကျောင်းတည့်တည့်လာချသွားတာပါ” လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။ တောကြောပေါ်မှာတည်ထားတဲ့ လင်းဒဲရွာဝန်းကျင် တောင်ကြောတွေပေါ်မှာတော့ စစ်ကောင်စီရဲ့ နတ်ရေကန်တောင် ဗျူဟာစခန်း ရှိပြီး အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေဟာ အဲဒီစခန်းကို ထိုးစစ်ဆင်နေတာ ရက်သတ္တပတ်ကြာမြင့်နေပြီ ဖြစ်ပါတယ်။ လေကြောင်းဗုံးကြဲခံရတာကြောင့် ဒဏ်ရာရသွားတဲ့သူတွေကို မြေပြန့်ဘက်၊ မကွေးတိုင်းထဲက မင်းဘူးမြို့ဆေးရုံကို ပို့ဆောင်ကုသစေပေမယ့် လမ်းခရီးအခြေအနေအကြောင့် […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲကကျေးရွာတချို့ကို အခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စဉ့်ကူး-သပိတ်ကျဉ်းလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။ မန္တလေးတိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်းမြို့နယ်ထဲက မြို့၊ ရွာနဲ့ စစ်စခန်းတချို့ကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်လယ်ပိုင်းထဲမှာသိမ်းယူထားပေမယ့် လက်ကျန်တပ်စခန်းတချို့လည်း ရှိနေသေးတာပါ။ ဒီနေ့မှာလည်း သပိတ်ကျဉ်းမြို့အဝင် ခုနစ်မိုင်အနီးကို စစ်ကောင်စီတပ်ရဲ့ MI-35 ရဟတ်ယာဉ်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “တိုက်ပွဲဆက်တိုက်ပြန်ဖြစ်နေတယ်။ ရဟတ်ယာဉ်ကလည်း မနေ့ကရော ဒီနေ့ရော ပတ်ဝဲနေတယ်။ မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲတွေမကြာခဏရှိတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ မန္တလေးတိုင်းမှာအခြေစိုက်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သပိတ်ကျဉ်းမြို့နယ်အပါအဝင် စဉ့်ကူး၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."