သဇင်လတ် ရန်ကုန်-၂၀၂၀၊ အောက်တိုဘာ ၂၁ (မော်ကွန်း) ရန်ကုန်ရှိ လက်လုပ်လက်စားအများစုနေထိုင်ရာရပ်ကွက်များတွင် အစားအသောက်များ ပြတ်လပ်လာသည့်အတွက် အစိုးရ၏ရိက္ခာဖြန့်ဝေမည့် စီမံချက်များကို စတင်သင့်ပြီဟု အရပ်ဘက်အဖွဲ့အစည်းတစ်ချို့က ပြောသည်။ ရန်ကုန်ဆင်ခြေဖုံးရှိ ကျူးကျော်ရပ်ကွက်များတွင် လက်လုပ်လက်စားများကို အစားအသောက် လှူဒါန်းနေသည့် Food Not Bomb Myanmar အဖွဲ့မှ ကိုကျော်ကျော်က “ ကျွန်တော်တို့လှူရင် တစ်အိမ်ထောင်ကို ဆန်တစ်ပြည် ဒါမှမဟုတ် သုံးပြည်ပေါ့။ ဒီဟာကလည်း တချို့မိသား စုတွေဆို သုံးပတ်လောက်နဲ့ကုန်သွားတာမျိုးရှိမှာ”ဟု ပြောသည်။ ၎င်းအဖွဲ့သည် ရန်ကုန်တိုင်းရှိ မြို့နယ်ငါးခုတွင် ကျူးကျော်နေထိုင်သူ တစ်ထောင်ကျော်အတွက် ဆန်နှင့်ကုန်ခြောက်များမျှဝေမှု ၁၀ ကြိမ်ခန့်ပြုလုပ်ထားသည်ဟု ၎င်းကဆိုသည်။ “ အခုချိန်က လိုအပ်တယ်ဆိုတဲ့ စကားထက်တောင်ပိုနေပြီ။ အစိုးရက ဒီအချိန်မှာမှ မလုပ်ရင် ဘယ်အချိန် သွားလုပ်မလဲဗျာ” ဟုကိုကျော်ကျော်က […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲရွှေ့ဆိုင်းပေးရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုရေစီပါတီ(UNDP) က ယနေ့ တောင်းဆိုလိုက်သည်။ UNDP ပါတီအတွင်းရေးမှူး နော်အုန်းလှက “ ရန်ကုန်မှာ COVID ဖြစ်တာကလည်း အများဆုံးဖြစ်တယ်လေ။ တခြားနေရာတွေမှာက သူတို့က မဲဆွယ်တယ်။ ရန်ကုန်မှာကျတော့ တိုင်းရင်းသားတွေအနေနဲ့ကျတော့ နစ်နာတာပေါ့။ ရန်ကုန်က တခြားနေရာထက်စာရင် ရောဂါပိုပြီးအဖြစ်များနေတယ်။ ဒါကြောင့် နှစ်လလောက်တော့ နောက်ဆုတ်ပေးစေချင်တယ်” ဟု ပြောသည်။ UNDP ပါတီ၏ တောင်းဆိုချက်တွင် ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအာမခံချက်နည်းပါးလှသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကျင်းပပါက ပြည်သူတို့၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ပြည်သူ့ကျန်းမာရေးသည်သာ အဓိက ပထမဖြစ်သည်ဟုယုံကြည်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပြည်သူတို့၏ […]
စည်သူ ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ် အမ်းမြို့နယ်က ရပ်ကွက် သုံးခုနဲ့ ကျေးရွာအုပ်စု ၂၉ ခု မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် မဲဆန္ဒရှင် ၉၀ရာခိုင်နှုန်း မဲပေးခွင့် ဆုံးရှုံးမှာ ဖြစ်တယ်လို့ ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ အမ်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၅,၀၀၀ ကျော်ရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအများစုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြောက်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အရှေ့ပိုင်းရပ်ကွက်၊ အစိုးရအမှုထမ်းရပ်ကွက်က မဲဆန္ဒရှင် ၉,၀၀၀ သာ မဲပေးခွင့်ရရှိတော့မှာပါ။ အမ်းမြို့နယ်မှာ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၁၅ ခုရှိတဲ့ထဲက တပ်ဖွဲ့တစ်ခုသာ မဲပေးခွင့်ရမှာ ဖြစ်ပြီး၊ ၎င်းတပ်ဖွဲ့မှာ တပ်မတော်သားရာဂဏန်းရှိပြီး အတိအကျကိုတော့ […]
ဂေထော ရန်ကုန် – အောက်တိုဘာ ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများစွာရှိခြင်းကြောင့် မဲပေးခွင့်ရှိသူ လေးပုံတစ်ပုံသာကျန်ရှိသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်မည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က မော်ကွန်းသို့ ပြောသည်။ ဦးမျိုးကျော်က “ယှဉ်ပြိုင်မယ့်ပါတီတွေ ရခိုင်ပြည်နယ်အတွင်းကရော၊ အပြင်ဘက်က ပါတီကြီးတွေရော နေရာကျဉ်းကျဉ်းလေးမှာပဲ ပြိုင်ကြမယ်ဆိုတဲ့အခါကျတော့ ပိုပြီးတော့ ပြိုင်ဆိုင်မှုက ပြင်းထန်မှာပေါ့”ဟု ပြောသည်။ ယင်းပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန်စာရင်းသွင်းထားသော်လည်း မကျင်းပနိုင်သည့် နယ်မြေများကြောင့် ကိုယ်စားလှယ်လောင်း ၂၀ ဦးသာ ယှဉ်ပြိုင်တော့မည်ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ခုလုံး၌ ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်သည်။ […]
ရေဂင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၀ (မော်ကွန်း) အဝေးပြေးယာဥ်လိုင်းများအား မည်သည့်အချိန်ကမှ ပိတ်ပင်တားဆီးခြင်း တစ်စုံတစ်ရာမရှိခဲ့သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက သွားလာနိုင်မည်ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ COVID ပထမလှိုင်းတုန်းကလည်း အဝေးပြေးယာဥ်လိုင်းများအပေါ် ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းမပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း အချို့ယာဥ်လိုင်းအချို့မှာ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့်လုပ်ငန်းအဖြစ် ဆက်လက်လည်ပတ်နေကြောင်း ဦးလှအောင်ကပြောသည်။ “သက်ဆိုင်ရာ ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ စည်းကမ်းတွေအတိုင်းသွားမယ်ဆိုရင် သွားလို့ရပါတယ်။ အခု အဝေးပြေးယာဥ်လိုင်းတွေ ပိတ်ထားရတာကလည်း ခရီးသည် မရလို့ပဲ ဖြစ်ပါလိမ့်မယ်” ဟု ဦးလှအောင်က ပြောသည်။ ရန်ကုန်မှ မန္တလေးသို့ ကိုယ်ပိုင်ယာဥ်ဖြင့် ခရီးသည် ပို့ဆောင်ပေးနေသည့် ကိုပြည့်စုံက လက်ရှိတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ရာထူးအရွှေ့အပြောင်းရှိသည့် အစိုးရဝန်ထမ်းအချို့သာ နယ်ဝေးခရီးသွားလာမှုရှိကြောင်း၊ […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၀ စိုက်ပျိုးရေးကဏ္ဍအပေါ် ကိုဗစ်ရိုက်ခတ်မှု ကုစားရေးအတွက် ငွေကျပ် ၁၅ ဘီလီယံနီးပါးသုံးပြီး မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ပြောသည်။ COVID – 19 ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တစ်နိုင်ငံလုံးအနှံ့ မျိုးသန့်စပါးစိုက်ပျိုးသည့် ဧကတစ်သိန်းသတ်မှတ်ပြီး ငွေကျပ် ၁၄,၉၁၁ ဒသမ ၃၃ သန်း ချပေးထားခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသီဟထွန်းက ဆိုသည်။ “စိုက်တာကနေ ရိတ်သိမ်းတဲ့အထိ တစ်ရာသီစာ လုပ်ခက တစ်ဧကကို တစ်သိန်းလေးသောင်းပေးပါတယ်။ သတ်မှတ်ချက်တွေနဲ့ အညီစိုက်ပျိုးတဲ့ တောင်သူတွေကိုပဲ ပေးတာပါ။” ဟု ၎င်းကဆိုသည်။ မျိုးကောင်းမျိုးသန့်စပါးတွင် အရည်အသွေးကောင်းနှင့် အထွက်ကောင်းဟူ၍ နှစ်မျိုးသတ်မှတ်ပြီး […]
စည်သူ ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၁၉ (မော်ကွန်း) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၂ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကြောင့် မဲဆန္ဒနယ်ရှင် ၈၃ ရာခိုင်နှုန်း မဲပေးခွင့်ဆုံရှုံးမှာဖြစ်တယ်လို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ အချက်အလက်တွေကဖော်ပြပါတယ်။ တောင်ကုတ်မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၂၀,၀၀၀ ကျော်ရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအများစုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ သိမ်တောင်ရပ်ကွက်၊ ကံပိုင်ရပ်ကွက်၊ ဂူတာရပ်ကွက်၊ ချောင်းကောက် ရပ်ကွက်က မဲဆန္ဒရှင် ၂၁,၀၀၀ ကျော်သာ မဲပေးခွင့်ရရှိတော့မှာပါ။ “တောင်ကုတ်က တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ထားတာကိုး။ ကျွန်တော်ဒေသမှာရှိတဲ့ ပါတီတော်တော်များများ မြို့နယ်တစ်ခုလုံးရဲ့ အောင်နိုင်ရေးကို ကြိုးစားစည်းရုံး တည်ဆောက်ထားတာတွေဟာ အခုအချိန်မှာ UECရဲ့ ကြေညာချက်ကြောင့် အားလုံးဟာ အဆင်မပြေမှုတွေ ဖြစ်ရတယ်။ ကိုယ့်ဒေသခံ […]
ရေဂင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၇ (မော်ကွန်း) ပလက်ဝမြို့နယ်တွင် လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပသင့်သည့် ကျေးရွာအုပ်စုများရှိနေကြောင်း တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းတွင် ပါဝင်မလာခဲ့ကြောင်း ပလက်ဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းအမျိုးသားဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးကျော်ငြိမ်းက ပြောသည်။ အဆိုပါ ကျေးရွာအုပ်စု (၂၁) စုမှ ဒေသခံ ရပ်မိရပ်ဖများ၊ မြို့နယ် မဲရုံတာဝန်ခံများနှင့် ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးမှူးတို့ကစိစစ်ပြီး ဒေသန္တရလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပရန်မသင့် တော်ကြောင်းကို တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ “အဲဒီ့ ကျေးရွာအုပ်စုတွေဆိုရင် ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးတောင် မသွားနိုင်လို့ ဖုန်းဆက်ပြီး သူတို့ကို ရှင်းပြရတယ်။ ရွာတော်တော်များများက ဖုန်းလိုင်းတောင်မမိဘူး။ အဲဒီ့ရွာတွေ မဲမပေးဖို့ မသင့်ဘူး၊ မဲမပေးနိုင်ဘူဆိုတာက လုံခြုံရေးအရကော၊ […]
ဂေထော ရန်ကုန် – ၂၀၂ အောက်တိုဘာ ၁၇ (မော်ကွန်း) ရခိုင်ပြည်နယ်၌ တိုက်ပွဲမရှိခဲ့သည့် ပေါက်တောမြို့နယ်တစ်ခုလုံးနှင့် အခြားသောမြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ ရွေးကောက်ပွဲမပြုလုပ်ခြင်းသည် တရားမျှတမှုမရှိသည့် လုပ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီက ဆိုသည်။ ယမန့်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်၊မွန်၊ရှမ်း၊ကရင်၊ကချင်နှင့် ပဲခူးတိုင်းဒေသများ၌ ရွေးကောက်ပွဲမပြုလုပ်နိုင်သည့် နယ်မြေများကို ထုတ်ပြန်ကြေညာခဲ့သည်။ “ဘယ်လိုမှလုပ်လို့မရတဲ့နေရာမှာကန့်သတ်တယ်ဆိုတာ ကျွန်တော်တို့လက်ခံတယ်။ဒါပေမဲ့ တိုက်ပွဲရှိနေတဲ့ ပလက်ဝမြို့နယ်တွေကမတည်ငြိမ်တဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပပေးပြီးတော့ ကျည်တစ်ထောင့်မှ တိုက်ပွဲမရှိခဲ့တဲ့ ဘယ်တုန်းကမှလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ပေါက်တောမြို့နယ်တစ်ခုလုံးကို ချန်လှပ်ပစ်ခဲ့တာကတော့ တော်တော်ကြီး တရားမျှတမှုမရှိတဲ့လုပ်ရပ်လို့မြင်တယ်”ဟု ရခိုင်အမျိုးသားပါတီ၏ ပါတီနိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။ အချို့သောမြို့နယ်များ၏နယ်မြေအားလုံး၌ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်သည့်အတွက် အေးချမ်းမှုရှိသည့် ရပ်ကွက်၊ကျေးရွာအုပ်စုများကို မကျင်းပဘဲဖယ်ရှားခြင်းသည် ပြည်သူများ၏ မဲပေးပိုင်ခွင့် နစ်နာကြောင်း သူကဆိုသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ခုလုံး၌ ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများမှာ ပေါက်တော၊ပုဏ္ဏားကျွန်း၊ […]
စည်သူ ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၁၆ (မော်ကွန်း) COVID-19 ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်စေခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ တရားစွဲထားရာမှာ ဒီနေ့ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပြီးလို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။ ” ဘယ်နေ့စစ်မယ်ဆိုတာ အကုန်လုံးပြန်ပြီး အစီအစဉ်လုပ်ရမယ်။ လောလောဆယ် ဒီနေ့ ရမန်ပေးလိုက်တဲ့အတွက် ရဲအချုပ်ထောင်မသွားရပဲ အင်းစိန်ထောင်ကို ပို့ရမယ်”လို့ သူက ပြောပါတယ်။ ဒီအမှုကို တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းအပါအဝင် ရှေ့နေ ငါးဦးနဲ့ Music Zone ဘက်က ရင်ဆိုင်မှာဖြစ်ပါတယ်။ သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုဖို့ […]
စည်သူ ရန်ကုန် – အောက်တိုဘာ ၁၅(မော်ကွန်း) COVID – 19 ပထမလှိုင်းရော ဒုတိယလှိုင်းမှာပါ လွတ်ကင်းနေခဲ့တဲ့ ကယားပြည်နယ်ဟာ ဒီနေ့မှာတော့ ပထမဦးဆုံး COVID -19 လူနာတစ်ဦးတွေ့ရှိခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသပေးနေတယ်လို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က မော်ကွန်းကို အတည်ပြုပါတယ်။ “ကယားပြည်နယ်တစ်ယောက်က တောင်ကြီးကိုပေးပို့ စစ်ဆေးတဲ့အထဲက ပိုးတွေ့တဲ့အဖြေထွက်ပါတယ်။လောလောဆယ်ကတော့ ကျန်းမာရေး ကောင်းမွန်တယ်”လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။ အဆိုပါ ပိုးတွေ့လူနာဟာ အောက်တိုဘာ ၆ ရက်က ရန်ကုန်ကနေ လွိုင်ကော်ကိုရောက်ရှိလာပြီး Quarantineစင်တာမှာအသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့သူဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ COVID -19 ရောဂါအတည်ပြုလူနာ ၃၂,၃၅၁ ဦး၊ သေဆုံးသူ ၇၆၅ ဦးနှင့်ပြန်လည်သက်သာလာသူ ၁၄,၇၀၆ ဦးရှိပြီး ဖြစ်ပါတယ်။ #Dailynews
စည်သူ ရန်ကုန် – အောက်တိုဘာ ၁၅(မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ COVID-19 ပိုးတွေ့လူနာ ယနေ့ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက မော်ကွန်းကိုပြောပါတယ်။ ” သူက အနံ့မရလို့ ဆေးရုံ ကိုလာပြတယ်။အ ဲ့ဒီအချိန်မှာ ဆရာဝန်ကြီးက Test Kit စစ်လိုက်တဲ့ အချိန်မှာ Positiveပြတာပေါ့။ အခု မိသားစုဝင်တွေရော Quarantine ထည့်နေပြီး သူနဲ့ ထိတွေ့တဲ့လူတွေကိုလည်း ဆရာဝန်ကြီးက အုပ်ချုပ်ရေးပိုင်းနဲ့ချိတ်ပြီး တိုက်ရိုက်လိုက်နေပါတယ်”လို့ သူက ပြောပါတယ်။ COVID-19 ကူးစက်ခံရသူဖြစ်တဲ့ အမျိုးသားဟာ အိန္ဒိယနိုင်ငံက ကုန်ပစ္စည်းတွေကိုဝယ်ယူပြီး တမူးမြို့မှာ အရောင်းအဝယ်ပြုလုပ်နေသူ ဖြစ်ပါတယ်။ COVID-19 ကူးစက်ခံရတဲ့ ၂၃ နှစ်အရွယ် အမျိုးသားက “ကျွန်တော်က ဟိုဘက်ခြမ်းကို မရောက်ဘူး၊ နယ်စပ်ကိုသွားပြီး […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."