သတင်းများ

မန္တလေးမှာ ပုဂ္ဂလိကဆေးရုံငါးရုံကို အကြမ်းဖက်စစ်ကောင်စီက ယာယီပိတ်ခိုင်း

December 28, 2022

မန္တလေး-၂၀၂၂ ဒီဇင်ဘာ ၂၈ (မော်ကွန်း) မန္တလေးမြို့ပေါ်က ပုဂ္ဂလိကဆေးရုံ ငါးခုကို အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားပြီးယာယီပိတ်သိမ်းခိုင်းထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၄ နဲ့ ၂၅ ရက်တွေမှာ နန်းတော်နဲ့မြို့တော်ဆေးရုံတွေက CDM ဆရာဝန်တစ်ဦးနဲ့ ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက်ပိုင်း အခုလိုဆေးရုံတွေကိုပိတ်ခိုင်းခဲ့တာလို့သိရပါတယ်။ “CDM တွေကိုအခဲမကျေလို့လုပ်မိလုပ်ရာလုပ်တာပဲ။ အခုလိုပိတ်လိုက်လို့ အဓိကခံစားကြရမှာက ဝန်ထမ်းတွေမဟုတ်ဘူး၊ လူနာတွေဒုက္ခရောက်မှာ။ သူတို့ကတော့ ဒါတွေလည်း ထည့်စဥ်းစားမှာမဟုတ်ပါဘူး”လို့ အမည်မဖော်လိုတဲ့ ခွဲစိပ်ပါရဂူဆရာဝန်တစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ယာယီပိတ်ပင်ဖို့ညွှန်ကြားထားတဲ့ဆေးရုံတွေထဲက မြို့တော်၊ နန်းတော်နဲ့ ကံ့ကော်ဆေးရုံတွေကို CDM ဝန်ထမ်းတွေခန့်ထားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ခိုင်းတာဖြစ်ပြီး ထက်နေလင်းနဲ့ စိန်ပန်းဆေးရုံကိုတော့ လုပ်ငန်းလိုင်စင်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဲဒီဆေးရုံတွေကလူနာတွေ ဆေးရုံပေါ်ကဆင်းနေရပြီး ထပ်မံပြသရမယ့် လူနာအသစ်တွေကိုလည်း လက်ခံမှုမရှိတော့ဘူးလို့သိရပါတယ်။ Photo: Supplied #Dailynews

အပြည့်အစုံဖတ်ရန်

အင်းတော်မြို့နယ် အလယ်ဆိပ်ရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး မီးရှို့ဖျက်ဆီး၊ ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရ

December 28, 2022

အင်းတော်-၂၀၂၂ ဒီဇင်ဘာ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အလယ်ဆိပ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး မီးရှို့ဖျက်ဆီးသွားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “လေယာဉ်နဲ့ပစ်တာ ရှစ်ချက်လောက်ရှိတယ်၊ပြီးတော့ အလယ်ဆိပ်ရွာကိုမီးရှို့တယ်၊ အိမ်တော်တော်များများ မီးထဲပါသွားတယ်။ လူအသေအပျောက်တော့မသိသေးဘူး၊ ပြေးနေရလို့။ မနေ့ကလည်း လက်နက်ကြီးကျတာ ရွာသား သုံးယောက်ထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီမီးရှို့မှုကြောင့် အလယ်ဆိပ်ရွာက ဈေးဆိုင်ခန်းခြောက်ခန်း၊ စာကြည့်တိုက်တစ်လုံး၊ နေအိမ် ၂၆ လုံးနဲ့ စပါးတင်းပေါင်း ထောင်ချီမီးလောင်ပျက်ဆီးသွားတယ်လို့ Indaw Revolution-IR က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က KIA၊ အင်းတော်PDF ပူးပေါင်းတပ်တွေနဲ့ အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက မိုးလှိုင်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၆ လုံး […]

အပြည့်အစုံဖတ်ရန်

ရဲဘော်ဖိုးချမ်းကျဆုံးမှု ၂၁ လပြည့် ရွာပေါင်းစုံသပိတ်ချီတက်အလေးပြု

December 27, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၂၇ (မော်ကွန်း) လူထုသပိတ်တွေ နေ့စဉ်ချီတက်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ သပိတ်ရဲဘော် ကိုချမ်းမြေ့ကျော်ကျဆုံးမှု ၂၁ လပြည့်နေ့အဖြစ် ချီတက်ခဲ့ကြပါတယ်။ ကိုချမ်းမြေ့ကျော် ခေါ် ကိုဖိုးချမ်းဟာ ၂၀၂၁ မတ် ၂၇ ရက်က ပုသိမ်-မုံရွာ-ယာကြီးလမ်းဆုံးမှာ ငြိမ်းချမ်းစွာဆန္ဒပြရင်း အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုမှာ ကျဆုံးခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၃၀ သာရှိပါသေးတယ်။ ဒီကနေ့မှာတော့ ရဲဘော်ဖိုးချမ်းကို ရွာပေါင်းစုံသပိတ်အနေနဲ့ မမေ့ဘဲ ၂၁ လပြည့်အဖြစ် အုတ်ဂူရှေ့ကို ချီတက်အလေးပြုခဲ့ကြပါတယ်။ ရွာပေါင်းစုံသပိတ်ဟာ ပျက်ရက်မရှိဘဲဒီကနေ့ဆို ၆၅၆ ရက်မြောက်သပိတ်နေ့ဖြစ်လာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

လူငယ်တစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းလာပစ်သွား

December 27, 2022

မတ္တရာ – ၂၀၂၂ ဒီဇင်ဘာ ၂၇ (မော်ကွန်း) မန္ဆလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက အသက် ၂၀ ဝန်းကျင်အမျိုးသားတစ်ဦးရဲ့အလောင်းကို အာဏာသိမ်းစစ်တပ်က လာပစ်သွားတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုဆီကသိရပါတယ်။ ပိုဝကျေးရွာက မြေနုကျွန်းမှာအလုပ်လုပ်နေသူတစ်ဥိီးကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးသွားပြီးနောက် ဒီကနေ့မနက်မှာအလောင်းတွေ့ရှိခဲ့ရတာလို့ပြောပါတယ်။ “သူတို့က ရွာထဲကိုဖမ်းခေါ်သွားတာဆိုတော့ ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့ဖြစ်စဥ်အတိအကျကိုတော့မသိရဘူး၊ ဒါပေမယ့်အလောင်းကိုမြင်ရတာတော့တော်တော်နှိပ်စက်ပြီးသတ်ထားတာ”လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက တာဝန်ရှိသူက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပိုဝကျေးရွာမှာတပ်စွဲထားပြီး ဒေသခံရွာသား ၃၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ်ဓားစာခံဖမ်းဆီးထားတယ်လို့ သူကပြောပါတယ်။ ပိုဝကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကမနေ့ညပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ​ဖမ်းဆီးခံထားရတဲ့ပြည်သူနှစ်ဥိီးကယ်ဆယ်နိုင်ခဲ့တယ်လို့ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မနေ့ကနောက်ဆုံးစောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လက်ချက်နဲ့ နွေဦးတော်လှန်ရေးအတွင်းကျဆုံးရသူ အနည်းဆုံး ၂,၆၆၂ ဦးရှိလာပါပြီ။ ဓာတ်ပုံ – ကောင်းကင်တော်လှန်ရေးအင်အားစု […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်၊ စစ်တပ်ခန့် ကင်းကျေးရွာအုပ်ချုပ်ရေးမှူးကို ဓားပြလာတိုက်ပြီး ပစ်သတ်သွား

December 26, 2022

မိုးကုတ် – ၂၀၂၂ ဒီဇင်ဘာ ၂၆ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကင်းကျေးရွာက စစ်တပ်ခန့်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ဒီဇင်ဘာ ၂၄ရက်ည ၉:၀၀ နာရီဝန်းကျင်က ဓားပြလာတိုက်သွားပြီး လူကိုပါပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အုပ်ချုပ်ရေးမှူးခင်မောင်ဆန်းဟာ ကင်းကျေးရွာမှာ လက်ဖက်ရ​ည်ဆိုင်နဲ့ဆီဆိုင်တွဲဖွင့်ထားပြီး ညဘက်ဆိုင်ပိတ်ချိန်မှာ လက်နက်ကိုင်ဆောင်ထားသူလေးဦးကလာရောက် ဓားပြတိုက်ပြီး သတ်ပစ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဓားနဲ့ကောထိုးတယ်လို့ပြောတယ်၊ သေနတ်နဲ့လည်းပစ်တယ်၊ ချက်ချင်းသေတယ်လို့ကြားတယ်၊ သေနတ်နဲ့ ပါးစပ်ထဲကိုတည်ပစ်သွားတာ၊ ခေါင်းနောက်ကနေ ပွင့်ထွက်သွားတာ၊ သူ့မိန်းမကို အိမ်အောက်ထပ်မှာ ကြိုးနဲ့တုပ်သွားတာ၊ သူ့​ယောကျာ်းကိုအပေါ်မှာ ပစ်သွားတာ”လို့ ကင်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ခင်မောင်စန်းဟာ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ မိုးကုတ်၊ ကျပ်ပြင်ဆေးရုံကိုပို့ဆောင်ချိိန်မှာသေဆုံးခဲ့ပြီး ငွေအမြောက်အများနဲ့ ရွှေတွေကို ဓားပြတိုက်သူတွေကယူသွားတယ်လို့ ဒေသခံကဆိုပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်နဲ့ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ် ပူးပေါင်းဆန္ဒထုတ်ဖော်

December 24, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၆၅၃ ရက်မြောက်နေ့အဖြစ် ကယ်တင်ရှင်မရှာဒို့ကျေးရွာ ညနေဆည်းဆာသပိတ်နဲ့ အတူ ဒီကနေ့ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 24, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ ၅၉၀ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

” ဗိုလ်အောင်ကျော် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ” ကလေးမြို့ပင်မသပိတ် ၆၈၆ ရက်မြောက်သပိတ်အဖြစ် ယနေ့ညဆန္ဒထုတ်ဖော်

December 24, 2022

ကလေးမြို့ – ၂၀၂၂ ဒီဇင်ဘာ ၂၄ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ ၆၈၆ ရက်သပိတ်အဖြစ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ဗိုလ်အောင်ကျော် စိတ်ဓာတ်ကိိုင်စွဲတိုက်ပွဲဝင်ကြ” စာတန်းကိုင်ဆွဲပြီး AAPP စာရင်းအရ တစ်နိုင်ငံလုံးမှာ နွေဦးတော်လှန်ရေးအတွင်း ဒီကနေ့ထိ ကျဆုံးခဲ့တဲ့ ပြည်သူ၊ ရဲဘော် ၂,၆၄၁ ဦးအတွက် ဆီမီးထွန်း၊ ဆုတောင်းပေးခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရေစကြို၊ ကျေးရွာနှစ်ရွာက နေအိမ် ၃၂လုံးကို အာဏာသိမ်းစစ်တပ်မီးရှို့

December 22, 2022

ရေစကြို – ၂၀၂၂ ဒီဇင်ဘာ ၂၂ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်းရွာနဲ့ရွာသာအေးရွာက နေအိမ် ၃၂လုံးကို အာဏာသိမ်းစစ်တပ်၊စစ်သားတွေက မနေ့ည ၇:၀၀ နာရီဝန်းကျင်က မီးရှို့ခဲ့တယ်လို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင် တာဝန်ရှိသူကပြောပါတယ်။ မနေ့မနက်အစောပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေနဲ့ ထန်းပင်ချောင်းရွာအနီးမှာ ထိ​တွေ့တိုက်ပွဲ သုံးနာရီကြာဖြစ်ပွားခဲ့ပြီး စစ်သားငါးဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ “ရှုံးမဲမဲပြီးညနေဘက်မှာရွာတွေကိုမီးရှို့တာပါ၊ခုလည်း ရှင်မတောင်ဘက်ကနေစစ်ကြောင်းဆင်းလာလို့ ရွာသားတွေကထပ်ထွက်ပြေးနေရတယ်”လို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်၊ တာဝန်ရှိသူကပြောပါတယ်။ ထန်းပင်ချောင်းရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး အိမ် ၃၀ ရှို့ခံထားရကာ ရွာသာအေးကျေးရွာက ​နေအိမ် ၂လုံးမီးရှို့ခံထားရပါတယ်။ သဲတောရွာမှာလည်း ဒီဇင်ဘာ ၁၈ရက်ကနေ ၂၀ရက်အထိ သုံးရက်ဆက်တိုက် အာဏာသိမ်းစစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သားငါးဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ ” […]

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 22, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ ၅၈၈ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ညနေဆည်းဆာသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

December 22, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အသံမတိတ် အလံမလိပ် ပြည်ကြီးတံခွန်သပိတ် ၆၁၁ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်

December 21, 2022

ပြည်ကြီးတံခွန် – ၂၀၂၂ ဒီဇင်ဘာ ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ၆၁၁ ရက်မြောက်နေ့အဖြစ် ဒီကနေ့ညမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 156 157 158 159 160 161 162 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."