ကလေးမြို့ – ၂၀၂၂ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ ၆၈၆ ရက်သပိတ်အဖြစ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ဗိုလ်အောင်ကျော် စိတ်ဓာတ်ကိိုင်စွဲတိုက်ပွဲဝင်ကြ” စာတန်းကိုင်ဆွဲပြီး AAPP စာရင်းအရ တစ်နိုင်ငံလုံးမှာ နွေဦးတော်လှန်ရေးအတွင်း ဒီကနေ့ထိ ကျဆုံးခဲ့တဲ့ ပြည်သူ၊ ရဲဘော် ၂,၆၄၁ ဦးအတွက် ဆီမီးထွန်း၊ ဆုတောင်းပေးခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews