သတင်းများ

အကြမ်းဖက်စစ်တပ်ခန့် ဆယ်အိမ်မှူးသေနတ်နဲ့ပစ်ခတ်ခံရ

January 2, 2023

မန္တလေး – ၂၀၂၃ ဇန်နဝါရီ ၂ (မော်ကွန်း) မန္တလေးမြို့၊ ပုသိမ်ကြိီးမြို့နယ်၊ ရေထွက်လမ်းမပေါ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ခန့် ဆယ်အိမ်မှူးတစ်ဦးဒီနေ့နေ့လည် ၁၂:၃၀ ဝန်းကျင်က သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့​ဒေသခံတွေဆီကသိရပါတယ်။ “ပွင့်လင်းအောင်အရက်ဆိုင်”အနီးမှာပစ်ခံလိုက်ရတာဖြစ်ပြီး ပစ်ခံရသူဟာအောင်ကျော်မြင့်ဆိုသူဖြစ်ကာ အာဏာသိမ်းစစ်တပ်ခန့်ထားတဲ့ ဆယ်အိမ်မှူးဖြစ်တယ်လို့ အနီးနားဒေသခံတွေကပြောပါတယ်။ ” ပစ်ခံလိုက်ရပြီးလဲသွားတာ၊သေတော့မသေသေးဘူး၊ဒါပေမယ့်သေဖို့များတယ်လို့ပြောကြတယ်”လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။ ဆယ်အိမ်မှူးအောင်ကျော်မြင့်က နိုင်ငံရေးလုပ်တဲ့လူငယ်တွေကိုဖမ်းဆီးဖို့သတင်းပေးတိုင်ကြားသူဖြစ်တယ်လို့ဒေသခံတွေဆီကသိရပြီး ဘယ်အဖွဲ့ကပစ်ခတ်သွားတယ်ဆိုတာကိုမသိရသေးပါဘူး။ ပုံစာ – ပစ်ခတ်ခံရသူ ဓာတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 31, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ ၅၉၆ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

“တရားမဝင်ရွေးကောက်ပွဲဖြင့် ဖက်ဆစ်တပ်ကို ထွက်ပေါက်မပေးကြေး” ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် ၆၆၀ ရက်မြောက်ဆန္ဒထုတ်ဖော်

December 31, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၆၆၀ ရက်မြောက်နေ့အ ဖြစ် စစ်အာဏာရှင်ကို ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ သပိတ်ရဲ့ ခေါင်းစဉ်ကတော့ “တရားမဝင်ရွေးကောက်ပွဲဖြင့် ဖက်ဆစ်တပ်ကို ထွက်ပေါက်မပေးကြေး” ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတကြော စစ်ဘေးရှောင်တွေအတွက် အရေးပေါ်ဆေးဝါးများ လိုအပ်နေ

December 30, 2022

စစ်ကိုင်းတိုင်း-၂၀၂၂ ဒီဇင်ဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာတစ်ဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဘက်တကြောက စစ်ဘေးရှောင်တွေအတွက် အရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ “လောလောဆယ်ကတော့ လိုင်းပေါ်မှာတင်ထားတာတွေထက်ကို အခြေအနေကဆိုးနေတယ်။ အဓိကလိုတာတော့ ဆေးဝါးနဲ့ကုသရေးပေါ့။ ဥပမာလက်ဓားရှရင်တောင်မှ ကုစရာမရှိဘူး။ ဆေးကုပေးမယ့်သူကရှိတယ်။ လမ်းကြောင်းကအစစ်ဆေးကြပ်တော့ နီးစပ်ရာကနေ ဆေးမှောင်ခိုသယ်ရတာပေါ့။ နီးစပ်ရာဝယ်တော့ ဈေးက နှစ်ဆပေးရတယ်၊ ဒါပေမယ့် လိုတဲ့ဆေးလည်းမရဘူး” လို့ ၎င်းကပြောပါတယ်။ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးအပြင် ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကအစ ပို့ဆောင်ရာမှာလည်း လမ်းခရီးမှာအစစ်ဆေးကြပ်ပြီး အဖမ်းခံရတာတွေများတာကြောင့် ကူညီဖို့ခက်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ရွာတွေမီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကတိုက်ခိုက်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ခြောက်သိန်းကျော်အထိရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ နိုဝင်ဘာ ၁ ရက် […]

အပြည့်အစုံဖတ်ရန်

နှစ်ကူးည အပြင်မထွက်ကြဖို့ မြို့ပြပျောက်ကြားအဖွဲ့များကသတိပေး

December 30, 2022

ရန်ကုန် – ၂၀၂၂၊ ဒီဇင်ဘာ ၃၀ (မော်ကွန်း) မနက်ဖြန်ကျရောက်မယ့်နှစ်သစ်ကူးညမှာ မြို့ပြပျောက်ကျားတပ်ဖွဲ့တွေရဲ့ ပုံရိပ်ကျဆင်းစေမယ့်လုပ်ရပ်တွေ စစ်ကောင်စီကလုပ်လာနိုင်တာကြောင့် အပြင်သိပ်မထွက်ကြဖို့ မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကအသိပေးလိုက်ပါတယ်။ “ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံး ညဘက်အပြင်မထွက်စေချင်ဘူးခင်ဗျာ။ UG တွေကိုပုံဖျက်မယ့် ပြုလုပ်မှုတွေ ရှိလာတဲ့အခါ ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှာလည်းမလိုလားဘူး။ပျော်တော့ပျော်ကြပါဗျာ။ အပျော်ကြောင့် မပျက်စေပါနဲ့ဗျာ” လို့မြို့ပြပျောက်ကျားအဖွဲ့တစ်ခုကပြောပါတယ်။ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနှစ်သစ်ကူးည ဒီဇင်ဘာလ ၃၁ ရက် ကနေ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၄:၀၀ နာရီ ထိ တစ်ညတာ ပုဒ်မ ၁၄၄ အမိန့် ခေတ္တပယ်ဖျက်လိုက်ကြောင်းကြေညာထားပါတယ်။ “ပြည်သူတွေကိုမှာချင်တာဆိုလို့ အပျော်လေးတွေလျော့ပေးကြပါလို့လူစုလူဝေးသိပ်မလုပ်ကြပါနဲ့” လို့လည်း နောက်ထပ်မြို့ပြပျောက်ကြားတပ်ဖွဲ့တစ်ခုကလည်းပြောပါတယ်။ မကြာသေးမီကလည်း ရန်ကုန်-ဒလ ကူးတို့ဖယ်ရီပေါ် နဲ့ တာမွေမြို့နယ်ကပွဲစျေးတစ်ခုမှာ လက်သည်မပေါ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားတွေအနေနဲ့ […]

အပြည့်အစုံဖတ်ရန်

မန္တလေးကျုံးရှေ့ စစ်တပ်ထောက်ခံသူများ လုံခြုံရေးအပြည့်ဖြင့် ဆန္ဒပြ

December 30, 2022

မန္တလေး-၂၀၂၂ ဒီဇင်ဘာ ၃၀ (မော်ကွန်း) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက် ၆၆လမ်းနဲ့ ၁၃ လမ်းထောင့်မှာ ပြည်တွင်းရေးစွပ်ဖက်မှုအလိုမရှိကြောင်း စစ်တပ်ထောက်ခံသူတွေဟာဒီကနေ့မနက်ပိုင်းက လုံခြုံရေးအပြည့်နဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။ “အဲ့နားက ကပ်လို့ကိုမရတာ၊ အပြည့်ပိတ်ပြီးတော့ သူတို့ဟာသူတို့လုပ်တာလေ။ တစ်ပြကို သုံးလေးငါးယောက်လောက်က အသေကြေစစ်တာ၊ ပြီးတော့လမ်းပါပိတ်ထားတာ၊ သူတို့ဟာသူတို့ဓါတ်ပုံတွေရိုက်ပဲ” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။ စစ်တပ်ထောက်ခံသူတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုကန့်ကွက်ကြောင်း ဗီနိုင်းတွေကိုင်ပြီး ပြည်တွင်းရေးစွတ်ဖက်မှုအလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်။ အဲ့ဒီစစ်တပ်ထောက်ခံဆန္ဒပြသူတွေကို အရပ်ဝတ်စစ်ကောင်စီအဖွဲ့တွေက လုံခြုံရေးယူပေးတာလို့ ဒေသခံတွေကဆိုကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဒီဇင်ဘာ ၂၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးဖို့၊ စစ်ကောင်စီကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့စတာတွေပါဝင်တဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပုံ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ခုနစ်နှစ်စီထပ်မံအမိန့်ချ

December 30, 2022

နေပြည်တော်-၂၀၂၂ ဒီဇင်ဘာ ၃၀ (မော်ကွန်း) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီတရားရုံးက အဂတိမှုငါးမှုအတွက် ဒီကနေ့ ထောင်ဒဏ်ခုနစ်နှစ်စီ ထပ်မံအမိန့်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။ “အဂတိအမှုငါးမှုပေါင်းခုနစ်နှစ်စီပေါ့။ အမှုအားလုံးပြီးသွားပြီ။ ညနေကျရင်တော့ ဘာတွေကြေညာလဲစောင့်ကြည့်ရမယ်။ လွတ်ငြိမ်းတွေဘာတွေလာမလားပေါ့၊ (အတိုင်ပင်ခံကို) ရန်ကုန်ပြန်ပို့မယ်လည်း သတင်းတွေကြားနေရတယ်” လို့ တရားရုံးနဲ့နီးစပ်တဲ့သူတစ်ဦးကပြောပါတယ်။ ဒီကနေ့အပြီးသတ်အမိန့်ချလိုက်တဲ့ အဂတိအမှုတွေဟာ NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတာနဲ့ ပြုပြင်ထိန်းသိမ်းတဲ့ ကိစ္စတွေအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ – ၅၅ နဲ့ စစ်ကောင်စီက တရားစွဲထားတာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဏာသိမ်းစစ်ကောင်စီကတရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုမှာ အရင် ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရတာကြောင့် လက်ရှိအမှုနဲ့ဆို […]

အပြည့်အစုံဖတ်ရန်

“တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကလေးမြို့ပင်မသပိတ် ၆၉၁ ရက်မြောက်သပိတ်အဖြစ် ယနေ့ညဆန္ဒထုတ်ဖော်

December 29, 2022

ကလေးမြို့ – ၂၀၂၂ ဒီဇင်ဘာ ၂၉ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ ၆၉၁ ရက်သပိတ်အဖြစ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကနီနယ်တကြော ပကဖများနှင့် စစ်ကောင်စီတပ်တွေ ကိုးရက်ကြာတိုက်ပွဲပြင်းထန်နေ၊ ပကဖတပ်ဖွဲ့ဝင်ခြောက်ဦးကျဆုံး

December 29, 2022

ကနီ-၂၀၂၂ ဒီဇင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီနယ်တကြောမှာ ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ကိုးရက်အထိကြာမြင့်လာပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကျဆုံးထားတယ်လို့ ကျောက်လုံးကြီး (KLG) တပ်မဟာက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “၁၈ရက်နေ့ကတည်းက တိုက်ပွဲဆိုရင် ကျွန်တော်တို့ရဲဘော်အကျအဆုံးက ခြောက်ယောက်၊ ထိခိုက်ရဲဘော်အယောက် ၂၀၊ တစ်ဦးစိုးရိမ်ရတယ်၊ လက်ရှိတော့ ကျွန်တော်တို့အတွက် အရေးပေါ်ကျည်ဆန်တွေလိုအပ်တယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတော်တော်လေးအခက်အခဲဖြစ်နေတယ်ဗျ။ ကျွန်တော်တို့ကို ကျည်ဆန်ဖိုးလေးတွေထောက်ပံ့ပေးဖို့တော့ ပြောချင်ပါတယ်” လို့ KLG တပ်မဟာက တာဝန်ရှိသူကပြောပါတယ်။ ကနီနယ်တကြောမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ မုဌောရွာမှာတပ်စွဲထားတယ်လို့ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ရွာအများစုကထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတစ်သောင်းကျော်အထိရှိလာနေပြီး ဖမ်းဆီးခံရသူ ရွာသား လေးဦးနဲ့ အသတ်ခံရသူနှစ်ဦးအထိရှိနေပြီလို့ ‌ဒေသခံတွေကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

လှိုင်သာယာက အသက် ၂၀ ဝန်းကျင် ဇနီးမောင်နှံပျောက်ဆုံးနေ

December 29, 2022

ရန်ကုန်- ၂၀၂၂၊ ဒီဇင်ဘာ ၂၉ (မော်ကွန်း) လှိုင်သာယာမြို့နယ်မှ အသက်၂၀ ဝန်းကျင် ဇနီးမောင်နှံစုံတွဲ မြောက်ဥက္ကလာပမြို့နယ်ရှိ မိခင်နေအိမ်သို့သွားတဲ့လမ်းမှာ ပျောက်ဆုံးနေတာ သုံးရက်ကြာတဲ့အထိရှာမတွေ့သေးဘူးလို့ မိသားစုဝင်တစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် ကပျောက်သွားတာ။ နေ့လယ်လောက်ပေါ့။ မြောက်ဥက္ကလာ (ဃ) ဈေး နားလောက်ရောက်တော့လုံးဝအဆက်အသွယ်မရတော့တာအခုထိပဲ” လို့ အမျိုးသမီးရဲ့ဖခင်ဖြစ်သူကပြောပါတယ်။ အဲ့နေ့ကသူတို့နှစ်ဦးဟာ မြောက်ဥက္ကလာပမြို့နယ်မှ မိခင်ဖြစ်သူနေအိမ်သို့သွားဖို့ လှိုင်သာယာမီးခွက်ဈေးအနီးမှ အငှါးယာဉ်တစ်စီးနဲ့ထွက်လာခဲ့ကြပြီးလမ်းတစ်ဝက်မှာပျောက်သွားတာပါ။ ပျောက်ဆုံးနေသူတွေဟာ အသက် (၁၉) နှစ်အရွယ် မောင်ထက်အာကာထွန်း (ခ) ဒေါ်လာ နဲ့ အသက်(၁၈) နှစ် အရွယ် မမြတ်သိမ်မွေ့ထွန်း (ခ) ဂျူးဂျူး တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အိမ်ထောင်သက်တမ်း နှစ်လကျော်သာရှိသေးပြီး လှိုင်သာယာမြို့နယ်က ဖခင်ပိုင်ဆိုင်တဲ့ အဆောင်တိုက်ခန်းမှာ ငှါးနေကြတာပါ။ လတ်တလောမှာတော့နှစ်ဖက်မိသားစုဟာမြောက်ဥက္ကလာမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားသလို၊ အုပ်ချုပ်ရေးမှူးရုံး […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းမြို့နယ်မြင်းဆည်ရွာနှင့် သုံးလင့်ရွာ အိမ်ခြေသုံးရာဝန်းကျင်မီးရှို့ခံရ

December 29, 2022

စစ်ကိုင်း-၂၀၂၂ ဒီဇင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာနဲ့ သုံးလင့်ရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နှစ်ရွာပေါင်း အိမ်ခြေသုံးရာဝန်းကျင်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “မြင်းဆည်မှာနှစ်ရက်ရှိပြီ စိမ်ပြေနပြေနေပြီးရှို့သွားတာ။ မြင်းဆည်ရွာက သူဌေးတွေပေါတယ်။ အိမ်ကြီးအိမ်ကောင်းတွေအကုန်ကုန်တာ။ အိမ်ခြေနှစ်ရာလောက်မီးထဲပါသွားတယ်။ ပစ္စည်းတွေယူဖို့ ထော်လာဂျီပေါ်တင်ထားတာလည်း မထွက်ရခင် မီးရှို့သွားတယ်။ မြင်းဆည်ကိုရှို့ပြီး သုံးလင့်ကိုကျ ထွက်ရင်းနဲ့ရှို့သွားတာ၊ အိမ်ခြေတစ်ရာလာက်ပါသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီရဲ့တပ်မ ၃၃ စစ်ကြောင်းက မြင်းဆည်ရွာကို ဒီဇင်ဘာ၂၈ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့တာလို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။ စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ မြင်းဆည်ရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး သုံးလင့်ရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အဲဒီရွာတွေကဒေသခံတွေအပြင် အနီးနားရွာတွေက ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ Data […]

အပြည့်အစုံဖတ်ရန်

ဆိပ်ဖြူက စစ်ရှောင်တစ်ဦးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ် ပစ်သတ်

December 28, 2022

ဆိပ်ဖြူ – ၂၀၂၂ ဒီဇင်ဘာ ၂၈ (မော်ကွန်း) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်၊ စစ်သားတွေ ဒီကနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာပြီးနောက် စစ်ရှောင် အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးကိုပစ်သတ်သွားတယ်လို့ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အင်အား ၇၀ ဝန်းကျင်နဲ့ ရေထွက်ကျေးရွာကိုစစ်​ကြောင်းဝင်လာချိန်မှာ အသက် ၄၅နှစ်အရွယ် ဦးဋ္ဌေးဝင်းကိိုပစ်သတ်သွားတာလိို့ပြောပါတယ်။ ” စစ်ကြောင်းက နှစ်ကြောင်းခွဲလာတာ၊ သူက ရွာထဲပြန်ဝင်လာချိန်မှာ အရှေ့စစ်ကြောင်းနဲ့သူနဲ့တွေ့တော့သူက နောက်ပြန်လှည့်တာ၊ နောက်စစ်ကြောင်းနဲ့တွေ့ပြီးပစ်ခံရတာ၊ခေါင်းထိသွားတယ်၊ ဦးနှောက်တွေတောင်အပြင်ထွက်နေတာ”လို့ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်စစ်ကြောင်းထိုးတာဖြစ်ပြီး ပထမအကြိမ်စစ်ကြောင်းထိုးတုန်းကလည်း ရွာသားတစ်ဦးပစ်ခတ်ခံခဲ့ရပေမယ့် မစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။ ရေထွက်ကျေးရွာမှာ အိမ်ခြေ ၁၉၀ ဝန်းကျင်နဲ့ ရွာသား ၁,၀၀၀ ဝန်းကျင်ရှိပြီး စစ်ကြောင်းထိုးလာတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 155 156 157 158 159 160 161 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."