သတင်းများ

“ကောက်ရိုးမီးမဟုတ်ဆိုတာ နေ့စဉ်သပိတ်နဲ့သက်သေတည်” ယင်းမာပင်မြောက်ခြမ်းသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 13, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၃ (မော်ကွန်း) စစ်အာဏာရှင်ကို သပိတ်တိုက်ပွဲတွေ နေ့စဉ်ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တွေထဲက ယင်းမာပင်မြောက်ခြမ်းသပိတ်ဟာ ဒီကနေ့ နံနက်ခင်းမှာ ဒေသခံပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သပိတ်ခေါင်းစဉ်ကတော့ “ကောက်ရိုးမီးမဟုတ်ဆိုတာ နေ့စဉ်သပိတ်နဲ့သက်သေတည်”ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

နမ့်ဆန်မှာ အာဏာသိမ်းစစ်တပ်က လူနေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းကိုပါ လေယာဉ်နဲ့ပစ်ခတ်၊ မီးရှို့

December 13, 2022

တအာင်း – ၂၀၂၂ ဒီဇင်ဘာ ၁၃ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ဟာ တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်က အရပ်သားပြည်သူတွေကို လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းထိုး ပစ်ခတ်တိုက်ခိုက်တာကြောင့် နေအိမ်လေးလုံး၊ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေပါ ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ကုန်းသာရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေတိုက်ခိုက်သလို မြေပြင်မှာလည်း နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောဆိုချက်နဲ့ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေဟာ ကုန်းသာရွာနားက ဟူးမန်းရွာနဲ့ပန်းအလောက်ရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ ငွေကြေးတွေကိုလည်း ခိုးယူသွားတယ်လို့ ပါရှိပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကစလို့ TNLA နဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေတာကြောင့် ဒေသခံတွေဟာ နမ့်ဆန်မြို့ပေါ်နဲ့ နီးစပ်ရာဒေသတွေကို စစ်ရှောင်ထွက်ပြေးနေကြရပါတယ်။ ဓာတ်ပုံ […]

အပြည့်အစုံဖတ်ရန်

ပေါက်မြို့နယ်က ကူးကားရွာကို အာဏာသိမ်းစစ်တပ်နဲ့ပျူတွေ မီးရှို့

December 12, 2022

ပေါက် – ၂၀၂၂ ဒီဇင်ဘာ ၁၂ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ ကူးကားရွာကိုအာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ ပျူစောထီးတွေနဲ့အတူ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ၉၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာတန်းရှည်ရွာကို မီးရှို့လာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ ကူးကားရွာကို စစ်ကြောင်းထိုးလာပြီးနောက် နေအိမ် ၉၀ ဝန်းကျင်ကိုမီးရှို့ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။ “သူတို့စစ်ကြောင်းလာပြီဆိုတာနဲ့ သေနတ်ပစ်ဖောက်ဝင်တယ်၊ ပြည်သူတွေပြေးကြပြီဆိုရင်ရွာထဲဝင်ပြီး ပစ္စည်းတွေယူတယ်၊ ကြက်သွန်၊ ဆန်စပါး၊ ဘာပစ္စည်းမှကိုမကျန်ဘူးအကုန်ယူတယ်၊ နွားကိုတောင်သေနတ်နဲ့ပစ်သတ်သွားတယ်၊ စားလည်းမစားဘူး”လို့ အဆိုပါကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ပျူစောထီးတွေဟာ သူတို့ရိက္ခာပြတ်လပ်ချိန်မှာအနီးနားရွာတွေကို စစ်ကြောင်းထိုးပြီး ပစ္စည်းတွေခိုးယူတဲ့အပြင် လူနေအိိမ်တွေကိုပါမီးရှို့ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ ပေါက်မြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလအတွင်းမှာ စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ကျေးရွာ ၂၀ ဝန်းကျင်မီးရှို့ခံထားရပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ပုံစာ […]

အပြည့်အစုံဖတ်ရန်

“တော်လှန်ရေးကဈေးကြီးတယ်” ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ် စစ်အာဏာရှင်ကို ဆန္ဒထုတ်ဖော်

December 12, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၁၂ (မော်ကွန်း) နယ်မြေမငြိမ်သက်မှုတွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ပစ်သတ်၊ မီးရှို့မှုတွေကြားမှာ နေ့စဉ်မပြတ် ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်း သပိတ်တွေထဲက ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းရဲ့ ဒီကနေ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော် #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

December 12, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် ၆၄၁ ရက်မြောက်ဆန္ဒထုတ်ဖော်

December 12, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၆၄၁ရက်မြောက်နေ့အ ဖြစ် “အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်”နဲ့အတူ စစ်အာဏာရှင်ကို ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ သပိတ်ရဲ့ ခေါင်းစဉ်ကတော့ “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ယူကြ” ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကောလင်းမှာ အာဏာသိမ်းစစ်တပ်က ရွာမီးရှို့ပြီး ပြည်သူငါးဦးကို သတ်ဖြတ်သွား

December 12, 2022

ကောလင်း – ၂၀၂၂ ဒီဇင်ဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ပေပင်ချောင်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ပြီး ပြည်သူငါးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီသိရပါတယ်။ “ပေပင်ချောင်ရွာထဲကို စစ်သားတွေဝင်လာချိန်စစ်ကြောင်းဝင်လာချိန် ရှောင်ချိန်မရလိုက်တဲ့ပြည်သူတွေ၊ နှိပ်စက်ခံရပြီးသတ်ခံထားရတဲ့ပုံပေါ်ပါတယ်”လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အသတ်ခံထားရသူတွေဟာ ဦးသိန်းအောင်၊ ဦးအဲမောင်၊ ကိုနိုင်ဝင်းထွန်း၊ ကိုကံမင်းစိုးနဲ့ ဦးမြင့်စိုးတို့ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ ဦးခေါင်းကို သေနတ်နဲ့ပစ်ထားတာ၊ လည်ပင်းကို ဓားနဲ့ထိုးထားတာ၊ နောက်ကျောကို သေနတ်နဲ့ပစ်ထားတာတွေကို သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေမှာတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့က ကုက္ကိုကုန်းရွာ၊ ပေပင်ချောင်ရွာနဲ့ညောင်ကုန်းရွာတွေကို မီးရှို့ခဲ့တယ်လို့ ​ဒေသခံကပြောပါတယ်။ ကုက္ကိုကုန်းရွာက နေအိမ် ၈၇ လုံး၊ ပေပင်ချောင်ရွာက ၃၇လုံးနဲ့ ညောင်ကုန်းက ၂၉လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကောလင်းနယ်ထဲကို စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ််းစစ်တပ်က ကောလင်းမှာ မီးလိုက်ရှို့နေလို့ ရွာပေါင်း ၂၃ ရွာ ဒေသခံတွေထွက်ပြေးနေရ

December 11, 2022

ကောလင်း – ၂၀၂၂ ဒီဇင်ဘာ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ကောလင်းမြို့မှာ အာဏာသိမ်းစစ်တပ်ဟာဒီဇင်ဘာ ၉ရက်ကစတင်ပြီး စစ်ကြောင်းထိုးကာ ရွာတွေကိုမီးလိုက်ရှို့နေတာကြောင့်ကျေးရွာ ၂၃ရွာက ဒေသခံသောင်းချီ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာပြီးနောက် မနေ့က ဇီးဖြူကုန်းရွာနဲ့ လျှော်ဖြူကုန်းရွာတွေကိုမီးရှို့ခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “ဒီကနေ့က ကုက္ကိုကုန်းရွာ၊ ပေပင်ချောင်ရွာ၊ညောင်ကုန်းရွာတွေကိုထပ်ရှို့နေတယ်၊ အိမ်ခြေအတိအကျကိုတော့မသိရသေးဘူး၊ ခုစစ်ရှောင်တွေအတွက်ဆေးဝါးနဲ့ခြုံထည်တွေလိုအပ်နေပါတယ်”လို့ကောလင်းမြို့ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဇီးဖြူကုန်းရွာကနေအိမ် ၄၅ လုံး၊ လျှော်ဖြူကုန်းရွာကနေအိမ် ၂၄အိမ်တို့ကို မနေ့ကမီးရှို့ခဲ့ပါတယ်။ အင်ပင်သာ၊ ဇီးကုန်း၊ ကသစ်ကုန်း၊ ကပ်ဖလူး၊ ဝါးရုံခုံ(၂)၊ပွဲခံ၊ ထဲဲထိလျှို၊ စစ်တော၊ ဥဒိသာ၊ အောက်ကျင်း၊ တောင်ဘို့လှ၊ ဇီးဖြူကုန်း၊ သဲကော ၊သုံးတင်တပ်၊ နောကုန်း၊ ချောင်းကွေ့၊ အလယ်ကုန်း၊ ပေပင်ချောင်၊ ကုက္ကိုကုန်း၊ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

December 11, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အရာတော်သပိတ် ဘုတလင်-ရေဦးလမ်းမကြီးပေါ်မှာ ဆန္ဒထုတ်ဖော်

December 10, 2022

အရာတော် – ၂၀၂၂ ဒီဇင်ဘာ ၁၀ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ် ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ အရာတော်မြို့နယ်လူထုသပိတ်ဟာ မုံရွာပင်မသပိတ်၊ ဘုတလင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ဒီကနေ့ ဘုတလင်-ရေဦးလမ်းမကြီးပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့သပိတ်ရဲ့ခေါင်းစဉ်ကတော့ “လွတ်လပ်တဲ့ ဘဝသစ်အတွက် တိုက်ပွဲကို ဆက်ဝင်နေကြ”ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

December 10, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်-ဆားလင်းကြီးသပိတ် ၆၄၉ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 10, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၁၀ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ နေ့စဉ်မပြတ်ဆန္ဒဖော်ထုတ် ဆန့်ကျင်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၆၄၉ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 159 160 161 162 163 164 165 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."